အောက်ပါမေးခွန်းတို့ကို ဖြေကြည့်ကာ သင့်ခံတွင်းနံ့ ထာဝစဉ် သင်းပျံ့နေစေဖို့ ဘာတွေ လိုအပ်သလဲ လေ့လာကြည့်ရအောင်…။
၁။ လူဦးရေရဲ့ ဘယ်နှရာခိုင်နှုန်းက မကြာခဏ ခံတွင်းနံ့ နံနေတတ်သလဲ။
(က) ၅၀ ရာခိုင်နှုန်း
(ခ) ၂၀ ရာခိုင်နှုန်း
(ဂ) ၁၀ ရာခိုင်နှုန်း
(ဃ) ၂ ရာခိုင်နှုန်း
အဖြေ = (က)
လူနှစ်ယောက်မှာ တစ်ယောက်နှုန်းက သူတို့ ဘဝရဲ့ အသက် အပိုင်းအခြား တစ်ခုမှာ မကြာခဏ ခံတွင်းနံ့ နံမှုကို ရင်ဆိုင်ဖူးကြပါတယ်။ ကလေးငယ်တွေရဲ့ ခံတွင်းနံ့ကတော့ နံမနေတတ်ပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ကလေးငယ်တွေဟာ တံတွေး၊ သွားရည်များစွာ ထွက်ရှိတတ်သလို အစားအစာ အကြွင်းအကျန်တွေ ကပ်ငြိနေမယ့် သွားတွေလည်း မရှိတာကြောင့်ပါ။ ဒါ့အပြင် လူကြီးတွေလို ခံတွင်းနံ့ နံစေတဲ့ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ လုံးဝမရှိတာကြောင့် ကလေးငယ်တွေမှာ ခံတွင်းနံ့ မနံတတ်ပါဘူး။
။ဘယ်ရောဂါက ခံတွင်းနံ့ နံတာနဲ့ ဆက်စပ်နေတတ်သလဲ။
(က) သွားဖုံးရောဂါ
(ခ) ဆီးချိုရောဂါ
(ဂ) အသည်းရောဂါ
(ဃ) အပေါ်က ရောဂါအားလုံး
အဖြေ= (ဃ)
ခံတွင်းနံ့ဆိုးခြင်းရဲ့ ၉၅ ရာခိုင်နှုန်းကျော်ဟာ ပါးစပ်တွင်း ဘက်တီးရီးယားပိုး ပမာဏ မညီမျှခြင်းကြောင့် ဖြစ်ရတာပါ။ ဒီလို ဘက်တီးရီးယားပိုး မညီမျှခြင်းဟာ ခံတွင်းသန့်ရှင်းရေး ကောင်းစွာ မပြုလုပ်ခြင်း၊ သွားဖုံးရောဂါ၊ အစာအိမ် အချဉ်ပေါက်ခြင်း၊ အာခြောက်ခြင်း၊ စိတ်ဖိစီးခြင်း၊ ဆေးလိပ်သောက်ခြင်း အပြင် ချိစ်နဲ့ နို့များစွာ ပါရှိတဲ့ အစားအသောက် စားသောက်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းရဲ့ တခြားအကြောင်းရင်းတွေမှာ ဆီးချိုရောဂါ၊ အသည်းရောဂါနဲ့ ကျောက်ကပ်ရောဂါ တချို့ကြောင့်လည်း ပါဝင်ပါတယ်။
၃။ ဘယ်ဆေးဝါးတွေက ခံတွင်းနံ့ကို ပိုဆိုးစေသလဲ။
(က) သွေးပေါင်ကျဆေးတွေ
(ခ) အအေးမိသက်သာ ပျောက်ကင်းဆေးတွေ
(ဂ) စိတ်ကျရောဂါသက်သာဆေးတွေ
(ဃ) အပေါ်မှာဖော်ပြထားတဲ့ ဆေးအားလုံး
အဖြေ = (ဃ)
ဆေးဝါးများစွာက ခံတွင်းကို ခြောက်စေပါတယ်။ အာခြောက်လွန်းလို့ ညဘက် တစ်ရေးနိုးကာ ရေထသောက်ရတဲ့ အဆင့်ထိ ရောက်နေရင်တော့ ဆရာဝန်ကို ပြောပြကာ ဆေးဝါးသောက်သုံးရတဲ့ ပမာဏ ညှိနှိုင်းပါ။ ဒါမှမဟုတ် ဆေးပြောင်းသင့်ရင် ပြောင်းရပါလိမ့်မယ်။ တစ်နေ့လုံး ရေများစွာ သောက်ပေးသင့်သလို ညအိပ်ခါနီးမှာလည်း ရေသောက်ပေးပါ။
၎။ ဘယ်အခြေအနေမှာ ဘေးပတ်ဝန်းကျင်က ကိုယ့်ခံတွင်းနံ့ကို သတိမထားမိပေမယ့် ကိုယ့်ကိုကိုယ်တော့ မခံမရပ်နိုင်အောင် ဖြစ်တတ်သလဲ။
(က) စိတ်ကျရောဂါ
(ခ) စိတ်ကစဥ့်ကလျားရောဂါ
(ဂ) နှာခေါင်းကလိုင်ပေါက်ရောဂါ/ ဓာတ်မတည့်ခြင်း
(ဃ) ခေါင်းတစ်ခြမ်းကိုက်ခြင်း
အဖြေ = (ဂ)
ကိုယ့်ခံတွင်းနံ့ ကိုယ်မခံနိုင်အောင် ဖြစ်နေသူတွေဟာ နှာခေါင်းတွင်း ကလိုင်ပေါက်မှာ ရောဂါဖြစ်နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ပါက တခြားသူတွေ အနေနဲ့ အနံ့ကို သတိမထားမိပေမယ့် ဝေဒနာ ရှင်အနေနဲ့ကတော့ အနံ့နံလွန်းပါတယ်။ ရောဂါဖြစ်တာ သေချာပါက ရောဂါပျောက်အောင် နှာခေါင်းတွင်း ဖျန်းဆေးနဲ့ ဓာတ်မတည့်ခြင်းကို သက်သာပျောက်ကင်းစေတဲ့ ဆေးဝါးတွေသုံးပြီး ကုသနိုင်ပါတယ်။
၅။ ဘယ်အစားအစာက ခံတွင်းနံ့ဆိုးစေပါသလဲ။
(က) နို့နဲ့ချိစ်
(ခ) အာလူး
(ဂ) ဒိန်ချဉ်
(ဃ) အပေါ်မှာ ဖော်ပြထားတာ အားလုံး
အဖြေ = (က)
ချိစ်နဲ့နို့တွေကို အလွန်အကျွံ စားသောက်ပါက လျှာပေါ်ရှိ Mucus အဖြူလွှာက ပိုထူလာကာ ခန္ဓာကိုယ်ကနေ ဖျက်ရ၊ ရှင်းရ ပိုခက်သွားတတ်ပါတယ်။ ဒါ့အပြင် ဒီအစားအစာတွေမှာ ခံတွင်းနံ့ ဆိုးခြင်းကို ဖြစ်ပေါ်စေတဲ့ Cystcine နဲ့ Methyl Mercaptam အမည်ရှိ အမိုင်နို အက်စစ်နှစ်မျိုးကလည်း ပမာဏများစွာ ပါရှိတတ်ပါတယ်။
၆။ ဘယ်အစားအစာက ခံတွင်းနံ့ဆိုးခြင်းကို တိုက်ဖျက်ပေးသလဲ။
(က) ငရုတ်ပွသီး
(ခ) တရုတ်နံနံ
(ဂ) ဒိန်ချဉ်
(ဃ) မုန်လာဥနီ
အဖြေ = (ဂ)
လေ့လာချက်အရ သကြားမပါတဲ့ ဒိန်ချဉ်ရိုးရိုးကို ခြောက်ပတ်ကြာ နေ့စဉ် စားသုံးခြင်းက ခံတွင်းနံ့ဆိုး ခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်တဲ့ ခံတွင်းရှိ ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓာတ် ပမာဏ သိသာစွာ လျော့ကျ စေတာကို တွေ့ရပါတယ်။ ဒိန်ချဉ်မှာ ပါရှိတဲ့ ဘက်တီးရီးယားပိုးတွေဟာ အနံ့ဆိုးကို တိုက်ဖျက်ပေးနိုင်တာကြောင့်ပါ။
ဗီတာမင်စီကလည်း သွားဖုံးကျန်းမာရေးအတွက် ကောင်းစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝစွာပါရှိတဲ့ ငရုတ်ပွသီးလို အစားအစာမျိုးကို စားပေးသင့်ပါတယ်။ မုန်လာဥနီနဲ့ တရုတ်နံနံလို မာတဲ့ အစာတွေကို ဝါးပေးခြင်းကလည်း သွားဖုံးကို နှိပ်နယ်ပေးသလို ဖြစ်တာကြောင့် သွားဖုံးကျန်းမာရေးကို ကောင်းစေပါတယ်။
၇။ လျှာမှာ အပေါက်ဖောက်ခြင်းက ခံတွင်းနံ့ကို ဘယ်လိုဆိုးစေသလဲ။
(က) ရောဂါပိုး ပိုဝင်လာရာကနေ အနံ့ဆိုးစေတာပါ။
(ခ) လျှာပေါ်တပ်တဲ့ ပစ္စည်းက တံတွေးအထွက်နည်း စေတာကြောင့် အနံ့ဆိုးစေတာပါ။
(ဂ) အပေါက် အနာမကျက်ခြင်းကြောင့်ပါ။
အဖြေ = (က)
လျှာမှာ အပေါက်ဖောက်တဲ့အခါ ရောဂါပိုး ပိုပြီး ကူးစက်နိုင်သလို ဖောက်ထားတဲ့ အပေါက်နား ဘက်တီးရီးယားတွေ ခိုအောင်း နိုင်တာကြောင့် ခံတွင်းနံ့ကို ပိုပြီး ဆိုးစေတာပဲ ဖြစ်ပါတယ်။
ခံတွင်းနံ့ဆိုးခြင်း အမျိုးအစားများ
၁။ လျှာကြောင့် ခံတွင်းနံ့ဆိုးခြင်း
လျှာကြောင့် ခံတွင်းနံ့ဆိုးတဲ့ လက္ခဏာရပ်တွေကတော့ လျှာမှာ အဝါရောင် အလွှာတစ်ထပ်ဖြစ်ခြင်း ဒါမှမဟုတ် လက်ဖမိုးကို လျက်ကြည့်တဲ့အခါ အနံ့အသက် မကောင်းခြင်းတို့ပဲ ဖြစ်ပါတယ်။ လျှာသန့်ရှင်း ဖို့နည်းကတော့ သွားတိုက်ဆေး အနည်းငယ်ယူကာ လျှာပွတ်တံနဲ့ လျှာကို ပွတ်ပေးဖို့ပဲ ဖြစ်ပါတယ်။
၂။ သွားဖုံးကြောင့် ခံတွင်းနံ့ဆိုးခြင်း
သွားဖုံးကနေ သွေးထွက်နေတတ်ပါတယ်။ သွားကြား သန့်ရှင်းရေး လုပ်လေ့ မရှိသူတွေမှာ ဖြစ်လေ့ရှိပြီး အကယ်၍ သွားကြားထိုးကြိုးနဲ့ သွားကြား ထိုးခဲ့ရင်တောင် နာကျင်နေမှာပါ။
၃။ လည်ချောင်း/နှာခေါင်းကြောင့် ခံတွင်းနံ့ဆိုးခြင်း
အသံဝင်ခြင်း၊ လည်ချောင်းအသံ ကပ်ခြင်းတို့နဲ့ပါ တွဲပြီး ဖြစ်လေ့ရှိပါတယ်။ ဓာတ်မတည့် ပျောက်ဆေး သုံးဆောင်နေသူတွေမှာလည်း ဖြစ်တတ်ပါတယ်။
၎။ လူနေမှုပုံစံကြောင့် ခံတွင်းနံ့ဆိုးခြင်း
အစာလျှော့စားကာ အပိန်ကျင့်ခြင်းက ခံတွင်းနံ့ ဆိုးစေနိုင်သလို နို့နဲ့ ချိစ်စားခြင်း၊ ကော်ဖီသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနဲ့ စိတ်ဖိစီးခြင်းတို့ကြောင့်လည်း ခံတွင်းနံ့ နံတတ်ပါတယ်။
ခံတွင်းနံ့ သင်းပျံ့စေမည့် အဆင့်ခြောက်ဆင့်
ခံတွင်းနံ့ နံတာ ပျောက်ဖို့က မခက်ခဲပါဘူး။ အောက်ပါ အချက်ခြောက်ချက်ကို လိုက်နာရုံနဲ့ ခံတွင်းနံ့ ကောင်းလာမှာပါ။
၁။ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။ လျှာပွတ်တံနဲ့ လျှာပွတ်ပေးပါ။ လျှာပွတ်ခြင်းက အစာအကြွင်းအကျန်နဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပါတယ်။ သန့်ရှင်းတဲ့ ခံတွင်းရဲ့ အနံ့ကလည်း လန်းဆန်း နေမှာပါ။
၂။ သင့်တော်တဲ့ ပစ္စည်း သုံးပေးသင့်ပါတယ်။ သွားပွတ်တံဆိုရင်လည်း အမွေးနူးညံ့တာမျိုး သုံးပေးသင့်ပါတယ်။ အကယ်၍ လျှာပွတ်တံ မရှိပါက ဇွန်းနဲ့ ပွတ်ပေးနိုင်ပါတယ်။
၃။ မနက်တစ်ခါ ညတစ်ခါ သွားတိုက်ပါ။ နူးညံ့တဲ့ သွားပွတ်တံကို သုံးပြီး စက်ဝိုင်းသဏ္ဌာန် လှည့်ကာ၊ လှည့်ကာ နှစ်မိနစ်ကြာ တိုက်ပေးပါ။ ခပ်ကြမ်းကြမ်း မဖိမိစေပါနဲ့။ သွားရဲ့ကြွေလွှာ ပျက်စီးစေနိုင်တာ ကြောင့်ပါ။
၎။ အာခြောက်မခံပါနဲ့။ မကြာခဏ ရေသောက်ပါ။ အယ်ကိုဟော အခြေခံ ပလုတ်ကျင်းဆေးရည်ကို ရှောင်ပါ။ အရက်သောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းလို ခံတွင်းကို ခြောက်သွေ့စေတာကြောင့်ပါ။
၅။ သွားဖုံးရောဂါရှိပါက သွားဆရာဝန်ထံ မှန်မှန်ပြပါ။
၆။ ကော်ဖီနဲ့ တခြားအက်စစ်ပါတဲ့၊ ဂက်စ်ပါတဲ့ အအေးတွေ ရှောင်ပါ။ သကြားများတဲ့ အစာကို ရှောင်ပါ။ ဒီအစားအစာတွေကို အကယ်၍ စားမိခဲ့ရင်လည်း စားအပြီး ငါးမိနစ်အကြာမှာ သကြားမပါ ပီကေကို ဝါးပါ။ ဒါမှ တံတွေး ထွက်ရှိလာပြီး အက်စစ်တွေကို ပြန်ချေဖျက်နိုင်မှာပါ။
စာဖတ်ပရိသတ်အားလုံး မွှေးပျံ့တဲ့ ခံတွင်းနံ့ ပိုင်ဆိုင်နိုင်ကြပါစေ..
ဒေါက်တာနုမြတ်
Ref: Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/article-58073
Wednesday, January 23, 2013
သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆီ လျော့ကျစေမည့် အစာစားနည်းများ
လူတွေက သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆင့် မြင့်မားတာကို ကိုလက်စထရောအဆင့် မြင့်မားတာလောက် အလေးမထားတတ်ကြပါဘူး။ တကယ်တော့ ထရိုင်ဂလစ်ဆရိုက်အဆီ မြင့်မားတာဟာ နှလုံးအတွက် အန္တရာယ်ပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားတာလို ဘဝနေထိုင်မှုပုံစံ ပြောင်းလဲတာက သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆီရော၊
ကိုလက်စထရောကိုပါ လျော့ကျအောင် လုပ်ဆောင်သင့်ပါတယ်။
ထရိုင်ဂလစ်ဆရိုက်အဆီ မြင့်တက်မှုကြောင့် နှလုံးရောဂါထတာနဲ့ လေဖြတ်တာတွေရဲ့ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်
လို့လေ့လာမှုတွေကဆိုပါတယ်။ ထရိုင်ဂလစ်ဆရိုက်အဆီ လျော့ကျစေဖို့အတွက် ဆေးဝါးတွေထက် လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအသောက်ပုံစံ ပြောင်းလဲတာတွေလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံကို လိုက်နာတာက ပိုမိုထိရောက်မှု ရှိပါတယ်။
သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆီက ပုံမှန်လား၊ မြင့်တက်နေသလား
သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆီ အဆင့်က ၁၅၀ အောက် လျော့နည်းသင့်ပါတယ်။ ဒီပမာဏထက် ပိုမြင့်လေလေ၊ အန္တရာယ်ရှိလေလေပါပဲ။ သင်သိထားသင့်တဲ့ ကိန်းဂဏန်းတွေကတော့…….
- ပုံမှန် သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆင့်က ၁၅၀ mg/dL အောက် နည်းရပါမယ်။
- လက်ခံနိုင်ရုံမျှရှိတဲ့ ထရိုင်ဂလစ်ဆရိုက်အဆင့်က ၁၅၀ နဲ့ ၁၉၉ mg/dL ကြား ဖြစ်ပါတယ်။
- ၂၀၀ mg/dL ထက် များရင် အလွန်မြင့်နေပါပြီ။
- ၅၀၀ mg/dL ထက် များရင် အလွန့်အလွန် မြင့်နေပါပြီ။
သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆင့် မြင့်တာက အဝလွန်တာ၊ ဆီးချိုသွေးချိုရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ သိုင်းရွိုက်ရောဂါတို့နဲ့ ဆက်နွှယ်မှု ရှိပါတယ်။ ဆရာဝန်လုပ်နိုင်တဲ့ ပထမဆုံးအရာက ဒီရောဂါတွေ မဖြစ်အောင် သွေးတွင်းထရိုင်ဂလစ်ဆရိုက် အဆင့်ကို ပုံမှန်ဖြစ်အောင် ထိန်းဖို့ ဖြစ်ပါတယ်။
သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆီကို လျှော့ချနိုင်ရန် စားသင့်သော အစာများ
သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆီ လျော့ကျစေဖို့အတွက်ဆိုရင် စားတဲ့ အစာကယ်လိုရီတွေက ခန္ဓာကိုယ်က အသုံးပြုတဲ့ ကယ်လိုရီတွေထက် ပိုမများစေသင့်ပါဘူး။ အစာကိုလည်း ရွေးချယ်စားရပါမယ်။
ပြည့်ဝဆီနှင့် ထရန့်စ်ဖက်စ်များကို လျှော့ချပါ
ဒီအဆီတွေက တိရစ္ဆာန်ထွက်ဆီ၊ အမြန်စာ၊ ဖုတ်ထားတဲ့ မုန့်တွေနဲ့ တခြား အဆင်သင့် အစားအစာ တချို့မှာ အဓိက တွေ့ရလေ့ရှိတဲ့ အဆီတွေ ဖြစ်ပါတယ်။
မပြည့်ဝဆီကို ရွေးချယ်ပါ
ဟင်းချက်တဲ့အခါ သံလွင်ဆီကို သုံးပါ။ ဒီအဆီက မပြည့်ဝဆီဖြစ်လို့ ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိပါတယ်။
သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် အဆီနည်းနို့နှင့် နို့ထွက်ပစ္စည်းများမှ ကယ်လိုရီ အများဆုံး ရယူပါ
အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းဖြစ်ရင် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ပါတယ်။
အရက်သောက်တတ်လျှင် အသင့်အတင့်ပဲ သောက်ပါ
အရက်မှာ သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အတွက် မကောင်းတဲ့ ကယ်လိုရီတွေ ပါဝင်နေပါတယ်။ ဒါကြောင့် အရက်ကို မသောက်ဘဲနေနိုင်ရင် အကောင်းဆုံးပါ။
သကြားအဖြူကို ရှောင်ပါ
ငါးကို တစ်ပတ်တစ်ကြိမ်- နှစ်ကြိမ် စားပါ
ပရိုတင်းဓာတ် အရင်းအမြစ်ဖြစ်တဲ့ ငါးကို အနည်းဆုံး တစ်ပတ် တစ်ကြိမ်-နှစ်ကြိမ်ခန့် စားပါ။ ဆယ်လ်မွန်ငါးတို့လို ရေအေးငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှု မြင့်မားတာကြောင့် ထရိုင်ဂလစ်ဆရိုက်အဆင့်ကို လျော့ကျစေပါတယ်။
အမျှင်ဓာတ် များများစားပါ
အခွံချွတ်မထားတဲ့ ကောက်နှံစာထဲမှာ အမျှင်ဓာတ် ပါဝင်တာကြောင့် အစာကို နည်းနည်းနဲ့ ဗိုက်ပြည့်စေတဲ့အစွမ်း ရှိပါတယ်။ ထရိုင်ဂလစ်ဆရိုက်အဆင့်ကို လျော့ကျစေမယ့် နှလုံးကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာထဲမှာ သကြား၊ အဆီနဲ့ အယ်လ်ကိုဟောတို့ ပါဝင်မှု လျော့နည်းပါတယ်။
ဇွန်
Ref: Good Health
Source: http://news.yatanarpon.com.mm/news/news-59643

Tuesday, January 22, 2013
တစ်နေ့ လက်ဖက်ရည် လေးခွက်နှင့်အထက် သောက်ပါက ဆီးချိုရောဂါ အမျိုးအစား (၂) ကို လျှော့ပါးစေနိုင်
ဗြိတိသျှလူမျိုးတို့၏ လက်ဖက်ရည်သောက်သည့် အကျင့်သည် ဆီးချိုရောဂါ အမျိုးအစား (၂) ကို လျှော့ပါးစေသော်လည်း တစ်ရက်လျှင် အနည်းဆုံး လက်ဖက်ရည် လေးခွက်နှင့်အထက် သောက်မှသာ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ ဒူဆဲလ်ဒေါမ် တက္ကသိုလ်မှ သုတေသီအဖွဲ့၏ တင်ပြချက်အရ သိရသည်။
ဗြိတိသျှလူမျိုးတို့၏ ဓလေ့အရ တစ်ရက်
လက်ဖက်ရည် လေးခွက်သောက်လျှင် ထိုရောဂါမျိုးဖြစ်နိုင်ရန် ရာခိုင်နှုန်း ၂၀ လျော့ပါးကြောင်း တွေ့ရသည် ဟုဆိုသည်။ ဥရောပလူမျိုးများ၏ ဓလေ့အရ လက်ဖက်ရည် သောက်သုံးမှုတွင် စပိန်နိုင်ငံသည် ပျမ်းမျှအရ တစ်ခွက်မျှမသောက်ဘဲ အင်္ဂလန်တွင် လေးခွက်သောက်ကြောင်း တွေ့ရသည် ဟုဆိုသည်။
ဆီးချို အမျိုးအစား အမှတ် (၂) ဖြစ်ရန် ကိုယ်ခန္ဓာဝဖြိုးမှုသည် အကြောင်းရင်း တစ်ခုဖြစ်ကြောင်း တွေ့ရသည်။ လက်ဖက်ရည်တွင် ပိုလီဖီနော ပါဝင်နေမှုကြောင့် ဘီတာဆဲလ်များနှင့် ဖရီးရေဒီကဲလ်များကို ကာကွယ်ပေးရာရောက်ကြောင်း သိရသည်။ ဥရောပ ရှစ်နိုင်ငံမှ ဆီးချို အမှတ် (၂) အမျိုးအစားရှိသော လူ ၁၂၄၀၃ ဦးအား ၂၆ ဌာနခွဲ၍ သုတေသန ပြုထားကြောင်းလည်း သိရသည်။
Internet/NWE/AMW
By Yangon Times Journal

သခွားသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
သခွားသီးက ကမ္ဘာပေါ်မှာ ရေပန်းစားတဲ့ ဟင်းသီးဟင်းရွက်ထဲမှာ တစ်မျိုး အပါအဝင် ဖြစ်ပါတယ်။ သခွားသီးမှာ ကျန်းမာရေး၊ အသားအရေနဲ့ အလှအပဆိုင်ရာ အာနိသင်တွေ ရှိတာကြောင့် သခွားသီးအကြောင်းကို အထူးအထွေ ပြောနေစရာတော့ လိုမယ် မထင်ပါဘူး။ သခွားသီးမှာ အဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး ဗီတာမင်နဲ့ သတ္တုဓာတ် အမြောက်အမြား ပါဝင်တာကြောင့် သခွားသီးရဲ့ တိကျတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိနိုင်ဖို့အတွက် ရေးသားလိုက်ရပါတယ်။(၁) ရေဓာတ် ပြည့်ဝစေပါတယ်
သခွားသီးဟာ အပူဒဏ်ကို တွန်းလှန်နိုင်ပြီး အေးမြစေတဲ့ သစ်သီးပါ။ အကြောင်းကတော့ သခွားသီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းကျော် ပိုမိုပါဝင်တာကြောင့် ဖြစ်ပါတယ်။ သခွားသီးကို စားရင် ခန္ဓာကိုယ်အတွင်းမှ အဆိပ်တွေကို ထွက်ရှိသွားစေပါတယ်။
(၂) အသားအရေကို ကျန်းမာတောက်ပစေပါတယ်
သခွားသီးမှာ အသားအရေကို ကျန်းမာစေတဲ့ အာဟာရဓာတ်တွေ အများအပြား ပါဝင်နေပါတယ်။ ဒါကြောင့် သခွားသီးကို အသားအရေ တင်းရင်းလှပစေတဲ့ မျက်နှာပေါင်းတင်ပစ္စည်းအဖြစ် အသုံးပြုနေကြတာပါ။ သခွားသီးကို ပါးပါးလှီးပြီး မျက်ဝန်းပေါ်မှာ ကပ်ပေးရင် မိနစ်အနည်းငယ်ကြာတဲ့အခါမှာ မျက်ဝန်းတွေကို အေးမြလန်းဆန်းစေပြီး မျက်ဝန်းအောက်မှာ ဖောင်းအစ်တာနဲ့ တွဲကျတာတွေကို လျော့ပါးစေပါတယ်။
(၃) ကင်ဆာကို တွန်းလှန်ပေးနိုင်ပါတယ်
သခွားသီးမှာ ကင်ဆာကို တွန်းလှန်ပေးနိုင်တဲ့ လစ်ဂနင်ဓာတ်တွေ ပါဝင်တာကြောင့် မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ ရင်သားကင်ဆာတွေလို ကင်ဆာအမျိုးမျိုးရဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။
(၄) သွေးဖိအားကို ထိန်းချုပ်ပေးပါတယ်
သခွားသီးဖျော်ရည်ကို သောက်ပေးတာက သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ သခွားသီးမှာ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တို့ အများအပြား ပါဝင်နေတာကြောင့်ပါ။ သွေးဖိအား အနိမ့်၊ အမြင့်ကို ထိန်းချုပ်နိုင်ဖို့ သခွားသီးဖျော်ရည်ကို သောက်နိုင်ပါတယ်။
(၅) သွားနဲ့ သွားဖုံးရောဂါတွေကို ကုသပေးနိုင်ပါတယ်
သခွားသီးဖျော်ရည်ကို သောက်သုံးတာက သွားနဲ့ သွားဖုံးဆိုင်ရာ ဝေဒနာတွေကို လျော့ပါးသက်သာစေပါတယ်။
(၆) အစာကြေညက်စေပါတယ်
သခွားသီးဖျော်ရည်ရဲ့ နောက်ထပ် အရေးပါတဲ့ အကျိုးကျေးဇူးတစ်ရပ်က အစာအိမ်အနာ၊ အစာအိမ်ရောင်တာ၊ ရင်ပူတာနဲ့ အက်စစ်ဆန်တက်မှုများတာ စတဲ့ အစာခြေလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို ကုသနိုင်တာပဲ ဖြစ်ပါတယ်။ သခွားသီးဖျော်ရည်က အစာခြေစနစ်မှ အဆိပ်တွေကို အပြင်ထွက်စေတဲ့နည်းနဲ့ အစာကြေညက်စေပါတယ်။ နာတာရှည် ဝမ်းချုပ်နေသူတွေ အနေနဲ့ နေ့စဉ် သခွားသီးစားပေးပါက ဝမ်းမှန်မှန် သွားစေနိုင်ပါတယ်။
(၇) အဆစ်တွေကို သန်စွမ်းစေပါတယ်
သခွားသီးမှာပါတဲ့ ဆီလီကာတွေက တွယ်ဆက်တစ်သျှူးတွေကို သန်စွမ်းစေတဲ့နည်းနဲ့ အဆစ်တွေကို ကျန်းမာစေပါတယ်။ ဆီလီကာဟာ ခြေသည်းနဲ့ လက်သည်းတွေ ကွဲအက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၈) သွေးတွင်း ကိုလက်စထရောကို လျော့ကျစေပါတယ်
သခွားသီးကို ပုံမှန်စားပေးတာကြောင့် သွေးတွင်း ကိုလက်စထရော အဆင့်ကို လျော့ကျစေတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။
(၉) ဆီးကျောက်တည်မှုကို ကာကွယ်ပေးပါတယ်
သခွားသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် အဆိပ်တွေနဲ့ ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းတွေကို ထွက်ရှိသွားစေပါတယ်။ သခွားသီးကို ပုံမှန်စားပေးပါက ဆီးကျောက်တည်တာကို ကာကွယ်ပေးပါတယ်။
(၁၀) ကိုယ်အလေးချိန်ကို လျော့စေပါတယ်
သခွားသီးမှာ ကယ်လိုရီပါဝင်မှု နည်းပါးပြီး ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစာတစ်မျိုးအဖြစ် နာမည်ကြီးပါတယ်။ သခွားသီးကို များများစားပေးပါက တခြား ကယ်လိုရီများတဲ့ အစာတွေကို စားနှုန်း လျော့ကျသွားတာကြောင့်ပါ။
Ref: Good Health
Source: http://news.yatanarpon.com.mm/news/news-59695
ဆေးဖက်ဝင် ဒိန်ချဉ်အကြောင်း သိကောင်းစရာများ
လူသားများဧ။် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် သဘာဝအားဖြင့် ကပ်ပါးပိုးအဖြစ်ရှိသော ဘက်တီးရီးယားပိုးများသည်၊ လူ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ ဆဲ(လ်)အရေအတွက်ထက်ပင်ပိုမိုများပြားပါသည်။ အဆိုပါဘက်တီးရီးယားပိုးများသည် လူသားတို့ ဧ။်
ကျန်းမာရေးအတွက် ပြန်လှန်အကျိုးပြုပေးနေသော လူသားများအတွက် မရှိမဖြစ်မိတ်ဆွေကောင်းဘက်တီးရီးယားပိုးများပင်ဖြစ်သည်။
၎င်းတို့ သည် ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့်လည်းကောင်း၊ မဆင်မခြင်စားသောက်တတ်သော အလေ့အကျင့်ကြောင့်လည်းကောင်း၊ပဋိဇီဝပိုးသတ်ဆေးများ သောက်သုံးသောကြောင့်လည်းကောင်း သေကျေပျက်စီးသွားတတ်ကြပါသည်။
ဒိန်ချဉ်တွင် အဆိုပါ လူ့ အကျိုးပြုဘက်တီးရီးယားပိုးများသန်းထောင်နှင့်ချီ၍ပါဝင်ရာ၊ တချို့ သောဆရာဝန်များက ပဋိဇီဝဆေးများသုံးစွဲခြင်းကြောင့် ပျက်စီးသွားသော မိတ်ဆွေကောင်း ဘက်တီးရီးယားပိုးများ ပြန်လည်ရှင်သန်ပွားများစေရန်အတွက် ဒိန်ချဉ်ကိုစားသုံးရန် ညွှန်ကြားတတ်ပေသည်။
သုတေသနပညာရှင်များဧ။် ရာနှင့်ချီ၍ပြုလုပ်လေ့လာခဲ့သော စမ်းသက်ချက်များအရ ဒိန်ချဉ်သည် ခန္ဓာကိုယ်ဧ။်ကိုယ်ခံစွမ်းအား
(Immunity) ကိုတိုးမြှင့်စေနိုင်သည်။ အူလမ်းကြောင်းဧ။် ကျန်းမာရေးကိုကောင်းစေနိုင်သည်။ Lactose Intolerance (ခေါ်) နို့ သကြားဓာတ်မတည့်ခြင်းအား ပျောက်ကင်းစေနိုင်သည်။
ဗီတာမင်မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်၊ အထူးအားဖြင့် ကယ်(လ်)စီယမ်နှင့် ပရိုတိန်းဓာတ်စသော အာပာာရဓာတ်များ အများအပြား ပါဝင်သဖြင့်၊ သွားနှင့်အရိုးကိုလည်း ခိုင်မာစေသည်။ အသားအရေကိုလည်း ကြည်လင်ဝင်းပစေသည်။
ထို့ ပြင် ဒိန်ချဉ်သည် အမျိုးသားကျားပောာ်မုန်း ထွက်မှုကိုအားပေးသဖြင့်၊ အသက်(၆၀)ကျော်အမျိုးသားများတွင်ပင် သားသမီးရတနာ ထွန်းကားစေနိုင်ပါသည်။
အမျိုးသမီးများဧ။် မိန်းမကိုယ်တွင်း၌သဘာဝအလျောက် အက်ဆစ်ဓာတ်ဖြစ်နေစေရန် အက်စစ်ဒိုဖေးလပ်(စ်) (Acidophilus) (ခေါ်) ကောင်းသည့် ဘက်တီးရီးယားများကညီမျှအောင်ထိန်းချုပ်ပေးထားပါသည်။
ထို့ ကြောင့် ကူးစက်ရောဂါပိုးများဝင်ရောက်ခြင်းမရှိအောင် ကာကွယ်ပေးပါသည်။ ၎င်းဓာတ်မျိုးကို ဒိန်ချဉ်တွင်တွေ့ ရှိရ၍၊ အမျိုးသမီးများနေ့ စဉ် ဒိန်ချဉ်တစ်ဖန်ခွက်သောက်ခြင်းဖြင့်၊ မိန်းမကိုယ်တွင်းမှတစ်ဆင့်
ကူးဆက်ပိုးဝင်ရောက်ခြင်းကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ ရှိရကြောင်းပါ……
မူရင်း။ ။ Health Digest
Posted by စိမ့်စမ်းရေ on Tuesday, January 10, 2012
categories: ကျန်းမာရေး saintsanyae.blogspot

Subscribe to:
Posts (Atom)