Wednesday, January 2, 2013

အမျိုးသမီး တစ်ဦးသာ နေထိုင်သော မြို့ 



အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ် ရှိပါတယ်။ ကိုယ်တိုင် မြို့ တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်တည်း အုပ်စိုးနေတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။

တည်နေရာကတော့ အမေရိကန်နိုင်ငံ အလယ်ပိုင်း Nebraska ပြည်နယ်ရှိ Monowi အမည်ရ မြို့ ငယ် ဖြစ်ပါတယ်။ သို့ပေမယ့် ရွာငယ် တစ်ခုအနေနဲ့ပဲ သတ်မှတ်ထားပါတယ်။ အမေရိကန်မှာတော့ Only one woman town လို့ နာမည်ကြီးပါတယ်။ ၁၉၃၀ ခုနှစ် ကာလအတွင်းမှာတော့ လူဦးရေ ၁၅၀ ကျော်ရှိပြီး တစ်နှစ်ထက် တစ်နှစ် နည်းလာပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်အရောက်မှာတော့ လင်မယား နှစ်ဦးသာ နေထိုင်ပါတော့တယ်။ Rudy နဲ့ Elsie Eiler တို့ လင်မယား နှစ်ဦး ဖြစ်ပါတယ်။

သို့ပေမယ့် Rudy ဟာ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ Elsie Eiler အမည်ရ အမျိုးသမီးကြီး တစ်ဦးသာ ကျန်ရှိပါတော့တယ်။ အကျယ်အဝန်းအားဖြင့် ၀.၂၁ စတုရန်းမိုင်သာ အကျကျန်ရှိနေ လို့ ဖြစ်ပါတယ်။ စာအုပ်ပေါင်း
ယ်သာ သတ်မှတ်ထားတဲ့ ရွာငယ်လေး ဖြစ်ပါတယ်။ ယင်းရွာငယ်လေး ကို ဖျက်သိမ်းဖို့ အစိုးရက စီစဉ်ခဲ့ပေမယ့် Eiler လက်မခံ ခဲ့ပါဘူး။ အဓိကကတော့ သူ့ခင်ပွန်း တည်ထောင်ခဲ့တဲ့ စာကြည့်တိုက် ၅၀၀၀ ကျော်ရှိနေပြီး ခေတ်အဆက် ဆက် စုဆောင်းလာတဲ့ အဖိုးတန် စာအုပ်များ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့ ငယ်လေး Monowi ကိုမထားခဲ့နိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ကိုယ်တိုင် ရွေးကောက်ပွဲလုပ်၊ ကိုယ်တိုင်မဲပေးပြီး ကိုယ်တိုင် မြို့  တော်ဝန်ခန့်ပါတယ်။ လမ်း လေး၊ငါးလမ်း ဝန်းကျင်သာ ရှိတဲ့ ယင်း ရွာငယ်လေးကို လျှပ်စစ်မီးထိန်းလင်းနေစေဖို့ အစိုးရထံ ပုံမှန် အခွန်ငွေ ဆောင်ပါတယ်။ အခြားသော အခွန်များလည်း ပေးဆောင်ပါတယ်။ ဒါကြောင့် Town တစ်ခုအနေနဲ့ မဖျက်ပဲ ဆက်လက် ထားရှိစေတာ ဖြစ်ပါ တယ်။ အဓိက စီးပွားရေး လုပ်ငန်းကတော့ စားတော်ဆက် တစ်ခု ဖွင့်ထားပြီး မိုင ၈၀ အကွာရှိ မြို့ က လူတွေ လာရောက် စားသောက်ပါတယ်။

လမ်းကြုံ ဝင်လည်သူများ ရှိသလို၊ စိတ်ဝင်စားလို့ လာရောက် ကြည့်ရှု သူများကြောင့် Eiler ရဲ့  စာကြည့်တိုက်နဲ့ မြို့ ဟာ လတိုင်း လူစည်ကား တယ်လို့ သိရပါတယ်။
---
Ref: wiki

                              မှတ်ချက်။        ။International news for myanmar 
                                                               မှကူးယူဖော်ပြတားပါသည်။

အသဲပုံ ကျွန်း ( Heart Shpaed Island)

Tavarua လို့အမည်ရတဲ့ ကျွန်းဖြစ်ပြီး နယူးဇီလန်နိုင်ငံ မြောက်ပိုင်း မိုင် ၁၀၀၀ ကျော်အကွာ ပစိဖိတ် သမုဒ္ဒရာအတွင်းက ဖီဂျီနိုင်ငံမှာ တည်ရှိ တာ ဖြစ်ပါတယ်။

ဖီဂျီနိုင်ငံ ပင်မ ကျွန်းနဲ့ သိပ်မဝေးတဲ့ ရေမိုင် တစ်နေရာမှာ သီးသန့်တည် ရှိနေပြီး အလိုလိုနေရင်းကို အသဲပုံ ပုံစံ ထွက်နေတဲ့ ကျွန်း ဖြစ်ပါတယ်။ သဘာဝအတိုင်းက အသဲပုံ လိုဖြစ်နေတဲ့အတွက် Heart Shaped Island လို့အမည်ပေးထားပါတယ်။

သိပ်လည်း မကျယ်ပါဘူး။ ၂၉ ဧက သာရှိပြီး အပန်းဖြေ ဟိုတယ် Resort ဖွင်လှစ်ထားပါတယ်။ Tavarua ကို လူသိများရခြင်းက ယင်း အချက် တစ်ခု တည်းကြောင့် မဟုတ်ပဲ လှိုင်းလုံး ကြီးကြီး ရိုက်တတ်တဲ့ ကမ်းခြေ ဖြစ်တဲ့ အတွက် လှိုင်းစီး အားကစား ကျင်းပဖို့ ကမ္ဘာ့အကောင်းဆုံး နေရာလို့တောင် တင်စားခေါ်ဆိုကြပါတယ်။ နှစ်စဉ် နှစ်တိုင်းလည်း Volcom Fiji Pro အမည်နဲ့ ရေလှိုင်းစီး အားကစား ပြိုင်ပွဲများ နှစ်စဉ်ကျင်းပပြီး ကမ္ဘာတစ်လွှား မှာ လာရောက် ယှဉ်ပြိုင် ကြပါတယ်။

ကျွန်းကို သန္တာကျောက်တန်းများနဲ့ ဝန်းရံထားတဲ့အတွက် ကမ္ဘာ့ အလှဆုံး ကျွန်းထဲမှာလည်း Tavarua ဟာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။
Ref: wiki
              မှတ်ချက်။        ။International news for myanmar မှကူးယူဖော်ပြထားပါသည်။

မူးဝေခြင်း အကြောင်းရင်းများ

မူးဝေခြင်း အကြောင်းရင်းများ 

မူးဝေခြင်း အကြောင်းရင်းများ 

မူးနောက်နောက် ဖြစ်နေ တာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည်နေ သလိုမျိုး ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ အန်ချင် လောက်တဲ့ အထိ မူးနေတာပဲ ဖြစ်ဖြစ်၊ ခေါင်းမူးတာဟာ ဘယ်လိုမှ ခံစားလို့ မကောင်းတဲ့ အရာပါ။ ခေါင်းမူးခြင်း ဖြစ်ရခြင်း အကြောင်း ရင်းတွေနဲ့ ကျွန်တော်တို့အနေနဲ့ ဘာလုပ်လို့ရနိုင်သလဲ ဆိုတာကို ကြည့်ရအောင်


(၁) သွေးပေါင်ကျခြင်း

 ကိုယ်ဟန် အနေအထားကြောင့် သွေးပေါင်ကျခြင်း Postural Hypotension ဟာ ရုတ်တရက် မတ်တတ် ရပ်လိုက်တဲ့ အခါ သွေးပေါင်ခဏ ကျသွားခြင်းကြောင့် ဖြစ်တက်ပါတယ်။ ထိုအခါ ဦးနှောက်ဆီ သွေးအရောက် လျော့သွားခြင်းကြောင့် ခေါင်းမူး ရခြင်း ဖြစ်ပါတယ်။ ဘာလုပ် နိုင်မလဲ မတ်တက်ရပ် လိုက်တိုင်း လိုလို ခေါင်းမူး တက်ပါက သွေးပေါင်ချိန် စစ်ကြည့်သင့် ပါတယ်။ သွေးတိုးရောဂါ ဆေးကုသ ခံနေရသူ ဆိုရင်လည်း ဆေးပမာဏ ချိန်ဆပေးဖို့ လိုကောင်း လိုနေ ပါလိမ့်မယ်။

(၂) Meriere's Disease

Meriere ရောဂါဆိုတာ နားအတွင်းခန်း ရောဂါကြောင့် နားလေထွက်ခြင်းနဲ့ မူးဝေခြင်းကို ဖြစ်စေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နားအတွင်းခန်းမှာ အရည်တွေ ပိုလျှံလာပါက ချာချာလည်းမူးဝေခြင်းကို ဖြစ်စေတက်ပါတယ်။ တခြား လက္ခဏာရပ်တွေကတော့ မူးခြင်း၊ ပျို့အန်ခြင်း၊ အကြား အာရုံချို့ယွင်းခြင်း၊ နားအူခြင်းတို့ပဲ ဖြစ်ပါတယ်။ ရောဂါပြင်းထန်မှု ပမာဏနဲ့ အချိန်ကြာမြင့်မှုက လူတစ်ယောက်နဲ့ တစ်ယောက်ပေါ် မူတည်ပြီး ကွာဟတက် ပေမယ့် အရမ်းမူးဝေခြင်းကြောင့် ထိုင်ချလိုက်ရတဲ့အထိ ဖြစ်တက်ပါတယ်။ ဘာလုပ်နိုင်မလဲ နားအတွင်းခန်းမှာ အရည် လျှံခြင်းက ပြဿနာဖြစ်တာကြောင့် အဲသလို မဖြစ်ရအောင် စားတဲ့ အစာထဲ ဆားလျှော့စားဖို့၊ ဆီးဆေးသောက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဒီလိုနဲ့မှ မရရင် နားထဲက အရည်တွေကို ဆေးရုံမှာ စုပ်ထုတ်လို့လည်း ရပါတယ်။ 

 

 (၃) ခေါင်းတစ်ခြမ်းကိုက်ခြင်း

(Migraine) ခေါင်းတစ်ခြမ်း ကိုက်ခြင်းဟာ ခေါင်းကိုက်ခြင်း တစ်မျိုးဖြစ်သလို တစ်ခါတစ်ရံမှာ ခေါင်းမူးခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်းနဲ့ ဆက်စပ်နေတဲ့ ခေါင်းမူးခြင်းဟာ Meriere ရောဂါနဲ့ လက္ခဏာ အများစု ဆင်တူနေတက် ပေမယ့် အကြားအာရုံတော့ လျော့မသွားတက်ပါဘူး။ ကားမူးခြင်း၊ လေယာဉ်မူးခြင်း၊ သဘောင်္မူးခြင်းတို့လို မူးဝေခြင်းမျိုးက ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်တွေမှာ ပိုဖြစ်ပေါ် တက်ပါတယ်။ ဘာလုပ်နိုင်မလဲ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ခံစားနေရသလို ခေါင်းမူးခြင်းလည်း ဖြစ်ပေါ်တက် ပါက ခေါင်းတစ်ခြမ်းကိုက် ကုဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြကြည့်ပါ။

 (၄) ရောဂါပိုးဝင်ခြင်း

 အဖြစ်အများဆုံး ကတော့ Vestibular Neuritis လို့ခေါ်တဲ့ ဗိုင်းရစ်ပိုး တစ်မျိုးကြောင့်ပါ။ ရေယုန်ဖြစ်စေတဲ့ ရောဂါပိုးနဲ့ ခပ်ဆင်ခင် တူပါတယ်။ ဒီရောဂါပိုးတွေက ဦးနှောက်ရှိ Vestibular နာ့ဗ်ကြောတွေပေါ် နှောင့်ယှက် လိုက်တဲ့အခါ နားတစ်ဖက် ရောင်လာတက်ကာ သင့်ကို ဟန်ချက်မညီစေတော့ဘဲ ချာချာလည် မူးဝေ စေတက်ပါတယ်။

(၅) BPPV (Benign Proxysmal Positional Vertigo)

 ဒီရောဂါဟာ နားအတွင်းခန်းရှိ ကယ်လ်စီယမ် ကာဗွန်နိတ်ကျောက်တွေ ပြုတ်ထွက်ကာ ရွေ့လျား နေခြင်းကြောင့် ဖြစ်တက် ပါတယ်။ ခေါင်းဆောင့်မိတဲ့ အခါမျိုးမှာ ဖြစ်တက်ပြီး လှဲလိုက်တဲ့ အခါမျိုး၊ ခေါင်းမော့ လိုက်တဲ့ အခါမျိုး ဒါမှမဟုတ် ကုန်းလိုက်တဲ့ အခါမျိုးတွေမှာ မူးဝေ တက်ပါတယ်။ဘာလုပ်နိုင်မလဲနား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးတွေ အနေနဲ့ ကုသပေးနိုင်တာကြောင့် ဆေးရုံ သွားပြ သင့်ပါတယ်။

                                        မှတ်ချက်။        ။ မြ၀တီမှကူးယူဖော်ပြထားပါသည်။    

ဆံသားပျက်စီးမှု ဖြစ်စေသော အပြုအမူများ

ဆံသားပျက်စီးမှု ဖြစ်စေသော အပြုအမူများ 

ဆံသားပျက်စီးမှု ဖြစ်စေသော အပြုအမူများ 

 မကြာခဏခေါင်းလျှော်ခြင်း

တစ်ကိုယ်ရေ သန့်ရှင်းမှု အတွက် ပုံမှန်ခေါင်း လျှော်တာက သင့်ဦးရေပြား ပေါ်က အညစ်အကြေးတွေနဲ့ ချွေးတွေကို သန့်စင်စေနိုင်ပေမယ့် တစ်နေ့တည်းမှာ နှစ်ကြိမ်လောက် ခေါင်းလျှော် တာမျိုးနဲ့ မကြာခဏ
ဆိုသလို ခေါင်းလျှော် ရည်တွေနဲ့ ခေါင်းလျှော်နေ တာကြောင့် သင့်ဦးရေပြား ခြောက်သွေ့ စေပြီး သဘာဝအဆီတွေကို ခန်းခြောက် စေနိုင် ပါတယ်။ ဦးရေပြား ခြောက်သွေ့တာကြောင့် ဗောက်ထ စေနိုင်ပါသေးတယ်။ တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ် လောက်သာ ပုံမှန် ခေါင်းလျှော်ပါ။
တင်းကျပ်စွာ စည်းနှောင်ခြင်း

 ဆံပင်ကို တင်းတင်းကျပ်ကျပ် သားရေကွင်းတွေနဲ့ စည်းနှောင် တာဟာ သင့်ဆံသားတွေကို ထက်ပိုင်းကျိုးတာမျိုးနဲ့ ပြတ်ထွက်တာ မျိုးတွေဖြစ်စေနိုင် ပါတယ်။ နေ့စဉ် ဆံပင်စည်းနှောင် တာမျိုးကြောင့်လည်း ဆံသားတွေ ပြတ်ထွက်စေတတ် ပါတယ်။ ခပ်လျော့လျော့သာ စည်းနှောင်ပေးပါ။

အရမ်းပွတ်တိုက်ခြင်း

ခေါင်းလျှော်ပြီးချိန်မှာ သင့်ဆံပင်ကို ကြမ်းတမ်းစွာ ပွတ်တိုက် အခြောက်ခံ တာကြောင့် ဆံသားတွေကို ကြမ်းတမ်းကာ ပျက်စီးစေပါတယ်။ အရမ်းပူလွန်းတဲ့ လေမှုတ် အခြောက်ခံ တာဟာလည်း ဆံသားကို ပျက်စီး စေပါတယ်။ ခေါင်းလျှော်ပြီးချိန် ခပ်ဖွဖွသုတ် ပေးပြီး လေအေးနဲ့သာ အခြောက်ခံပေးပါ။ 

ဘာပြုပြင်မှုမှမရှိခြင်း

ခေါင်းလျှော်ချိန် မျိုးမှာ ခေါင်းလျှော်ရည်ကို ရေအနည်းငယ်နဲ့ ရောလိုက်ပြီး ဆံသားတွေကို အရင်ဆုံး ထိတွေ့စေပြီးမှ ဦးရေပြားပေါ်မှာ စက်ဝိုင်းပုံစံ လှည့်ပတ်နှိပ်နယ်ပေးကာ သန့်စင် ပေးသင့်ပါတယ်။ ဒါဟာ ပုံမှန်ဦးရေပြား သန့်စင်မှုပါပဲ။ ခုနစ်ပတ်လောက် ကြာတဲ့ အချိန်မျိုးမှာ သင့်ဆံပင် အဖျားတွေကို အနည်း ငယ်လောက် ညှပ်ပေးပါ။ ဆံသားကို ပုံမှန်ရှင် သန်စေနိုင်ပါတယ်။ ဆံသားပျော့ပျောင်းမှုရှိစေဖို့ သဘာဝ အဆီတွေကို ခေါင်း မလျှော်ခင် အချိန်မျိုးမှာ ၁၅မိနစ်လောက် ပေါင်းထားပေးနိုင်ပါတယ်။ ဒီလို အခြေခံပြုပြင်မှု လေးတောင် မရှိဘူး ဆိုရင်တော့ သင့်ဆံသားက ဘယ်လိုမှ ကောင်းမှာ မဟုတ်ပါဘူး။ 

                                   မှတ်ချက်။     ။ မြ၀တီမှကူးယူဖော်ပြထားပါသည်။

ကိုရီးယား မင်းသမီး၏ ငှက်ပျောသီး သုံးပြီး ကိုယ်အလေးချိန် လျှော့ချနည်း

ကိုရီးယား မင်းသမီး၏ ငှက်ပျောသီး သုံးပြီး ကိုယ်အလေးချိန် လျှော့ချနည်း

ကိုရီးယား မင်းသမီး၏ ငှက်ပျောသီး သုံးပြီး ကိုယ်အလေးချိန် လျှော့ချနည်း

ကိုယ်အလေးချိန် များလာတဲ့အခါ တခြား သူတွေက သင့်ခန္ဓာကိုယ် အနေအထားနဲ့ ပတ်သက်ပြီး စိတ်အလိုမကျတဲ့ အတွေးတွေ ဝင်လာ နိုင်ပါတယ်။ ဒီအချိန်မှာ လေ့ကျင့်ခန်း လုပ်ပြီး
အစားအသောက်ကို လျှော့ချ ချင်ပေမယ့် ဒီလို လိုက်နာဖို့ ခက်ခဲ နေကြပါတယ်။ ဒါကြောင့် ကိုရီးယား မင်းသမီးတွေရဲ့ ငှက်ပျောသီးနဲ့ ကိုယ်အလေးချိန် လျှော့ချနည်းကို ဖော်ပြ ပေးလိုက်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ အင်ဇိုင်းတွေက အစာချေ ဖျက်တဲ့ ဖြစ်စဉ်ကို ကောင်းမွန် စေပြီး ကိုယ်အလေးချိန်ကို လျှော့ချ ပေးကြောင်း သီအိုရီ တစ်ခု အရ သိရပါတယ်။ တခြား သီအိုရီ တစ်ခုအရ ငှက်ပျောသီးက ကြာကြာ ဗိုက်ပြည့်စေပြီး အဆီတွေကို လောင်ကျွမ်း စေတယ်လို့ ဆိုပါတယ်။
ငှက်ပျောသီးဖြင့် ဝိတ်ချနည်း
နံနက်စာ အဖြစ် ငှက်ပျောသီး ၁-၂လုံး စားပြီး ရေနှစ်ဖန်ခွက် သောက်လိုက်ပါ။ နေ့လယ်စာ ကိုတော့ သင်ကြိုက်ရာ စားနိုင်ပါတယ်။ ဒါပေမဲ့ အဆီ ပါဝင်မှုများတဲ့ အစာကို ရှောင်ပါ။ ဒီကြားထဲ ဗိုက်ဆာရင် ငှက်ပျောသီး တစ်လုံး စားနိုင်ပါတယ်။ ညစာကို ၈ နာရီမတိုင်ခင် သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေပဲ စားပါ။ နံနက်စာအဖြစ် ငှက်ပျောသီးနဲ့ အဆီနည်း ဒိန်ချဉ်ကို တွဲစား ပေးနိုင်ပါတယ်။ ဒါဆိုရင် ကယ်လိုရီ လောင်ကျွမ်းမှု မြန်ပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။
ကြယ်စင်
                  မှတ်ချက်။     ။ မြ၀တီမှကူးယူဖော်ပြထားပါသည်။