အစားအသောက်ကို အလွန်အမင်း လျှော့စရာ မလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အစားအသောက် မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အိပ်ရေးဝဝ အိပ်ပါ။
မီချီဂန် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ခုအရ တစ်ညမှာ တစ်နာရီ ပိုအိပ်တာနဲ့ တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။ အိပ်ရေးဝခြင်းက ဆာလောင်စိတ်ကို အထိုက်အလျောက် တားဆီးပေးနိုင်တာကြောင့် ဖြစ်ပါတယ်။
၂။ အိမ်မှာ စားပါ။
အိမ်မှာ ချက်ထားတဲ့ အစားအစာတွေကို တစ်ပတ်မှာ အနည်းဆုံး ငါးရက်စားသူတွေဟာ ခန္ဓာကိုယ် သွယ်လျလာတတ်ကြပါတယ်။ ဒါဟာ ဆိုင်တွေမှာ ချက်ပြုတ်တဲ့ အစားအသောက် အများစုဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီပါဝင်မှု များတာကြောင့်ပါ။
၃။ အစားကို ဖြည်းဖြည်းချင်း စားပါ။
အစားအသောက် တစ်နပ်စားချိန်ကို မိနစ် ၂၀ ကြာ အချိန်ပေးပါ။ အစာစားတဲ့အခါ ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပေးရန် ခန္ဓာကိုယ်ကနေ မကြာခင်မှာပဲ ဗိုက်ပြည့်ကြောင်း အချက်ပြပါလိမ့်မည်။ အစားအသောက်ကို အမြန်စားရင်တော့ ဗိုက်ပြည့်ကြောင်း အချက်ပြသံကို သတိမထားမိဘဲ အလွန်အကျွံ စားဖြစ်သွားပါတယ်။
၎။ ဟင်းသီးဟင်းရွက် များများစားပါ။
အစာ တစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက် သုံးမျိုးပါအောင် စားပါ။ အစားအသောက်ကို များများ စားရမှ ကျေနပ်တတ်သူတွေ အနေနဲ့ ဟင်းသီးဟင်းရွက်ကို များများ စားပေးလိုက်တာဟာ စိတ်ကျေနပ်မှု ရစေသလို ကိုယ်အလေးချိန်လည်း လျော့ကျစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံထဲမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်သာ အဓိကပါပြီး ကယ်လိုရီ ပါဝင်မှု နည်းပါးတာကြောင့်ပါ။
၅။ ကောက်နှံတစ်လုံးနဲ့ ပြုလုပ်ထားတဲ့ အစာ စားပါ။
“ဆန်လုံးညို၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင်ပေါင်မုန့် စတာတွေဟာ ဝိတ်လျှော့လိုသူတို့အတွက် အသင့်တော်ဆုံးပါပဲ။ အကြောင်းကတော့ ကောက်နှံတစ်လုံးနဲ့ လုပ်ထားတဲ့ အစားအသောက်တွေဟာ ကယ်လိုရီ ပါဝင်မှု နည်းပြီး ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ ကိုလက်စထရော မြင့်တက်စေတာကြောင့်ပါ။
၆။ ဝက်ပေါက်ခြောက် ရှောင်ပါ။
နံနက်စာ စားတဲ့အခါမှာ ဆင်းဒဝစ်ရှ် စားတဲ့အခါ ဝက်ပေါင်ခြောက် မစားပါနဲ့။ ဝက်ပေါင်ခြောက် နှစ်ချောင်းမှာ ကယ်လိုရီ ၁၀၀ လောက် ပါဝင်တဲ့အတွက် တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၀ ပေါင် တက်လာနိုင်ပါတယ်။ ဟမ်ဘာဂါ ဒါမှမဟုတ် ဆင်းဒဝစ်ရှ် စားတဲ့အခါ ဟင်းသီးဟင်းရွက် ပါဝင်တာကိုသာ ရွေးစားပါ။
၇။ သကြား မစားရပါ။
အချိုရည်အစား ရေပြောင်းသောက်လိုက်ရင် သကြား လက်ဖက်စားဇွန်း တစ်ဇွန်းလောက် ရှောင်ရှားရာ ရောက်ပါတယ်။ သကြားဟာ ကိုယ်အလေးချိန် တက်စေတဲ့အပြင် စိတ်ကိုပါ ထိုင်းမှိုင်း ညှိုးနွမ်းစေပါတယ်။
၈။ အယ်လ်ကိုဟော ပမာဏ ကန့်သတ်ပါ။
အရက်ပါတဲ့ လူမှုရေးဝိုင်းတွေ သွားတဲ့အခါ ကော့တေး၊ ဘီယာ၊ ဝိုင်၊ အရက် စတာတွေကို အရင်ဆုံး လက်လှမ်းမယ့်အစား ရေကို အရင်ဆုံး သောက်ပါ။ အရက်သောက်မိသွားတဲ့အခါ အရက်ကြောင့် ကယ်လိုရီ ရှိစေတဲ့အပြင် အဟာရတန်ဖိုးနည်းတဲ့ အစားအသောက်တွေကိုပါ မဆင်မခြင်ဘဲ စားမိသွားစေနိုင်ပါတယ်။
၉။ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ။
လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာဟာ ကိုယ်အလေးချိန် လျော့ကျစေမယ့် နည်းလမ်းကောင်း တစ်ခုပါပဲ။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေတာကြောင့်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည် ပမာဏ အနည်းငယ် သောက်ရင်တောင် စိတ်ကို လန်းဆန်းသွားစေနိုင်ပါတယ်။
၁ဝ။ ယောဂ ကျင့်ပါ။
ယောဂကျင့်တဲ့ အမျိုးသမီးတွေဟာ ယောဂ မကျင့်သူတွေထက် ကိုယ်အလေးချိန် နည်းကြကြောင်း အမေရိကန် အာဟာရ အဖွဲ့အစည်းက ဆိုပါတယ်။ အကြောင်းကတော့ ယောဂကျင့်သူတွေဟာ အစားအသောက်ကို အလွန်အကြူး စားတတ်တဲ့အကျင့် မရှိကြတာကြောင့်ပါ။ ယောဂကျင့်တာကြောင့် စိတ်တည်ငြိမ် အေးချမ်းနေတဲ့အတွက် အစားအသောက်ကိုလည်း သင့်တင့်တဲ့ ပမာဏသာ စားသောက်လေ့ရှိတာ ဖြစ်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။
၁၁။ သကြားမပါသော ပီကေ ဝါးပါ။
သကြားမပါတဲ့ ပီကေ ဝါးတာဟာ သွားရေစာ စားချင်စိတ် လျော့နည်းစေတတ်ပါတယ်။ တီဗီကြည့်ရင်း ဒါမှမဟုတ် အင်တာနက်သုံးရင်း ညစာ စားပါက သွားရေစာ စားချင်စိတ် ပြင်းပြနိုင်ပါတယ်။ သကြားမပါတဲ့ အနံ့မွှေးတဲ့ ပီကေ ဝါးပေးရင် တခြား သွားရေစာတွေ စားချင်စိတ် လျော့သွားနိုင်ပါတယ်။
၁၂။ တစ်နေ့မှာ ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင် လုပ်ပါ။
အစား မလျှော့ဘဲ တစ်နှစ်မှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျချင်ရင် တစ်နေ့မှာ ကယ်လိုရီ ၁၀၀ ကျဖို့အတွက် မိနစ် ၂၀ ကြာ တစ်မိုင် လမ်းလျှောက်ခြင်း၊ မိနစ် ၂၀ ကြာ ဥယျာဉ် စိုက်ပျိုးခြင်း၊ မိနစ် ၃၀ ကြာ အိမ်သန့်ရှင်းရေး လုပ်ခြင်း၊ ၁၀ မိနစ်ကြာ လမ်းအမြန်လျှောက်ခြင်း စတဲ့ နှစ်သက်ရာ လှုပ်ရှားမှုတစ်ခု လုပ်ပေးလိုက်ပါ။
၁၃။ အသားမပါတဲ့ အာဟာရကို မကြာခဏ စားပါ။
သားသတ်လွတ် စားတာဟာ ကိုယ်အလေးချိန်ကို သွယ်လျစေကြောင်း Web MD သုတေသနအရ သိရပါတယ်။ ပျမ်းမျှအားဖြင့် သားသတ်လွတ် စားသူတွေဟာ အသားစားသူတွေထက် ၂၀ ရာခိုင်နှုန်း ကိုယ်အလေးချိန် လျော့ကျနေပါတယ်။ ပဲနီလေး စွပ်ပြုတ်၊ ပဲအမျိုးမျိုးပါတဲ့ ဟင်းလျာတွေဟာ အမျှင်ဓာတ်ပါပြီး အာဟာရဓာတ် ရရှိစေကာ ခန္ဓာကိုယ်သွယ်လျ ကျန်းမာစေပါတယ်။
Ref: Shade The Mandalay Hill
Source: http://www.yatanarpon.com.mm/cp/shadethemandalayhill/article-23390
Friday, January 18, 2013
ဝမ်းနှုတ်ဆေး အမြဲစားနေသူတွေ သတိပြုစရာ
လိပ်ခေါင်းရောဂါ ရှိနေသူ တစ်ဦးသည် ဝမ်းသွားခက်သဖြင့် ဝမ်းနှုတ်ဆေး တစ်မျိုးမျိုးကို စွဲစားနေရာမှ သွေးယိုသဖြင့် ဆေးရုံ ရောက်လာသည်။ ဆေးရုံမှ စအိုအတွင်း ခေတ်မီမှန်ပြောင်းဖြင့် ကြည့်၍ အသားစယူပြီး စစ်ဆေးကြည့်သောအခါ အူမကြီးကင်ဆာ ဖြစ်နေကြောင်း သိရပါသည်။
အမှန်တော့ ထိုသူစားခဲ့သော ဆေးမှာ လိပ်ခေါင်းဆေး အမည်တပ်ထားသော
ကနခိုစေ့ပါသော ရောင်းတန်းဆေးတစ်မျိုး ဖြစ်သည်။ ကနခိုသည် အဆိပ်ဆေးတစ်မျိုး ဖြစ်ပြီး အူများကို လှုပ်ရှားမှုများစေကာ ဝမ်းသွားစေသော ဆေးမျိုး ဖြစ်သည်။ စွဲစားရန်မသင့်၊ အူပါးပြီး အချွဲအမြှေးများ မရှိတော့သောအခါ အူနံရံမှ သွေးကြောများ ပေါက်ထွက်ပြီး သွေးယိုလာခြင်း ဖြစ်နိုင်သည်။ ကနခို ပါဝင်သော တိုင်းရင်းဆေးနည်းများ ရှိပါသည်။ သုံးစွဲရန်လည်း ခွင့်ပြုထားပါသည်။ သို့သော် ကနခိုစေ့ကို သုဒ္ဓပြသည်ခေါ်သည်။ သန့်စင်နည်း အဆင့်ဆင့်ဖြင့် သန့်စင်ပြီးမှသာ သုံးရမည် ဖြစ်သည်။
ကနခိုစေ့ နှစ်ခြမ်းခွဲလိုက်လျှင် အလယ်ခေါင်မှ အဆံမှာ အဆိပ် ဖြစ်သည်။ ရှေးနည်းမှာ ကနခိုစေ့ကို နနွင်းနှင့်ပတ်ပြီး ထက်ခြမ်းခွဲ၍ အလယ်မှအဆံကို ချိတ်ဖြင့် ဖယ်ရှားပစ်ပြီးမှ ဆေးဖုံတွင် ထည့်ရသည်။ ကနခိုစေ့ပါဝင်သော ဆေးဖုံတွင် ဆေးတစ်ပိသာလျှင် သုံးကျပ်သားထက် ပို၍ ပါဝင်လျှင် မသင့်ပါ။ သတ်မှတ်ထားသော အလေးချိန်ထက်ပို၍ မပါရန်လည်း မှတ်ပုံတင်ထားသော ဆေးဝါးများကို ဗဟို အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်မှုကော်မတီမှ ဓါတ်ခွဲစစ်ဆေးပြီးမှ လိုင်စင်ထုတ်ပေးပါသည်။ သို့သော် ထိုမျှ ပါဝင်မှုနှင့် ဝမ်းမသွားသောအခါ ထုတ်လုပ်သူများက မှတ်ပုံတင်စဉ်က ပေးသည့် နမူနာတွင် တစ်မျိုး၊ ရောင်းချရာတွင် တစ်မျိုး ပိုထည့်ပြီး ထုတ်လုပ်လေ့ ရှိကြပါသည်။
ကနခို မသန့်စင်၍သော် လည်းကောင်း၊ အလေးချိန် ပိုကဲထည့်ထားသဖြင့် ၎င်းဆေးသည် အဆိပ် ဖြစ်သွားရတော့သည်။ အဆိပ်များ ခန္ဓာကိုယ်အတွင်း စုမိသောအခါ အကျိတ် ဖြစ်လာရသည်။ ၎င်းအကျိတ်သည်ပင် ကင်ဆာအဆင့်သို့ ရောက်သွားခြင်း ဖြစ်သည်။ ဝမ်းသွားလွယ်စေရန် ပြင်းထန်သော ဆေးကို စားသူများမှာ အဆိပ်ကို စားသူများ ဖြစ်သည်။ ထိုဆေးကို ပေးသောဆရာမှာ ပို၍ပင် အပြစ်ကြီးပါသည်။ လူနာကို ဆေးစွမ်းပြလိုသဖြင့် မသင့်တော်သော အဆိပ်ကို ပေးသတ်သော ဆရာနှင့် တူပါလိမ့်မည်။
မြတ်စွာဘုရားပင် နုစဉ်အခါက ဆေးဆရာဖြစ်ပြီး ဆေးဖိုး မပေးသောအခါ ဝမ်းနှုတ်ဆေးကို ဥပ္ပါယ်တမျဉ်ဖြင့် တိုက်ခဲ့သည်။ ဝမ်းလျော၍ လူနာသေရသည်။ ထိုဝဋ်သည် ဘုရားသက်တော် (၈၀) အလိုတွင် ပြန်လိုက်လာသည်။ မြတ်စွာဘုရားရှင်သည် ဆေးဆရာဘဝက ဝဋ်ကြွေးကို ဆပ်ပြီးမှသာ ပရိနိဗ္ဗာန် ပြုခဲ့ရသည်မှာ သာဓက ဖြစ်သည်။ ဝမ်းနှုတ်ဆေးများတွင် ထည့်လေ့ရှိသော ဓါတ်သက်စေသည့် ဆေးမယ် နောက်တစ်မျိုးမှာ “ပွေးကိုင်း” ရွက်ပင် ဖြစ်သည်။ မြေလတ်ပိုင်းနှင့် အထက်မြန်မာနိုင်ငံ ဧရာဝတီမြစ် နံဘေး နှုန်းတင်မြေနုများတွင် ပေါက်လေ့ ရှိပြီး ဈေးပေါသော ဆေးမယ်တစ်မျိုး ဖြစ်သည်။
တစ်လောက စာရေးသူ၏သမီး တာဝန်ထမ်းဆောင်သော ဆေးရုံသို့ လူနာတစ်ဦး ဝမ်းလျှောရာမှ ကြွက်တက် သတိလစ်ပြီး ရောက်လာသည်။ သူစားမိသည့် ဆေးဘူးကိုပါ ဆေးရုံသို့ ယူလာပြသည်။ ထိုဆေးမှာ “ရှောက်သီး” ပါသော ဆေးဟု အမည် တပ်ထားသော်လည်း တကယ်တမ်းမှာ ပွေးကိုင်းများစွာ ပါသောဆေး ဖြစ်သည်။ စားသည့်လူနာက အစာကြေ လေသက်စေသည်ဟု ရေးထားသဖြင့် စားမိခြင်း ဖြစ်သည်။ ပထမအကြိမ် တစ်လုံးစားသည်။ နောက်ထပ် ရှောက်သီး အရသာကို ကြိုက်သဖြင့် လေးလုံး ထပ်စားမိသည်ဟု ဆိုသည်။ ပေါင်း ၉ လုံးစားပြီးသောအခါ ဝမ်းလျှောပြီး ဆေးရုံရောက်လာရခြင်း ဖြစ်သည်။
သတိပြုရန်မှာ ပွေးကိုင်းသည် မန်ကျည်းရွက်နှင့် ခပ်ဆင်ဆင်တူသော သစ်ရွက်ငယ်လေးများ ဖြစ်ပြီး မီးပြင်းလှော်ပြီးမှသာ သုံးသင့်သည်။ ဝမ်းသက်သည်။ လွန်ကဲလျှင် ရစ်ပြီး ဝမ်းသွားတတ်၏။ ပွေးကိုင်းရွက်တွင် ခြောက်သွေ့အောင် နေလှမ်းမထားသဖြင့် မှိုတက်တတ်သည် ပွေးကိုင်းမှို ပါသော ဆေးကို စွဲစားမိလျှင် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ဖြစ်နိုင်သည်ကို သတိပြုသင့်သည်။
အစာကြေဆေး၊ လေသက်ဆေး၊ လျှက်ဆား၊ အပုပ်ချဆေး၊ လေနိုင်ဆေး၊ ဆီးဝမ်းလေဆေး၊ ဓါတ်သက်ဆေး၊ ရုပ်လှဆေး၊ တေဆေး၊ ချက်ဆေး စသည်များမှာ မြန်မာလူမျိုးတို့ ရှေးကတည်းက အသုံးများခဲ့သော ရိုးရာ တိုင်းရင်းဆေးများ ဖြစ်ပါသည်။ သုံးစွဲမှုကို အရိုးစွဲနေပြီ ဖြစ်သဖြင့် အပြစ်တင်ရန် မရှိပါ။ ရှေးခေတ်က ရိုးရာ ဆေးများကို ပရဆေးဆိုင်များတွင်သာ ဝယ်ကြသည်။ ငါးကျပ်သား၊ တစ်ဆယ်သား စသည်ဖြင့် အလေးချိန်ဖြင့် ဝယ်ကြသည်။ အိမ်တွင် ဖန်ပုလင်းဖြင့် ထည့်ထားပြီး အစာကြေဆေး ဆိုလျှင် အစာစားပြီးတိုင်း လက်ဝါးတွင် မန်ကျည်းစေ့ခန့် ထည့်၍ လျှက်လေ့ ရှိကြသည်။ ဝမ်းချုပ်လျှင် ညအိပ်ခါနီး လေပုပ်ထုတ်ဆေးကို လျှက်လေ့ ရှိကြပါသည်။
လွယ်အိတ်နှင့်လည်ပြီး ဆေးကုပေးကြသော ဆရာများကို ရှေးက ဗိန္ဓောဆရာဟု ခေါ်ကြ သည်။ အခကြေးငွေ သိပ်မယူကြ။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဆေးဝါးများ ဆေးရုံများ မရှိစဉ်က မြန်မာလူမျိုးတို့အဖို့ ထိုဗိန္ဓောဆရာများဖြင့်ပင် အသက်ဆက်ခဲ့ကြသည်။ အဘိုးတို့ ငယ်စဉ်က ဆေးဆရာကြီးများ အိမ်ကြွလာလျှင် ကလေးများက အနားကပ်ပြီး လက်ဝါးဖြန့်လျှင် လျှက်ဆား ထည့်ပေးသည်ဟု ဆိုသည်။ လျှက်ဆားသည် မြန်မာတို့အကြိုက်၊ မြန်မာ့ဓလေ့ တစ်ခု ဖြစ်ပါသည်။
ယခုခေတ်တွင် ခေတ်ပညာတတ် လူငယ်များက ရိုးရာတိုင်းရင်းဆေးပညာနှင့် အနောက်တိုင်း ဆေးပညာကို ပူးတွဲသင်ကြားလာကြသဖြင့် ခေတ်မီဘွဲ့ရ တိုင်းရင်းဆေး ဆရာများ ပေါ်ထွန်းလာသဖြင့် ဗိန္ဓောဆရာများမှ ပပျောက်သွားပြီဟု ဆိုနိုင်ပါသည်။ ဗိန္ဓောဆေးများမှာလည်း ရှေးကလို စက္ကူထုပ်၊ ဖန်ပုလင်းနှင့် မဟုတ်တော့။ ခေတ်မီ ပလပ်စတစ်ဘူး လှလှကလေးများ၊ ဆေးတောင့်များဖြင့် တိုးတက်လာပြီ ဖြစ်သည်။
ဗဟိုဆေးဝါး အာဏာပိုင်အဖွဲ့မှ ညွှန်ကြားချက်ဖြင့် ယခုခေတ် တိုင်းရင်း ဆေးဝါးများ ထုတ်လုပ်ရာတွင် ပါဝင်သော ဆေးအမည်များကို ဖော်ပြထားလေ့ ရှိသည်။ ယခင်ကရာနှုန်းနှင့်၊ ထို့နောက် မူပြောင်းပြီး ကျပ်သားနှင့် ဖော်ပြထားပါသည်။ ဆေးဝယ်ယူ သုံးစွဲသူများ သတိပြုရန်မှာ ထိုဆေး အမယ်များတွင် ဝမ်းသက်စေသော ကနခိုစေ့နှင့် ပွေးကိုင်း၊ ဆားခါး၊ ဘင်္ဂါလီ ဆားခါးစသည်များ ပါဝင်မှုကို ကြည့်ပြီးမှ သုံးစွဲရန် ဖြစ်ပါသည်။
ဆေးတစ်မျိုးကို ကြော်ငြာကောင်းတိုင်း အရမ်းမဲ့ မသုံးစွဲပါနှင့်။ အညွှန်းဖတ်ပါ။ စတင်သုံးစွဲလျှင် အမှုန့်ဆိုလျှင် ကော်ဖီဇွန်းငယ် တစ်ဝက်၊ ဆေးပြားဆိုလျှင် ၂ ပြား ၃ ပြားထက် ပို၍ မသုံးစွဲပါနှင့်။ နောက်မှ ဆေးအကြောင်း သိမှသာ ထပ်ဆောင်း တိုးသောက်ပါ။ အချို့လူများမှာ သောက်နေကျ ဆေးပင် မှားတတ်သည်။ ဝမ်းချုပ်၍၊ အညောင်းထိုင်များ၍၊ လိပ်ခေါင်းရှိ၍ ဝမ်းနှုတ်ဆေးပါသော ဆေးကို အိပ်ယာဝင် သောက်နေကျ။ ထိုသို့ သောက်သော ဝမ်းနှုတ်ဆေးနှင့် နေ့ခင်းက စားထားသော ချဉ်ရည်ဟင်း၊ ချဉ်ပေါင်ဟင်း၊ ပဲဟင်း၊ နို့ချဉ်၊ ဒိန်ချဉ်၊ မန်ကျည်းမှည့်ဖျော်ရည် စသော ဝမ်းသက်စေသော အရာများ၊ အမှတ်မထင် ပေါင်းစပ်မိသောအခါ ဝမ်းလျောသည့်အဆင့်သို့ ရောက်သွားနိုင်ပါသည်။
မိတ်ဆွေတစ်ဦးသည် မျက်စေ့မကောင်းသဖြင့် တိုင်းရင်းဆေး အမှတ် (၁၂)၊ စက္ခုပါလဆေးကို အမြဲစွဲစားသည်။ ၎င်းဆေးမှာ ရှေးသုံးဆေးနည်း တစ်ခုဖြစ်ပြီး ပွေးကိုင်းရွက်လှော် အနည်းငယ် ပါသည်။ ဆူးကောက်နက် ပါသည်။ ဆူးကောက်နက်သည် မျက်စေ့ အားကောင်းသည်။ တိမ်နှင့်ရေတိမ်ကို ကာကွယ်ပေးသည်။ ထိုဆေးတွင် ပါဝင်သော အခြားဆေးအမည်များမှာ“သိန္ဓော” ဆားဖြစ်သည်။
အငန်အရသာဖြစ်ပြီး အစာကြေ၍ ဝမ်းသက်စေသည်။ ရှေးက ဆေးကျမ်းများတွင် အငန်မျိုး မှန်သမျှသည် မျက်စိနှင့် မသင့်သော်လည်း သိန္ဓောဆားသည် မျက်စိနှင့်သင့်၏ဟု ဆိုထားလေသည်။ စက္ခုပါလဆေးကို စွဲစားသူများမှာ မျက်မှန်ဒီဂရီကို လျော့ကျနိုင်သည့်အပြင် ဇက်ကြောတက်ခြင်းကိုပါ သက်သာစေနိုင်သည်။ ဖြစ်ချင်တော့ မိတ်ဆွေသည် နေ့လယ်က ချဉ်ပေါင်ဟင်းနှင့် ဝက်သားချက်စားပြီး ညအိပ်ယာဝင်ချိန်တွင် သောက်နေကျ စက္ခုပါလဆေးကို လေးပြား သောက်လိုက်သည်။ ညသန်းခေါင်မှစ၍ ဗိုက်နာပြီး ဝမ်းရစ်သွားသည်မှာ နံနက် လင်းသည်အထိ မအိပ်ရတော့။ ခါတိုင်း ဤဆေးသောက်လျှင် နံနက်ထမှ တစ်ကြိမ်သာ သွားသည်။ ထိုနေ့က ဝမ်း ၁၂ ကြိမ်ခန့် သွားပြီး ဆေးခန်း ပြရသောအဖြစ် ရောက်ခဲ့ပါသည်။
ဝမ်းနှုတ်ဆေးစား၍ အကျိုးရှိသည်များ ရှိသလို အပြစ်ပြုသည်များလည်း ရှိပါသည်။ ဝမ်းနှုတ်ဆေးစားလျှင် တစ်ပတ်တစ်ကြိမ်၊ တစ်ရက်ထက်ပိုပြီး မစားသင့်ပါ။ လူ၏ အူသိမ်၊ အူမများအတွင်းတွင် သက်စောင့် ပိုးငယ်များနှင့် အချွဲမြှေးများ ရှိသည်။ ၎င်းတို့သည် အစာအာဟာရကို စုပ်ယူပြီး အူမပေါက်အောင် အကာအကွယ် ပေးထားကြသည် နေ့စဉ် ဝမ်းနှုတ်လျှင် အချွဲ အမြှေးများပါ ကုန်ပြီး အူနံရံပါးလာကာ လေပွလာမည်။ အာဟာရကို စုပ်ယူနိုင်မှု အားနည်းလာမည် ဖြစ်သည်။ ရောဂါဘယများ ဝင်လာမည်။
ဝမ်းနှုတ်ဆေးသည် ကောင်းကျိုး ရှိသလို ဆိုးကျိုးလည်း ပေးနိုင်သည်။ မည်သည့်အရာကိုမဆို လောကကြီးတွင် သဘာဝမဟုတ်လျှင် မကောင်း။ နှုတ်မှ သွားရသည့်ဝမ်းသည် မကောင်း၊ ဝမ်းနှုတ်သော အကျင့်သည် မကောင်း။ ဆေးမှန်သမျှသည် တန်လျှင်ဆေး၊ လွန်လျှင်ဘေး ဖြစ်နိုင်သည်ကို သတိမူကြစေချင်သည်။
Ref: Shade The Mandalay Hill
Source: http://www.yatanarpon.com.mm/cp/shadethemandalayhill/article-54201

သစ်ကြားသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
သစ်ကြားသီး စားရင် အဆီတက် မှာ စိုးလို့ဆိုပြီး တချို့ က ရှောင်တတ် ကြ ပါတယ်။
တကယ်က သစ်ကြားသီး မှာပါ ဝင်တဲ့ အဆီက ကောင်းတဲ့အဆီပါ။ တစ် နေ့မှာ အသင့်အတင့်ပမာဏကို စားပေး ရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့ အပြင် အောက်ပါကျန်းမာရေးစွမ်းပကား တွေကိုလည်း ရရှိပါလိမ့်မယ်။
(၁) နှလုံးရောဂါမဖြစ်အောင် ကာကွယ် ပေးပါတယ် သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပါ တယ်။ သစ်ကြားသီးမှာ အိုမီဂါ၃ ဖက်တီး အက်စစ်လည်း ပါဝင်နေပါတယ်။ ဒါ ကြောင့် သစ်ကြားသီးကို စားတာက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော နဲ့ ထရိုင်ဂလစ် စရိုက် အဆင့်ကို လျော့ကျ စေ တာကြောင့် နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။
(၂) စိတ်ကျရောဂါ သက်သာစေပါတယ် သစ်ကြားသီးနဲ့ သစ်ကြားသီးအဆီ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှု များတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းကောင်းလုပ် ဆောင်နိုင်စေပြီး စိတ်ကျရောဂါကို သက် သာစေပါတယ်။ စိတ်ကျရောဂါခံစားနေ ရသူအများစုဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပမာဏ လျော့နည်းနေတတ်ပါတယ်။ ကလေး တွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လျော့ ကျနေရင် အာရုံစူးစိုက်မှုချို့တဲ့တဲ့ရောဂါ (ဗီံ) နဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့ လာမှုများစွာက ဆိုပါတယ်။
(၃) ကိုယ်အလေးချိန်ကို လျော့ကျစေ ပါတယ် သစ်ကြားသီးရဲ့ ကောင်းတဲ့ အကျိုး တစ်ခုက ကိုယ်အလေးချိန်ကို ထိန်းပေး နိုင်တာပဲ ဖြစ်ပါတယ်။ လိုမာလင်ဒါတက္က သိုလ်ရဲ့ လေ့လာမှုတွေအရ ထမင်းမစား ခင် သစ်ကြားသီးအနည်းငယ်စားတာက အစာစားချင်စိတ်ကို လျော့ကျစေပြီး အ စာကို နည်းနည်းပဲ စားဖြစ်စေတယ်လို့ သိရပါတယ်။
(၄) ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါ ပါတယ် သစ်ကြားသီးမှာ အာဟာရတန်ဖိုး များစွာ ပါဝင်တာကြောင့် တစ်နေ့တာ အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ကောင်းကောင်း ရရှိစေပါတယ်။ သစ် ကြားသီးမှာ ပရိုတင်းဓာတ်၊ ဗီတာမင် ဘီ၊ ဗီတာမင် အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီ ယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနိစ်တွေ ပါဝင် နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါပါတယ်။
(၅) ဆီးကျိတ်ကင်ဆာကို ကာကွယ် ပေးနိုင်ပါတယ် သစ်ကြားသီးမှာ အင်တီအောက် ဆီးဒင့်များစွာ ပါဝင်တာကြောင့် ဆီး ကျိတ်ကင်ဆာကို ကာကွယ်နိုင်စွမ်း ရှိ တယ်လို့ ဗြိတိန်အာဟာရဂျာနယ်မှာ လတ်တလောတွေ့ရှိချက်တစ်ရပ်ကို ရေး သားဖော်ပြထားပါတယ်။
(၆) မှတ် ဥာဏ်ကို ကောင်းမွန်စေပါ တယ် သစ်ကြားသီးကို ဦးနှောက်အာဟာ ရလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အ ကြောင်းကတော့ သစ်ကြားသီးက ဦး နှောက်အခွံပုံသဏ္ဌာန်ရှိတဲ့အပြင် မှတ် ဥာဏ်အားကောင်းစေတဲ့ အိုမီဂါ ၃ အ ဆီတွေ များစွာ ပါဝင်တာကြောင့်ပါ။ ဦး နှောက်ဟာ အဆီ ၆၀ ရာခိုင်နှုန်းကျော် နဲ့ တည်ဆောက်ထားပါတယ်။ ဦးနှောက် ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ် နိုင်ဖို့ အဆီတည်ဆောက်ရာမှာ အိုမီဂါ ၃ အဆီ လိုအပ်ပါတယ်။
(၇) သည်းခြေကျောက်တည်မှု မဖြစ် အောင် ကာကွယ်နိုင်ပါတယ် အမျိုးသမီး ရှစ်သောင်းကျော်ကို နှစ် ၂၀ ကြာလေ့လာမှုအရ တစ်ပတ်မှာ သစ်ကြားသီးလို အခွံမာတဲ့အစေ့အဆန် တစ်အောင်စ စားတဲ့ အမျိုးသမီးတွေက မစားသူတွေထက် သည်းခြေကျောက် တည်နိုင်ခြေ ၂၅ ရာခိုင်နှုန်းလျော့နည်း ကြောင်း သိရပါတယ်။ တစ်အောင်စဆို တာ ပျမ်းမျှအားဖြင့် သစ်ကြားသီး အစေ့ ၂၈စေ့ခန့်နဲ့ ညီမျှပါတယ်။ ဒါမှမဟုတ် နေ့လယ်စာစားပြီးချိန်မှာ သစ်ကြားသီး လက်တစ်ဆုပ်စာပမာဏကို စားပေးရင် လည်း သည်းခြေကျောက်တည်တာအ ပါအဝင် သည်းခြေအိတ်ဆိုင်ရာ ရောဂါ တွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၈) ကောင်းကောင်း အိပ်မောကျစေ ပါတယ် ညစာစားရာမှာ ဟင်းရွက်သုပ်ထဲ သစ်ကြားသီးထည့်စားပေးရင် ကောင်း ကောင်းအိပ်မောကျစေပါတယ်။ သစ်ကြား သီးမှာပါတဲ့ မယ်လတိုနင်ဟာ ညဆိုင်းအ လုပ်လုပ်ရသူ၊ လေယာဉ်အကြာကြီးစီးရ သူတွေမှာ အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်။
(၉) ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု ကို တွန်းလှန်နိုင်ပါတယ် သစ်ကြားသီးကို စားရင် ဖရီးရယ် ဒီကယ်ကြောင့် ထိခိုက်မှုဖြစ်လာတဲ့ ရော ဂါတွေကို ကာကွယ်ပေးပါတယ်။ ဥပမာကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျ စေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ တို့လို ရောဂါတွေကို သက်သာစေပါ တယ်။
(၁၀) အရိုးကျန်းမာရေးကို ကောင်းမွန် ပေးပါတယ် သစ်ကြားသီးမှာပါတဲ့ Alpha linolenic acid ဟာ အရိုးဖြစ်ပျက်မှုကို အလွန်အမင်းမဖြစ်အောင် ကာကွယ်ပေး တာကြောင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ ၃ အဆီပါဝင်မှုကြောင့် အရိုးထု ထည်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။
Ref: Good Health
Source:http://www.yoyarlay.com/health/health/article/27442

ပင်လယ်ရေညှိပင်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်
ရာစုနှစ် ပေါင်းများစွာ ကတည်းက ပင်လယ်ထဲက အပင်တွေကို ဟင်းလျာတွေ အဖြစ် ကမ္ဘာ တစ်ဝန်းလုံးမှာ အသုံး ပြုခဲ့ကြပါတယ်။ ပင်လယ် ရေညှိပင်ကို သရေစာ အဖြစ် သုပ်ကာစားကြသလို ဟင်းခတ်အမွှေး အကြိုင် အဖြစ်လည်း ဟင်းလျာတွေ၊ စွပ်ပြုတ်တွေ၊ အရွက် သုပ်တွေထဲမှာ ထည့်သုံးကြပါတယ်။ ပင် လယ်ရေညှိ ဒါမှမဟုတ် ပင်လယ်အောက် က အပင်တွေမှာ လူ့အကျိုးပြု မရှိမဖြစ် အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင် နေပါတယ်။
(၁) သိုင်းရွိုက်ဂလင်းကို ကျန်းမာစေ ပါတယ် ပင်လယ်ရေညှိပင်တွေမှာ အိုင်အို ဒင်းဓာတ် များစွာ ပါဝင်တာကြောင့် သိုင်း ရွိုက်ဟော်မုန်းတွေဖြစ်ကြတဲ့ thyroxine (T3) eJY triiodothyronine (T4) တို့ကို ထုတ်နိုင်ကာ ခန္ဓာကိုယ်တွင်းရှိ ဆဲလ် တိုင်းရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ထိန်းညှိပေး ပါတယ်။ ဒါ့အပြင် ဇီဝရုပ်ဆိုင်ရာ လုပ် ငန်းဆောင်တာအားလုံးမှာ အရေးပါတဲ့ အခန်းကနေ ပါဝင်နေပါတယ်။
(၂) အရိုးကျိုးအက်မှု မဖြစ်အောင် အရိုးတွေကို ကာကွယ်ပေးပါတယ် ပင်လယ်ရေညှိမှာ ဗီတာမင် ကေအ များအပြား ပါဝင်နေပါတယ်။ အရိုးထု ထည်ဆုံးရှုံးမှုဖြစ်တဲ့ အမျိုးသမီးတွေကို လေ့လာမှုအရ ဗီတာမင်ကေအလုံအ လောက် မှီဝဲရင် အရိုးကျိုးအက်မှု မဖြစ် အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရ ပါတယ်။
(၃) နှလုံးကျန်းမာရေးကို ကောင်းမွန် စေပါတယ် ပင်လယ်ရေညှိမှာ ပါဝင်တဲ့ ဖော လိတ်ဓာတ်ဟာ သွေးထဲမှာ ဟိုမိုစစ်စ တင်းစုပုံမှု မဖြစ်အောင် ကာကွယ်ပေး တဲ့နည်းနဲ့ နှလုံးရောဂါဖြစ်နှုန်းကို လျှော့ ချပေးပါတယ်။ သွေးထဲမှာ ဟိုမိုစစ်စတင်း များများရှိတာက နှလုံးသွေးကြောရောဂါ နဲ့ လေဖြတ်ခြင်း ဖြစ်နှုန်းကို မြင့်တက် စေနိုင်ပါတယ်။(၄) နာ့ဗ်ကြောနဲ့ ကြွက်သားတွေကို အကြောပြေလျော့စေပါတယ် မဂ္ဂနီဆီယမ်သတ္တုဓာတ်ဟာ ခန္ဓာ ကိုယ်ရှိ နာ့ဗ်ကြောတွေနဲ့ြွကက်သား တွေကို ပြေလျော့စေပါတယ်။ ပင်လယ် ရေညှိမှာ မဂ္ဂနီစီယမ်များများ ပါဝင်နေပါ တယ်။
(၅) အရိုးတွေကို ကျန်းမာသန်စွမ်းစေ ပါတယ် ပင်လယ်ရေညှိမှာ ကယ်လ်စီယမ် များစွာ ပါဝင်တာကြောင့် အရိုးတွေကို သန်စွမ်းကျန်းမာစေပါတယ်။
(၆) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ် ပင်လယ်ရေညှိမှာ သံဓာတ်များများ ပါဝင်တာကြောင့် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၇) အိပ်ရေးဝ၀ အိပ်မောကျစေပါတယ် ပင်လယ်ရေညှိမှာ ထရစ်ပတိုဖန် ပါ ဝင်မှု များတာကြောင့် ကောင်းကောင်း အိပ်မောကျစေပါတယ်။ ထရစ်ပတိုဖန် ဟာ မရှိမဖြစ် အမိုင်နိုအက်စစ်ဖြစ်ပြီး အ ပန်းပြေတာ၊ အနားရတာနဲ့ အိပ်ပျော်တာ စတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။
(၈) ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ် ပင်လယ်ရေညှိမှာ လစ်ဂနင်လို့ ခေါ် တဲ့ ဖိုင်တိုအီစထရိုဂျင်တွေ များများ ပါ ဝင်ပါတယ်။ လေ့လာမှုများစွာအရ လစ် ဂနင်ဓာတ်ဟာ ရင်သားကင်ဆာနဲ့ အူမ ကြီးကင်ဆာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။
(၉) ရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်ပါတယ် ပင်လယ်ရေညှိမှာ ဖူကန်စ် ဒါမှမ ဟုတ် ဖူကွိုက်ဒန် ဆိုတဲ့ Polysaccharide တစ်မျိုး ပါဝင်တာကြောင့် ဗိုင်းရပ်စ် ဆန့်ကျင်တဲ့ အာနိသင်၊ သွေးခဲတာကို တွန်းလှန်တဲ့ အာနိသင်၊ အကျိတ်တား အာနိသင်နဲ့ ရောင်ရမ်းမှုကျစေတဲ့ အာနိ သင်တို့ကို ရရှိစေပါတယ်။
(၁၀) သွေးတွင်း သကြားဓာတ်ကို ထိန်းပေး ပါတယ် ခန္ဓာကိုယ်ထဲမှာ မဂ္ဂနိစ်သတ္တုဓာတ် လျော့နည်းနေရင် သွေးတွင်း ဂလူးကို့စ် ဓာတ်ကို မထိန်းနိုင်တာမျိုး ဖြစ်တတ်ပါ တယ်။ ပင်လယ်ရေညှိမှာ မဂ္ဂနိစ်များစွာ ပါဝင်ပါတယ်။
Ref: Good Health
Source: http://www.yoyarlay.com/health/health/article/27648

နုပျိုလှပသူတိုင်း လုပ်ဆောင်ကြသည့် အလေ့အကျင့် ခုနစ်ခု
အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလှပနေ သူတွေ သင့်ပတ် ဝန်းကျင်မှာ တွေ့ဖူးမှာပါ။ နေ့စဉ်လိုက်နာ ကျင့်သုံးတဲ့ အလေ့အကျင့် တွေက နုပျိုလှပမှုကို ဖြစ်စေ တာပါ။ သူတို့တစ်တွေ လိုက်နာ ဆောင်ရွက်လေ့ရှိတဲ့ အလေ့အကျင့်တွေထဲက ခုနစ်ခုကို ဖော်ပြ လိုက်ပါတယ်။
၁) သဘာဝပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ အလှပြင်ပစ္စည်းတွေကို အသုံးပြုတယ်
အများစုက ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေက ပိုမိုအာနိသင်ပြည့်ဝတယ်လို့ ထင်တတ်ကြ ပါတယ်။ တကယ်တော့ သဘာဝ ပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထုတ် လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေက သက်ကြီးအရေးကြောင်းတွေ အတွက် အမှန်တကယ် ထိရောက်မှုရှိတယ်လို့ အလှအပပညာ ရှင် ဘာဘရာကလို့က ပြောပါတယ်။ အပင်ထွက်ပါဝင်ပစ္စည်း တွေဖြစ်တဲ့ ပက်ပ်တိုက်၊ လိုက်ပိုဆုန်း၊ ဂလိုင်ကိုဆိုက် စတာတွေ က အသားအရေကို ကြည်လင်ဝင်းပတာ၊ တင်းရင်းမှုရှိတာ၊ အရေး ကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးတာ စတဲ့ အစွမ်းအာနိသင် တွေ ရှိပါတယ်။
၂) နေရောင်ကာခရင်မ် အမြဲလိမ်းတယ်
အရွယ်အိုမင်းမှုကို တားဆီးနိုင်တဲ့ ပထမဆုံးလက်နက်က နေရောင်ကာ ခရင်မ်လိမ်းတာပါလို့ ကလို့က ပြောပါတယ်။ ဇင့်နဲ့ တိုက်တေနီယမ်ဒိုင်အောက်ဆိုက်ပါတဲ့ နေရောင်ကာခရင်မ် တွေက အသားအရေကို ယားယံမှုမရှိစေဘဲ နေရောင်ခြည်တွေ ကို အသားအရေနဲ့ မထိတွေ့အောင် လုပ်ဆောင်ပေးတာ ကြောင့် အသားအရေပျက်စီးမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ အရွယ် တင်နုပျိုနေသူတွေဟာ နေရောင်ကာခရင်မ်ကို နေ့စဉ် အသုံးပြု တတ်ကြပါတယ်။ နေရောင်ခြည်က အိုမင်းမှုကို မြန်ဆန်စေတယ် ဆိုပေမယ့် တစ်နေ့ကို နေခြည်နုနုနဲ့ ၁၀ မိနစ်လောက်တော့ ထိတွေ့မှုရှိပါမှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဒီကို ရရှိမှာပါ။ နေခြည်နုနုရရှိဖို့ မနက် ၁၀ နာရီမတိုင်မီနဲ့ ညနေ ၄ နာရီနောက်ပိုင်းတွေမှာ အပြင်ထွက်ပါ။
၃) အင်တီအောက်ဆီးဒင့်ပါဝင်တာကို အသုံးပြုတယ်
နုပျိုသူတွေ အသုံးပြုလေ့ရှိတဲ့ အင်တီးအောက်ဆီးဒင့်ပါ ဝင်တဲ့ အသားအရေ ထိန်းပစ္စည်းတွေက ခန္ဓာကိုယ်မှာ အိုမင်းမှု ကို ဖြစ်စေတဲ့Free Radical တွေရဲ့ တိုက်ခိုက်မှုမှ တားဆီးပေးပြီး ခန္ဓာကိုယ်တွင်း ညစ်ညမ်းမှုတွေကိုပါ ဖယ်ရှားပေးပါတယ်။ နယူး ယော့ခ်မှ အရေပြားပညာရှင်က ဘလူးဘယ်ရီ၊ လက်ဖက်စိမ်းနဲ့ ဗီတာမင် အီးစတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ အသားအရေ ထိန်းသိမ်းပေးတာတွေကို အသုံးပြုပါလို့ အကြံပေးပါတယ်။
၎) နေ့စဉ် အဆီလိမ်းတယ်
အသားအရေဝင်းပသူတွေဟာ အဆီတစ်မျိုးမျိုးကို နေ့စဉ် လိမ်းတတ်ကြပါတယ်။ အိုမီဂါ-၃ နဲ့ အိုမီဂါ- ၆ ပါဝင်တဲ့ အဆီ တွေက အရေပြားမှာ အလွှာပါးတစ်ခုအနေနဲ့ ဖုံးအုပ်ထားတာ ကြောင့် အသားအရေပျက်စီးမှုမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အရေပြားမှာ ရေဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
၅) သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားတယ်
အရွယ်တင်နုပျိုစေတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာတွေကို အရေပြားမှာ လိမ်းပေးရုံသာမက စားပေးတာက အပေါ်ယံ ရွှေမှုန်ကြဲသလို မဖြစ်စေဘဲ ခန္ဓာကိုယ်တွင်းမှ နက်နက်ရှိုင်းရှိုင်း လှပမှု ဖြစ်စေတယ်လို့ နယူးယောက်မှ အရေပြားပညာရှင် အဲလိစ် စဘတ်က ပြောပါတယ်။ သစ်သီး၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေနဲ့ လက်ဖက်ရည်ကို သောက်ပေးပါ။ အပေါ် ယံဆဲလ်တွေ သေဆုံးသွားပြီး ဆဲလ်အသစ်ဖြစ်ပေါ်လာဖို့ ခန္ဓာ ကိုယ်တွင်းမှာ ကုန်ကြမ်းကို ရရှိပြီးသား ဖြစ်စေပါတယ်။
၆) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီ စားတယ်
အသားအရေ ဝင်းပစိုပြည်သူတွေက သံလွင်ဆီနဲ့ ငါးအဆီ တွေလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီတွေကို စားသုံးကြပါတယ်။ သင်က အဆီမှန်သမျှ ရှောင်ကြဉ်နေပါက သင့်အသားအရေ ငယ်ရွယ်နုပျိုဖို့ကို ဟန့်တားသလိုဖြစ်နေပါလိမ့်မယ်။ ကျန်းမာရေး နဲ့ညီညွတ်တဲ့ဆီတွေက အရေပြားကို အတားအဆီးတစ်ခုအနေနဲ့ ကာကွယ်ပေးရုံသာမကဘဲ အရေပြားက ရေဓာတ်ဆုံးရှုံးမှုနဲ့ ရောင် ရမ်းမှုတွေကို တားဆီးပေးပါတယ်။
၇) ယောဂကျင့်တယ်
စိတ်နဲ့ ခန္ဓာကိုယ်က ဆက်စပ်နေတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ ယောဂကျင့်သူတွေဟာ စိတ်ပျို ကိုယ်နုကြပါ တယ်။ စိတ်ဖိစီးမှုများပါက ခန္ဓာကိုယ်က ကော်တီဇောဟော်မုန်း တွေထွက်ပြီး အိုမင်းမှုကို မြန်ဆန်စေပါတယ်။ ဒီဟော်မုန်းက အသားအရေတင်းရင်းစေတဲ့ ကိုလာဂျင်တွေကို ဖျက်ဆီးပြီး အရေးကြောင်းတွေဖြစ်စေပါတယ်။
၈) လေ့ကျင့်ခန်းလုပ်တယ်
လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှု တွေကို တားဆီးပေးတဲ့ အင်ဒေါ်ဖင်န်ဟော်မုန်း ထွက်ရှိပါတယ်။ ဒီဟော်မုန်းက အနာကျက်မြန်စေပြီး ခန္ဓာကိုယ်မှာ သွေးလှည့်ပတ် မှုကို ကောင်းမွန်စေတာကြောင့် အရေပြားဆဲလ်တွေအထိ အာဟာရ ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် နုပျိုတက်ကြွလှပ သူတွေဟာ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို အနည်းဆုံး သုံးရက် လောက် လေ့ကျင့်ခန်းပြုလုပ်တတ်ကြပါတယ်။
ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)
Ref: Good Health
Source: http://www.yoyarlay.com/health/health/beauty/27598

Subscribe to:
Posts (Atom)