Showing posts with label နည်းပညာများ. Show all posts
Showing posts with label နည်းပညာများ. Show all posts
Saturday, January 12, 2013
G locker အကြောင်း
screenshot-1358017355601 
ဒီ Application လေးကတော့ G locker လို့ ခေါ်ပါတယ်။ မူရင်း lock
ပုံစံကို ရိုးနေသူများအတွက် locker လန်းလန်းလေးပါ။
ဘယ်လို အသုံးပြုရမလဲဆိုတော့ မိမိ ဖွင့်ချင်တဲ့  Lock လေးကို
စာလုံး သို့ မဟုတ် စာသားကို Record လုပ်ရပါမယ်။
ပြီးမှ Lock ပြန်ဖွင့်ကြည့်ပါ။ဒီကောင်လေးမှာ တစ်ခုမိုက်တာက
တကယ်လို့ များ မိမိ ရေးထားတာကို မမှတ်မိတော့ရင်
Password နဲ့ ဖွင့်လို့ ရပါတယ်ဗျ။အောက်နားကနေ အပေါ်ကို ဆွဲလိုက်ရုံပါပဲ။
ပြီးမှ Password ရိုက်လိုက်ပေါ့။
မိမိကြိုက်နှစ်သက်သော ပုံကိုလည်း နောက်ခံထားနိုင်ပါသေးတယ်။
screenshot-1358072071036
အောက်မှာဒေါင်းနိုင်ပါတယ်။
Saturday, December 22, 2012
နှစ်သစ်ကူးကာလတွင် အသစ်ထည့်သွင်းလိုက်သော Facebook privacy shortcuts များအကြောင်း
Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။
ဒီလို privacy shortcuts များကို US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မ...ှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။
ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOM Fans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
-Blocking
Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို Block ချင်ရင် အရင်လို setting ထဲကနေ အရှည်ကြီး ၀င်နေစရာ မလိုတော့ပါဘူး။
Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး တတိယအကြောင်းမှာ မိမိ Block လိုတဲ့ user ရဲ့ နာမည်(သို့)သူ့ရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။
ဒါ့အပြင် သင်ယခင်က block ထားတဲ့ သူတွေရဲ့ စာရင်းကိုကြည့်နိုင်ဖို့ View All Blocked Users ဆိုတာကိုပါ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။
-Privacy Shortcuts
Facebook Privacy shortcuts pop-up box ရဲ့ ပထမအကြောင်းဖြစ်တဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းကို click နှိပ်လိုက်ပါ။
Who can see my future posts? ဆိုတဲ့ နေရာမှာ သင့်ရဲ့ post အသစ်အကုန်လုံးကို ဘယ်လို လုံခြုံရေးထားချင်သလဲဆိုတာကို မူတည်ပြီး လွယ်ကူစွာ ထိန်းချုပ်နိုင်အောင် လုပ်ထားပေးတာဖြစ်ပါတယ်။
နောက် Facebook Privacy shortcuts pop-up box ရဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ ဒုတိယ အကြောင်းဖြစ်တဲ့ Where can I review all my posts and things I'm tagged in? ဆိုတဲ့နေရာမှာတော့ သင်မတင်ခဲ့ဘဲ Tag လုပ်ခံထားရတဲ့ ပုံတွေ စာသားတွေကို ပါ ထိန်းချုပ်တာဖျက်ပစ်လို့ရမှာဖြစ်ပါတယ်။
ပြီးတော့ သင်မလိုတော့တဲ့ အတိတ်က ပိုစ့်အကုန်လုံးကို တစ်နေရာထဲကနေ ဖျက်ပစ်နိုင်မှာပါ။
Facebook Privacy shortcuts pop-up box ရဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ဆိုတဲ့ လုံခြုံရေးအတွက် အသုံးဝင်ပုံအကြောင်းကို ရှင်းပြသွားပါမယ်။
မိမိရဲ့ Profile ကို မည်သူက ၀င်ကြည့်ရင် ဘယ်လိုပေါ်နေလဲ ဆိုတာ သိချင်ကြပါတယ်။ ဒါကြောင့် "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ကိုဝင်ပြီး View As ကို နှိပ်လိုက်ပါ။
ဒါဆိုရင် သင့်ရဲ့ profile ကို ပေါ်လာပြီး This is what your timeline looks like to: ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ သူငယ်ချင်းနာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။
အခုပြောပြမှာကတော့ နောက်ဆုံးအချက်ပါ။
Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး ဒုတိယအကြောင်းဖြစ်တဲ့ "who can contact me" ကို click လိုက်ပါ။
ပထမဆုံးအကြောင်းဖြစ်တဲ့ Whose messages do I want filtered into my Inbox? ဆိုတာကတော့ မိမိကို message ပေးပို့နေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာပါ။
ဒုတိယအကြောင်းဖြစ်တဲ့ Who can send me friend requests? ဆိုတာကတော့ ဘယ်သူတွေက သူငယ်ချင်းဖြစ်ခွင့် ပို့လို့ရအောင် ထိန်းချုပ်မလဲဆိုတာပဲဖြစ်ပါတယ်။
ဥပမာအနေနဲ့ ပြောရရင် မိမိနဲ့ သူငယ်ချင်းဖြစ်လိုသူကြားမှာ ကြားခံသူငယ်ချင်း(Mutual) မရှိရင် friend request ဆိုတဲ့ button ကို နှိပ်ခွင့်ပေးဖို့ နေနေသာသာ တဘက်လူက buttomကို ရှာလို့ ရမှာတောင်မဟုတ်ပါဘူး။
Facebook မှာ ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ
   မြန်မာပြည်ကတင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Facebook user တော်တော်များများ သိချင်တဲ့ မေးခွန်း ဖြစ်ပါတယ်။ အချို့  က ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ၊ ဘယ်နှစ်ယောက် က ဝင်ကြည့်သလဲဆိုတာကို သိအောင် Facebook မှာ ပြုလုပ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ အမှန်
တော့ လုံးဝမရပါဘူး။
 Facebook ရဲ့  Privacy Policy အရ ဘယ်သူကမှ ကိုယ့် Profileကိုယ်ဘယ်သူဝင်
ကြည့်တယ်ဆိုတာ သိခွင့်မပေးပါဘူး။ ဘာကြောင့်လဲဆိုတာကတော့ Facebook မှာ အကြောင်းပြချက် သီးသန့်ရှိနေပါတယ်။ Facebook တင်မကပဲ အခြား Social Network တော်တော်များများလည်း ဒီ Option ကို ပေးမထားပါဘူး။ User interface သာ အဲလောက်ထိ ပေးလိုက်ရင် Facebook မှာ မလိုလားအပ်တဲ့
 ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
    ဒါကြောင့် Facebook ပေါ်မှာ ကိုယ့် Profile, Wall ကို ဘယ်သူတွေ ဝင်ကြည့်သလဲဆိုတဲ့ Application များဟာ အလိမ်အညာနဲ့ အပျော် အပျက် နှစ်မျိုးသာ ဖြစ်ပါတယ်။ အပျော်အပျက်ကတော့ Application အသုံးပြုသူကို ဖျော်ဖြေတဲ့သဘောဆန်ပြီး အခြား App တွေလိုပါပဲ။ ဥပမာ- Wow!!! Dear …, 103456 viewed your profile ဆိုပြီး ပုံလေးနဲ့တွဲ ထားတာမျိုးဖြစ်ပါတယ်။ အောက်မှာ Just for fun ဆိုပြီးတော့ ပါတတ်ပါတယ်။
အလိမ်အညာဆိုတာကတော့ ဟက်ကာများ ဖြစ်ပါတယ်။ ယင်း App ကို Install လုပ်မိရင် နောက်ဆက်တွဲက အဆိုးဘက်ကိုသာ ဦးတည်ပါတယ်။ အဆိုးဆုံးကတော့ မိမိ Password ကို သိသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အကောင့် ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့ Pasword မယူပေမယ့် အကောင့်ထဲကို Spam တွေအပြည့် ထည့်သွားပါတယ်။
ကိုယ်လည်းဘာမှမလုပ်ရပဲနဲ့ News Feed တွေတစ်ခုပြီးတစ်ခု ဆက်တိုက် တက်ပါမယ်။ တက်မယ့် Status တွေကလည်း wow! This app actually work! Now I know who viewed my profile, you can also try ဘာညာနဲ့ လခ့်တွေတောင် ပေးလိုက်ပါသေးတယ်။ ဒါကို မသိတဲ့ အစ်ကိုအမများက အဲလိုလားဆိုပြီး Click တွေ ဇွတ်နှိပ်ပါတော့တယ်။ ဒီလိုနဲ့ တစ်ယောက်မွေးတဲ့မီးက Facebook အသိုက်အဝန်းတစ်ခုလုံး ကို နေ့ချင်း ညချင်း ပျံလွင့်သွားစေပါတယ်။ ဒီမှာ ဗျာများပြီး ဘာလုပ်ရမှန်းမသိတော့ Feed တွေတစ်ခုပြီးတစ်ခု လိုက်ဖြတ်ရပါတယ်။ အဲလို ဖြတ်လေလေ ထပ်တပ်လာလေလေမျိုးလည်း ဖြစ်တတ်ကြပါတယ်။
သိတဲ့သူများကတော့ ဒါမျိုးတွေ ရှောင်ကြဉ်ကြပါတယ်။ တစ်ခါခါ အဲဒီလို Page ကို အချို့  စီးပွားရေး လုပ်ငန်းရှင်နဲ့ Product Page များက အသုံးပြု တတ်ပါတယ်။ သူတို့က အဲလိုလုပ်ပေးတဲ့ Developer တွေကို ဆပွန်ဆာပေးပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။ ဘယ်သူ သင့် Profile ကြည့် သလဲဆိုတာတွေကို click နှိပ်မိလိုက်ရုံနဲ့ သူတို့ Fan Page ကို အလိုလို Like လုပ်ပြီးသား ဖြစ်အောင်ထားတဲ့ Option မျိုးဖြစ်ပါတယ်။ အချို့ကျတော့ အကောင့်ခိုးချင်တဲ့၊ ပျက်ဆီးစေချင်တဲ့ သဘောနဲ့လုပ်ကြပါတယ်။ ဒီ App တင်မကပဲ အခြားသော ဆိုးဆိုးရွားရွား Application များလည်း Facebook မှာ သိန်း၊သန်းမက ရှိနေတယ်လို့ သိရပါတယ်။
သို့ပေမယ့် ဘယ်လိုပဲလုပ်လုပ် သိထားတဲ့သူများအတွက် ကတော့ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ မရှောင်ရှားနိုင်ပဲ သတိချော်လို့ Click မိပြီဆိုရင်တော့ ထုံးစံအတိုင်း - Account Setting > App> ကိုဝင်ပြီး ကိုယ်မသုံးတဲ့ App တွေ၊ အတုအယောင် App တွေအားလုံး Remove လုပ်ပေးရုံဖြင့် မူလအခြေအနေကို ပြန်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Notepad မှာ စာတွေရေးပြီးရင်အလိုလျှောက်အချိန်ပေါ်စေချင်ရင်
Notepad မှာ စာတစ်ကြောင်းရေးပြီ ဆိုပါတော့ခင်ဗျာ။ အဲဒီစာကို ဘယ်အချိန်၊ဘယ်ရက်က ရေးလည်းဆိုတာကို မှတ်မိရင်မကောင်း
ဘူးလာခင်ဗျာ။ ကိုယ်က ဘယ်နေ့ ၊ဘယ်အချိန်က ရေးတယ်ဆိုတာ
ကိုရေးစရာမလိုပဲ အလိုအလျောက် ပေါ်လာမှာပါ။လွယ်ပါတယ်ခင်ဗျာ။
အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ ခင်ဗျာ။ ပြီးတာနဲ့ ထိပ်ဆုံးမှာ LOG
ဆိုတာလေးကို ရေးလိုက်ပါ။ ရေးပြီးရင်တော့ Enter တစ်ချက်ခေါက်လိုက်
ပါ။ ကိုယ်ရေးချင်တာတွေ ရေးလို့ ရပါပြီ ခင်ဗျာ။ ရေးပြီးသွားရင်တော့ F5
လေးကို နှိပ်လိုက်ပါ။ အချိန်၊ရက်၊လ၊နှစ်တို့ ကို ကိုယ်ရေးတဲ့ စာကြောင်းနောက်
ဆုံးမှာ ဖော်ပြပေးပါ လိမ့်မယ်။ နောက်တစ်ကြိမ် ပြန်ဖွင့်ပြီး ထပ်ရေးမယ်ဆိုရင်
ဘယ်နေ့ ၊ဘယ်အချိန်က ဒီစာကို ရေးသလဲဆိုတာကို ပြန်တွေ့ ရမှာပါ။ စာထပ်ရေး
မယ်ဆိုရင်လည်း ရေးပါ၊ပြီးရင် F5 လေးနှိပ်လိုက်ရင် စာရေးတဲ့ အချိန်ကို Update
လုပ်ပေးပါလိမ့်မယ်။ အစဉ်ထာဝရ အမှတ်တရ ဖြစ်ပါစေ။
ကိုယ့်ရဲ့ gmail အကောင့်ကိုမသုံးချင်တော့ရင် ဘယ်လိုဖျက်မလဲ..
G-mail ကိုဘယ်လိုဖျက်မလဲ…..
အခမဲ့ရတဲ့ G-mail တွေသင့်မှာများနေပြီ..ကျူခံရတာများလို့စိတ်ညစ်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ် ကိစ္စတစ်ခုခုကြောင့် ဖျက်ချင်တာပဲဖြစ်ဖြစ် ဖျက်ကြည့်ရအောင်…………
-Google Account Settings ဆီကိုသွားပါ။Edit ထဲကိုအရင်သွားလိုက်နော် ပြီးရင်.
-Delete a Service အောက်က Delete G-mail Service ကို Click ပါ။
ဒီနေရာမှာ Close account and delete all service and info associated with it ကိုရွေးလည်းရပါတယ်။ဒီလိုရွေးချယ်မယ်ဆိုရင် ဖျက်ချင်တဲ့အကောင့်နဲ့သက်ဆိုင်သမျှ
i-google ,Google Docs စတာတွေပါ ပါသွားမှာပါ။-Yes ,I want to permanently delete *******@gmail.com and
remove from my google account ကိုရွေးပါ။-New Email Address နေရာမှာ သင့်ရဲ့ အီးမေးလ် လိပ်စာတစ်ခုခုအသစ်ရေးပါ။G-mail က Secondary email ကိုသတင်းပေးရာမှာ အသုံးပြုလို့ပါ။ ဒီ E-mail က
Google အတွက် သင့်မူပိုင်ပါပဲ။-ဖျက်ပြစ်လိုက်တဲ့ E-mail ရှိ ၊မရှိ စောစောလေးက ပေးထားခဲ့တဲ့ Mail
မှတစ်ဆင့်ပြန်စစ်ကြည့်ပါဦး။-Current Password အောက်က G-mail Password ကိုဝင်ပါ။-Remove G-mail ကိုရွေးပါ။
-Account-neroplyegoogle.com မှ Confirmation ကို သင်ပေးခဲ့တဲ့ Secondary�account မှာ ဖွင့်ကြည့်ပါ။
-Deletion Link ကိုဝင်ပါ။
-Password ရိုက်ထည့်ပါ။ပြီးရင် Verify: ပေါ့။
OK ပြီနော်…..
Notepad မှာ မြန်မာလိုရေးရအောင်ဗျာ
ကျွန်တော်တို့တွေတစ်ခါတစ်လေစာအကြမ်းရေးတာတို့ မြန်မာပါလာတဲ့ဖိုင်တွေကိုသိမ်းချင်တာတို့
တို့အတွက် notepad လေးကိုမကြာခဏအသုံးပြုကြရတယ်..ခက်တာက notepad မှာမြန်မာလိုရေးရင်လေးထောင့်
အကွက်တွေကြီးပဲပေါ်နေတာခက်တာ အဲ့ဒီတော့အဲ့လိုမဖြစ်ရအောင် notepad လေးမှာအောက်ကအတိုင်းပြောင်းထား
လိုက်ရအောင်လား..
အခုလိုလေးဖြစ်နေတာကို မြန်မာစာတွေမြင်ရဖို့အတွက် format ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ
အဲ့ဒီမှာ word warp နဲ့ font ဆိုပြီးကျလာပါမယ်..Font ကိုနှိပ်လိုက်ပါ..
 ပေါ်လာတဲ့အကွက်ထဲမှာ ဇော်ဂျီပြောင်းပေးလိုက်ပါ..ဓာတ်ပုံထဲကအတိုင်းလိုက်ပြောင်းပေးပြီးရင်
ok ကိုနှိပ်လိုက်ရုံပါပဲ
ပြီးရင် notepad ထဲမှာမြန်မာလိုရေးကြည့်ပါအုံးဗျာ..
နောက်ဆုံးတော့မြန်မာလိုရိုက်လို့ရသွားပြီပေါ့ဗျာ
Windows 7 Gadgets ပျောက်သွား၍ ပြန် ခေါ်လို့ မရသူများအတွက်
အရင်ဆုံး ဒီပို့စ် လေးနဲ့ ပဲ စတင်ပါရစေခင်ဗျာ။ တစ်နေ့ ကွန်ပျူတာကို ကလိရင်း ကလိပါများသွားသောကြောင့် ကျနော့် ကွန်ပျူတာ Desktop တွင် Gadgets များပျောက်ဆုံးနေပါတယ် ဘယ်လို မှ ထည့်မရ ထည့်၍ရပါသော်လည်း ဘာမှမပေါ် ပဲ လေးဒေါင့်ကွက် အသေးလေးသာ ပေါ်ပြီးအသုံးပြုမရ ဖြစ်နေပါတော့တယ် ကျနော် အသုံးများတဲ့ Gadgets ကနည်းပါတယ် 
နာရီ၊ Translater ၊ Calendar ဒါလောက်ပါပဲ သို့ ပေမယ့်ဒီသုံးခုက ကျနော့်အတွက် အမြဲ တမ်း သုံးနေတော့ မ၇ှိမဖြစ်လို အပ်လာပါတယ်။ ဒီတော့ ရှာရပီပေါ့ … ရှာတော့တွေ့ ပါတယ် နည်းလမ်းက တော့ —Registry ထဲမှာသွားလုပ်ရတာပါ
ပထမဆုံး Run Box ခေါ်ပြီး regedit ဟုရိုက်ထည့်ပါ Registry Editor ပေါ်လာပါလိမ့်မယ်
ထိုမှ တဆင့် HKEY_CURRENT_USER / Software / Microsoft / Windows /
အောက်တွင် CurrentVersion ဆိုတာ ရှိပါတယ် ထိုမှတဆင့် Internet Setting / Zone ကိုသွားပါ
Zone အပေါ်သို့ Right Click ထောက်ပါ Export ဆိုတာရှိပါတယ် ကလစ်ပေးလိုက်ပါ Box တစ်ခုပေါ်လာပါလိမ့်မယ် ထို Box တွင့် File Save ရန်နေရာကို Desktop ကိုေ၇ွးချယ်လိုက်ပါ ။ ပြီးလျင် File name ကို zones ဟုတ် အမည်ပေးကာ save ပေးလိုက်ပါ ။ ပြီးလျင် ခုနက Zones ဆိုသည်ကိုပြန်၍ right click ထောက်ကာ delet ကို ကလစ်ပေးလိုက်ပါ Yes (or) No ကို Yes ပေးကာ registry ကိုပိတ်လိုက်ပါ ပြီးလျင် စက်ကို Restart ပေးလိုက်ပါ အားလုံးအဆင်ပြေသွားပါလိမ့်မယ်ခင်ဗျာ ။(မှတ်ချက် ။ Gadgets ပျောက်တာ အမျိုးမျိုးရှိပါတယ် တစ်ချို့က Computer Setting ထဲမှာ Gadgets ကိုဖော် မထားသောကြောင့်ပျောက်ဆုံးခြင်းတွေ ရှိတတ်ပါတယ် ထိုသို့ ဖြစ်လျင်တော့ Computer Control Panel ထဲမှာတင် ပြင်၍ရပါတယ်)
ပျက်စီးသွားသော CD, DVD မှ Data များကို ပြန်ယူနည်း
စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာခြစ်ရာများ၊ ထင်းရာများ ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့တာမျိုး၊ မဖတ်တော့တာမျိုးတို့ ကြံဖူးမယ်ထင်ပါတယ်။ Laser printed လုပ်ထားတဲ့အတွက်
လက်သည်းနဲ့ ချစ်မိရင်တောင် အခန့်မသင့်ရင် Data တွေပျက်ဆီးပါတယ်။ အဆိုးဆုံးကတော့ ခွေလုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။
အချက်အလက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။ ၁။ အောက်ပါ လခ့်တွင် Roadkil’s Unstoppable Copierကို ဒေါင်းလုခ်ဆွဲပါ။
www.techday.in/wp-content/uploads/2012/05/unstopcp_by_techday.zip
၂။ unstopcp by techday.zip ကို Extract လုပ်ပါ။ unstopcpc.exe ကို run ပေးပါ။
၃။ မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။
၎။ ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။
၅။ copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။
သို့ပေမယ့် Roadkil’s က အသုံးပြုရတာ နှေးတယ်ပါတယ်။ ဒါကြောင့် Data copy speed မြန်ချင်တယ်ဆိုရင်
၁။ ကိုrun ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ တယ်။
၂။ Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။
စာဖတ်သူတို့ အသုံးပြုလို့အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။
USB Stick မတပ်မီ ဗိုင်းရပ်စ် မ၀င်အောင် ကာကွယ်ကြမယ်
ဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ဖို့အတွက် နည်းလမ်းများစွာ ရှိပါတယ်။ ဒါပေမယ့် အမှတ်တမဲ့နဲ့ မကွာကွယ်ကြတာများပါတယ်။ Kasper 2010 လို့ USB ကနေတက်လာတဲ့ ဗိုင်းရပ်စ် မှန်သမျှကို အော်တို Scan ဖက်ပေးတဲ့ ကောင်မျိုးဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး။
အားပျော့တဲ့ anti-virus တွေကို ကိုယ်စက်မှာ တင်ထားမိရင်တော့ဗိုင်းရပ်စ်တွေဟာ မိမိကွန်ပျူတာထဲကို အလွယ်တကူ ၀င်ရောက်လာနိုင်ပါတယ်။
အဲ့လိုဝင်ရောက်လာတာ ကိုကာကွယ်ဖို့နည်းလမ်းများ စွာထဲက အခုနည်းလမ်းတစ်ခု ကိုရွေးပါမယ်။ ကွန်ပျူတာသို့ အများဆုံးဗိုင်းရပ်စ် ဝင်ရောက်လာနိုင်တာကတော့ USB stick နဲ့ Extra HD တွေကပါ။ USB port မှာ USB stick ကို တပ်လိုက်တာနဲ့ Window စနစ်က autorun ကို လက်ခံပြီး ဖိုင်တွေကို ချိတ်ပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ်ပါတဲ့ ဖိုင်လည်း အလွယ်တကူ ချိတ်မိသွားပါတယ်။
ဒီတော့ autorun ကို ပိတ်ထားမှအဆင်ပြေပါလိမ့်မယ်…။
ဒါဆိုရင်တော့ autorun ကိုပိတ်လိုက်ရအောင်…
- Start/Run (box) မှာ gpedit.msc လို့ရိုက်ပါ။
- ပေါ်လာတဲ့ Group Policy (box) ရဲ့ User Comfiguration အုပ်စုအောက်က Administrative Templates ကို ရွေးချယ်ဖွင့်ပါ။
- System ကို ကလစ်လုပ်ပါ။ တစ်ဖက် မြင်ကွင်းအတွင်း Setting များတွင် Turn of Autoplay ကို ကလစ်နှိစ်ချက်နှိပ်ပါ။
- Turn of Autoplay Properties (box) ပေါ်လာပါမည်။ Disable ကိုရွေးချယ်ပါ။
အားလုံး အဆင်ပြေ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်ဗျာ။
Window password ကိုသူများပြောင်းလို့ မရအောင်လုပ်နည်း…
ကွန်ပျူတာကို password ခံထားတတ်ကြပါတယ်…။
passwordခံထားရုံနဲ့ မလုံလောက်သေးဘူးထင်ရင်တော့ ဒီနည်းလေးကိုသုံးကြည့်လိုက်ပါ..။.
၁၊ window+R နှိပ်ပြီRun box ခေါ်လိုက်ပါ။
၂၊ gpedit.msc ကိုရိုက်ထည့်ပြီ ok(or)Enter နှိပ်လိုက်ပါ။
၃၊ Group Policy Object Editor ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။
၎၊ အဲဒီ box ရဲ့ Local Computer Policy အောက်က User Configuration
ကိုသွားလိုက်ပါ။
၅၊ User Configuration ရဲ့အောက်မှ Administrative Template ဆိုတာလေးကို double
click ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။
၆၊ ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာလေးကို
double click ပေးပြီဝင်လိုက်ပါ။
၇၊ အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီး
ဝင်လိုက်ပါ။
၈၊  အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box လေး
ထပ်ပေါ်လာပါလိမ့်မယ်။
၉၊  အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကိုအမှန်ခြစ်လေးပေးပြီး apply , ok
ပေးလိုက်ရင် သူငယ်ချင်းကွန်ပျူတာ ပိုပြီးတော့စိတ်ချရပါလိမ့်မယ်..။
folder ကို software မသုံးဘဲ lock မယ်
Folder များကို လျော့ချချင်တဲ့အခါ ဆော့ဝဲလေးတွေကို
အသုံးပြုကြရပါတယ်..
အခုဟာလေးကတော့ ဆော့ဝဲမပါပဲ Folder လော့ချတဲ့နည်းလေးပါ
ကဲ တောရက်စ်တို့ကလိကြည့်ရအောင်
1.Folderလေးတစ်ခုကို မိမိနှစ်သက်တဲ့အမည်နဲ့ဆောက်လိုက်ပါ
2. အောက်မှာကျနော်ပေးထားတဲ့စာမျာကို Select ပေးပြီး Copy လုပ်ပါ
3.ပြီးရင် Notepad ဖွင့်လိုက်ပါ Notepad ထဲကို Copy
ကူးလာသောစာများကို Paste လုပ်လိုက်ပါ
4.Copy ကူးထားသော ကုဒ်များထဲမှ ၂၃ကြောင်းမြောက် မှာရှိတဲ့
Password  here ဆိုတဲ့နေရာလေးမှာ Password here ဆိုတာ ဖျက်ပြိး
မိမိထည့်ချင်သော စကာဝှက်ကို ထည့်လိုက်ပါ ( အနီရောင်ပြထားသော
စာများ)
5.File မှ Save as နဲ့ မိမိတည်ဆောက်ထားသောက် Folder မှာသိမ်းပါ. File
name မှာ locker.bat နဲ့ သိပ်းပေးပါ
6. မိမိတည်ဆောက်ထားသောက် Folder ထဲတွင် locker ဆိုတဲ့ File
တစ်ခုတွေ့ရပါမယ်
7.ထို File ပေါ်တွင် ၂ ချက်ကလစ်ပြီး Private ဆိုတဲ့နာမည်နဲ့ Folder
တစ်ခုထွက်လာပါလိမ့်မယ်
8.မိမိတည်ဆောက်ထားသော File များကို Private ဆိုတဲ့ Folder
လေးထဲမှာ ထည့်လိုက်ပါ. ပြီးရင် LOCKER ဆိုတဲ့ ဖိုင်လေးကိ ကလစ်လိုက်ပါ
Folder ကိုလော့ချမှာလား၊ လော့မချဘူးလားဆိုတာ တောင်းပါလိမ့်မယ်…
9.Y လို့ရိုက်လိုက်ပြီး Enter ခေါက်လိုက်ပါ. Private ဆိုတဲ့နာမည်နဲ့ Folder
နာမည် ပျောက်သွားပါလိမ့်မယ်
10. သင်လော့ချထားတဲ့ Folder ကိုပြန်ပြီး မြင်ချင်ဆိုရင်တော့ LOCKER
ဆိုတဲ့ ဖိုင်လေးကို ပြန်ကလစ်ပြီး အပေါ်မှာ ပေးထားခဲ့တဲ့ စကားဝှက်ကို
ထည့်လိုက်ပါ Folder လေးပြန်ပေါ်လာပါလိမ့်မယ် ပြန်ဖျောက်လိုပါက
locker ကိုပြန်နိုပ်ပါ. Yလို့ရိုက်ပြီး Enter နိုပ်လိုက်ပါ
ပြန်ပျောက်သွားပါလိမ့်မည်။
-------------------------------------------------------------------------------------------
cls
@ECHO OFF
title Folder Private
if EXIST “Control Panel.{21EC2020-3AEA-1069-A2DD-
08002B30309D}” goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p “cho=>”
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private “Control Panel.{21EC2020-3AEA-1069-A2DD-
08002B30309D}”
attrib +h +s “Control Panel.{21EC2020-3AEA-1069-A2DD-
08002B30309D}”
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p “pass=>”
if NOT %pass%== password here goto FAIL
attrib -h -s “Control Panel.{21EC2020-3AEA-1069-A2DD-
08002B30309D}”
ren “Control Panel.{21EC2020-3AEA-1069-A2DD-
08002B30309D}” Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End
----------------------------------------------------------------------------------------------
                                    မောင်တိုင်ပတ်--------------------------
ကွန်ပျူတာကို စကားပြောပြီးခိုင်းကြည့်ရအောင်ဗျာ
သူငယ်ချင်းတို့ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်
ကွန်ပြူတာ ကို စကားပြောပြီး -သီချင်းဖွင့်ခိုင်းလို့ရတယ်
-စာတွေရေးခိုင်းလို့ ရတယ်
-ဂိမ်းကစားခိုင်းလို့ရတယ်
-အဖွင့် အပိတ် လုပ်ခိုင်းလို့ ၇တယ်
-အင်တာနက်သုံးလို့ရတယ်
-ချက်တင် ပြောလို့ရတယ်
ကျန်တာတွေ အများကြီး ကို လည်သလို ခိုင်းလို့ ရပါတယ်။
 တစ်ခုတော့ ရှိတယ်ဗျ။သူ့ကို ခိုင်းမယ်ဆိုရင် အင်္ဂလိပ်လိုပဲ ခိုင်းလို့ရတယ်။။ကိုယ်ပြောတဲ့စကားကို
အင်္ဂလိပ်လိုပီအောင်ပြောရတယ်ဗျ။မခက်ပါဘူး
ကျနော် အကြိုက်ဆုံး အချက် က ဒါလေးကို စကားနဲ့ ခိုင်းနေရလို့ ကိုယ့်ရဲ့ အင်္ဂလိပ်စကားပြောလဲတိုးတက်လာနိုင်ပါတယ် ကျနော် ကလိနေတဲ့ အတွေ့အကြုံ လေးကို မသိသေးသူများ လည်း ကလိချင်ရင် ကလိလို့ ၇အောင်ပြန်လည်ဝေမျှ ပေးခြင်း
သာဖြစ်ပါသည်။ကျနော့် လို လူပိန်းများ နားလည်အောင်လဲဓါတ်ပုံစခရင် ဖမ်းပြီး ကြိုးစားေ၇းသားထားပါတယ်။
ကဲ စလိုက်ရအောင်
လိုအပ်ချက်များ----------------------
 Window 7 ကို ဘဲ ကျွန်တော် ပြမယ်နော် ။ (ဟီး... ကျွန်တော် ဆိုင် က window 7 ကို ဗျ)
အရင်ဆုံး ကွန်ပြူတာကီးဘုတ်ပေါ်က ၀င်းဒိုးပုံပါတဲ့ခလုတ်ကို ကလစ်လိုက် Start menu ပေါ်လာရင် contorl panel
ထဲဝင်လိုက်ပါ။
Speech Recognition ထဲထပ်ဝင်ပါ။
 အခုမှစသုံးမယ်ဆိုတော့ လေ့ကျင့်ခန်းအရင်လုပ်ကြည့်ပါ(လေ့ကျင့်ခန်းကို အကုန်
လေ့ကျင့်ကြပါ ဒါမှ တကယ် အသုံးပြုတဲ့ အခါ ကျရင် အဆင်ပြေမှာပါ)
Take Speech Tutotial ကို ကလစ်လိုက်ပါ။
 အောက်ကပုံအတိုင်းပေါ်လာမှာပါ
ညာဘက်ဒေါင့်မှာ ကိုယ်ပြောရမယ့်ဟာတွေကို ရေးထားပေးပါတယ် တက်နိုင်သလောက် ပီအောင်ပြောကြည့်ပါ
ကိုယ်ပြောတာ မှားနေရင် ဘယ်ဘက်က player မှာ What is this? လို့ ပြောနေမှာပါ မှန်အောင်ပြောပေးလိုက်ပါ။
(လေ့ကျင့် ခန်း ဖြစ်တဲ့ အတွက် သူပြောခိုင်းသလောက်ပဲပြောပါ။သူပြောခိုင်းတဲ့ အတိုင်း ပြောပါ။ တကယ်သုံးရင်တော့
ကိုယ်ခိုင်းချင်သလို အဆင်ပြေအောင်ပြောလို့ ရပါတယ်)
တစ်ခုသတိပေးချင်တာကတော့ လေ့ကျင့်ခန်းမှာ မောက်စ် နဲ့ ကီးဘုတ်ကို သုံးစရာမလိုပါ စကားပြောသက်သက်နဲ့ပဲ အလုပ်လုပ်မှာပါ
Next့ အစ Ok က အစ အားလုံး စကာပြောနဲ့ပဲ ခိုင်းပါ
လေ့ကျင့်ခန်းအားလုံး လေ့ကျင့်ပြီးသွားရင်တော့ ကွန်ပြူတာကို ဘယ်လိုခိုင်း၇မလဲ သဘောပေါက်လာပါလိမ့်မယ်
လေ့ကျင့်ခန်းကို ကျော်ပြီး မလေ့ကျင့်ပါနဲ့ လိုတော့ ပြောချင်ပါတယ်
အားလုံးပြီးပြီးဆိုရင် အပေါ်ဆုံးက Start Speech Recognition ကို ကလစ်ပြီး Player ပေါ်လာရင် လည်သလို
ခိုင်းပေတော့……မိတ်ဆွေ။။။။
သူငယ်ချင်းတို့ ကို စိတ်ရှည်ပါ လို့ ပြောချင်ပါတယ်
( အခု ဖော် ပြပေးသော စခရင် ပုံ များမှာ ကျွန်တော် တို.ဆိုင် က computer ဖြစ်လို. သူငယ်ချင်းတို.စက်နဲ့ နည်းနည်းလွဲနေပါလိမ်မယ် ။ဒါပေမဲ့ ကြိုးစားကြည်.ပါလို.ပြောချင်ပါတယ်။)
------------မောင်တိုင်ပတ်---------------------
Windows 7 မှာThis copy of windows is not genuine လို့ပေါ်ပြီး Desktop Screen မဲနေသူများအတွက်
Windows 7 မှာThis copy of windows is not genuine လို့ပေါ်ပြီး Desktop Screen မဲနေသူများအတွက် ဒီ ပိုစ့်လေးကို ဗဟုသုအနေနဲ့တင်ပေးလိုက်ရပါတယ်။ Desktop wallpaper ကို ချိန်းလိုက်သော်လည်း စက္ကန့်သုံးဆယ် ဒါမှမဟုတ် တစ်မိနစ်အတွင်း အမဲရောင်ပြန်ဖြစ်သွားတာပါ။ ဒါဟာ ဘာကြောင့်လဲ ? ဟုတ်ကဲ့ ကိုယ်တင်တဲ့ Windows 7 က License မမှန်လို့ဖြစ်တာပါ…။ 
 နောက်ပြီး အဓိက
Screen မဲရတဲ့ အဓိကအကြောင်းရင်းက အင်တာနက်ချိတ်ဆက်ထားတဲ့ Windows 7 သုံးကွန်ပျူတာတွေမှာ Windows Update လုပ်ငန်းစဉ်ကို ပိတ်မထားလို့ဖြစ်ပါတယ်။ ကိုယ်သုံးနေတဲ့ Windows 7 က Copy … အဲဒါကို အင်တာနက်ချိတ်ပြီး Windows Update လုပ်လိုက်တော့ Microsoft Server က ကော်ပီးမှန်လဲသိရော ကန်ချလိုက်တာပေါ့ဗျာ..License ကို Block လုပ်ပစ်လိုက်တာပေါ့။
Windows 7 Loader တွေနဲ့ License Crack သုံးမယ်ဆိုရင်တောင် ကန်ချခံရဖို့ကတော့ ရာနှုန်းများနေပါသေးတယ်..ဒါကြောင့် မိမိ Windows7 က တန်ရာတန်ကြေးနဲ့ပေးဝယ်ထားတာမဟုတ်ရင်တော့ လုံးဝ Update မလုပ်လိုက်ပါလေနဲ့.မဲလတူးဖြစ်သွားပါလိမ့်မယ်ခင်ဗျာ..။
  နောက်တစ်ချက်က မြန်မာနိုင်ငံမှာရှိတဲ့ Computer Services Center တော်တော်များများက သူတို့ဆီမယ် Windows 7 တင်ပြီဆိုရင် တင်ပေးလိုက်တာဘဲရှိပါတယ်..ကိုယ် တင်ပေးလိုက်တဲ့ Windows 7 က လိုင်စင်ပါမပါလဲမကြည့်ဘူး..ဒီတော့ သုံးတဲ့သူက နားမလည်ရင် ဒုက္ခရောက်တော့တာပေါ့ဗျာ..မြန်မာနိုင်ငံမှာ ရှိတဲ့ Windows 7 တော်တော်များများက Copy နဲ့Trial Version (30 Days) တွေက များပါတယ်..ဒါကြောင့် Windows 7 တင်ပြီးပြီဆိုရင် Windows 7 Loader တွေနဲ့ လိုင်စင် ဖြည့်ကိုဖြည့်ပေးရပါမယ်။ 
အခု Windows Update လုပ်မိလို့ မဲသွားတဲ့ကွန်ပျူတာ အတွက် ပြုပြင်နည်းကို ပြောပြပါ့မယ်။
(၁) Run Box ကိုခေါ်ပါမယ်.. ကီးဘုတ်မှာ ရှိတဲ့ Windows Key နဲ့ R ကိုတွဲနှိပ်လိုက်ပါ။ Run Box တက်လာပါလိမ့်မယ်။ အဲဒီထဲမယ် msconfig  ဟုရိုက်ထည့်ပြီး OK နှိပ်ပါ။ System Configuration Box
တက်လာပါလိမ့်မယ်.အဲအထဲမှာမှ  Services ကိုရွေးချယ်လိုက်ပါ။ ပီးတာနဲ့ အောက်ဆုံးအထိ Scroll Bar လေးကိုဆွဲသွားပြီး Windows Update နဲ့ Security Center ကိုအမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။ ပီးရင် Apply >> OK အဆင့်ဆင့်ထွက်လိုက်ပါ။ Restart ချခိုင်းပါလိမ့်မယ် မချပါနဲ့ Exit Without Restart လို့ပေးလိုက်ပါ။
(၂) WAT Fix.exe ကို Run (Double Click) နှိပ်လိုက်ပါ။ WAT Fix Box တက်လာပြီး သူ့ဘာသာသူ 1% ကနေ 100% အထိ အလုပ်လုပ်နေပါလိမ့်မယ်.ပီးရင် သူ့ဘာသာသူ Computer Restart ကျသွားပါလိမ့်မယ်။
(၃) စက်ပြန်တက်လာရင် WiLoader.exe ကို Double Click နှိပ်ပါ။ Install နဲ့ Uninstall ဆိုပြီးနှစ်ခုပေါ်လာရင် Uninstall ကိုအရင်နှိပ်ပါ။ Restart ချခိုင်းရင် ချပေးလိုက်ပါ။ စက်ပြန်တက်လာရင် WiLoader.exe ကို ထပ်ပြီး Run လိုက်ပါဦး..Install နဲ့ Uninstall ပေါ်လာရင် Install လုပ်ပါ..အစိမ်းတန်းလေးတက်တာပြီးသွားရင် Restart ချခိုင်းပါလိမ့်မယ်..ချပေးလိုက်ပါ။။ စက်ပြန်တက်လာပြီဆိုရင်တော့ This Copy of windows is not genuine ဆိုတဲ့ စာတန်းလဲပျောက်သွားပါလိမ့်မယ်..ပီးတာနဲ့ မိမိစိတ်ကြိုက် BackGround ချိန်းပြီး ပုံမှန်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
Windows 7 တင်ပြီးကာစ သူများအတွက် လိုင်စင် ထည့်ရန်အတွက်ကတော့ အထပ်ဖော်ပြပါ အဆင့် (၃) အတိုင်း ပြုလုပ်ပေးပါရန်။
မှတ်ချက် – This copy of windows is not genuine စာတန်းပေါ်နေပြီဆိုရင် ပေကပ်ပြီးတော့ ဆက်မသုံးပါနဲ့..လုံးဝ အမည်းရောင်ဖြစ်ပြီး ဘားမှမတက်တော့တဲ့ အဖြစ်မျိုး လေးငါးခါလောက်ကြုံဖူးခဲ့လိုက်ပါခင်မျာ။ကြိုက်တဲ့ Link ကနေ Windows Loader ကို Down နိုင်ပါပြီ။
download  here.................
Mouse မရှိတဲ့ အခါ Mouse အသုံးပြုသလိုမျိုး ကီးဘုတ်ကနေသုံးလို. ရတဲ့နည်းပါ။
၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ
ရှိတဲ့ number lock ကီးရယ်ကို တစ်ပြိုင်နက် နှိပ်တာပါ)
၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။
၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
၎။ ပြီးရင် ဘေးက Settings ထဲသို့ ထပ်ဝင်ပါ။
၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast
အထိဆွဲတင်ပါ။
၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse
ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ
မျဉ်းနီလေး
ခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး
မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse
Pointer လေးကို ရွှေ့နိုင်ပါပြီ။
၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( – )key
ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key
ကိုနှိပ်ပေးရပါမယ်။
Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက
နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။
နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို
ပြန်နှိပ်ပေးလိုက်ပါ။အဆင်ပြေကြပါစေ..။
Layer များအကြောင်း (In Photoshop)
Photoshop ကိုလုပ်ဆောင်ဖို့ရာ အဓိက ပိုင်နိုင်ရမှာက Layer တွေကိုပါ။ Layer တွေရဲ့ အလုပ်လုပ်ပုံကို အကျွမ်းတ၀င်သိထားမယ်ဆိုရင် ကိုယ့်ရဲ့လုပ်ဆောင်ချက်တိုင်းဟာ သက်ဝင်နေမှာပါ။ Layer တွေရဲ့ လုပ်ဆောင်ချက်တွေတိုင်းကို အောက်မှာ အမှတ်စဉ်နဲ့ ဖော်ပြထားပါတယ်…. ကြည့်လိုက်နော်……
ပုံမှာ ပုံ Layer လေးခုနဲ့ Background Layer တစ်ခုပေါ့….. (အဲ့ဒါက Background Layer ပေါ်ကို ဆွဲထားတဲ့ ပုံလေးပုံပါ…) အဲ့ဒါဆိုရင် Layer လေးတွေကို ဘယ်လို လုပ်မယ်ဆိုတာ သွားလေ့လာကြည့်မယ်နော်……
(). ပုံ Layer များကို နာမည်ပြောင်းခြင်း
အခု အပေါ်ပုံလေးရဲ့ Layer Palette လေးကို ကြည့်လိုက်မယ်နော်…..အဲ့မှာ Layer 1, Layer 2,…. ဆိုပြီး ပြထားတဲ့နေရာတွေကို အရောင်လိုက် နာမည်တွေ ဒါမှမဟုတ် ကိုယ်ပေးချင်တဲ့ နာမည်တွေကို ပေးမယ်ဆိုရင် ခု Layer 1 ဆိုတဲ့ စာရှိတဲ့နေရာလေးကို Double Click နှိပ်လိုက်ပါ။ ပြီးရင် Select ဖြစ်သွားတဲ့ Box လေးထဲ ကိုယ်ပေးချင်တဲ့နာမည် (eg., yellow) လို့ ရိုက်ပြီးရင် Enter နှိပ်လိုက်ပါ။
(၂). Layer များကို အပေါ်/အောက် စီခြင်း
ပုံ Layer တွေကို အဲလိုလေး စီထားလိုက်နော်…. ပြီးရင် အပေါ်/အောက် ရွှေ့ချင်တဲ့ Layer တွေကို Mouse လေးနဲ့ ဖိဆွဲပြီး အပေါ်တင်/ အောက်ချ လုပ်ကြည့်လိုက်နော်….အရင်ဦးဆုံး Layer ကို Active ဖြစ်အောင်လုပ်ပါ..( Layer ကို Select လုပ်တာပေါ့…) ပြီးရင် လက်ညှိုးပုံလေး ပေါ်လာရင်အပေါ်အောက် ဆွဲတင်/ဆွဲချ လုပ်နိုင်ပြီလေ…..အောက်က ပုံလေးအတိုင်း လိုက်စီကြည့်ပါ…..
(၃). Layer တွေကို မြင်ကွင်းမှ ဖျောက်ထားခြင်း
ကိုယ်က Layer တခုထဲမှာပဲ အလုပ်လုပ်နေတယ် … ပုံ Layer တွေကလည်း အများကြီးပဲ… အဲ့ဒါကြောင့် မလိုအပ်သေးတဲ့ Layer တွေကို ခဏဖျောက်ထားချင်တယ်ဆိုရင်….. Layer Palette ထဲက မျက်လုံးပုံလေးကို တစ်ချက်နှိပ်လိုက်ပါ… ဖော်တာကော ဖျောက်တာကောက အဲ့ဒီမျက်လုံးနေရာလေးကို တစ်ချက်စီ ပြန်နှိပ်ပေးလိုက်ရုံပါပဲ…..
(၄). Layer များကို Link ချိတ်ခြင်း ( Layer များပေါင်းခြင်း)
Layer များကို ပေါင်းမယ်ဆိုရင် အရင်ဦးဆုံး Link ချိတ်ပေးရပါတယ်…. ပထမ Layer ကို Active ဖြစ်အောင်
လုပ်ထားပါ… ပြီးလျှင် ကျန် Layer များကို Ctrl ဖိပြီး Select လုပ်ပါ…. ပြီးလျှင် Keyboard မှ Ctrl + E ကိုနှိပ်ပါ။
(၅). Layer များကို ဖျက်ပစ်ခြင်း
မလိုအပ်တော့သော Layer များကို ဖျက်ပစ်ချင်လျှင် ကိုယ်ဖျက်ချင်သော Layer ကို Active ဖြစ်အောင်လုပ် ပြီးလျှင် Layer ပေါ် Right Click နှိပ်ပြီး Delete Layer ကိုရွေးနှိပ်လိုက်ပါ။ ပြီးပါက Yes ကိုရွေးနှိပ်ပါ။ နောက်တစ်နည်းကတော့ Layer Palette ရဲ့ အောက်ဘက်နားလေးမှာ အမှိုက်ပုံး ပုံလေးကို တွေ့တယ်ဟုတ်…
ကိုယ်ဖျက်ချင်တဲ့ Layer ကို Mouse နဲ့ ဖိဆွဲပြီး အမှိုက်ပုံးထဲကို ဆွဲထည့်ပေးလိုက်ရုံပါပဲ….
ဖျက်ပစ်လိုက်တဲ့ Layer ကိုပြန်လိုချင်တယ်ဆိုရင် Ctrl+Z ကိုတစ်ခါနှိပ်ပြီး Ctrl+Alt+Z ကိုဆက်နှိပ်သွားပါ။
(၆). Layer များကို ပွားယူခြင်း
Layer များကို ပွားလိုလျှင် ပွားယူလိုသော Layer ကို Active ဖြစ်အောင်လုပ်ပြီး Layer ပေါ် Right Click နှိပ်ပြီး Duplicate Layer ကိုနှိပ်လိုက်ပါ။ ကျလာတဲ့ Duplicate Layer Box ထဲမှာ Layer အသစ်ရဲ့ နာမည်ကို ပေးလို့ရတယ်…မပေးချင်လည်း သူပေးတဲ့နာမည် blue copy ဆိုတဲ့အတိုင်း ထားလိုက်လဲ ရပါတယ်….ပြီးရင် OK ပေးလိုက်ပါ။ နောက်တစ်နည်းကတော့ Keyboard မှ Alt ကိုဖိပြီး ကိုယ်ပွားချင်တဲ့ ပုံကို ဖိပြီး ပွားလိုက်ရုံပါပဲ…
 (၇). Layer အသစ်တောင်းခြင်း
နောက်ထပ် ပုံ Layer တွေအတွက် Layer အသစ်လိုချင်လျှင် Layer Menu > New > Layer ကို ရွေးပါ။ Shortcuts Key အနေနဲ့ Ctrl + Shift + N ကိုနှိပ်နိုင်ပါသည်။ နောက်တစ်နည်းကတော့ Layer Palette ရဲ့ အောက်ဆုံးက ရုပ်ပုံလေးကို တွေ့တယ်ဟုတ်… အမှိုက်ပုံးလေးရဲ့ ဘေးချင်းကပ်လျက်မှာ စာရွက်လေး လမ်နေတဲ့ ပုံလေး Create New a Layer ဆိုတာလေးကို တစ်ချက် နှိပ်ပေးလိုက်ရုံပါပဲ…..
(၈). Layer များကို ရွှေ့မရအောင် Lock လုပ်ထားခြင်း
ပုံ Layer များကို ရွှေ့မရအောင် သော့ခတ်ထားချင်တယ်ဆိုရင် ကိုယ်ရွှေ့မရအောင် လုပ်ချင်သော ပုံ Layer ကို Active ဖြစ်အောင်လုပ်ထားပါ။ ပြီးလျှင် Layer Palette ပေါ်က သော့ပုံလေးကို တစ်ချက်နှိပ်လိုက်ပါ။ ကိုယ့်ရဲ့ ပုံလေးကို ဘယ်လိုမှ ရွှေ့လို့ရတော့မှာ မဟုတ်ပါ။ ပုံလေးကို ပြန်ပြီး ရွှေ့လို့ရချင်တယ်ဆိုရင်တော့ ပုံ Layer ကို Active ဖြစ်အောင် ပြန်လုပ်ပြီး Layer Paletter ထဲက သော့ပုံလေးကို တစ်ချက် ပြန်နှိပ်ပေးလိုက်ရုံပဲပေါ့….
(၉). Background Layer ကိုရွှေ့လို့ရအောင် Lock ဖြုတ်ခြင်း
အခု ပုံအတိုင်းဆိုလျှင် Background Layer ကို ရွှေ့လို့မရပါ။ ရွှေ့လို့ရချင်လျှင် Background Layer ကိုနှစ်ချက်နှိပ်လိုက်ပါ။ ပြီးလျှင် Box လေးတစ်ခု ပေါ်လာမယ် …အဲ့ဒီမှာ ကိုယ်ပေးချင်တဲ့ နာမည်ကို ပေးလို့ရတယ်…မပေးချင်လည်း သူပေးတဲ့နာမည်နဲ့ သုံးလည်းရတယ်… OK ပေးလိုက်ပါ။ အဲ့ဒါဆိုရင် Background Layer ကိုအလွယ်တကူ ရွှေ့လို့ရသွားမှာပါ။
ဒီဇိုင်းတွေ ဖန်တီးတဲ့အခါမှာ ကိုယ့်ရဲ့ ပုံရိပ်တွေမှာ တစ်ခုခုမှားနေခဲ့လို့ရှိရင် Layer Palette မှာ Layer လေးတွေကို ပြန်လည်စစ်ဆေးကြဖို့ပါ။
Layer လေးတွေရဲ့အကြောင်းကို ဆောင်းသိသလောက်ပြောပြပေးထားပါတယ်နော်… သူငယ်ချင်းတို့ကိုလည်း ဆောင်းရဲ့လိုအပ်ချက်လေးတွေကို ပြန်လည်ဝေဖန် ဖြည့်စွက်ပေးကြဖို့ကို မျှော်လင့်ပါတယ်…
အဆင်ပြေပါစေနော်…..
GOOGLE ကိုတိုက်ခိုက်မယ်
အရမ်းထူးဆန်းတယ်ဗျာ..စာလုံးလေးနှစ်လုံးတည်းနဲ့ google ရဲ့ ဖြိုပြစ်လိုက်နိုင်စွမ်းရှိတယ်..ဘာဆော့ဝဲလ်မှလည်းမလိုဘူး
ဘာနည်းပညာမှလည်းမလိုဘူးနော် စာလုံးလေးနှစ်လုံးတည်းကိုသာရိုက်ထည့်လိုက် google ကြီးတစ်ခုလုံးပြိုပျက်သွားမယ်
ကဲ စိတ်ဝင်စားကြမယ်ထင်ပါတယ်..အဲ့ဒီစာလုံးလေးကတော့
Zerg Rush
ဆိုတဲ့စာလုံးလေးပါ..အရင်ဆုံး www.google.com ကိုသွား ပြီးရင် search ဘားလေးထဲအဲ့စာလုံးလေးရိုက်ထည့်လိုက်
တဖြည်းဖြည်းချင်း
သူအလုပ်လုပ်သွားမယ် ပြီးဆုံးတဲ့အထိကြည့်နေပါနော်..မကြောက်ပါနဲ့ အပျော်တမ်းကစားစရာတစ်ခုပါ။
သူ့လုပ်ဆောင်ပုံက ဆရာဝန်တွေစကားနဲ့ပြောရရင်တော့ ဗိုင်းရပ်(စ်)ပိုးလေးတွေတိုက်နေသလိုပါပဲ..တွေ့သမျှစာသားတွေကို
လိုက်ရှာပြီး ဖြိုချပြစ်တာ ဟီးးးး
Friday, December 21, 2012
Gmail Back Up (or) Gmail Hacking
အခုတလော Cbox မှာ ခေတ်စားတဲ့..ပိုစ့်လေးပါ... ဒီ post ကို မတင်ခင်မှာ အကြိမ်ကြိမ် သချာ စဉ်းစားပါသေးတယ်။ သူခိုးလမ်းပြ လုပ်သလို၊ ကျားကို အတောင်ပံ တပ် ပေးသလို ဖြစ်မှာ စိုးရိမ်မိပါတယ်။
ဘာမှ မသိ နားမလည်သေးတဲ့ သိုးငယ်များကို ကျားပါးစပ် ပေါက်က လွတ်စေဖို့အတွက် လည်း အားလုံး သိဖို့လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကပဲ စဉ်းစားပြီး ကိုယ်ရေးကိုယ်တာ အတွက် အသုံးပြုလိုသူများအတွက် သုံးနိုင်အောင် ဖော်ပြလိုက်ရပါတယ်။
ဘယ်နိုင်ငံသားတွေနဲ့မှ မတူတဲ့ မြန်မာ လူမျိုးများရဲ့ ထူးခြားတဲ့ ဓလေ့စရိုက်တစ်ခု က အင်တာနက်ပေါ်ကနေ ချစ်သူဖြစ်ရင် ချစ်သူရဲ့ Gmail account ရဲ့ Password ကို တောင်းပြီး အကောင့်ထဲ ဝင်ကြည့်တာ၊ ဖြတ်သင့်တာဖြတ်တာ၊ စစ်သင့်တာ စစ်တာတွေ လုပ်ကြတာပါပဲ။ မသိရင်တော့ စစ်နေချိန်၊ ဝင်ကြည့်နေချိန်မှာ ကိုယ့်ထဲက အကြောင်းတွေ သူသိသွားပြီး Sign out လုပ်လိုက်တာနဲ့ သူဘာမှမသိတော့ဘူး၊ ဘာမှမတက်နိုင်တော့ဘူး၊ ခဏပြပြီး Password ပြန်ချိန်းလိုက်မယ် လို့ ဘယ်တော့မှ မစဉ်းစားလိုက်ပါနဲ့။ ဝင်ကြည့်နေချိန် ခဏ မှာ ကြည့်နေတာလေး နဲနဲတင် သိသွားမှာ မဟုတ်ပါဘူး၊ ဟိုး အရင် account စ လုပ်ချိန်ကနေ နောက်ဆုံး account ကို လုံးဝ မသုံး တော့ချိန်ထိ အားလုံး သိအောင် လုပ်ထားလို့ရပါတယ်။
ကိုယ့်အတွက် ကိုယ်ပဲ ဆိုရင်တော့ account အသစ် တစ်ခု သုံးချင်ချိန်တွေမှာ အရင်က အဟောင်းထဲက Data တွေ အားလုံးကို အသစ်ထဲ ကို ပြန်သိမ်းဖို့ အရမ်း အဆင်ပြေပါတယ်။
Email ကို Back up လုပ်တဲ့ စနစ်လေးပါ။
အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့ Email ထဲမှာရှိနေတဲ့ Mail တွေကို တစ်ခြား Email တစ်ခုကို တစ်စောင်ချင်း Forward လုပ်စရာမလိုပဲ နာရီပိုင်းအတွင်းမှာ သူ့အလိုလို တစ်ခြား Email တစ်ခုထဲကို Download ချပြီးသားဖြစ်အောင်လုပ်လို့ရပါတယ်။
ဒီ နည်းလမ်းက ကိုယ့်ရဲ့ Password ကို အခြား တစ်စုံတစ်ယောက်ကို ပေးထားတတ်တဲ့ သူတွေအတွက် အရမ်းကို အန္တရယ်များတဲ့ နည်းလမ်းပါ။ မိနစ်ပိုင်းအတွင်းမှာ ကိုယ့် ထဲကရှိသမျှ Mail အားလုံးကို ကိုယ့် Email address password ကိုသိနေတဲ့ တစ်ခြားလူတစ်ယောက်က download ချသွားနိုင်ပါတယ်။ ဘယ်သူ ချတယ်ဆိုတာ ကိုယ့်ထဲမှာလည်း စစ်လို့မရဘူးနော်။ ဥပမာပြောရရင် sample@gmail.com က ကိုယ့်ရဲ့ mail ထားပါတော့ အခြား မသမာသူ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Password သိနေတယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်သွားပါက ကိုယ့်ထဲကို Verification code ပါတဲ့ mail တစ်စောင်ပဲဝင်လာမယ်။ အဲဒီ mail ကိုလဲ အဲ့ဒီ မသမာသူ တစ်စုံတစ်ယောက်ကပဲ ယူပြီးတာနဲ့ ပြန်ဖြတ်သွားရင် ကိုယ့်အနေနဲ့ ဘာမှတောင် မသိလိုက်ရပဲ အားလုံးပါသွားလိမ့်မယ်။ အဟောင်းတွေ ပါသွားရုံတင် မဟုတ်ပါဘူး နောက်ထက် အသစ်တွေ ဝင်လာရင်လည်း သူ့ဆီကိုအလိုလို download ချနေမှာပါ။
ဒီ post ရဲ့ အဓိကရည်ရွယ်ချက်ကတော့ (၁) မသိသူများအတွက် အသိတစ်ခု တိုးစေဖို့၊ (၂) ကိုယ့် Email လုံခြုံရေးကို သတိပြုနိုင်စေဖို့နဲ့ (၃) ကိုယ့်ရဲ့ Email တွေကို back up လုပ်လိုသူများ လုပ်နိုင်ဖို့ အတွက်ပါ။
သူများ Mail ကို ခိုးဖို့မဟုတ်ပါဘူး။ အားလုံးပဲ မှန်ကန်စွာအသုံးချမယ်လို့ မျှော်လင့်ပါတယ်။
ပထမဆုံး ကိုယ့် Mail တွေကို Back up လုပ်ပြီး သိမ်းထားဖို့အတွက် Gmail အသစ်တစ်ခု လုပ်ပါ။
ပြီးရင် အဲဒီ Email အသစ်ထဲကိုဝင်ပါ။ ဥပမာ.. sample@gmail.com ဆိုတဲ့ Mail ကို အသစ် လုပ်ထားသော Mail တစ်ခု ကနေ Download ဆွဲမယ်ဆိုပါစို့။
1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။
2. Setting ကို သွားပါ။
3. Account and Import tab ထဲကို ဝင်လိုက်ပါ။
4. Add POP3 email account button ကို click ပါ။
5. Download ချ မယ့် account ရဲ့ Email Address ကို ဖြည့်ပါ။ (Download ချ ခြင်းခံရမည့် account)။
6. Next Step ကို click ပါ။
7. Password ကို ရိုက်ထည့်ပြီး Label incoming messages box ရှေ့တွင် အမှန်ခြစ်ပေးပြီး Dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။
8. Add Account ကို click ပါ။
9. Next Step ကို ဆက်သွားပါ။
10. နာမည်ဖြည့်ပြီး Next Step ကို click ပါ။
11. Send Verification botton ကို click ပါ။
12. Code နံပါတ်ကို ထည့်ရန် နေရာနှင့် Verify button တစ်ခု ကျလာပါလိမ့်မယ်။ Code နံပါတ် ရရှိရန်အတွက် မူလ account ထဲသို့ ပြန်ဝင်ပါ။ inbox (သို့) span mail ထဲသို့ code နံပါတ် ပါသော mail တစ်စောင် ရောက်ရှိ နေပါလိမ့်မယ်။
13. Code နံပါတ်ကို ဖြည့်ပြီး Verify လုပ်လိုက်ပါ။
နာရီအနည်းငယ်အတွင်းမှာပဲ Email အားလုံး ရောက်ရှိလာပါ လိမ့်မယ်။
အားလုံးပဲ မှန်ကန်စွာအသုံးချနိုင်ကြပါစေ။
မှတ်ချက်။ ။ အနာသိရင် ဆေးရှိ။ အမေးရှိရင် အဖြေရှိ ဆိုတဲ့အတိုင်း အသိနောက်ကျသွားလို့ ခံလိုက်ရသူတွေ၊ ကိုယ့် Email အချင်းချင်း Data တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေနဲ့ ကိုယ် Gmail ကို သံဿယ ရှိသူတွေ အတွက် ပြန်ဖြေနည်းတစ်ခု တော့ရှိပါတယ်။ ကိုယ် Password ပေးဖူးတဲ့ တစ်ယောက်ယောက် က ကိုယ့်ဆီက Email တွေကို အထက်ပါ နည်းအတိုင်း Download ချ သွားပြီ ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ ပါသွားတာကို တားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင် တားလို့တော့ ရပါသေးတယ်။ ဘယ်လိုတားမလဲဆိုတော့ နောက် post တစ်ခုတင်ပြီး ဖြေရှင်း ရေးသား ဖော်ပြ ပေးပါမယ်။ Gmail အသုံးပြုသူအားလုံး လုံခြုံ အစဉ်ပြေမှုများနှင့် ပြည့်စုံကြပါစေ။
Wednesday, December 19, 2012
GMAIL အကောင့်လုံခြုံမှု၇ှိစေရန်.
GMAIL အကောင့်လုံခြုံမှု၇ှိစေ၇န်.
တော်တော်များများတော့သိပြီးလောက်ပြီလို့ ထင်ပါတယ်. 
မသိသေးတဲ့ သူတွေအတွက်ရည်၇ွယ်ပြီးတင်ပေးလိုက်ပါတယ်. 
ဆိုင်တွင် GMAIL အကောင့်ဖွင့်ခိုင်း လျှင်. အကောင့်လျှောက်
ရန်. FORM ပုံစံထဲတွင်. YOUR CURRENT EMAIL ACCOUNT
နေ၇ာတွင်. ဆိုင်မှ ဖွင့်ပေးသူတစ်ယောက်က. ကိုယ့် EMAIL ACCOUNT
ကိုပဲထည့်လျှောက်လေ့ ရှိပါတယ်. 
အကယ်၍သာ. မိမိ၏ အကောင့် ပတ်စ်ဝေါ့ကို. မေ့သွားပါက. ပတ်စ်ဝေါ့
RESET လုပ်ရန် YOUR CURRENT EMAIL ACCOUNT လိပ်စာကို. 
တောင်းပါလိမ့် မယ်. အဲ့ အခါကျရင်တော့အခက်တွေ့ ပီပေါ့နော်.
အဲ့ သလိုအခက်အခဲမျိုးမကြုံစေချင်ရင်တော့အောက်ကပြောတဲ့ 
 နည်းလမ်းလေးအတိုင်းလိုက်လုပ်ကြည့်လိုက်ပါနော်.
မိမိမှာအကောင့်နှစ်ခုရှိမှအဆင်ပြေမှာပါ. 
GMAIL မှာအမျိုးအစား နှစ်ခု၇ှိပါတယ်. 
အသစ်အတွက်ကတော့. အောက်ကပုံလေးအတိုင်းလုပ်ကြည့်ပါနော်. 
အရင်ဆုံး. GMAIL ဖွင့်လိုက်ပါ. GMAIL ထဲက SETTING ကိုသွားပါ. 
ACCOUNT AND IMPORT ထဲက OTHER GOOGLE ACCOUNT SETTINGS ကိုသွားပါ
Recovery email address ဘေးနားက  EMAIL ADDRESS ဘေးနားတွင်. Edit ကိုနှိပ်ပါ. 
GMAIL PASSWORD ပြန်တောင်းပါလိမ့် မယ်. PASSWORD ၇ိုက်ပြီး ပြန်ဝင်ပေးပါ.
Account recovery options ဆိုပြီးကျလာပါလိမ့် မယ်. 
RECOVERY EMAIL ADDRESS ၏အောက်တွင်. ----- @gmail.com Edit ဆိုပြီးတွေ့ ပါလိမ့် မယ်. 
Edit ကိုနှိပ်လိုက်ပါ.
@gmail.com နေရာတွင်.မိမိအသုံးပြုသောအခြားအကောင့်တစ်ခုကိုထည့်ပါ. ပြီးရင် save ကိုနှိပ်ပါ. 
ပြီးသွားလျှင်တော့ အကောင့်လုံခြုံမှုရှိပါပြီ။
အဆင်ပြေပါစေ. 
နောက်တစ်မျိုးကတော့ basic HTML နဲ့ပါ.
အရင်ဆုံး setting ကိုသွားပါ. setting ထဲက account ကိုသွားပါ
account ထဲက google account setting ကိုနှိပ်ပါ
Recovery email address ဘေးနားက @gmail.com ဘေးနားက Edit ကိုနှိပ်ပါ.အပေါ်က နည်းအတိုင်း
ဆက်လုပ်ပါ.
အဆင်မပြေမှုများရှိပါက saunghninhninphyu22@gmail.com သို့ မေးပို့ ၍မေးမြန်းနိုင်ပါသည်။