Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts
Monday, December 31, 2012
Friday, December 14, 2012
ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး ဦးပိုင်လီမိတက်၏ နာမည်ပေါက် ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး အချို့ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ပေါက်ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်၊ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မရှင်သည် ဒီဇင်ဘာလအတွင်းမှ စတင်ကာ ရခိုင်ပြည်နယ် ဒေသများဖြစ်သည့် ကျောက်ဖြူ၊ သံတွဲနှင့် ဂွအစရှိသည့် မြို့နယ်များသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ စစ်ဆေးတွေရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။''ကျွန်တော်တို့အဖွဲ့ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ရာမှာ စစ်တပ်က မြေတွေသိမ်းလို့ နစ်နာတဲ့အတွက် လယ်သမားတွေက နစ်နာလို့ တိုင်ကြားတဲ့ အမှုတွေ အများဆုံးဖြစ်ပါတယ်။ သိမ်းယူပြီးနောက်ပိုင်းမှာလည်း စစ်တပ်အတွက် အမှန်တစ်ကယ် အသုံးချခြင်း မရှိတာကို တွေ့ရပါတယ်။ သိမ်းတဲ့အခါမှာလည်း ထိုက်တန်တဲ့ လျော်ကြေးပေးတာမျိုး မရှိဘူးလို့ နစ်နာသူတွေက ပြောပါတယ်။ သိမ်းယူပြီးနောက် တစ်ချို့နေရာတွေမှာ ဦးပိုင်နာမည်ပေါက် လုပ်ထားတာ၊ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီး အမည်ပေါက်တွေ ပြန်လုပ်ထားတာတွေကို စစ်ဆေးတွေ့ရှိရပါတယ်။ ဒီတွေ့ရှိချက်တွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမှာဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က အဆုံးအဖြတ်ပေးတဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးဘရှိန်က ပြောကြားခဲ့သည်။
ကျောက်ဖြူမြို့နယ်ရှိ လယ်ယာမြေနှင့် အခြားမြေများကို ဓည၀တီ ရေတပ်ဌာနချုပ်မှ သိမ်းယူခဲ့သည့် အမှု ၁ မှု၊ ခြေမြန်တပ်ရင်း ၅၄၂ မှ သိမ်းယူခဲ့သည့် အမှု ၁ မှုနှင့် ထောက်လှမ်းရေးတပ်မှ သိမ်းယူခဲ့သည် အမှု ၂ မှုရှိကြောင်း၊ ထို့ပြင် ပုဂ္ဂလိကဖြစ်သည့် ရွှေစီးပွားရေးကုမ္ပဏီမှ သိမ်းယူမှု ၁ ခုနှင့် ဒေါ်စိုးစိုးဝင်း အပေါင်း ငါးဦး ကုမ္ပဏီမှ သိမ်းယူမှု ၁ မှုနှင့် နတီးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့နတီးကုန်းကျေးရွာ ရဲစခန်း စခန်းမှူးပေါင်းပြီး သိမ်းယူမှု ၂ မှုရှိကြောင်း သိရှိရသည်။
''ကျောက်ဖြူမှာ လယ်ယာမြေ အမှု ၈ မှုရှိပါတယ်။ အဲဒီ ၈ မှုမှာ တပ်ကသိမ်းတာ ၄ မှု၊ အုပ်ချုပ်ရေးပိုင်းက သိမ်းတာ ၂မှု၊ ကုမ္ပဏီက သိမ်းတာ ၂ မှုဖြစ်ပါတယ်။ ထောက်လှမ်းရေးတပ်က သိမ်းရာမှာ တပ်အတွက် အသုံးမချဘဲ ဗိုလ်ချုပ်ကြီးဝင်းမြင့် (ယခင်အစိုးရအဖွဲ့ အတွင်းရေးမှူး ၃) ရဲ့ သမီး ဒေါ်နန်းရတနာဝင်း မင်္ဂလာဆောင်အတွက် လက်ဖွဲ့ပေးလိုက်တဲ့ ဖြစ်စဉ်တစ်ခု ရှိတယ်။ နိုင်ငံတော်အတွက်၊ စစ်တပ်အတွက် မဟုတ်ဘူး။ နိုင်ငံတော် ခေါင်းဆောင်ဆောင်ကြီးတွေ ဖြစ်တဲ့အတွက် နိုင်ငံတော်ခေါင်းဆောင်ကြီးတွေရဲ့ သမီးဖြစ်သူတွေအတွက် ပြည်သူတွေရဲ့ မြေကို သိမ်းပြီး လက်ဖွဲ့လိုက်တယ်'' ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဂွမြို့နယ်တွင် စစ်တပ်မှ အုန်းခြံများ သိမ်းယူမှုအတွက် တိုင်ကြားမှု ၂ ခုရှိခဲ့ကြောင်း၊ စစ်တပ်မှ နာမည်ခံ သိမ်းယူကာ မြန်မာ့စီးပွားရေး ဦးပိုင်မှ ရယူထားသည်များရှိကြောင်း သိရှိရသည်။
သံတွဲမြို့နယ်တွင် မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ တိုင်ကြားထားသော အမှုပေါင်း ၄ မှုရှိကြောင်း၊ ရေတပ်နှင့်သက်ဆိုင်သော အမှု ၁ မှု၊ ခလရ ၅၅ နှင့်သက်ဆိုင်သော အမှု ၁ မှု၊ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီးနှင့် ဆိုင်သောအမှု ၁ မှုနှင့် သံတွဲခရိုင် အုပ်ချုပ်ရေးမှူး သမီးနှင့် သက်ဆိုင်သော အမှု ၁ မှု တို့ ဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများနှင့် သက်ဆိုင်သော အမှုများတွင် အငြင်းပွားရာ မြေနေရာများသည် ၎င်းတို့၏ နာမည်ပေါက်များ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။
ရခိုင်ဒေသတွင် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ကြသော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ်မောင်ဦး၊ ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်မှူးချုပ်သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ်သိန်းဆွေ စသူတို့က သိမ်းယူ၍ ၎င်းတို့၏ မိသားစုဝင်များ အမည်ဖောက်ကြောင်း၊ ထိုလယ်မြေများသည် ရွှေဂက်စီမံကိန်း ဧရိယာတွင် ပါဝင်သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်းထောင်ချီ ရခဲ့ကြောင်းလည်း ဧရာဝတီဝက်ဘ်ဆိုဒ် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
ပြည်ထောင်စုလွှတ်တော်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မရှင်မှ အဖွဲ့ဝင်များသည် လယ်ယာမြေနှင့် အခြားသိမ်းဆည်းခံရသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ သွားရောက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ရာတွင် လယ်ယာမြေများ သိမ်းဆည်းခံရမှုကြောင့် တိုင်ကြားသူ အများစုမှာ အထောက်အထားများ မှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လယ်ယာမြေများ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိရပြီး ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် တိုင်ကြားခဲ့သည့် အမှုပေါင်း ၁၇၆ မှု ရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်မြိတ်ခရီးစဉ်တွင်ဟောပြောမည့်မြေနေရာကိုကြိုတင် ရှင်းလင်းစဉ်ပေါက်ကွဲမှုဖြစ်ပွား
မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ကံမော်ကျေးရွာရှိဒေါ်အောင်ဆန်းစြု ကည်ဟောပြောပွဲပြုလုပ်မည့်မြေနေရာအားယနေ့ ည နေပိုင်းကကြိုတင်ရှင်းလင်းမှုများ ပြုလုပ်နေစဉ်ပေါက်ကွဲမှုတစ်ခုဖြ စ်ပွားခဲ့ကြောင်းမြိတ်မြို့ ခံများကပြောသည်။“နေ့ လည်၃နာရီခွဲလောက်မှာဖြစ်တာလို့ သတင်းရတယ်။ဖုန်းလိုင်းတွေပြတ်ေ နလို့ ဆက်သွယ်လို့ မရဘူးဖြစ်နေတယ်။” ဟုမြိတ် ၈၈ ကျောင်းသားများအဖွဲ့ မှဦးလှမောင်ကပြောသည်။ ပေါက်ကွဲမှုဖြစ်စဉ်တွင် ဒဏ်ရာရသူ၃ဦး အထိရှိ ကြောင်းလည်း၎င်းကဆိုသည်။
သို့ သော်ပေါက်ကွဲမှုနှင့်ဒဏ်ရာရမှု များအတွက်သီးခြားအတည်ပြုချက်
မရသေးပါ။
ယင်းကိစ္စနှင့်ပတ်သတ်ပြီးမြိတ်မြို့ နယ်နှင့်ခရိုင်ရဲစ ခန်းများအားအတည်ပြုချက်တောင်းသော်လည်း ကံမော်ရဲစခန်း ကိုသာဆက်သွယ်ရန်အကြောင်းပြန်သည် ။ကံမော်ရဲစခန်းထံ ဆက်သွယ်သော်လည်းဖုန်းခေါ်ဆိုမရပေ ။
ယင်းပေါက်ကွဲမှုကြောင့်ဒေါ်အောင် ဆန်းစုကြည်၏ခရီးစဉ်မူလစီစဉ်ထားသ ည့်အတိုင်းဆက်လက်ထွက်ခွာဖြစ်၊မြ ဖစ်ကိုလော
လောဆယ်မပြောနိုင်သေးကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှပြောရေးဆိုခွင့်ရှိသူကေ ပြာသည်။
သို့ သော်ပေါက်ကွဲမှုနှင့်ဒဏ်ရာရမှု
မရသေးပါ။
ယင်းကိစ္စနှင့်ပတ်သတ်ပြီးမြိတ်မြ
ယင်းပေါက်ကွဲမှုကြောင့်ဒေါ်အောင်
လောဆယ်မပြောနိုင်သေးကြောင်းအမျိ
Friday, November 23, 2012
"ကူညီပါရစေ" ဆောင်ပုဒ်ကို "၀ိုင်းရိုက်ပါရစေ" လို့ပြောင်းလဲသင့်တဲ့ ပြည်သူ့ရဲ
မိုးထိမိုးမိ ဆန္ဒပြခေါင်းဆောင်များကို ရဲကရိုက်နှက်ဖမ်းဆီး
နေပြည်တော်ကို လမ်းလျှောက်ချီတက်နေတဲ့ ရမည်းသင်းခရိုင် မိုးထိမိုးမိရွှေလုပ်သားေ
တွထဲက ၄ ဦးကို ဒီမနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်အင်အားသုံးပြီး
ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြသမားတဦးက ပြောပါတယ်။
ဖမ်းခံရသူ ၄ ဦးက ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေဇော်ထက်၊ ကိုစောနောင်တို့ ဖြစ်တယ်လို့ ပြောပါတယ်။
ဆန္ဒပြ မိုးထိမိုးမိရွှေလုပ်သား ၇၀ ခန့်ဟာ ကနဦးပိုင်းက ရန်ကုန်မြို့က ကုမ္ပဏီရှေ့မှာ ဆန္ဒပြခဲ့ပေမယ့် မထူးတာကြောင့် နေပြည်တော်ကိုချီတက်လာကြတာပါ။
မြို့လှမြို့မှာ ၃ ရက်ကြာ အနားယူခဲ့ပြီး ဒီမနက် မြို့လှမြို့ကနေအထွက် ရေနီစက်ကူစက်ရုံနားမှာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်နဲ့အတူ တုတ်တွေကိုင်ဆောင်တဲ့ အရပ်ဝတ်လူ ၂၀ ခန့်က ၀င်ရောက်ရိုက်နှက်ဖမ်းဆီးခဲ့ တာလို့ ဆိုပါတယ်။
“ဘာကြောင့်ဖမ်းတယ်ဆိုတာကို ကျနော်တို့ ငြိမ်းချမ်းစွာလမ်းလျှောက်ေ နတဲ့ မိုးထိမိုးမိရွှေလုပ်သားတွေကို အကျိုးအကြောင်း တစုံတရာပြောဆိုခြင်းမရှိဘဲနဲ့ သူတို့က အင်အားသုံးပြီး ၀ိုင်းရိုက်နှက်ပြီးတော့ ၄ ဦးကို အဓိက ပစ်မှတ်ထားပြီးတော့ ဖမ်းဆီးသွားခြင်းမျိုး ဖြစ်ပါတယ်။”
ချီတက်ဆန္ဒပြရာမှာပါဝင်တဲ့ ဒေါ်သန္တာအောင်က “မနက်က အရပ်ဝတ်တွေနဲ့ ၂၀ ပါတယ်။ ရှေ့မှာ ဒိုင်းတွေနဲ့ ဗိုလ်ကြီးတွေလည်းပါတယ်၊ ဗိုလ်မှူးတွေလည်း ပါတယ်။ သူတို့တတွေက ၀ိုင်းပြီးတော့မှဖမ်းတာ ဖြစ်တယ်။ ၄ ယောက်ကို ကျမတို့ရှေ့မှာပဲ ရိုက်နှက်ပြီးတော့မှ ဖမ်းသွားတယ်။ လက်ထိတ်တွေနဲ့လည်း တအားရိုက်တယ်။ နံပါတ်တုတ်တွေနဲ့လည်း တအားရိုက်တယ်။ ဒရွတ်ဆွဲပြီးတော့ ဖမ်းသွားတယ်။ ၅ ယောက်၊ ၆ ယောက်လောက် ၀ိုင်းရိုက်တာ” လို့ ပြောပြပါတယ်။
ရဲကရိုက်နှက်ဖမ်းဆီးတဲ့အတွက် သူတို့ဟာ နောက်ကိုပြန်လှည့်မှာမဟုတ်ဘဲ သမ္မတရှိရာ နေပြည်တော်ထိ ရောက်အောင်သွားပြီး ဆင်းရဲသားတွေနဲ့ မိုးထိမိုးမိဒေသမှာ နစ်နာနေသူတွေကိစ္စကို ကူညီဖြေရှင်းပေးဖို့ အသနားခံမှာပါလို့ သူက ပြောပါတယ်။
ကနဦးက ၅ ဦးကို ဖမ်းဆီးပြီး ၁ ဦးကိုတော့ ဖမ်းမယ့်စာရင်းမှာမပါလို့ ဆိုပြီး ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးမှုကြောင့် ချီတက်လမ်းလျှောက်နေသူတွေဟာ ဆက်လက်မချီတက်သေးဘဲ အဲဒီနေရာမှာ ရပ်နားတိုင်ပင်ဆွေးနွေးကြပြီး မွန်းမတည့်ခင်အချိန်မှာတော့ ဆက်လက်ချီတက်ခဲ့ကြပါတယ်။ မွန်းတည့်ပိုင်းမှာ ဆန္ဒပြချီတက်သူတွေဟာ ရေနီမြို့က ဘုန်းတော်ကြီးကျောင်းတကျောင်းမှာ မနက်စာ စားဖို့ ရောက်ရှိခိုက် နားနေပါတယ်။
သူတို့နားနေတဲ့ ဘုန်းကြီးကျောင်းကနေ သူတို့ချီတက်မယ့်နေရာ နေပြည်တော်ထိ မိုင် ၂၀ လောက် လျှောက်ဖို့လိုသေးပြီး သူတို့နားနေတဲ့နေရာနဲ့ ကိုက် ၁၀၀ လောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ စောင့်ကြည့်အကဲခတ်နေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံသူ ၄ ဦးကို ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ တိတိကျကျမသိနိုင်သေးပေမယ့် မြို့လှဘက်ကို ခေါ်ဆောင်သွားတယ်လို့ သိရပြီး ရဲတပ်ဖွဲ့ကို အခြေအနေမေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
နေပြည်တော်ကို လမ်းလျှောက်ချီတက်နေတဲ့ ရမည်းသင်းခရိုင် မိုးထိမိုးမိရွှေလုပ်သားေ
တွထဲက ၄ ဦးကို ဒီမနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်အင်အားသုံးပြီး
ဖမ်းခံရသူ ၄ ဦးက ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေဇော်ထက်၊ ကိုစောနောင်တို့ ဖြစ်တယ်လို့ ပြောပါတယ်။
ဆန္ဒပြ မိုးထိမိုးမိရွှေလုပ်သား ၇၀ ခန့်ဟာ ကနဦးပိုင်းက ရန်ကုန်မြို့က ကုမ္ပဏီရှေ့မှာ ဆန္ဒပြခဲ့ပေမယ့် မထူးတာကြောင့် နေပြည်တော်ကိုချီတက်လာကြတာပ
မြို့လှမြို့မှာ ၃ ရက်ကြာ အနားယူခဲ့ပြီး ဒီမနက် မြို့လှမြို့ကနေအထွက် ရေနီစက်ကူစက်ရုံနားမှာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်နဲ့အတူ တုတ်တွေကိုင်ဆောင်တဲ့ အရပ်ဝတ်လူ ၂၀ ခန့်က ၀င်ရောက်ရိုက်နှက်ဖမ်းဆီးခဲ
“ဘာကြောင့်ဖမ်းတယ်ဆိုတာကို ကျနော်တို့ ငြိမ်းချမ်းစွာလမ်းလျှောက်ေ
ချီတက်ဆန္ဒပြရာမှာပါဝင်တဲ့ ဒေါ်သန္တာအောင်က “မနက်က အရပ်ဝတ်တွေနဲ့ ၂၀ ပါတယ်။ ရှေ့မှာ ဒိုင်းတွေနဲ့ ဗိုလ်ကြီးတွေလည်းပါတယ်၊ ဗိုလ်မှူးတွေလည်း ပါတယ်။ သူတို့တတွေက ၀ိုင်းပြီးတော့မှဖမ်းတာ ဖြစ်တယ်။ ၄ ယောက်ကို ကျမတို့ရှေ့မှာပဲ ရိုက်နှက်ပြီးတော့မှ ဖမ်းသွားတယ်။ လက်ထိတ်တွေနဲ့လည်း တအားရိုက်တယ်။ နံပါတ်တုတ်တွေနဲ့လည်း တအားရိုက်တယ်။ ဒရွတ်ဆွဲပြီးတော့ ဖမ်းသွားတယ်။ ၅ ယောက်၊ ၆ ယောက်လောက် ၀ိုင်းရိုက်တာ” လို့ ပြောပြပါတယ်။
ရဲကရိုက်နှက်ဖမ်းဆီးတဲ့အတွက
ကနဦးက ၅ ဦးကို ဖမ်းဆီးပြီး ၁ ဦးကိုတော့ ဖမ်းမယ့်စာရင်းမှာမပါလို့ ဆိုပြီး ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးမှုကြောင့် ချီတက်လမ်းလျှောက်နေသူတွေဟာ
သူတို့နားနေတဲ့ ဘုန်းကြီးကျောင်းကနေ သူတို့ချီတက်မယ့်နေရာ နေပြည်တော်ထိ မိုင် ၂၀ လောက် လျှောက်ဖို့လိုသေးပြီး သူတို့နားနေတဲ့နေရာနဲ့ ကိုက် ၁၀၀ လောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ စောင့်ကြည့်အကဲခတ်နေတယ်လို့
ဖမ်းဆီးခံသူ ၄ ဦးကို ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ
အရှေ့တောင်အာရှ အားကစားပွဲအမီ သက်တမ်းသုံးလခံ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များ ရောင်းချပေးရန် အဆင်သင့်ဖြစ်နေ
မြန်မာနိုင်ငံ၌ လာမည့်နှစ် ဇွန်လခန့်မှ စတင်ကာ သက်တမ်းသုံးလခံ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များကို အရှေ့တောင်အာရှ အားကစားပွဲအမီ ထုတ်လုပ်ရောင်းချသွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက နိုဝင်ဘာ ၁၉ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်၌ ပြောသည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ ပြုလုပ်မည့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မီ သုံးလခန့် အကြိုရောင်းချမည့် မိုဘိုင်းဖုန်းဆင်းကတ်များမှာ အမေရိကန် ၁၅ ဒေါ်လာခန့်သာ တန်ဖိုးရှိမည်ဖြစ်ပြီး သုံးလသက်တမ်းခံမည် ဖြစ်သည်။ အဆိုပါ ဆင်းကတ်များကို လေဆိပ်ကောင်တာများနှင့် အားကစားရွာများတွင် ရောင်းချပေးမည်ဖြစ်ကာ အထူးသဖြင့် နိုင်ငံတကာမှ အားကစားသမားများအတွက် ဆက်သွယ်ရေး လွယ်ကူရန်ဖြစ်ကြောင်း ၄င်းကပြောသည်။ “တခြားနိုင်ငံတွေက တန်ဖိုးနည်းဆင်းကတ်တွေလိုပဲ ၁၅ ဒေါ်လာလောက်နဲ့ ရောင်းနိုင်အောင် လုပ်မှာပါ။ အဲဒီဆင်းကတ်တွေ ကတော့ ပြည်တွင်းသုံး ဆိုတာထက် နိုင်ငံတကာကလာတဲ့ အားကစားသမားတွေ ဝယ်ယူသုံးနိုင်ဖို့ ဖြစ်ပါတယ်။ ကြားထဲမှာ ငွေဖြည့်ပြီး သုံးလို့ရမယ်။ ကတ်က ငါးဒေါ်လာနဲ့ ငွေဖြည့်တာက ၁၀ ဒေါ်လာ ပါမယ်” ဟု ဦးဌေးဝင်းက ပြောသည်။ ပြည်တွင်းနေထိုင်သူများအတွက်မူ ထိုယာယီဖုန်းများကို ဦးစားပေး ရောင်းချမည် မဟုတ်ဘဲ ပြည်ပမှ လာရောက်ကြမည့် ဧည့်သည်များအတွက်သာ ဦးတည်ထားကြောင်းသိရှိရသည်။
ဘူးသီးတောင် ခမီးတိုင်းရင်းသူတစ်ယောက်ကို ဘင်္ဂါလီများက မုဒိမ်းကျင့်ရန်ကြိုးပမ်း၊ အမှုမဖွင့်နိုင်အောင်တားဆီး
ဇမ္မဏီး ရွာသူ ခမီးတိုင်းရင်းသူ မယိုင်နု
ဘူးသီးတောင် ၊ ၂၂ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်း ]
ဘူးသီးတောင်မြို့နယ် သီခေါင်သည့်ကျေးရွာတစ်ခုမှ တောဟင်းရှာနေသူ ခမီး မိန်းကလေးတစ်ဦး အား နှစ်ဦးထက်မနည်းသည့် ဘင်္ဂါလီကုလားများက ယခုလ သုံးရက်နေ့က မုဒိမ်းကျင့်ရန် ကြိုးစားရာမှ လွတ်မြောက်လာခဲ့ရာ၊ ယင်းအတွက် အမှုဖွင့်ရန် ဘူးသီးတောင်မြို့တစ်ရောက် တောလမ်းတွင်အလာ ဘင်္ဂါလီကုလားများက နစ်နာသူမိသားစုအနေဖြင့် အမှုမဖွင့်နိုင်အောင် အမျိုးမျိုး တားဆီးကြသည်ကို ကြုံရပြီးနောက်၊ ယခု ဘူးသီးတောင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း Coral Arakan ၏ ၀ိုင်းတော်သား ကိုအောင် (ခရမ်းပြာ) က သတင်း ပေးပို့ထားသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြောက်ပိုင်း၊ ကျောင်းတောင်ကျေးရွာအုပ်စု၊ ဇမ္မဏီး ခမီးရွာ တွင် နေထိုင်သည့် အသက် ၁၄-နှစ် အရွယ် မယိုင်နုသည် နိုဝင်ဘာလ သုံးရက်နေ့ မွန်းလွဲ လေးနာရီခန့်တွင် မိခင်ဖြစ်သူ ဒေါ်ရွှေမ နှင့်အတူ တောင်ယာလုပ်ငန်းခွင် မှ ပြန်လာစဉ် တင်းမေကျေးရွာအုပ်စုနေ ဘင်္ဂလီကုလားတို့က အဓမ္မပြုရန် ဆွဲခေါ်ယူခြင်းကို ခံခဲ့ရသည်။
ဖြစ်စဉ်ကို မိခင်ဖြစ်သူက ဤကဲ့သို့ Coral Arakan အားပြောပြသည်။ “ကျွန်မက မောလာတာနဲ့ ရွာကိုမရောက်ခင် ချောင်းခွဆုံမှာ ခဏနားကြပါတယ်။ ရွာက
လက်ယာဘက်ချောင်း အတိုင်းသွားရမှာပါ။ ခဏနားတုန်း သမီးကို လက်ဝဲဘက် ချောင်းကောက်မှာ သဗြုသီးခူးဖို့ ခိုင်းလိုက်ပါတယ်။ သွားရမယ့်နေရာက နားတဲ့နေရာနဲ့ မလှမ်းမကမ်းမှာပါ။ သမီးထွက်သွားပြီး ခဏနေတော့ ဝါးခုတ်ကုလားငါးယောက် လက်ဝဲဘက်ချောင်းကို တက်သွားတာ တွေ့လိုက်ပါတယ်။ သိပ်မကြာခင်ပဲ သမီးရှိတဲ့ ချောင်းကောက်ဘက်က သမီးအော်သံကြားရလို့ လိုက်သွားတော့ သမီး ထွက်ပြေး လာတာ တွေ့ရပါတယ်။ သမီးကိုမေးတဲ့အခါ ကုလားတွေ အတင်းဆွဲခေါ်လို့ ထွက်ပြေး လာတာ လို့ ပြန်ပြောပါတယ်” ဟု ရှင်းပြသည်။

ကာယကံရှင် မယိုင်နု (အဘ ဦးသာကျော်၏ သမီး) က မိမိကိုယ်တိုင်ကြုံခဲ့ရသည်ကို Coral Arakan အား ဤကဲ့သို့ ပြောပြသည်။ “(ကျွန်မ)သဗြုသီးခူးနေတုန်း ကုလားတစ်ယောက်က လက်ကိုဆွဲထားပါ တယ်။ နောက်တစ်ယောက်က ကျောဘက်က နေဖက်ထားပြီး ပါးစပ်ကို အတင်းပိတ်ဖို့ ကြိုးစားပါတယ်။ ကျွန်မလည်း ကြောက်လို့ အတင်းရုန်းကန်ထွက်ရင်း အမေ့ကိုအော်ခေါ်ပါတယ်။ အမေပါလာတာ သိတော့မှ ကျွန်မကိုလွှတ်ပြီး ထွက်ပြေးသွားကြပါတယ်” ဟု ပြန်လည်ရှင်းပြသည်။ မိခင်ဖြစ်သူ ကိုယ်တိုင် လည်း ထွက်ပြေးသွားသော ၎င်းကုလားများကို လှမ်းမြင်တွေ့လိုက်ရသည်။
ရွာသို့ပြန်ရောက်သည့်အခါ ခီဇာအမည်ရှိသူ ဆွေမျိုးတစ်ဦးအား ထိုသို့ ဖြစ်ပျက်ခဲ့သည် ကို ပြောပြပြီး ပြဿနာ ဖြစ်ခဲ့သည့် ၎င်းလက်ဝဲချောင်းကောက်နေရာသို့ ပြန်လိုက်သွား သည့်အခါ ယင်းနေရာအနီးတွင် ဝါးခုတ်ကုလားများ ညအိပ်သည့် တဲတစ်ခုတွင် ကုလားငါးကောင် ကိုတွေ့ရသည့်အတွက်၊ မယိုင်နုကို မေးမြန်းသည့်အခါ ကျူးလွန်သည့် ကုလားများကို ၄င်းအနေဖြင့် မှတ်မိ ပြောပြနိုင်ကြောင်း ဆိုသဖြင့်၊ အတူပါသူ ခီဇာက ကုလားများကို ဖမ်းဆီးချုပ်နှောင် မည် ပြုသည့်အခါ မယိုင်နု၏ မိခင် (ဒေါ်ရွှေနု) က ကုလားအင်အားများတယ်၊ အန္တရာယ်ဖြစ်လိမ့်မယ်၊ လူကိုမှတ်မိရင်ရပြီ၊ ရွာမှာတိုင်ပြီးရှင်းမယ်ဟု ပြောပြတားဆီးကာ ပြန်လာခဲ့ကြပြီးနောက် ထိုနေ့ညနေတွင်ပင် ကျောင်းတောင်ကျေးရွာရှိ၊ စခန်း(၂၁) နစကသို့ သွားရောက် တိုင်ကြားခဲ့ သည် ဟု ဆိုသည်။အဆိုပါ နစက စခန်းတာဝန်ခံက ဖြစ်စဉ်ကို မေးမြန်းပြီး နောက်နေ့တွင်ပြန်လာရန် ချိန်းခဲ့သည်။ နောက်နေ့ (၄-၁၁-၂၀၁၂)နေ့တွင် ချိန်းဆိုသည့်အတိုင်း နောက်ထပ်တစ်ခါ သွားရောက်၍ ထွက်ဆိုခဲ့ သည်။ နောက်ထပ်နှစ်သုံးရက်နေပြီးနောက် ပြန်လာရန် ချိန်းဆိုခဲ့ပြန်သည် ဟု ဆိုသည်။
ထိုသို့ချိန်းဆိုစဉ် ပြောဆိုကြသည့်အကြောင်းနှင့် အတူလိုက်ပါသွားခဲ့သော ဆွေမျိုး တော်စပ်သူ ပဲသဒူကျေးရွာသား ဦးသာထွန်းအောင်က Coral Arakan အား ယခုကဲ့သို့ ပြောပြသည်။
“နစကစခန်းမှူးက သူတို့ ညှိနှိုင်းပေးတဲ့အတိုင်း လက်ခံမလားလို့ မေးပါတယ်။ အဲဒီတော့ မိခင်ဒေါ်ရွှေနုက ဥပဒေအတိုင်း ရှင်းပေးမယ်ဆိုရင် လိုက်နာပါမယ်လို့ ပြန်ပြောတယ်။ စခန်းမှူးက ဒေါသထွက်ပြီး ခုံကို တုတ်နဲ့ တစ်ချက်နှစ်ချက် ဒိုင်း၊ ဒိုင်းနဲ့ ရိုက်ပစ်လိုက် တယ်။ ထွက်သွားကြ ထွက်သွားကြ တိုင်ချင်ရာမှာ သွားတိုင်တော့လို့ပြောပြီး ပြန်ခိုင်း လိုက်ပါတယ်” ဟု ပြန်ပြောပြပါသည်။
ထို့ကြောင့် နောက်တစ်ရက်တွင် မယိုင်နုသည် ဖခင်နှင့်အတူ ဘူးသီးတောင် ရဲစခန်း တွင် တိုင်ကြားရန် ခရီးထွက်လာခဲ့ကြသည်။ လမ်းခရီးရှိ တင်းမေကုလားရွာသို့ ရောက်သည့်အခါ တင်းမေကုလားရွာမှ (ကုလား)အရပ်လူကြီးများက တားဆီးထား ကြပြီး၊ တိုင်ကြားခြင်းမပြုရန်နှင့် ကြေနပ်အောင် ရှင်းလင်းပေးပါမည်ဟု ပြောကြသည် ဟု ဆိုသည်။ထို့အပြင် မယိုင်နုနေထိုင်ရာရွာမှ လူကြီးများကိုယ်တိုင်ကလည်း ငါတို့မှာလည်း ငွေကြေး အင်အားမရှိ၊ ရဲစခန်းတိုင်ဖို့၊ တရားရုံးတိုင်ဖို့ဆိုရင်လဲ ခဏခဏ သွားဖို့လာဖို့ မလွယ်ဘူး၊ ပြေလည်အောင် ရှင်းလိုက်ကြလို့ ဝိုင်းဝန်းနားချကြသည် ဟု ဆိုသည်။
သို့ဖြစ်ရာ ဖခင်ဖြစ်သူကလည်း ကုလားရွာထဲတွင် ငြင်းဆန်နေလျှင် မိမိတို့ အသက် အန္တရာယ် ကျရောက်နိုင်သည်ဟု တွက်ဆမိသောကြောင့် လက်မှတ်ထိုး ကြေအေးရန် သဘောတူခဲ့ရသည် ဟု ဆိုသည်။
မိမိ၏မိသားစုက ကြေအေးကြောင်း လက်မှတ် ရေးထိုးခဲ့ရပြီး၊ မိမိ ကိုယ်နှိုက်လည်း လက်ဗွေနှိပ် ခဲ့ရကြောင်း၊ မိမိရွာသို့ ပြန်ရောက်သည့်အခါ ကုလားများပေးလိုက်သော ငွေခုနစ်သောင်း အနက်မှ သုံးသောင်းကျပ်ကို ရွာလူကြီးများက ယူထားလိုက်ပြီး မယိုင်နု ကို ငွေလေးသောင်းကျပ် ပေးခဲ့ကြောင်း မယိုင်နုက Coral Arakan အား ပြန်ပြောပြပါသည်။
ထို့နောက် အခြေအနေကို စောင့်ကြည့်ပြီး ပြဿနာမဖြစ်နိုင် လောက်သည့် အခြေအနေ ရောက်မှ ဘူးသီးတောင် မြို့ပေါ်သို့ လာရောက်ပြီး ရဲစခန်းတွင် တိုင်ကြားခြင်း ဖြစ်ကြောင်းလည်း မိခင်ဖြစ်သူ က ပြောပြပါသည်။“ ငွေကို လိုချင်လို့မဟုတ်ဘူး၊ ကျွန်မသမီးက အငယ်ကလေးပဲ ရှိသေးတယ်။ အခု ရွာမှာ ကျွန်မသမီးဟာ နာမည်ပျက်ဖြစ်သွားလို့ ရိုးရာထုံးစံအရ ရွာကိုဝင်ခွင့် မရရှိ တော့ဘူး။ ရွာဝင်ခွင့်ရဖို့အတွက် ရွာကိုတောင်းပန်ဖို့ ပွဲတစ်ခုလုပ်ပေးရတယ်။ အခု အနည်းဆုံးလုပ်ပေးခဲ့ရတာတောင် ဝက်တစ်ကောင် သတ်ပြီးကျွေးခဲ့ရပါတယ်။ အခု ဒီလို မတရားခံရတာကို ကျေနပ်လိုက်ရင် နောက်ကို လည်း နောက်တစ်ခေါက် ထပ်ပြီး လုပ်ကြဦးမယ်။ ကျွန်မသမီး မဟုတ်ရင်လည်း နောက်ထပ် အမျိုးသမီးတွေကို ကုလားတွေက ဒီလိုမျိုး ထပ်လုပ်ကြဦးမယ်။ ဒါကြောင့် တိုင်ဖို့ လာတာပါ”ဟု မိခင် ဖြစ်သူ ဒေါ်ရွှေမက ရှင်းပြသည်။ သူကဆက်၍ “အခု ကျွန်မယောက်င်္ကျား လက်ခံယူလာတဲ့ ငွေလေးသောင်းကိုလည်း ကျွန်မတို့ လုံးဝမသုံးဘူး၊ ရဲစခန်းမှာ သက်သေခံ အဖြစ်တင်ပါမယ်။ သူတို့ စာချုပ်မှာ ဘာပဲရေးထားထား မစိုးရိမ်ပါဘူး”ဟု ပြောပြသည်။
ပြစ်မှုကျူးလွန်သူများမှာ တင်းမေကျေးရွာနေ အဒူလာ(ဘ)ဘာဆေး နှင့် အာယုပ် (ဘ)ရှာအာလောင်တို့ ဖြစ်သည် ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်ကို ယနေ့ (၂၂-၁၁-၂၀၁၂)နေ့တွင် ဘူးသီးတောင်မြို့မ ရဲစခန်းမှ အမှုအမှတ် ပ/၁၆၂(၃၄၅)ဖြင့် လက်ခံထားရှိပြီး ခထီးလှရဲစခန်းမှူးကို အမှူစစ်အရာရှိ အဖြစ် တာဝန်ပေး အပ်ထားကြောင်း သိရှိရပါသည်။
ဘူးသီးတောင်မှ တစ်ညအိပ်ခရီး လမ်းလျှောက်သွားရသော ခမီးတိုင်းရင်းသား ကျေးရွာ ဇမ္မဏီးကျေးရွာမှ မယိုင်နုနှင့် မိခင်ဖြစ်သူတို့သည် မိမိတို့နစ်နာရသော အမှုအခင်းကို တိုင်တန်းရန်အတွက်ပင်လျှင် ဘူးသီးတောင်မြို့ပေါ်သို့ အရဲစွန့် လာရောက်ခဲ့ရခြင်း ဖြစ်သည်။
ဇမ္မဏီးကျေးရွာငယ် ပတ်ဝန်းကျင်တွင် အိမ်ခြေထောင်ကျော်ချီသည့် ကျောင်းတောင် (ဘင်္ဂလီကျေးရွာ) အုပ်စု နှင့် တင်းမေ(ဘင်္ဂါလီကျေးရွာ)အုပ်စုတို့ ရှိနေကာ၊ အနီးအနား ပြန့်ကျဲနေသော တိုင်းရင်း သားကျေးရွာ များမှာ အိမ်ခြေ ဆယ်အိမ်ဝန်းကျင်သာ ရှိကြ သည်။
အရွယ်မရောက်သူကို ဖြားယောင်းအဓမ္မကျင့်မှု တောင်ဥက္ကလာပ တွင်ဖြစ်ပွား
၂၂-၁၁-၂ဝ၁၂ ရက်နေ့ ၁၄၄ဝ အချိန် တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်နေ ဒေါ်ဇင်မာမြင့် (၃၆)နှစ်သည် သမီးဖြစ်သူ မထက်ထက်ဝေ(၁၂)နှစ်မှာ ကျောင်းဆင်းချိန်၌ နေအိမ်သို့ ပြန်ရောက်လာခြင်းမရှိသဖြင့် စုံစမ်းခဲ့ရာ ခင်ပွန်းဖြစ်သူ
ဦးကျော်နိုင်သိန်းနှင့်ကားဝပ်ရှော့အတူလုပ်ကိုင်သည့် ရန်ကင်းမြို့နယ်၊ ၁၁ ရပ်ကွက်နေ ရန်နိုင်စိုး (၂ဝ)နှစ်မှ ခေါ်သွားကြောင်း သိရှိရသဖြင့် ရန်နိုင်စိုး၏ နေအိမ်သို့ သွားရောက်ခဲ့ရာ နေအိမ်ခန်းအတွင်း ရန်နိုင်စိုးနှင့် ထက်ထက်ဝေတို့အား အတူတွေ့ရှိခဲ့ရသည်။ သမီးဖြစ်သူအား မေးမြန်းခဲ့ရာ ဝ၈၃ဝ အချိန်က ကျောင်းသို့ ရန်နိုင်စိုး ရောက်ရှိလာပြီး ၎င်းအား ချစ်ကြိုက်ကြောင်း၊ လက်ထပ်ပေါင်းသင်းမည်ဟုပြောဆို၍ ခေါ်ဆောင်ခဲ့သဖြင့် လိုက်လာ ခဲ့ကြောင်း၊ သားမယားအဖြစ်(၂)ကြိမ် ပြုကျင့်ခဲ့ကြောင်း သိရှိရသဖြင့် တိုင်တန်းခဲ့၍ ရန်နိုင်စိုးအား ရန်ကင်းရဲစခန်း (ပ)၄၅၂/ ၂ဝ၁၂၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Thursday, November 22, 2012
အိုဘားမား မှ ဒေါ်အောင်ဆန်းစုကြည် အား နမ်းခြင်း အပေါ် NLD ပါတီ ၀င်ဟောင်းများ မှ ဆန္ဒပြမည်
မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား လာရောက် စဉ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ ဆုံ ချိန် အိုဘားမားမှ ဒေါ်အောင်ဆန်း စုကြည် အား ပွေ့ဖက်နမ်းရှုံ့ခဲ့ပါတယ်။ ဒီလိုလုပ်တာ ကို ဒေါ်အောင် ဆန်း စုကြည် က လည်း ကြေနပ်ပြုံးပျော်နေခဲ့ပါတယ် ဒီလိုမြန်မာ့ ယဉ်ကျေးမှု နဲ့ မလျော်ညီတဲ့ အပြုအမူေ တွ ကြောင့် NLD ပါတီဝင်ဟောင်း များမှ အိုဘာမား ရဲ့ အနမ်း နဲ့ ပတ်သတ်ပြီး NLD ပါတီနဲ့ ဒေါ်အောင် ဆန်း စုကြည် ကို ဆန္ဒပြဖို့ တိုင်ပင်ခဲ့ကြ ပါတယ်။ ဒီလိုဆွေးနွေး ခဲ့တဲ့ အထဲမှာ ယခင်က ဒေါ်အောင်ဆန်း စုကြည် နဲ့ လူမှုရေးေ ဖာက်ပြန် ခဲ့ဖူးတယ်လို့ နာမည်ကြီးနေတဲ့ ဦးဒေးဗစ်လှမြင့် လည်း ပါဝင်ပါတယ်။
ထို့အပြင်၎င်းကိစ္စအပေါ် မြန်မာ့ယဉ်ကျေးမှုနှင့် အပ်စပ်ခြင်းမရှိတဲ့အတွက် ရန်ကုန်၊ ပဲခူးနဲ့ ညောင်လေးပင် မြို့နယ်များရှိ ပါတီဝင်ဟောင်းများမှ မကျေနပ်သဖြင့် ဆန္ဒပြရန် စီစဉ်နေကြပါတယ်။ NLD ပါတီနာယက ဦး ၀င်းတင်မှ ၄င်းကိစ္စအား ပြေလည်အောင် ဖြေရှင်းချက် ပေးမည် ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဆန္ဒပြမည့် ပါတီဝင်ဟောင်း များ နှင့် တွေ့ဆုံပြီး ဖြေရှင်းချက် ပေးမည် ဖြစ်ကြောင်း သိရပါတယ်။“ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ အတွက် အိုဘားမား လာရောက်ခြင်းကို ကြိုဆိုသော်လည်း အမေရိ ကန် ကူညီမှ မြန်မာ့ ယဉ်ကျေးမှုများကို စွန့်လွှတ်ရမည် ဆိုခြင်းကို လက်မခံကြောင်း။ ကျွန်တော်တို့ မြန် မာနိုင်ငံ မှာ ကိုယ့် ယဉ်ကျေးမှုနဲ့ ကိုယ် နေလာတာဖြစ်ကြောင်း၊ မည်သည့် တိုင်းတပါးရဲ့ လွှမ်းမိုး ချုပ်ကိုင် မှု ကိုမျှ မခံနိုင်ကြောင်း” ဆန္ဒပြပွဲတွင် ပါဝင်သော ပါတီဝင်ဟောင်း တစ်ဦးမှ ပြောကြားခဲ့ပါတယ်။
ရခိုင်ဒုက္ခသည်များ အတွက် တစ်လ ဒေါ်လာ တစ်သန်းခန့် ကုန်ကျ
တစ်ကျော့ပြန် ပဋိပက္ခကြောင့် လူပေါင်း ၉၀ နီးပါး သေဆုံး ခဲ့သော ရခိုင်ပြည်နယ် တွင် ဒုက္ခသည် တစ်သိန်းကျော်ခန့် အတွက် နေထိုင် စားသောက် စရိတ် တစ်လလျှင် ဒေါ်လာ တစ်သန်းခန့် ကုန်ကျလျက် ရှိကြောင်း သမ္မတကြီး ဦးသိန်းစိန်က ပြောကြားသည်။
အဆိုပါ ဒုက္ခသည်များ ရှင်သန် နေထိုင် နိုင်ရေး အတွက် ၄င်းတို့ကို ကျွေးမွေး ထားနိုင်ရန်၊ ယာယီ ခိုလှုံနိုင်သော အဆောက် အအုံများ ဆောက်ရန်၊ အမြဲတမ်း နေထိုင်နိုင်ရေး အဆောက်အအုံများ ဆောက်ရန်၊ အလုပ်အကိုင် များ ဖန်တီး ပေးနိုင်ရန် စသည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင် နိုင်ရန် အတွက် တွက်ချက်ထားမှု များအရ အနည်းဆုံး အမေရိကန် ဒေါ်လာ ၆၅သန်း လိုအပ်ကြောင်း ဦးသိန်းစိန်က ဆိုသည်။
“ကျွန်တော်တို့ရဲ့ ပြည်သူတွေ မြန်မာနိုင်ငံမှာ ရှိနေတဲ့ UN က လူတွေ၊ ဌာနေ အဖွဲ့အစည်း တွေ၊ ဒီအဖွဲ့အစည်း အတွေရဲ့ အကူအညီနဲ့ ဒါတွေကို ဝိုင်းဝန်း ပြီးတော့ ဆောင်ရွက် နေတာ ရှိပါတယ်။ အဲ့ဒါအပြင် တခြား နိုင်ငံတွေ ထဲက တစ်နိုင်ငံချင်း အလိုက် သူတို့ရဲ့ အထောက်အပံ့ အကူအညီတွေ ကျွန်တော်တို့ ရယူနေတာ တွေလည်း ရှိပါတယ်” ဟု သမ္မတကြီးက ထပ်မံပြော ကြားသည်။
ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ သတင်း ပြန်ကြားရေး အဖွဲ့မှ အတွင်းရေးမှူး ဦးဝင်မြိုင် ကမူ ဒုက္ခသည်များ အတွက် စားနပ်ရိက္ခာ အထောက်အပံ့ ပေးနေ ရသည်မှာ လတ်တလော တွင် အဆင်ပြေ နေသော်လည်း ရေရှည်တွင် အခက်အခဲ များကို ရင်ဆိုင်ရမည် ဖြစ်သည်ဟု ဆိုသည်။
ဒုက္ခသည် စခန်း အဖြစ် ဖွင့်လှစ် ထားသော မြောက်ဦးမြို့ အောင်မြေဗောဓိ သာသနာ့ ရိပ်သာ အလိုတော်ပြည့် ကျောင်း ဆရာတော် ကမူ ဒုက္ခသည် များ၏ စားနပ်ရိက္ခာ အတွက် ဒေသခံ အလှူရှင် များကို ပိုမို မှီခိုနေရသည် ဟု ဆိုသည်။
အခုတော့ အဆင်ပြေ ပါတယ်။ ဒါပေမဲ့ ကူညီမဲ့သူ ဒီနေ့ မရှိရင် ဒီနေ့ ငတ်မယ်။ ရှိသမျှ ပစ္စည်းတွေက မီးထဲ ပါသွားပြီ” ဟု မောင်တောမြို့ ကျောက်ပန်းတူ ဒုက္ခသည် စခန်းမှ အမည် မဖော်လိုသူ ဒုက္ခသည် တစ်ဦးကပြော ကြားသည်။။

သဘောတူညီချက်ငါးရပ်ကို တရားဝင် လက်မှတ်ထိုးခဲ့ပြီးနောက် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အဆုံးသတ်
သဘောတူညီချက်ငါးရပ်ကို တရားဝင် လက်မှတ်ထိုးခဲ့ပြီးနောက်
(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အဆုံးသတ်
သဘောတူညီချက် ငါးရပ်ကို တရားဝင် လက်မှတ်ထိုးခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ Peace Palace အဆောက် အအုံတွင်
ပြုလုပ်ခဲ့သော (၂၁) ကြိမ် မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများကို နိုဝင်ဘာလ ၂၀ ရက်နေ့ ညပိုင်းတွင် အဆုံးသတ်ခဲ့ပါသည်။

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ ထင်သာ မြင်သာ ရှိစေသော အချက်များအနက် သဘောတူညီချက်ငါးရပ်ကို လက်မှတ်ရေးထိုးခဲ့ နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်နှ ငါးရပ်မှာ အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း အပေါ် ဖနွမ်းပင် ထုတ်ပြန်ချက်၊ အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း၊ အာဆီယံ ဒေသတွင်း Mine Action Centre (ARMAC) စတင်ခြင်းကို အာဆီယံ ခေါင်းဆောင်များ၏ ထုတ်ပြန်ချက်၊ ARMAC စတင်ခြင်းနှင့် စပ်လျဉ်းသော စာရွက်စာတမ်းများနှင့် Bali Concord III တတိယဆင့် ဆောင်ရွက်မှု (၂၀၁၃-၂၀၁၇) ကို လက်မှတ် ရေးထိုးခြင်းတို့ ဖြစ်ကြပါသည်။
ထို့အပြင် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အကြား သဘောထား ကွဲလွဲခဲ့ပြီး ပူးတွဲကြေညာချက် မထုတ်ပြန်နိုင်ခဲ့သော တောင်တရုတ်ပင်လယ် ကိစ္စရပ်နှင့် ပတ်သက်ပြီး (၁၅) ကြိမ်မြောက် အာဆီယံ-တရုတ်ဆွေးနွေးပွဲ အပြီးတွင်
ငြိမ်းချမ်းစွာဖြင့် ရှေ့ဆက်ဆွေးနွေးရန် သဘောတူညီချက် ရရှိခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်ကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြနိုင်ခဲ့ပါသည်။
တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ ကျေနပ်မှု ရှိသော အစီအစဉ်များ အကောင်အထည် ဖော်နိုင်ခြင်း၊ အာဆီယံ အသိုက်အမြုံကို ဆက်လက် ဆောင်ရွက်နိုင်ခြင်း အစရှိသည်တို့ကို သဘောတူညီနိုင်ခဲ့ကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ အာဆီယံ အသိုက်အမြုံကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့တွင် အပြီးသတ် ဖော်ဆောင်ရန် အာဆီယံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် တိုးမြှင့် ဆောင်ရွက်ရန် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်ပြီး ဒေသတွင်း နိုင်ငံများမှ မတူညီချက်များနှင့် အငြင်း ပွားဖွယ်ရာ များကို ကမ္ဘာ့ အသိအမှတ်ပြု ဥပဒေ များနှင့် စည်းမျဉ်း စည်းကမ်းများ အရ ငြိမ်းချမ်း၍ ကြံ့ခိုင်သော အဖြေတစ်ခု ရရန်အတွက် ဖော်ထုတ်သွားမည်ဟု အာဆီယံ ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
မြန်မာနိုင်ငံမှ ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲ ကာလအတွင်း ခေါင်းစဉ်တစ်ခုအနေဖြင့် ဆွေးနွေးခြင်း မပြုခဲ့သော်လည်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ၏ ကြေညာချက်တွင်မူ အချက်တစ်ချက် အနေဖြင့် ဖော်ပြခဲ့သည်။ သို့သော် အဆိုပါ ဖော်ပြချက်သည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ ထုတ်ပြန်ချက် အတိုင်းသာ ပြန်လည် ဖော်ပြခဲ့ခြင်း ဖြစ်ပြီး မြန်မာအစိုးရ၏ ရခိုင်အရေး ကိုင်တွယ်မှု တိုးတက်မှုရှိကြောင်း လက်ခံကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်၌ ရခိုင်အရေးကို ဖော်ပြရာ၌ “ရိုဟင်ဂျာ” ဟူသော စကားလုံးကို လုံးဝ သုံးစွဲခြင်း မပြုဘဲ ထုတ်ပြန်ခဲ့ပါသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများတွင် ခိုးဝင်လာသူနှင့် မူလနေထိုင်သူကို စစ်ဆေးနေဆဲဖြစ်ပြီး ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု နယ်စပ်ရေးရာဝန်ကြီးပြောကြား
ရခိုင်ပြည်နယ်အတွင်း ရောက်ရှိနေသော ဘင်္ဂါလီများတွင် မူလနေထိုင်သူနှင့် ခိုးဝင်လာသူကို ကွဲပြားစေရန် စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးပြီးပါက ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက နိုဝင်ဘာ ၂၁ရက်နေ့က ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
၎င်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သောပြဿနာများနှင့် ပတ်သတ်၍ အဖြေရှာရာတွင် ခိုးဝင်လာသူများမှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားဖြစ်သွားခြင်း၊ မှတ်ပုံတင်ရသွားခြင်း၊ ပြည်မထဲကို ခိုးဝင်သွားခြင်းများကို ရခိုင်များအနေနှင့် အထောက်အထားနှင့်တကွ သိရှိထားပြီး ၎င်းခိုးဝင်လာသူများကြောင့် ရခိုင် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ပျောက်ဆုံးသွားမည်ကို ရခိုင်တိုင်းရင်းသားများဘက်မှ စိုးရိမ်မှုများရှိနေသလို ဘင်္ဂါလီများဘက်မှလည်း ဘိုးဘေးများလက်ထက်ကတည်းက နေထိုင်လာသူများကိုပါ ရခိုင်များက ခိုးဝင်လာသူဟု သံသယရှိနေသည်ဟု ပြောကြားကြသည်ကို တွေ့ရသည်ဟု ဆိုသည်။
'' ဘင်္ဂါလီတွေကို စစ်ဆေးရာမှာ လူဝင်မှုကြီးကြပ်ရေးက ၀န်ထမ်းတွေသာမက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေ၊ မြို့မိမြို့ဘတွေသာမကပဲ နှစ်ဘက် လူမှုအဖွဲ့အစည်းက လေးစား လောက်ဖွယ်ရာလူတွေပါ စစ်ဆေးရင် လက်ခံမယ်ဆိုတာကြောင့် စစ်ဆေးခဲ့တယ်။ ဒီလိုမစစ်ဆေးရင် နှစ်ဘက်သံသယစိတ်ကြောင့် အန္တရာယ်ကြီးပါတယ်။စစ်ဆေးပြီးရင် ၁၉၈၂ ဥပဒေအတိုင်းပဲ ဖြစ်မှာဖြစ်ပါတယ်''ဟု ၀န်ကြီးကပြောသည်။
ထိုသို့ နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်ရာတွင် စစ်ဆေးဆဲသာ ဖြစ်သဖြင့် တိကျစွာပြောကြား၍ မဖြစ်နိုင်ဘဲ နေထိုင်သူများ၏ တတိယမျိုးဆက်ရောက်မှသာ နိုင်ငံသား ဖြစ်ခွင့်ရှိမည်ဟု သိရသည်။
'' အခုရခိုင်ဒေသမှာ စာရင်း လိုက်ကောက်နေတာမှာ ဘင်္ဂါလီ ထောင်ပေါင်းများစွာ ရှိတာမှာ ရာဂဏန်းအနည်းငယ်ကပဲ ရိုဟင်ဂျာ ဖြစ်တယ်လို့ပြောပြီး ဘင်္ဂါလီဖြစ်တာကို ငြင်းဆိုတာပါ။ အဖေ ဘင်္ဂါလီ၊ အမေ ဘင်္ဂါလီ၊ သားသမီးကျမှ ရိုဟင်ဂျာဆိုပြီး ပြောတာတွေလည်းရှိတယ်။ ဆန္ဒစွဲတွေ ရှိနေတဲ့သဘောပါ'' ဟု ၀န်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရွှေ့ပြောင်းဒုက္ခသည် ၇၅၀၀၀ ဦးခန့် ရှိနေပြီး ၎င်းတို့၏ နေရေးစားရေး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များမှာ ကြီးမားလာသဖြင့် နေ့စဉ်ကျွေးမွေးရန် ရန်ပုံငွေများစွာလိုအပ်လာကြောင်း သိရသည်။
နောက်တစ်ကြိမ် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားရာတွင် ဒုက္ခသည် ပေါင်း ၃၆၀၀၀ ခန့် တိုးလာကြောင်း၊ ၂၀၁၀ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရေကြီးမှုနှင့် တောင်ပြိုမှုကြောင့် ဒုက္ခသည်ပေါင်း ၁၉၀၀၀ ခန့် ရှိနေသလို ဂီရိမုန်တိုင်းကြောင့် ဒုက္ခသည်ပေါင်း ၂၆၀၀၀၀ ခန့် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
'' ရခိုင်ပြည်နယ်မှာ လူဦးရေ ၃၂ သိန်းခန့်ရှိတာမှာ ခြောက်သိန်းလောက်က ဒုက္ခသည်ဖြစ်နေပါတယ်'' ဟု ၀န်ကြီးဦးသိန်းဌေးက ပြောကြားခဲ့သည်။
အဆိုပါ ဒုက္ခသည်များထံ အကူအညီများ ထိထိရောက်ရောက် ပေးနိုင်ရန် ကုလသမဂ္ဂက အလှူရှင်များနှင့် တွဲဘက်လုပ်ဆောင်သွားမှာဖြစ်ပြီး လူမျိုးရေးခွဲခြားမှုမရှိပဲ လိုအပ်မှုများပြားသူကို ဦးစွာကူညီသည့် ပုံစံဖြင့် ကူညီပေးသွားမည်ဖြစ်ကြောင်း UNRC/HC မှ Mr.Ashok Nigam က ပြောကြားခဲ့သည်။

အမျိုးသမီးစစ်မှုထမ်းများ လိုအပ်သည့်အချိန်တွင် ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဟုဆို
နေပြည်တော်၊ နိုဝင်ဘာ - ၁၅
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်စစ်မှုထမ်းဥပဒေများအရ အမျိုးသမီးစစ်မှုထမ်းများအား လိုအပ်သည့်အချိန်တွင် လိုအပ်သလို ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယစစ်ရေးချုပ် ဗိုလ်မှူးကြီးသန်းဦးက ပြောကြားသည်။
အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီက ယနေ့ ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုအဆင့်ဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယစစ်ရေးချုပ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး စစ်မှုထမ်းများခန့်ထားရေး တိုက်တွန်းကြောင်းအဆိုကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (မကွေး-၁၂)က ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်များအတွက် အမျိုးသမီးဆရာဝန် ၂၀ ဦး ခန့်နှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီး ခုနစ်ဦးခန့်အပ်ခဲ့ပြီးဖြစ် ကြောင်း၊ အမျိုးသမီးတပ်ကြပ်ကြီးသားဖွား (စစ်သည်အစားခန့်) ၁၁၇ ဦးလည်း သင်တန်းတက်ရောက်လျက်ရှိပြီး လာမည့်ဒီဇင်ဘာ ၁၄ ရက်တွင် သင်တန်းဆင်းမည်ဖြစ်ကြောင်း၊ အမျိုးသမီးသူနာပြု အကူ ၁၁၃ ဦးအား ခန့်ထားရန်အတွက် သင်တန်းတက်ရောက် လျက်ရှိကြောင်းလည်း ၎င်း၏ ဖြေကြားချက်အရ သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အရပ်ဘက်မှ သွားဆေးကုဆရာဝန် အမျိုးသမီး ၁၀ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီးများကို ထပ်မံခေါ်ယူခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ တပ်မတော်အတွင်း ၁၉၄၈ ခုနှစ်မှ ယနေ့အထိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကွပ်ကဲမှုအောက်တပ်များတွင် ၁၂၀၀၀ ခန့်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ကွပ်ကဲမှုအောက်တပ်များ တွင် ၇၃၀၀ ခန့်နှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်များတွင် ၅၀၀ ခန့်၊ စုစုပေါင်း ၂၀၃၀၀ ခန့် အမျိုးသမီး စစ်မှုထမ်း (စစ်သည်အစမ်းခန့် အပါအ၀င်) ခန့်အပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက (ဒုတိယပုံမှန်အစည်းအဝေးတွင် ဖြေကြားစဉ်က) ရှင်းလင်းဖြေကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီက ယနေ့ ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုအဆင့်ဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယစစ်ရေးချုပ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး စစ်မှုထမ်းများခန့်ထားရေး တိုက်တွန်းကြောင်းအဆိုကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (မကွေး-၁၂)က ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်များအတွက် အမျိုးသမီးဆရာဝန် ၂၀ ဦး ခန့်နှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီး ခုနစ်ဦးခန့်အပ်ခဲ့ပြီးဖြစ်
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့
Subscribe to:
Posts (Atom)