Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, January 2, 2013

ကလေးအဖေဘယ်သူလဲ


၂၀၀၉ ခုနှစ်၊ ဧပြီလက ဂျာမနီနိုင်ငံမှာ နာမည်ကြီးသွားတဲ့ မှုခင်းတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းဝမ်းသာ ဖြစ်ရ တယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

တရားရုံးတစ်ရုံးက အမိန့်တစ်ခုချစရာရှိနေပါတယ်။ အမှုကဒီလိုပါ။ ဂျာမနီမှ အလှမယ် တစ်ယောက်ကို လက်ထပ်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် Soupolos ဟာ သားသမီးလိုချင်ပေမယ့် မိမိကိုယ်တိုင်က အမြုံဖြစ်နေလို့ ကလေးမရနိုင်ဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကလည်း ကလေးလိုချင်၊ ဇနီးဖြစ်သူက လည်း ဝမ်းနည်းနေရတဲ့အတွက် မိန်းမရဲ့ လိုအင်ဆန္ဒကိုဖြည့် ဆည်းပေးဖို့ အိမ်ဘေးက သူငယ်ချင်း အသက် ၃၄ နှစ်အရွယ် ကလေးအဖေ Frank Maus ကို အလုပ် အပ်ပါတယ်။


ယင်းအလုပ်ကတော့ သူ့မိန်းမ အလှမယ်လေးကို တစ်ပတ်သုံးကြိမ် အတူနေခွင့်ပေးတဲ့အပြင် ဒေါ်လာ ၂၅၀၀ ပေးရပါတယ်။


သားသမီးနှစ်ယောက်ရှိတဲ့ ကလေးအဖေ Frank Maus ရဲ့ မိန်းမကလည်း ဒီလိုလုပ်တာကို မကြိုက်ပေမယ့် “ငါဒီအလုပ်တွေ မလုပ်ချင်ပါဘူးမိန်းမရာ ပိုက်ဆံကြောင့်ပါ” လို့ဇနီးကို ချော့မော့ ထားသတဲ့။ ဒါနဲ့...စာချုပ်သက်တမ်း ၆ လ အတွင်း တပတ်သုံးကြိမ်နဲ့ မှန်မှန်ကြိုးစား လာလိုက်တာ ၇၂ ကြိမ်နဲ့ ၆ လသာ ပြည့်သွားတယ်။ ကံဆိုးစွာပဲ အလှမယ်လေး ကိုယ်ဝန်မရခဲ့ပါ။

ဒါနဲ့ ကလေးဖအေ Frank Maus ကို စစ်ဆေးကြည့်လိုက်တော့ သူလည်း အမြုံဖြစ်နေပါတယ်။ အလှမယ် ယောက်ျားက စိတ်ဆိုးပြီး တရားစွဲခဲ့ပါတယ်။ Frank Maus ကလည်း သူ "စွမ်းသလောက် ကြိုးစားမယ်လို့ပဲပြောခဲ့တာ... ကလေးရစေ့ရမယ်လို့ အာမ မခံခဲ့ဘူး" ဆိုပြီး အေးအေးဆေးဆေး တရား ရင်ဆိုင်ခဲ့ပါတယ်။

ဒီနေရာမှာ အားလုံးက အံ့အားသင့်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအံ့သြဘဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ Frank Maus ရဲ့ ဇနီးသည်ပဲ ဖြစ်ပါတယ်။


သားသမီး နှစ်ယောက်ထွန်းကားနေတဲ့ Frank Maus က အမြုံဆိုတော့ ကလေးအဖေက ဘယ်သူပါလဲ။ 

မှတ်ချက်။        ။International news for myanmar မှကူးယူဖော်ပြထားပါသည်။