Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Thursday, January 3, 2013

လက်ကို မောက်စ့်အဖြစ် သုံးနိုင်မည့် evoMouse

evoMouse ကတော့ Bluetooth ပါတဲ့ Gadget ဖြစ်ပါတယ်။ အရွယ်လည်း သိပ်မကြီးပါဘူး ကွန်ပြူတာနဲ့ USB ပေါက်ထိုးထားလိုက်ပြီးရင် လက်ကို မောက်စ်လို့ သုံးနိုင်ပြီ ဖြစ်ပါတယ်။

လပ်တော့၊ PC , Tablet အားလုံးနဲ့ အသုံးပြုလို့ ရပါတယ်။ Sensor ကောင်းပြီး အသုံးပြုလို့လည်း လွယ်ကူပါတယ်။ သုံးပုံသုံးနည်း ကိုလည်း ပေးထားပြီး ကိုယ်လိုချင်သလိုလည်း Train ထားပေးလို့ ရပါ တယ်။ USB ပေါက်မထိုးပဲနဲ့ Bluetooth ဖွင့်ပြီး ကြိုးမဲ့လည်း အသုံးပြုလို့ ရပါတယ်။ အားတော့ ပြန်သွင်းဖို့ လိုပါတယ်။


ရိုးရာလေး သတင်း

Photo: လက်ကို မောက်စ့်အဖြစ် သုံးနိုင်မည့် evoMouse  evoMouse ကတော့ Bluetooth ပါတဲ့ Gadget ဖြစ်ပါတယ်။ အရွယ်လည်း သိပ်မကြီးပါဘူး ကွန်ပြူတာနဲ့ USB ပေါက်ထိုးထားလိုက်ပြီးရင် လက်ကို မောက်စ်လို့ သုံးနိုင်ပြီ ဖြစ်ပါတယ်။   လပ်တော့၊ PC , Tablet အားလုံးနဲ့ အသုံးပြုလို့ ရပါတယ်။ Sensor ကောင်းပြီး အသုံးပြုလို့လည်း လွယ်ကူပါတယ်။ သုံးပုံသုံးနည်း ကိုလည်း ပေးထားပြီး ကိုယ်လိုချင်သလိုလည်း Train ထားပေးလို့ ရပါ တယ်။ USB ပေါက်မထိုးပဲနဲ့ Bluetooth ဖွင့်ပြီး ကြိုးမဲ့လည်း အသုံးပြုလို့ ရပါတယ်။ အားတော့ ပြန်သွင်းဖို့ လိုပါတယ်။    ရိုးရာလေး သတင်း 
မှတ်ချက်။      ။မြ၀တီမှကူးယူဖော်ပြထားပါသည်။

ညည့်နက်ချိန် ဖုန်း အသုံးပြုသော ဆယ်ကျော်သက်များ

ညအိပ်ရာ ဝင်ချိန် နောက်ပိုင်းတွင် လက်ကိုင်ဖုန်း အသုံးပြုသော ဆယ်ကျော်သက် များဟာ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်ခြေ များပြား ကြတယ်လို့ ဂျပန် သုတေသီများက တွေ့ရှိ ခဲ့ကြပါ တယ်။

အိပ်ရာ ဝင်ပြီးနောက်မှာမှ လက်ကိုင်ဖုန်း အသုံးပြုပြီး ဂိမ်းဆော့ခြင်း၊ အင်တာနက် ကြည့်ခြင်း၊ မက်ဆေ့ခ်ျ ပို့ခြင်း၊ ဖုန်းပြောခြင်း တို့ကို ပြုလုပ်သော ဆယ်ကျော်သက် များဟာ အိပ်ရေးပျက် သည့်အပြင် စိတ်ကျန်းမာရေး ထိခိုက်ပြီး မိမိကိုယ်ကို သတ်သေသည့် အတွေးများ ဖြစ်ပေါ် လာနိုင်ခြေ များကြပါတယ်။

အရက်၊ မူးယစ် ဆေးဝါးသုံးသည့် ဆယ်ကျော်သက် ဖြစ်ပါက မိမိကိုယ်ကို ဒုက္ခရောက်အောင် ပြုလုပ်နိုင်ခြေ ပိုမိုမြင့်မား တယ်လို့ သိရပါတယ်။ သုတေသီ များရဲ့ သုံးသပ်ချက် ကတော့ ညဥ့် နက်ချိန် လက်ကိုင်ဖုန်း အသုံးပြုခြင်းကြောင့် စိတ်ကျန်းမာရေး ထိခိုက်တာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေနိုင်တဲ့ ဆယ်ကျော်သက် များဟာ ညဘက် မအိပ်ဘဲ လက်ကိုင်ဖုန်း အသုံးပြုကြတာ ဖြစ်ပါတယ်။

ညအချိန်တွင် တောက်ပသော အလင်းရောင်ကို ကြည့်ခြင်း၊ ဦးနှောက်ကို နှိုးဆွသော အလုပ်များ ဆောင်ရွက်ခြင်းဟာ အိပ်စက်ခြင်း ဟော်မုန်း ဖြစ်သော မယ်လတိုနင် ဟော်မုန်း ထွက်ရှိမှုကို ပြောင်းလဲစေပြီး ညအချိန်တွင် ကောင်းစွာ အနားယူနိုင်ခြင်းကို ထိခိုက်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်မပျော်ခြင်းဟာ မိမိကိုယ်ကို သတ်သေသည့် အတွေးများ ဖြစ်ပေါ် လာနိုင်ခြေကို မြင့်တက် လာစေကြောင်း သုတေသနများ ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

သို့သော်လည်း အဆိုပါ သုတေသနဟာ မိမိကိုယ်ကို သေကြောင်း ကြံစည်နှုန်း မြင့်မားသော ဂျပန်လူမျိုး ဆယ်ကျော်သက် များအား လေ့လာခဲ့ခြင်း ဖြစ်သောကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှု ကွဲပြားနေခြင်း အပေါ်မှာလည်း မူတည်နေကြောင်း သိရပါတယ်။


Photo: ညည့်နက်ချိန် ဖုန်း အသုံးပြုသော ဆယ်ကျော်သက်များ Thursday, January 03, 2013  ညအိပ်ရာ ဝင်ချိန် နောက်ပိုင်းတွင် လက်ကိုင်ဖုန်း အသုံးပြုသော ဆယ်ကျော်သက် များဟာ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်ခြေ များပြား ကြတယ်လို့ ဂျပန် သုတေသီများက တွေ့ရှိ ခဲ့ကြပါ တယ်။  အိပ်ရာ ဝင်ပြီးနောက်မှာမှ လက်ကိုင်ဖုန်း အသုံးပြုပြီး ဂိမ်းဆော့ခြင်း၊ အင်တာနက် ကြည့်ခြင်း၊ မက်ဆေ့ခ်ျ ပို့ခြင်း၊ ဖုန်းပြောခြင်း တို့ကို ပြုလုပ်သော ဆယ်ကျော်သက် များဟာ အိပ်ရေးပျက် သည့်အပြင် စိတ်ကျန်းမာရေး ထိခိုက်ပြီး မိမိကိုယ်ကို သတ်သေသည့် အတွေးများ ဖြစ်ပေါ် လာနိုင်ခြေ များကြပါတယ်။  အရက်၊ မူးယစ် ဆေးဝါးသုံးသည့် ဆယ်ကျော်သက် ဖြစ်ပါက မိမိကိုယ်ကို ဒုက္ခရောက်အောင် ပြုလုပ်နိုင်ခြေ ပိုမိုမြင့်မား တယ်လို့ သိရပါတယ်။ သုတေသီ များရဲ့ သုံးသပ်ချက် ကတော့ ညဥ့် နက်ချိန် လက်ကိုင်ဖုန်း အသုံးပြုခြင်းကြောင့် စိတ်ကျန်းမာရေး ထိခိုက်တာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေနိုင်တဲ့ ဆယ်ကျော်သက် များဟာ ညဘက် မအိပ်ဘဲ လက်ကိုင်ဖုန်း အသုံးပြုကြတာ ဖြစ်ပါတယ်။  ညအချိန်တွင် တောက်ပသော အလင်းရောင်ကို ကြည့်ခြင်း၊ ဦးနှောက်ကို နှိုးဆွသော အလုပ်များ ဆောင်ရွက်ခြင်းဟာ အိပ်စက်ခြင်း ဟော်မုန်း ဖြစ်သော မယ်လတိုနင် ဟော်မုန်း ထွက်ရှိမှုကို ပြောင်းလဲစေပြီး ညအချိန်တွင် ကောင်းစွာ အနားယူနိုင်ခြင်းကို ထိခိုက်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်မပျော်ခြင်းဟာ မိမိကိုယ်ကို သတ်သေသည့် အတွေးများ ဖြစ်ပေါ် လာနိုင်ခြေကို မြင့်တက် လာစေကြောင်း သုတေသနများ ရှိထားခဲ့ပြီး ဖြစ်ပါတယ်။  သို့သော်လည်း အဆိုပါ သုတေသနဟာ မိမိကိုယ်ကို သေကြောင်း ကြံစည်နှုန်း မြင့်မားသော ဂျပန်လူမျိုး ဆယ်ကျော်သက် များအား လေ့လာခဲ့ခြင်း ဖြစ်သောကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှု ကွဲပြားနေခြင်း အပေါ်မှာလည်း မူတည်နေကြောင်း သိရပါတယ်။ 
မှတ်ချက်။     ။ မြ၀တီမှကူးယူဖော်ပြထားပါသည်။

ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် အသက်ရှည်ရှည် နေရနိုင်




ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင် တစ်ခုသည် စိတ်ဖိစီးမှု ကင်းဝေးပြီး ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်း ယခင် ကတည်းက သတ်မှတ် ထားကြသည်။
သို့သော် ယခုနောက်ဆုံး တွေ့ရှိမှုများအရ ပျော်ရွှင်မှု အပြည့်နှင့် လက်ထပ်ခွင့် ရခြင်းသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေရုံမျှမက လူ၏ သက်တမ်းကိုပါ ဆွဲဆန့် နိုင်ကြောင်း သိရှိရသည်။

စစ်တမ်းများအရ ပျော်ရွှင်မှု အပြည့်အ၀နှင့် လက်ထပ်ခွင့် ရသူများမှာ သွေးပေါင်ချိန် ပြဿနာများ ဖြစ်နိုင်ခြေနည်းပြီး ဆက်ဆံရေး အခြေအနေ ကောင်းမွန်ပြီး အိမ်ထောင်ရေး အဆင်ပြေသော စုံတွဲများမှာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ရသည့် ဝေဒနာမျိုး ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဖော်ပြခဲ့သည်။

ယခုနောက်ဆုံး ဖော်ထုတ်မှုအရ သေနိုင်လောက်သော ရောဂါမျိုး စွဲကပ်ပြီး နောက်ဆုံး အချိန်ကို စောင့်မျှော် နေရသော လူမမာ များပင်လျင် စိတ်ချမ်းသာ ပျော်ရွှင်စွာ လက်ထပ်ခွင့် ရခဲ့ပါက ၄င်းတို့၏ သက်တမ်းကို (၅)နှစ်နှင့် အထက် ပိုမိုဆွဲဆန့် နိုင်ကြောင်း ပညာရှင်များက ကြေညာ ခဲ့သည်။

သုတေသီများက မည်သို့သော အကျိုး သက်ရောက်မှု များကြောင့် ယခုကဲ့သို့ လူ့သက်တမ်းကို ရှည်လျား စေသည်ကို အတိအကျ မပြောနိုင် သော်လည်း ၄င်းတို့ သုတေသန ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများက အထက်ပါ အဖြေအား အတည်ပြု ပေးခဲ့သည်ဟု ဆိုသည်။

ကင်ဆာ ရောဂါနှင့် နှလုံး ရောဂါတို့အား ပြင်းထန် ဆိုးရွားစွာ ခံစားနေရသည့် ပုဂ္ဂိုလ် အချို့တို့မှာ ၎င်းတို့၏ ချစ်သူများနှင့် ပျော်ရွှင်စွာ ထိမ်းမြားခွင့် ရရှိခဲ့ပြီးနောက် ဆရာဝန်များ အံ့သြရလောက်အောင်ပင် မူလ ခန့်မှန်းထားသည့် နောက်ဆုံး နေ့အား ကျော်လွန်ပြီး ကာလ ရှည်ကြာစွာ အသက်ရှင် နေထိုင်ခွင့် ရနေကြကြောင်း သိရှိရသည်။

အမေရိကန်၊ ဆွီဒင်နှင့် ဒိန်းမတ် နိုင်ငံများရှိ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စမ်းသပ် ပြုလုပ်ခဲ့သည့် သုတေသန လုပ်ငန်းများမှ ရလဒ်များအရ ပျော်ပျော်ရွှင်ရွှင် လက်ထပ်ခြင်းသည် ပရိုစတိတ် ကင်ဆာ၊ တုပ်ကွေး၊ အယ်လ်ဇိုင်းမား၊ နှလုံးရောဂါ၊ သွေးပေါင်ချိန် ကျဆင်းမှု စသည့် ဝေဒနာများ ခံစားနေရသည့် လူနာများအတွက် ထိရောက်စွာ အကျိုး ဖြစ်ထွန်းစေပြီး စိတ်ဖိစီးမှုနှင့် သေနိုင် လောက်သော ရောဂါများ ဖြစ်ပွားမှု တို့ကို လျော့နည်း သေသည်ဟု သိရှိ ရသည်။

ဆရာဝန်များက နားလည်မှုရှိသည့် ချစ်သူခြင်း လက်ထပ်မှုမှာ အချို့သော ကျန်းမာရေး ပြဿနာများတွင် ၎င်းတို့ နားမလည် နိုင်လောက်အောင် အကျိုး ဖြစ်ထွန်းမှုများ ရှိကြောင်း ထုတ်ဖော် ၀န်ခံ သွားခဲ့သည်။

Photo: ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် အသက်ရှည်ရှည် နေရနိုင်  ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင် တစ်ခုသည် စိတ်ဖိစီးမှု ကင်းဝေးပြီး ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်း ယခင် ကတည်းက သတ်မှတ် ထားကြသည်။ သို့သော် ယခုနောက်ဆုံး တွေ့ရှိမှုများအရ ပျော်ရွှင်မှု အပြည့်နှင့် လက်ထပ်ခွင့် ရခြင်းသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေရုံမျှမက လူ၏ သက်တမ်းကိုပါ ဆွဲဆန့် နိုင်ကြောင်း သိရှိရသည်။  စစ်တမ်းများအရ ပျော်ရွှင်မှု အပြည့်အ၀နှင့် လက်ထပ်ခွင့် ရသူများမှာ သွေးပေါင်ချိန် ပြဿနာများ ဖြစ်နိုင်ခြေနည်းပြီး ဆက်ဆံရေး အခြေအနေ ကောင်းမွန်ပြီး အိမ်ထောင်ရေး အဆင်ပြေသော စုံတွဲများမှာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ရသည့် ဝေဒနာမျိုး ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဖော်ပြခဲ့သည်။   ယခုနောက်ဆုံး ဖော်ထုတ်မှုအရ သေနိုင်လောက်သော ရောဂါမျိုး စွဲကပ်ပြီး နောက်ဆုံး အချိန်ကို စောင့်မျှော် နေရသော လူမမာ များပင်လျင် စိတ်ချမ်းသာ ပျော်ရွှင်စွာ လက်ထပ်ခွင့် ရခဲ့ပါက ၄င်းတို့၏ သက်တမ်းကို (၅)နှစ်နှင့် အထက် ပိုမိုဆွဲဆန့် နိုင်ကြောင်း ပညာရှင်များက ကြေညာ ခဲ့သည်။  သုတေသီများက မည်သို့သော အကျိုး သက်ရောက်မှု များကြောင့် ယခုကဲ့သို့ လူ့သက်တမ်းကို ရှည်လျား စေသည်ကို အတိအကျ မပြောနိုင် သော်လည်း ၄င်းတို့ သုတေသန ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများက အထက်ပါ အဖြေအား အတည်ပြု ပေးခဲ့သည်ဟု ဆိုသည်။   ကင်ဆာ ရောဂါနှင့် နှလုံး ရောဂါတို့အား ပြင်းထန် ဆိုးရွားစွာ ခံစားနေရသည့် ပုဂ္ဂိုလ် အချို့တို့မှာ ၎င်းတို့၏ ချစ်သူများနှင့် ပျော်ရွှင်စွာ ထိမ်းမြားခွင့် ရရှိခဲ့ပြီးနောက် ဆရာဝန်များ အံ့သြရလောက်အောင်ပင် မူလ ခန့်မှန်းထားသည့် နောက်ဆုံး နေ့အား ကျော်လွန်ပြီး ကာလ ရှည်ကြာစွာ အသက်ရှင် နေထိုင်ခွင့် ရနေကြကြောင်း သိရှိရသည်။  အမေရိကန်၊ ဆွီဒင်နှင့် ဒိန်းမတ် နိုင်ငံများရှိ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စမ်းသပ် ပြုလုပ်ခဲ့သည့် သုတေသန လုပ်ငန်းများမှ ရလဒ်များအရ ပျော်ပျော်ရွှင်ရွှင် လက်ထပ်ခြင်းသည် ပရိုစတိတ် ကင်ဆာ၊ တုပ်ကွေး၊ အယ်လ်ဇိုင်းမား၊ နှလုံးရောဂါ၊ သွေးပေါင်ချိန် ကျဆင်းမှု စသည့် ဝေဒနာများ ခံစားနေရသည့် လူနာများအတွက် ထိရောက်စွာ အကျိုး ဖြစ်ထွန်းစေပြီး စိတ်ဖိစီးမှုနှင့် သေနိုင် လောက်သော ရောဂါများ ဖြစ်ပွားမှု တို့ကို လျော့နည်း သေသည်ဟု သိရှိ ရသည်။  ဆရာဝန်များက နားလည်မှုရှိသည့် ချစ်သူခြင်း လက်ထပ်မှုမှာ အချို့သော ကျန်းမာရေး ပြဿနာများတွင် ၎င်းတို့ နားမလည် နိုင်လောက်အောင် အကျိုး ဖြစ်ထွန်းမှုများ ရှိကြောင်း ထုတ်ဖော် ၀န်ခံ သွားခဲ့သည်။ 
မှတ်ချက်။   ။ မြ၀တီမှကူးယူဖော်ပြထားပါသည်။

မစ္စတာ ဘင်း အကြောင်း တစ်စေ့ တစ်စောင်း.


 မစ္စတာ ဘင်း တစ်ယောက် အင်ဂျင်နီယာပညာ ထူးချွန်သော်လည်း

မစ္စတာ ဘင်းဆိုရင် ဟာသမင်းသား၊ သရုပ်ဆောင် တစ်ဦး အနေနဲ့ပဲ သိထား ကြပါတယ်။ သို့ပေမယ့် ဘင်း (Rowan Atkinson) ဟာ
မာစတာ ဘွဲ့  ရရှိထားတဲ့ လျှပ်စစ် အင်ဂျင်နီယာ တစ်ဦး ဖြစ်ပါတယ်။

၁၉၇၅ ခုနှစ်က Electrical Engineering - MSc တန်းကို Oxford, The Queen's College မှာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် မှာတော့ ကောလိပ်ရဲ့  Honorary Fellow အဖြစ် အသိအမှတ်ပြုခံခဲ့ ရပါ တယ်။ ပညာရေး ထူးချွန်တဲ့ အတွက် အောက်စဖို့ တက္ကသိုလ်မှာတောင် နည်းပြ အဖြစ် အခန့်အပ်ခံခဲ့ရ ဖူးပါတယ်။

သို့ပေမယ့် ဖျော်ဖြေရေးနဲ့ သရုပ်ဆောင် အနုပညာ ပိုင်းမှာ လည်း ထူးချွန်တဲ့ ဘင်းဟာ ဟာသပြဇာတ်မှ တစ်ခန်းရပ်ဗီဒီယို၊ တစ်ခန်းရပ် ဗီဒီယိုမှ ရုပ်ရှင် အစရှိသဖြင့် တစ်ဆင့်ထက် တစ်ဆင့် တက်ပြီး ထူးခြား အောင်မြင်လာခဲ့ ပါတယ်။ ဒါကြောင့် သူတတ်ကျွမ်းထူးချွန်နေသေးတဲ့ လျှပ်စစ်အင်ဂျင်နီယာ ဘဝနဲ့တောင် အသက်မွေးဝမ်းကျောင်းပြု ဘဝရပ်တည်မှု မလုပ်တော့ပဲ အနုပညာ ဘက်မှာ အားစိုက်လုပ်ခဲ့ပါတယ်။

ယခုဆိုရင် Rowan Atkinson လို့ပြောရင်တောင် လူသိပ်မသိပဲ မစ္စတာ ဘင်းလို့ ပြောမှ လူသိရလောက်အောင် အောင်မြင်တဲ့ ဟာသသရုပ်ဆောင် အဖြစ် ယနေ့တိုင် တည်ရှိနေခြင်းဟာ ဂုဏ်ယူစရာ ဖြစ်ကြောင်း ဘင်းကိုယ် တိုင် ဝန်ခံခဲ့ဖူးတယ်လို့ သိရပါတယ်။
--
Ref: wiki, DM
ရိုးရာလေး

မှတ်ချက်။      ။ မြ၀တီမှကူးယူဖော်ပြထားပါသည်။

Wednesday, January 2, 2013

ကြက်ဥအစိမ်း ၂၈ လုံး ဖောက်သောက်သည့် လူငယ်တစ်ဦး သေဆုံး

ကြက်ဥ အစိမ်း ၂၈ လုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြီး လက်စွမ်းပြတဲ့ တူနီရှားမှ အသက် ၂၀ လူငယ် Dhaou Fatnassi ဟာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းလောက်က ဖြစ်ပြီး သူငယ်ချင်းများနဲ့ အလောင်းအစား လုပ်ခြင်း ဖြစ်ပါတယ်။ အလောင်းအစားအရ သူဟာ ကြက်ဥ အစိမ်း၂၈ လုံး စလုံးကို တစ်ပြိုင်နက် တည်း ဖောက်သောက်ပြ ပါတယ်။ ၂၈ လုံး စလုံး သောက်ပြီး မိနစ်ပိုင်းတင်ပဲ ဝမ်းဗိုက်မှ နာလာပြီး ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်။ ဆရာဝန်ကိုတောင် မတွေ့လိုက်ရပါဘူး။ ဆေးရုံကိုလည်း ရောက်၊ အသက်လည်း ပျောက် ခဲ့ပါတယ်။

ကြက်ဥတစ်လုံးမှာ အဟာရဓာတ်ပေါင်း ၃၈ မျိုးဝန်းကျင်လောက် ပါရှိ ပါတယ်။ သို့ပေမယ့် အများဆုံးကေတာ့ ရေ ၇၅ ဂရမ်၊ ပရိုတိန်းဓာတ် ၁၂.၆ ဂရမ်၊ အဆီ ၁၀.၆ ဂရမ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ၁.၁၂ ဂရမ် ပါရှိပါတယ်။ အနှစ်ချုပ်လိုက်ရင် ကြက်ဥတစ်လုံးဟာ စွမ်းအင် ၁၅၅ ကီလိုကယ်လိုရီ (647 kJ) ပေးစွမ်းနိုင်ပါတယ်။

ယင်းဟာ တစ်လုံးတည်းမှာ ပါရှိတဲ့ စွမ်းအင် ဖြစ်ပါတယ်။ ဒါကို တစ်လုံး တည်း မဟုတ်ပဲ တစ်ပြိုင်နက်တည်း ၂၈ လုံးစားတော့ ဖြစ်လာမယ့် ဆိုးကျိုး က လုံးဝ မတွေးရဲ စရာပဲ ဖြစ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို၊ မိတ်ဆွေ အပေါင်းအသင်းတွေ မြောက်ပေးတိုင်းလည်း ဘယ်အစားအစာ ကိုမှ အလွန် အကျွံမစားမိဖို့ အရေးကြီးတာမို့ ကွယ်လွန်သွားတဲ့ လူငယ်လေးက သင်ခန်း စာ ယူစရာအဖြစ် ကျန်ရှိစေခဲ့ပါတယ်။
--
Ref: health-care
International news for myanmar

 Photo: ကြက်ဥအစိမ်း ၂၈ လုံး  ဖောက်သောက်သည့် လူငယ်တစ်ဦး သေဆုံး  ကြက်ဥ အစိမ်း ၂၈ လုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြီး လက်စွမ်းပြတဲ့ တူနီရှားမှ အသက် ၂၀ လူငယ် Dhaou Fatnassi ဟာ သေဆုံးခဲ့ကြောင်း သိရပါတယ်။   ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းလောက်က ဖြစ်ပြီး သူငယ်ချင်းများနဲ့ အလောင်းအစား လုပ်ခြင်း ဖြစ်ပါတယ်။ အလောင်းအစားအရ သူဟာ ကြက်ဥ အစိမ်း၂၈ လုံး စလုံးကို တစ်ပြိုင်နက် တည်း ဖောက်သောက်ပြ ပါတယ်။ ၂၈ လုံး စလုံး သောက်ပြီး မိနစ်ပိုင်းတင်ပဲ ဝမ်းဗိုက်မှ နာလာပြီး ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်။ ဆရာဝန်ကိုတောင် မတွေ့လိုက်ရပါဘူး။ ဆေးရုံကိုလည်း ရောက်၊ အသက်လည်း ပျောက် ခဲ့ပါတယ်။   ကြက်ဥတစ်လုံးမှာ အဟာရဓာတ်ပေါင်း ၃၈ မျိုးဝန်းကျင်လောက် ပါရှိ ပါတယ်။ သို့ပေမယ့် အများဆုံးကေတာ့ ရေ ၇၅ ဂရမ်၊ ပရိုတိန်းဓာတ် ၁၂.၆ ဂရမ်၊ အဆီ ၁၀.၆ ဂရမ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ၁.၁၂ ဂရမ် ပါရှိပါတယ်။ အနှစ်ချုပ်လိုက်ရင် ကြက်ဥတစ်လုံးဟာ စွမ်းအင် ၁၅၅ ကီလိုကယ်လိုရီ (647 kJ) ပေးစွမ်းနိုင်ပါတယ်။   ယင်းဟာ တစ်လုံးတည်းမှာ ပါရှိတဲ့ စွမ်းအင် ဖြစ်ပါတယ်။ ဒါကို တစ်လုံး တည်း မဟုတ်ပဲ တစ်ပြိုင်နက်တည်း ၂၈ လုံးစားတော့ ဖြစ်လာမယ့် ဆိုးကျိုး က လုံးဝ မတွေးရဲ စရာပဲ ဖြစ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို၊ မိတ်ဆွေ အပေါင်းအသင်းတွေ မြောက်ပေးတိုင်းလည်း ဘယ်အစားအစာ ကိုမှ အလွန် အကျွံမစားမိဖို့ အရေးကြီးတာမို့ ကွယ်လွန်သွားတဲ့ လူငယ်လေးက သင်ခန်း စာ ယူစရာအဖြစ် ကျန်ရှိစေခဲ့ပါတယ်။ -- Ref: health-care International news for myanmar  http://www.innewsmyanmar.com/2013/01/blog-post_9054.html   ---

ဂြိုလ်သားများအား ခွဲစိတ်လေ့လာခြင်း


 ဂြိုလ်သားများအား ခွဲစိတ်လေ့လာခြင်း
 Shocking! Dissect aliens 
---
Ref:news.cn



 





အမျိုးသမီး တစ်ဦးသာ နေထိုင်သော မြို့ 



အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ် ရှိပါတယ်။ ကိုယ်တိုင် မြို့ တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်တည်း အုပ်စိုးနေတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။

တည်နေရာကတော့ အမေရိကန်နိုင်ငံ အလယ်ပိုင်း Nebraska ပြည်နယ်ရှိ Monowi အမည်ရ မြို့ ငယ် ဖြစ်ပါတယ်။ သို့ပေမယ့် ရွာငယ် တစ်ခုအနေနဲ့ပဲ သတ်မှတ်ထားပါတယ်။ အမေရိကန်မှာတော့ Only one woman town လို့ နာမည်ကြီးပါတယ်။ ၁၉၃၀ ခုနှစ် ကာလအတွင်းမှာတော့ လူဦးရေ ၁၅၀ ကျော်ရှိပြီး တစ်နှစ်ထက် တစ်နှစ် နည်းလာပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်အရောက်မှာတော့ လင်မယား နှစ်ဦးသာ နေထိုင်ပါတော့တယ်။ Rudy နဲ့ Elsie Eiler တို့ လင်မယား နှစ်ဦး ဖြစ်ပါတယ်။

သို့ပေမယ့် Rudy ဟာ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ Elsie Eiler အမည်ရ အမျိုးသမီးကြီး တစ်ဦးသာ ကျန်ရှိပါတော့တယ်။ အကျယ်အဝန်းအားဖြင့် ၀.၂၁ စတုရန်းမိုင်သာ အကျကျန်ရှိနေ လို့ ဖြစ်ပါတယ်။ စာအုပ်ပေါင်း
ယ်သာ သတ်မှတ်ထားတဲ့ ရွာငယ်လေး ဖြစ်ပါတယ်။ ယင်းရွာငယ်လေး ကို ဖျက်သိမ်းဖို့ အစိုးရက စီစဉ်ခဲ့ပေမယ့် Eiler လက်မခံ ခဲ့ပါဘူး။ အဓိကကတော့ သူ့ခင်ပွန်း တည်ထောင်ခဲ့တဲ့ စာကြည့်တိုက် ၅၀၀၀ ကျော်ရှိနေပြီး ခေတ်အဆက် ဆက် စုဆောင်းလာတဲ့ အဖိုးတန် စာအုပ်များ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့ ငယ်လေး Monowi ကိုမထားခဲ့နိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ကိုယ်တိုင် ရွေးကောက်ပွဲလုပ်၊ ကိုယ်တိုင်မဲပေးပြီး ကိုယ်တိုင် မြို့  တော်ဝန်ခန့်ပါတယ်။ လမ်း လေး၊ငါးလမ်း ဝန်းကျင်သာ ရှိတဲ့ ယင်း ရွာငယ်လေးကို လျှပ်စစ်မီးထိန်းလင်းနေစေဖို့ အစိုးရထံ ပုံမှန် အခွန်ငွေ ဆောင်ပါတယ်။ အခြားသော အခွန်များလည်း ပေးဆောင်ပါတယ်။ ဒါကြောင့် Town တစ်ခုအနေနဲ့ မဖျက်ပဲ ဆက်လက် ထားရှိစေတာ ဖြစ်ပါ တယ်။ အဓိက စီးပွားရေး လုပ်ငန်းကတော့ စားတော်ဆက် တစ်ခု ဖွင့်ထားပြီး မိုင ၈၀ အကွာရှိ မြို့ က လူတွေ လာရောက် စားသောက်ပါတယ်။

လမ်းကြုံ ဝင်လည်သူများ ရှိသလို၊ စိတ်ဝင်စားလို့ လာရောက် ကြည့်ရှု သူများကြောင့် Eiler ရဲ့  စာကြည့်တိုက်နဲ့ မြို့ ဟာ လတိုင်း လူစည်ကား တယ်လို့ သိရပါတယ်။
---
Ref: wiki

                              မှတ်ချက်။        ။International news for myanmar 
                                                               မှကူးယူဖော်ပြတားပါသည်။

အသဲပုံ ကျွန်း ( Heart Shpaed Island)

Tavarua လို့အမည်ရတဲ့ ကျွန်းဖြစ်ပြီး နယူးဇီလန်နိုင်ငံ မြောက်ပိုင်း မိုင် ၁၀၀၀ ကျော်အကွာ ပစိဖိတ် သမုဒ္ဒရာအတွင်းက ဖီဂျီနိုင်ငံမှာ တည်ရှိ တာ ဖြစ်ပါတယ်။

ဖီဂျီနိုင်ငံ ပင်မ ကျွန်းနဲ့ သိပ်မဝေးတဲ့ ရေမိုင် တစ်နေရာမှာ သီးသန့်တည် ရှိနေပြီး အလိုလိုနေရင်းကို အသဲပုံ ပုံစံ ထွက်နေတဲ့ ကျွန်း ဖြစ်ပါတယ်။ သဘာဝအတိုင်းက အသဲပုံ လိုဖြစ်နေတဲ့အတွက် Heart Shaped Island လို့အမည်ပေးထားပါတယ်။

သိပ်လည်း မကျယ်ပါဘူး။ ၂၉ ဧက သာရှိပြီး အပန်းဖြေ ဟိုတယ် Resort ဖွင်လှစ်ထားပါတယ်။ Tavarua ကို လူသိများရခြင်းက ယင်း အချက် တစ်ခု တည်းကြောင့် မဟုတ်ပဲ လှိုင်းလုံး ကြီးကြီး ရိုက်တတ်တဲ့ ကမ်းခြေ ဖြစ်တဲ့ အတွက် လှိုင်းစီး အားကစား ကျင်းပဖို့ ကမ္ဘာ့အကောင်းဆုံး နေရာလို့တောင် တင်စားခေါ်ဆိုကြပါတယ်။ နှစ်စဉ် နှစ်တိုင်းလည်း Volcom Fiji Pro အမည်နဲ့ ရေလှိုင်းစီး အားကစား ပြိုင်ပွဲများ နှစ်စဉ်ကျင်းပပြီး ကမ္ဘာတစ်လွှား မှာ လာရောက် ယှဉ်ပြိုင် ကြပါတယ်။

ကျွန်းကို သန္တာကျောက်တန်းများနဲ့ ဝန်းရံထားတဲ့အတွက် ကမ္ဘာ့ အလှဆုံး ကျွန်းထဲမှာလည်း Tavarua ဟာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရပါတယ်။
Ref: wiki
              မှတ်ချက်။        ။International news for myanmar မှကူးယူဖော်ပြထားပါသည်။

Saturday, December 22, 2012

GOOGLE ကိုတိုက်ခိုက်မယ်

အရမ်းထူးဆန်းတယ်ဗျာ..စာလုံးလေးနှစ်လုံးတည်းနဲ့ google ရဲ့ ဖြိုပြစ်လိုက်နိုင်စွမ်းရှိတယ်..ဘာဆော့ဝဲလ်မှလည်းမလိုဘူး
ဘာနည်းပညာမှလည်းမလိုဘူးနော် စာလုံးလေးနှစ်လုံးတည်းကိုသာရိုက်ထည့်လိုက် google ကြီးတစ်ခုလုံးပြိုပျက်သွားမယ်
ကဲ စိတ်ဝင်စားကြမယ်ထင်ပါတယ်..အဲ့ဒီစာလုံးလေးကတော့

Zerg Rush
ဆိုတဲ့စာလုံးလေးပါ..အရင်ဆုံး www.google.com ကိုသွား ပြီးရင် search ဘားလေးထဲအဲ့စာလုံးလေးရိုက်ထည့်လိုက်


တဖြည်းဖြည်းချင်း



သူအလုပ်လုပ်သွားမယ် ပြီးဆုံးတဲ့အထိကြည့်နေပါနော်..မကြောက်ပါနဲ့ အပျော်တမ်းကစားစရာတစ်ခုပါ။
သူ့လုပ်ဆောင်ပုံက ဆရာဝန်တွေစကားနဲ့ပြောရရင်တော့ ဗိုင်းရပ်(စ်)ပိုးလေးတွေတိုက်နေသလိုပါပဲ..တွေ့သမျှစာသားတွေကို
လိုက်ရှာပြီး ဖြိုချပြစ်တာ ဟီးးးး

Sunday, December 16, 2012

အမျိုးသမီးများက အမျိုးသားများထက် ကိုးဆပို၍ အသည်းကွဲလွယ်


ချစ်သူနှင့် လမ်းခွဲရခြင်းမျိုး
သို့မဟုတ် ချစ်သူခင်သူ
တစ်ယောက် ဆုံးပါး သွားခြင်း
တို့သည် အသည်းကွဲခြင်းကို
 ဖြစ်စေပါသည်။

ယင်းကဲ့သို့သော အဖြစ်မျိုးမှာ အမျိုးသမီးများတွင် ပို၍ အဖြစ်များကြောင်း သုတေ သနအသစ် တစ်ရပ်အရ သိရသည်။


 စိတ်ထိခိုက်ခြင်းသည် နှလုံး တိုက်ခိုက်ခံရခြင်း သို့မဟုတ် အခြား နှလုံးရောဂါဆိုင်ရာ ပြဿနာ
များ၏ ရောဂါလက္ခဏာ ရပ်များကို အကြီးအကျယ် လှုံ့ဆော်ပေးနိုင်သည်ဟု ဆိုသည်။


ပထမဆုံးအကြိမ် အဖြစ် လူအမြောက်အမြားတွင် လေ့လာသုတေသန ပြုချက်အရ အမျိုးသမီးများသည် အမျိုးသားများထက် အသည်းကွဲရောဂါ ဖြစ်နိုင်ခြေ ကိုးဆပို၍များသည် ဟုဆိုသည်။

ယခင်က သွေးကြောပိတ်ခြင်း သို့မဟုတ် နှလုံးရောဂါဆိုင်ရာ ပြဿနာ ရာဇဝင်လုံးဝမရှိဘဲ စိတ်ထိခိုက် ခြင်းကြောင့် နှလုံးရောဂါ ဖောက်မှု ရုတ်တရက်ဖြစ်ပေါ်ခြင်းကို အသည်းကွဲရောဂါဟုခေါ်သည်။

ဆရာဝန်များ၏ အဆိုအရ ခင်ပွန်းသည် ရုတ်တရက် ဆုံးပါးသွားခြင်းကဲ့သို့သော အဖြစ်မျိုး၌ အက်ဒရီနယ်လင် အပါအဝင် အခြားစိတ်ဖိစီးမှုကို ဖြစ်စေသည့် ဟော်မုန်းများ တစ်ဟုန်ထိုးမြင့်တက်လာပြီး ယင်းကနှလုံးရှိ သွေးမှုတ် ထုတ်သည့် အဓိကအခန်းကို ရုတ်တရက် ဝန်ပိစေခြင်းအားဖြင့် ထိခိုက်စေသည်။


ယင်းကဲ့သို့သော ဖြစ်ရပ်၌ နှလုံးခုန်စည်းချက်နှင့် သွေးအတွင်းပါဝင်သည့် အရာများမှာ နှလုံးရောဂါရှိနေသူ၏ လက္ခဏာရပ်များ နှင့်ထပ်တူ ဖြစ်နေ သော်လည်း နှလုံးရောဂါ ရှိနေသူကဲ့သို့ မည်သည့်သွေးလွှတ်ကြောမှ ပိတ်ဆို့ခြင်းမရှိဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု အာကင်ဆက် တက္ကသိုလ်မှ နှလုံးအထူးကုဆရာဝန် အဘီရှက်ဒက်ရှ်မူကာ ခေါင်းဆောင် သော အဖွဲ့သည် ဆေးရုံပေါင်း ၁ဝဝဝ မှ လူနာပေါင်း ၆၂၂၉ ဦး ကို လေ့လာ ခဲ့ရာ အသည်းကွဲ ရောဂါဟု ခေါ်သော ထိုရောဂါဖြစ်နိုင်ခြေသည် အမျိုး သမီးများ၌ အမျိုးသားများထက် ကိုးဆပို၍များကြောင်း တွေ့ရှိရသည်။

 Good Health 

                                        မှတ်ချက်။       ။ ရွှေမြန်မာမီဒီယာ မှကူးယူဖော်ပြထားပါသည်။

မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါကြောင့် တစ်နာရီတွင် လူ၂ ဦးနှုန်းသေဆုံး

မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်
ရောဂါကြောင့် တစ်နာရီတွင်
လူ၂ဦးနုန်း သေဆုံးပြီး၊ တစ်ရက်
တွင် အယောက် ၅၀ ၀န်းကျင်ခန့်
 သေဆုံးသောအခြေအနေမှ


သုညအခြေအနေသို့ ကျဆင်းအောင်ပြုလုပ်မည်ဖြစ်ကြောင်း လူထုအခြေပြုကွန်ရက်(၇)ခုမှ ဦးဆောင်ကျင်းပသော ကမ္ဘာ့အေအိုင်ဒီအက်နေ့အထိမ်းအမှတ် အခမ်း အနားတွင် မြန်မာနိုင်ငံအိတ်(ခ်ျ)အိုင်ဗွီ ပိုးရှိသူများကွန်ရက်မှ   ဒေါ်ခိုင်မာဆွေက ပြောကြားခဲ့သည်။

                             

မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများကွန်ရက်၏ စစ်တမ်းအရ ရောဂါပိုးရှိသူများ၏ ၃၀ရာခိုင်နုန်း သည် ရပ်ရွာကျေးရွာကိစ္စများတွင် ပါဝင်ခွင့်မရရှိခြင်းများ၊ ၁၅ရာခိုင်နုန်းသည် မိသားစုများ၏ အခန်းကဏ္ဍတွင် ပါဝင် ပတ်သက်ခွင့်မရရှိခြင်းများနှင့် ၄၁ရာခိုင်နှုန်းသည် အလုပ်ခန့် အပ်ရန် ငြင်းဆန်ခံရခြင်းနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ခွဲခြားဆက်ဆံခံရမှုများကြောင့် အိတ်(ခ်ျ)အိုင်ဗွီရော ဂါခံစားနေရသူများသည် ကိုယ့်ကို ကိုယ်သက်သေချင်စိတ်နှင့် မိမိကိုယ်ကို အပြစ်ရှိသူအဖြစ် ခံစားနေရ ကြောင်း သိရှိရသည်။ 
              
''ခွဲခြားဆက်ဆံမှုတွေ ရှိနေသ၍ ကာကွယ်တားဆီးရေးနဲ့ ကု သရေးတွေမှာ အခက်တွေ့နိုင်ပါတယ်။သူတို့ကိုယ်သူတို့ အိတ်(ခ်ျ)အိုင်ဗွီပိုးရှိကြောင်း ဖွင့်မပြောရင်လည်း ပတ်ဝန်းကျင်မှာ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဖွင့်ပြောလာဖို့နဲ့ ကာကွယ်ရေး တွေ ထိထိရောက်ရောက်လုပ်နိုင်ဖို့၊ ကုသရေးတွေ ပိုပြီးလုပ်နိုင်အောင်လို့ ခွဲခြားဆက်ဆံမှုတွေမရှိဖို့လိုအပ်ပါတယ်'' ဟု ဒေါ်ခိုင်မာဆွေက ဆက်လက် ပြောကြားခဲ့သည်။                           
နှစ်စဉ် အသက်၁၅နှစ် နှင့်အထက် လူပေါင်း၈၀၀၀ခန့်သည် အိတ်(ခ်ျ)အိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း ပညာရှင်များက ခန့်မှန်းကြသည်ကိုလည်း သိရသည်။ မြန်မာနိုင်ငံတွင် နေ့တစ်နေ့ကို အရွယ်ရောက်ပြီးသူပေါင်း ၂၀ကျော်သည် ယင်းရောဂါပိုးကူး စက်ခံနေရကြောင်းလည်း သိရှိရသည်။
       
မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများကွန်ရက်ကို ၂၀၀၆ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ အိတ်(ခ်ျ)အိုင် ဗွီ၊အေအိုင်ဒီအက်ဖြင့် အသက်ရှင်နေထိုင်သူများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း၊အိတ်(ခ်ျ)အိုင်ဗွီပိုးရှိသူ များ အချင်းချင်းဆက်သွယ်ပေးခြင်း၊ အိတ်(ခ်ျ)အိုင်ဗွီပိုးရှိသူများ၏ ကိုယ့်အားကိုယ်ကိုးအဖွဲ့များကို ဖွံ့ဖြိုးတိုးတက် စေခြင်းဖြစ်ကြောင်း သိရှိရသည်။

မှတ်ချက်။        ။ ရွှေမြန်မာမီဒီယာမှ ကူးယူဖော်ပြထားပါသည်။

                                       ကျေးဇူးတင်ပါသည်။ 

"ဘားကုဒ်တွေကို ဘယ်လို ဖတ်ကြမလဲ "

လူတိုင်းဟာ ပစ္စည်းရဲ့ တံဆိပ်
ကလေးတွေကို ကြည့်ပြီး ဝယ်လေ့ရှိ
ပါတယ်။ ၄င်း ပစ္စည်းရဲ့ နောက်ကျော
ဘက်မှာ ရေးထားတဲ့ ကုဒ်ကိုတော့
ဖတ်လေ့ဖတ်ထ မရှိသလောက်ပါပဲ။ တခါတရံမှာ ပစ္စည်း ထုပ်ပိုးထားတာရဲ့ ဗူးဆိုလျှင် အောက်ခြေလောက်မှာ
 ခေါင်းလျှော်ရည်ဆိုလျှင် ဘေးမှာ စသည်ဖြင့် ဘားကုဒ်ကလေးတွေ ရှိတတ်ကြပါတယ်။

ထိုဘားကုဒ်ကလေးတွေကို ကြည့်ခြင်းအားဖြင့် ဒီပစ္စည်းဟာ ဘယ်ကလာတယ်
ဆိုတာကို သိနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးအစားတိုင်းမှာ တွေ့နိုင်မယ်လို့တော့
 သင်တွေးထားလို့ မရပါဘူး။
 ဥပမာ ဘယ်နိုင်ငံမှာ ပြုလုပ်ပြီး ဘယ်မြို့မှာ ပြုလုပ်တယ်ဆိုတာကို သင်သိနိုင်
ပါတယ်တဲ့။

ဥပမာအားဖြင့် ဂဏန်းရဲ့ ပထမ သုံးလုံးကို ကြည့်လိုက်ပါ။ အဲဒီမှာ 690, 691 or 692

 တွေနဲ့ စထားလျှင် ကျနော်တို့ရဲ့ ချစ်စွာသော ပေါက်ဖော်ကြီး တရုပ်က ထုတ်
လုပ်တာဖြစ်ပြီး ၄၇ နဲ့ စထားတယ်ဆိုလျှင်တော့ ထိုင်ဝမ်က ထုတ်တာပါ။

ဗဟုသုတ အနေနဲ့ အောက်ပါ ဘားကုဒ်ကလေးမှာကို ဖတ်ကြည့်လိုက်ပါဦး

890......MADE IN INDIA
690, 691, 692 ...တရုပ်
00 - 09 ... USA and CANADA
30 - 37 ... FRANCE
40 - 44 ... GERMANY
471 ........ Taiwan
49 .......... JAPAN
50 .......... UK

Ko Thityaraik
                                     
မှတ်ချက်။       ။ ရွှေမြန်မာမီဒီယာမှ ကူးယူဖော်ပြထားပါသည်။

 ကျေးဇူးတင်ပါသည်။

Friday, December 7, 2012

ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။ သတိထားပြီး အမျိုးသားများလွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်းလာမယ့်ဘေး ပြေးတွေ့လိုက် တာပေါ့

မိန်းကလေးများ ရဲ့ သတိထားသင့်တဲ့...ညှို့ချက် (၈) ချက်

ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ်"သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ရှင်)

ညို့ချက် (၂)
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။
(မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)


ညို့ချက် (၃)
တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ်
တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ
(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)


ညို့ချက် (၄)
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက
ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း
ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီး
မှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)


ညို့ချက် (၅)
တစ်ချို့မိန်းကလေးတွေကျတော့ စကားကိုမကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက်
နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့
လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)


ညို့ချက် (၆)
မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကို
ကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုး
ခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

ညို့ချက် (၇)
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့
မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)

ညို့ချက် (၈)
မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်
တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)

အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။
သတိထားပြီး အမျိုးသားများလွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်းလာမယ့်ဘေး ပြေးတွေ့လိုက်
တာပေါ့............................

Wednesday, December 5, 2012

အမေ

အမေ
ကျနော့် အသက်တွေကြီးလာပေမဲ
ကျနော့ နှလုံးသားထဲမှာ အမေ မအိုသေးပါဘူး အမေ.. ။
အမေ
ကျနော့် အပေါ်မျာ အမေ့ကျေးဇူး ကြီးမားပေမဲ့
ကျနော် ကြေအောင် မဆက်နိုင်သေးဘူး အမေ……။


အမေ
ကျနော်နဲ့ ဒီသံသရာမှာ ဆုံဖြစ်ပေမဲ့
သံသရာ တဖက်ကမ်းကို လမ်းမပြနိုင်သေးဘူး အမေ ..
(ခွင့်လွှတ်ပေးပါ နော် )
အမေ ..
ကျနော့် နှလုံးသားရပ်ဝန်းမှာ ကြယ်စင်တွေ ပတ်ပတ်လည်ရှိပေမဲ့
အားလုံးဟာ လမင်း မေမေကို မမှီနိုင်ပါဘူး မေမေ..
အမေ
အမေ့ဂုဏ်ကျေးဇူးအတွက် ခိုင်းနှိုင်းစရာတွေရှိပေမဲ့
ပမာပြုပြီး တင်စားရတာ ကျနော် အားမရဘူး အမေ ..
အမေ
အမေ့မေတ္တာ အစုန်သာ ရှိတယ် ဆိုပေမဲ့
သားစွမ်းနိုင်သလောက် အဆန် ရှိချင်လိုက်တာ အမေ …
အမေ ..
ကျနော့်ခရီးလမ်း ဘယ်လောက်ပင် ကြမ်းပေမဲ့
နှလုံးသားမှာ မေမေလမင်း အမြဲထွန်းပ နေပါတယ် အမေ
အမေ
ခုလို တနယ်ရပ်ခြား ဝေးကွာနေပေမဲ့
သားနားမှာ အမေ အမြဲ ရှိပါတယ် အမေ ….
အမေ ..
အမေနဲ့အတူ အမေ့အတွက် သီးသန့် ကုသိုလ်မပြုနိုင်ပေမဲ့
သားပြုလိုက်တဲ့ ကုသိုလ်တိုင်းဟာ အမေ့အတွက်ပါ အမေ ..
အမေ…
အမေ့အနားမှာ အားရပါးရ အမေလို့ ခေါ်ချင်ပေမဲ့ ..
အဝေးကနေပဲ အူလှိုက်သဲလှိုက် “အမေ”လို့ ခေါ်နေပါတယ် အမေ …
အမေ …
အမေ .. အမေ … မေမေ … မေမေ … မေမေ…
အရမ်းချစ်တယ် အမေ … အဲ့ဒီထက် ခုတော့
အရမ်းလွမ်းနေပါတယ်    အမေ ..။

အပျိုကြီးဖြစ်မည်. လက္ခဏာ ဆယ်ပါး

( ၁ ) ။ အွန်လိုင်းပေါ်မှာ အမြဲစိမ်းနေသော်လည်း  မေးမထူး ခေါ်မထူးနေခြင်း

( ၂ ) ။ ပြန်ထူးလျှင်လည်း မချေမငံ ကက်ကက်လန်အောင် စွာခြင်း

( ၃ ) ။ အစားအသောက်ကို ခုံမင်ကြောင်း ထင်ရှားသည့်
ဓါတ်ပုံများတင်ခြင်း

( ၄ ) ။ မိမိဓါတ်ပုံတွင်  comment လာရေးသူများကို reply ပြန်လုပ်ရန် ပျင်းရိခြင်း

( ၅ ) ။ ဖုန်းနံပါတ်ပေးရန် တွန်.တိုခြင်း

( ၆ ) ။ ရည်းစားမရှိဘဲ In a Relationship  ဟု လုပ်ထားခြင်း

(၇ ) ။ သူငယ်ချင်းပေါင်း ထောင်ကျော်နေခြင်း

(၈ ) ။ ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ ရေးသမျှ ပိုစ်.တင်သမျှ ပုံတိုင်းတွင် တွေ.ကရာလူများကို Tag လုပ်ခြင်း

( ၉ ) ။ ဟာသဓါတ်ပုံများကို တချိန်လုံး ထိုင်ရှဲနေခြင်း

( ၁၀ ) ။ Accound ကို မကြာခဏ deactivate လုပ်ခြင်း



( မှတ်ချက် ) ။   ။  ဖော်ပြပါ အချက်အလက် များထဲမှ တချက်ချက်ဖြင်. ငြိစွန်းနေပါက
                      သေချာပေါက် အပျိုကြီး ဖြစ်လိမ်.မည်.....။

Saturday, December 1, 2012

လေးလအရွယ် တရုတ် မိန်းကလေး တစ်ဦး၏ အမြီး သဏ္ဌာန်ရှိ မွေးရာပါ အသားပိုကို ဖယ်ရှားရန် ခွဲစိတ်မှု ပြုလုပ်

လေးလအရွယ် တရုတ် မိန်းကလေး တစ်ဦး၏ အမြီး သဏ္ဌာန်ရှိ မွေးရာပါ အသားပိုကို ဖယ်ရှားရန် ခွဲစိတ်မှု ပြုလုပ် 

 

တရုတ်နိုင်ငံ ကွမ်တုန် ပြည်နယ် ကွမ်ကျိုးမြို့ရှိ ဆေးရုံ တစ်ရုံတွင် ...

ယခုလ အစောပိုင်းက လေးလ အရွယ် မိန်းကလေး တစ်ဦးတွင် ခြောက် စင်တီ မီတာ အရှည်ရှိပြီး အမြီး သဏ္ဌာန်ရှိ မွေးရာပါ အသားပိုကို ဖယ်ရှားရန် ခွဲစိတ် ကုသမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိန်းကလေးသည် ဆွန်ယက်ဆင် တက္ကသိုလ် ဆေးရုံတွင် အမွေး အမှင် မပါရှိဘဲ နူးညံ့သော အသားအရေ၊ ပန်းရောင် အသားပို တစ်ခုပါ ရှိသည့် မွေးရာပါ နာဗ်ကြောမ တန်းနှင့် အကာ မှေးများ ပေါ်နေသည့် ရောဂါနှင့် အတူ မွေးဖွား ခဲ့ကြောင်း ကွမ်ကျိုးမြို့ နေ့စဉ် သတင်းစာတွင် နိုဝင်ဘာ ၁၂ ရက်က ဖော်ပြ ထားသည်။

အဆိုပါ မွေးရာပါ အသားပိုတွင် အရိုး မပါကြောင်း၊ ကလေး၏ မျိုးရိုးဗီဇ သမိုင်းကြောင်း ဆိုင်ရာ ဆွေမျိုး သားချင်း များထဲတွင် ထိုသို့ မွေးဖွား လာခဲ့သူ မရှိကြောင်း ကွမ်ကျိုးမြို့ နေ့စဉ် သတင်းစာတွင် ဖော်ပြချက် အရ သိရသည်။

အဆိုပါ ကလေးငယ်အား ယခုနှစ် ဇွန်လက မွေးဖွား ခဲ့ပြီး သူမတွင် အမြီး သဏ္ဌာန်ရှိ ၎င်းအသားပို တစ်ခု ပါရှိသည့် အတွက် မိသားစု တစ်ခုလုံး တုန်လှုပ် ခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ မွေးရာပါ အသားပိုဖြင့် မွေးဖွား လာခြင်းသည် မျိုးရိုးဗီဇ သို့မဟုတ် ပတ်ဝန်းကျင် အခြေအနေ ကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။

အဆိုပါ အသားပိုသည် မွေးရာပါ နာဗ်ကြောမ တန်းနှင့် အကာ မှေးများ ပေါ်နေသည့် ရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ်မှု ရှိနိုင် သော်လည်း ယခင်က ယင်းကဲ့သို့ ရောဂါ မျိုးကို ဆေးဝါး ကုသ မှုဆိုင်ရာ ဖြစ်ရပ်မျိုး မရှိကြောင်း ကလေးနှင့် ပတ်သက်သော ရောဂါ ဆိုင်ရာ ခွဲစိတ် ကုသမှုဌာနမှ ညွှန်ကြားရေးမှူး တိန့်ရှောင် ကန့်က ပြောကြား ခဲ့သည်။
                                                 မှတ်ချက်။   မြ၀တီ မှကူးယူဖော်ပြထားပါသည်