Showing posts with label facebookအကြောင်း. Show all posts
Showing posts with label facebookအကြောင်း. Show all posts

Saturday, December 22, 2012

နှစ်သစ်ကူးကာလတွင် အသစ်ထည့်သွင်းလိုက်သော Facebook privacy shortcuts များအကြောင်း

Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။

ဒီလို privacy shortcuts များကို US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မ...ှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။



ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOM Fans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

-Blocking

Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို Block ချင်ရင် အရင်လို setting ထဲကနေ အရှည်ကြီး ၀င်နေစရာ မလိုတော့ပါဘူး။

Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး တတိယအကြောင်းမှာ မိမိ Block လိုတဲ့ user ရဲ့ နာမည်(သို့)သူ့ရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။

ဒါ့အပြင် သင်ယခင်က block ထားတဲ့ သူတွေရဲ့ စာရင်းကိုကြည့်နိုင်ဖို့ View All Blocked Users ဆိုတာကိုပါ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။

-Privacy Shortcuts

Facebook Privacy shortcuts pop-up box ရဲ့ ပထမအကြောင်းဖြစ်တဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းကို click နှိပ်လိုက်ပါ။

Who can see my future posts? ဆိုတဲ့ နေရာမှာ သင့်ရဲ့ post အသစ်အကုန်လုံးကို ဘယ်လို လုံခြုံရေးထားချင်သလဲဆိုတာကို မူတည်ပြီး လွယ်ကူစွာ ထိန်းချုပ်နိုင်အောင် လုပ်ထားပေးတာဖြစ်ပါတယ်။

နောက် Facebook Privacy shortcuts pop-up box ရဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ ဒုတိယ အကြောင်းဖြစ်တဲ့ Where can I review all my posts and things I'm tagged in? ဆိုတဲ့နေရာမှာတော့ သင်မတင်ခဲ့ဘဲ Tag လုပ်ခံထားရတဲ့ ပုံတွေ စာသားတွေကို ပါ ထိန်းချုပ်တာဖျက်ပစ်လို့ရမှာဖြစ်ပါတယ်။

ပြီးတော့ သင်မလိုတော့တဲ့ အတိတ်က ပိုစ့်အကုန်လုံးကို တစ်နေရာထဲကနေ ဖျက်ပစ်နိုင်မှာပါ။

Facebook Privacy shortcuts pop-up box ရဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ဆိုတဲ့ လုံခြုံရေးအတွက် အသုံးဝင်ပုံအကြောင်းကို ရှင်းပြသွားပါမယ်။

မိမိရဲ့ Profile ကို မည်သူက ၀င်ကြည့်ရင် ဘယ်လိုပေါ်နေလဲ ဆိုတာ သိချင်ကြပါတယ်။ ဒါကြောင့် "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ကိုဝင်ပြီး View As ကို နှိပ်လိုက်ပါ။

ဒါဆိုရင် သင့်ရဲ့ profile ကို ပေါ်လာပြီး This is what your timeline looks like to: ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ သူငယ်ချင်းနာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။

အခုပြောပြမှာကတော့ နောက်ဆုံးအချက်ပါ။

Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး ဒုတိယအကြောင်းဖြစ်တဲ့ "who can contact me" ကို click လိုက်ပါ။

ပထမဆုံးအကြောင်းဖြစ်တဲ့ Whose messages do I want filtered into my Inbox? ဆိုတာကတော့ မိမိကို message ပေးပို့နေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာပါ။

ဒုတိယအကြောင်းဖြစ်တဲ့ Who can send me friend requests? ဆိုတာကတော့ ဘယ်သူတွေက သူငယ်ချင်းဖြစ်ခွင့် ပို့လို့ရအောင် ထိန်းချုပ်မလဲဆိုတာပဲဖြစ်ပါတယ်။

ဥပမာအနေနဲ့ ပြောရရင် မိမိနဲ့ သူငယ်ချင်းဖြစ်လိုသူကြားမှာ ကြားခံသူငယ်ချင်း(Mutual) မရှိရင် friend request ဆိုတဲ့ button ကို နှိပ်ခွင့်ပေးဖို့ နေနေသာသာ တဘက်လူက buttomကို ရှာလို့ ရမှာတောင်မဟုတ်ပါဘူး။

Facebook မှာ ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ

   မြန်မာပြည်ကတင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Facebook user တော်တော်များများ သိချင်တဲ့ မေးခွန်း ဖြစ်ပါတယ်။ အချို့  က ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ၊ ဘယ်နှစ်ယောက် က ဝင်ကြည့်သလဲဆိုတာကို သိအောင် Facebook မှာ ပြုလုပ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ အမှန်
တော့ လုံးဝမရပါဘူး။


 Facebook ရဲ့  Privacy Policy အရ ဘယ်သူကမှ ကိုယ့် Profileကိုယ်ဘယ်သူဝင်
ကြည့်တယ်ဆိုတာ သိခွင့်မပေးပါဘူး။ ဘာကြောင့်လဲဆိုတာကတော့ Facebook မှာ အကြောင်းပြချက် သီးသန့်ရှိနေပါတယ်။ Facebook တင်မကပဲ အခြား Social Network တော်တော်များများလည်း ဒီ Option ကို ပေးမထားပါဘူး။ User interface သာ အဲလောက်ထိ ပေးလိုက်ရင် Facebook မှာ မလိုလားအပ်တဲ့
 ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။


    ဒါကြောင့် Facebook ပေါ်မှာ ကိုယ့် Profile, Wall ကို ဘယ်သူတွေ ဝင်ကြည့်သလဲဆိုတဲ့ Application များဟာ အလိမ်အညာနဲ့ အပျော် အပျက် နှစ်မျိုးသာ ဖြစ်ပါတယ်။ အပျော်အပျက်ကတော့ Application အသုံးပြုသူကို ဖျော်ဖြေတဲ့သဘောဆန်ပြီး အခြား App တွေလိုပါပဲ။ ဥပမာ- Wow!!! Dear …, 103456 viewed your profile ဆိုပြီး ပုံလေးနဲ့တွဲ ထားတာမျိုးဖြစ်ပါတယ်။ အောက်မှာ Just for fun ဆိုပြီးတော့ ပါတတ်ပါတယ်။

အလိမ်အညာဆိုတာကတော့ ဟက်ကာများ ဖြစ်ပါတယ်။ ယင်း App ကို Install လုပ်မိရင် နောက်ဆက်တွဲက အဆိုးဘက်ကိုသာ ဦးတည်ပါတယ်။ အဆိုးဆုံးကတော့ မိမိ Password ကို သိသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အကောင့် ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့ Pasword မယူပေမယ့် အကောင့်ထဲကို Spam တွေအပြည့် ထည့်သွားပါတယ်။

ကိုယ်လည်းဘာမှမလုပ်ရပဲနဲ့ News Feed တွေတစ်ခုပြီးတစ်ခု ဆက်တိုက် တက်ပါမယ်။ တက်မယ့် Status တွေကလည်း wow! This app actually work! Now I know who viewed my profile, you can also try ဘာညာနဲ့ လခ့်တွေတောင် ပေးလိုက်ပါသေးတယ်။ ဒါကို မသိတဲ့ အစ်ကိုအမများက အဲလိုလားဆိုပြီး Click တွေ ဇွတ်နှိပ်ပါတော့တယ်။ ဒီလိုနဲ့ တစ်ယောက်မွေးတဲ့မီးက Facebook အသိုက်အဝန်းတစ်ခုလုံး ကို နေ့ချင်း ညချင်း ပျံလွင့်သွားစေပါတယ်။ ဒီမှာ ဗျာများပြီး ဘာလုပ်ရမှန်းမသိတော့ Feed တွေတစ်ခုပြီးတစ်ခု လိုက်ဖြတ်ရပါတယ်။ အဲလို ဖြတ်လေလေ ထပ်တပ်လာလေလေမျိုးလည်း ဖြစ်တတ်ကြပါတယ်။

သိတဲ့သူများကတော့ ဒါမျိုးတွေ ရှောင်ကြဉ်ကြပါတယ်။ တစ်ခါခါ အဲဒီလို Page ကို အချို့  စီးပွားရေး လုပ်ငန်းရှင်နဲ့ Product Page များက အသုံးပြု တတ်ပါတယ်။ သူတို့က အဲလိုလုပ်ပေးတဲ့ Developer တွေကို ဆပွန်ဆာပေးပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။ ဘယ်သူ သင့် Profile ကြည့် သလဲဆိုတာတွေကို click နှိပ်မိလိုက်ရုံနဲ့ သူတို့ Fan Page ကို အလိုလို Like လုပ်ပြီးသား ဖြစ်အောင်ထားတဲ့ Option မျိုးဖြစ်ပါတယ်။ အချို့ကျတော့ အကောင့်ခိုးချင်တဲ့၊ ပျက်ဆီးစေချင်တဲ့ သဘောနဲ့လုပ်ကြပါတယ်။ ဒီ App တင်မကပဲ အခြားသော ဆိုးဆိုးရွားရွား Application များလည်း Facebook မှာ သိန်း၊သန်းမက ရှိနေတယ်လို့ သိရပါတယ်။

သို့ပေမယ့် ဘယ်လိုပဲလုပ်လုပ် သိထားတဲ့သူများအတွက် ကတော့ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ မရှောင်ရှားနိုင်ပဲ သတိချော်လို့ Click မိပြီဆိုရင်တော့ ထုံးစံအတိုင်း - Account Setting > App> ကိုဝင်ပြီး ကိုယ်မသုံးတဲ့ App တွေ၊ အတုအယောင် App တွေအားလုံး Remove လုပ်ပေးရုံဖြင့် မူလအခြေအနေကို ပြန်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Thursday, December 13, 2012

Facebook အကြောင်း သိကောင်းစရာ..

Facebook အကြောင်း သိကောင်းစရာ..


Blog post ရယ် လို့ တော့ မရည် ရွယ် ပါဘူး နော်.. ကျောင်း မှာ လုပ်ရမယ့် Presentation အတွက် Facebook အကြောင်း ပြင် ရင်းဆင် ရင်း.. ပြတိုက် အဖွဲ့  သား တွေ များ Facebook ရဲ့ ပေါ်ပေါက်လာပုံ လေး ကို သိ ချင် မလား ဆို ပြီး.. ဗဟု သုတ အနေနဲ့ အကျဉ်း ချုပ် ပြီး တင် ပြ လိုက် တာပါနော်.. Presentation ဖြစ်တဲ့ အတွက် ကြောင့် စကား ပြော ဆို ဟန် နဲ့ ရေး ဖွဲ့  ထား ပါသည်။ ပြတိုက် မှ အစ်ကို အစ်မ များ သူငယ်ချင်း များ အား လုံး ပျော်ရွှင်ချမ်း မြေ့ ပါစေ..!!


 Frogfish
facebook ဆို တာ မပြောခင် မှာ တော့ Facebook ဟာ social site တစ်ခု ဖြစ် တဲ့ အတွက် ကြောင့် Social network ဆိုဒ် ဆို တာကို အရင် ဆုံး ဖော်ပြသွား ပါမယ်နော်.. [မှား တာ များ ရှိရင် လည်း သည်း ခံခွင့် လွှတ် ကြပါလို့..

What is Social Network?
Social Network ဆိုတာ ဟာ အင်တာ နက် ပေါ် မှ လွှင့်တင်ထား တဲ့ website တစ်ခု ဘဲ ဖြစ်ပါတယ်. . အသုံး ပြု သူ တွေ ဟာ Online ပေါ် မှာ ကိုယ့် ရဲ့ အကြောင်းတွေ၊ ကိုယ် စိတ် ၀င်စား တဲ့ အကြောင်းအရာ တွေကို ဖော်ပြ ထား လို့ ရတဲ့ အပြင် အခြား သူ တွေ ရဲ့ အကြောင်း ကို လည်း ကြည့် ရှု လို့ ရပါတယ်။
Social Network sites တွေ ဖြစ်တဲ့ MySpace, တို့ Friendster တို့ Facebook တို့ဟာ အသုံး ပြု တဲ့ user တွေ တစ်ဦး နဲ့ တစ်ဦး ဆက် သွယ် ရလွယ် အောင် လုပ်ဆောင် ထား တဲ့ websites တွေ ဘဲ ဖြစ် ပါတယ်။
အသုံး ပြု တဲ့ user တွေ ဟာ သူ တို့ ပြော ပြ ချင် တဲ့ သူ တို့ အကြောင်း တွေ ကို Social websites တွေ ရဲ့ စာမျက် နှာပေါ် တွေမှာ Profile တွေ အဖြစ် ဖန်တီး ထား လို့ ရသလို ဘဲ.. မိတ်ဆွေ အပေါင်း အသင်း များ အောင် လည်း သူ ငယ် ချင်း တွေ ကို Social sites တွေ က တဆင့် ရှာ ဖွေ နိုင် ပါတယ်။ တစ်ယောက် နဲ့ တစ်ယောက် စာ တွေ ပို့ ပြီး ဆက် သွယ် နိုင် သလို ဘဲ .. Live chat လို့ ခေါ်တဲ့ မျက်နှာ ချင်း ဆိုင် စကား ပြော နေ သလို ဘဲ တစ်ယောက် နဲ့ တစ်ယောက် ဆက် သွယ် မှု တွေ ပြု လုပ် နိုင် ကြ ပါတယ်။ ကိုယ့် ပုံ ဖြစ်စေ.. ကိုယ် နှစ်သက် တဲ့ ပုံ ဖြစ်စေ Social Sites တွေ ရဲ့ စာ မျက် နှာ တွေ မှာ တင် ထား နိုင် ပြီးေ တာ့ ကိုယ်နှစ်သက် တဲ့.သီချင်း . ရုပ်ရှင် အကြောင်း တွေကိုလည်းကိုယ့် နဲ့ ၀ါ သနာ တူ တဲ့သူ ငယ် ချင်း တွေ ဆီ ကို မျှဝေပေး နိုင် ပါတယ်။
Social Network ဆိုဒ်တွေ က တော့ အား လုံး သိ တဲ့ အတိုင်း facebook, twitter, MySpace, LinkedIn နဲ့ Friendster တို့ ကဲ့သို့ သော ဆိုဒ်တွေ ဘဲ ဖြစ် ပါတယ်.။
အဲ့ဒီ Social ဆိုဒ်တွေ ထဲ က မှ ကျွန် မ တို့ ဟာ ယနေ့  Facebook အကြောင်း ကို ဗဟု သုတအနေ နဲ့  တင် ပြ ချင် ပါတယ်။

What is Facebook?
ယနေ့  လူ ငယ်အမြောက်အများ အသုံး ပြု နေ ကြ တဲ့ Facebook ဆို တာ ဘာ ပါ လဲ။ သေချာတာ တစ်ခု က တော့ facebook က Social Sites ထဲ က တစ်ခု အပါအ၀င် ဖြစ် ပေမယ့် သူ့  မှာ တစ်ခြား sites တွေ နဲ့ မတူ တဲ့ အချက် တွေ ရှိ ပါ သေး တယ်။ ဒါ ကို တော့ ကျွန် မတို့ ဟာ ဒီ က နေ့ အတတ်နိုင် ဆုံး တင် ပြ သွား ကြ မှာ ပါ။
Social ဆိုဒ်တွေ ထဲ ကတစ်ခု ဖြစ် တဲ့ အတွက် facebook ဟာ အသုံး ပြု တဲ့user တွေ ကို သူ့  ရဲ့ page ပေါ် မှ User တွေ ရဲ့ အကြောင်း တွေ ကို လွတ် လပ်စွာ တင် ခွင့် ပေး ထား ပါတယ်။ Facebook အသုံး ပြု သူ အချင်း ချင်း လည်း ရင်းနှီး မှု ရှိအောင်လည်း တစ်ယောက် နဲ့ တစ်ယောက် မိတ် ဆွေ ဖွဲ့  လို့ ရအောင် လည်း ဆောင်ရွက်ပေး ထား ပါတယ်။
အသုံး ပြု တဲ့ user တွေ ဟာ သူ တို့ သိ တဲ့ လူ တွေ ဥပမာ မိသားစု ၀င် အချင်း ချင်း ဖြစ်တွေ၊ ရင်း နှီး တဲ့ သူ ငယ်ချင်း တွေ အချင်း ချင်းဖြစ်စေ ဆက်သွယ် စကား ပြော နိုင် သလို ဘဲ .. နိုင် ငံ အရပ်ရပ် က လူ အမျိုး မျိုး နဲ့ လည်း ဆက် သွယ် ပြော ဆို နိုင် ပါတယ်။ မိတ်ဆွေ အပေါင်း အသင်း သစ်တွေ နဲ့ အာလာပသလာပ .. ပြော နိုင် သလို ဘဲ လုပ် ငန်း အကြောင်း စီး ပွား ရေး အကြောင်း တွေ ဆွေး နွေး နိုင် ကြ ပါတယ်။
Facebook ဟာ MySpace ဆိုတဲ့ Social Network ဆိုဒ်လို ဘဲ ကမ္ဘာ ပေါ် မှာ လူ တွေ အများ ဆုံး သုံး နေ ကြ တဲ့ Site ကြီး တွေ ထဲ ကစ် ခု အပါအ၀င် ဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမှန် ကတော့ Facebook ဟာ Social ဆိုဒ် မဖြစ် ခင် မှာ သာ မန် ကောလိပ်ကျောင်း တွင်း က ကျောင်း သားတွေ အသုံး ပြု နိုင် တဲ့ ကျောင်း တွင်း သုံး Website လေး တစ်ခု အနေ နဲ့ စတင် ခဲ့ တာ ပါ။ ပြီး မှ တဖြည်းဖြည်း နဲ့ လူနည်း စု က နေ လူ များ စု ပါ ၀င် အသုံး ပြု နိုင် တဲ့ Social Network ဆိုဒ်ကြီး တစ်ခု အဖြစ် ရပ် တည် ခဲ့ခြင်း ဖြစ် ပါတယ်။
ဒီလို ဆိုရင် တော့ Facebook ဟာ ဘယ် လို မျိုး ဆိုဒ် လဲ၊ ဘယ် က နေ ဘယ် လို စတင် တည်ထောင် ခဲ့ လဲ ဆို တာ ကို အား လုံး သိ ရှိ သွား ပြီ လို ထင် ပါတယ်။ အခု ဆက် လက် ပြီးေ တာ့ Facebook တည် ထောင် ခဲ့ တဲ့သမိုင်း ကို အကျဉ်း ချုပ်ပြီး တင် ပြသွား ပါမယ်။
History of Facebook
Facebook ကို စတင် တည်ထောင် ခဲ့ သူ က တော့ Mark Zuckerberg ပါ.. Mark ဟာ facebook ဆို တဲ့ Social site ကြီး ကို သူ့  ရဲ့ အပေါင်း အပါ တွေ ဖြစ် တဲ့ သူ ငယ် ချင်း တွေ နဲ့  စတင် တည် ထောင် ခဲ့ တာ ပါ။ Internet ပေါ်မှာနိုင် ငံတကာ က လူ တွေ သုံး နိုင် အောင လို့  Facebook ဆို တဲ့ နာမည်နဲ့ စတင် လွှင့် တင် ခဲ့ တာ က တော့ February ၄ ရက် ၂၀၀၄ခု နှစ် မှ ဘဲ စတင် ခဲ့ တာ ပါ။
Facebook ဆို တဲ့ နာမည် မတိုင် ခင် က တော့ Mark Zuckerberg နဲ့ သူငယ်ချင်း တွေ ဟာ ဟားဘတ်တက္ကသိုလ် ကျောင်း အတွင်း မှာ ကျောင်း သား ကျောင်း သူ တွေ အချင်း ချင်း ရင်း နှီး မှုရစေဖိုဲ့ အတွက်facemash ဆို တဲ့ကျောင်း တွင်း site လေး တစ်ခု ကို စတင် တည် ထောင် ခဲ့ တာ ပါ။ အဲ့ ဒီ က နေ မှ theFacebook လို့ နာမည်ပြောင်း ခဲ့ပါတယ်။ အဲ့ဒီ ဆိုဒ် ဟာ နာက် ပိုင်း လည်း ကျရော.. ဟား ဘတ် တက္ကသိုလ်အတွင်း သာ မကတော့ ဘဲ Ivy League အတွင်း ပါဝင် တဲ့ တက္ကသိုလ်တွေ အား လုံး ဆီကို ပါ ပျံ့  သွား ပါ တယ် [ Ivly league ဆို တာ ကတော့ ၁၉၅၄ လောက် က U.S က ကျောင်း ကြီးရှစ်ကျောင်း နဲ့ဖွဲ့  စည်း ထား တဲ့ တက္ကသိုလ်အဖွဲ့  အစည်း ကြီးတစ်ခု လို့ သိရပါတယ်]နောက်ပိုင်းမှာတော့U.S က.  အထက်တန်း ကျောင်း .. ကောလိပ်..တက္ကသိုလ် အား လုံး က ကျောင်း သား တွေ ပါ အသုံး ပြု လာ နိုင် ပြီး.. အခု ဆို ရင် တော့ .. တစ်ကမ္ဘာလုံး က ၁၃ နှစ် အထက် လူ တွေ အား လုံး သုံး နိုင်တဲ့ လူမှုကွန်ယက်ကြီး အဖြစ် ပြောင်း လဲ သွား ခဲ့ပါတယ်။

facebook.com အကြောင်း သိထားရန် အချက်များ


facebook.com အကြောင်း သိထားရန် အချက်များ




ဒီနေ့တော့ Facebook နဲ့ privacy အကြောင်းပြောချင်လို့ပါ။
 personal မြင်တာပဲပြော မှာပါ နဲနဲတော့ လန့်တယ် လူတွေက တစ်ခုခုဆို ဘာရယ်မဟုတ်
 copy ကူးပြီး
forward mail လုပ်တတ်ကြသေးတာကိုး.. အရင် တစ်ခေါက်ကလဲ ပြသနာ
 အပြုံလိုက်ရခဲ့ပြီးပြီ။ အခုကတော့ ကြိုမေတ္တာရပ်ခံထားမှ.. FaceBook အကြောင်းဆိုတာက 
အဓိကက သူ့ရဲ့ policy အသစ်အကြောင်းပါ။ FaceBook F8 Event ပြီးတော့ အသစ်ဖြစ်လာတဲ့
 Terms & Conditions တွေတော်တော်များများက ပွင့်ပွင့်လင်းလင်းပြောရရင် အချိုးမပြေလို့ ရေးဖြစ် ပါတယ်။ 
အားလုံးလဲ သိထားသင့်တယ်ထင်လို့ပါ။ Policy အသစ်ရဲ့ Section 2.1 အရ 
 
FaceBook မိတ်ဆွေ တင်သမျှ Data including status update, photos, videos အားလုံးက
 FaceBook က  ပိုင်တယ်ဆိုတာ သဘောတူထားပြီးသား အလိုလျောက်ဖြစ်ပါတယ်။ ဆိုလိုတာက
 သူတို့  အဲဒီ messages တွေကို လိုသလိုသုံးနိုင်တယ်။ ဥပမာ – Live Search လုပ်ချင်လဲ လုပ်လို့ရတယ်.. 
ဓာတ်ပုံဆိုလဲ သူတို့ပိုင်သွားတယ်ဆိုတော့ ကြိုက်တာလုပ်ချင်တာ လုပ်မယ်ဆိုတဲ့ သဘောပါပဲ။
 Wink.com လို Person Search Engine လုပ်ချင် လုပ်လို့ရသွားနိုင်တယ်။ ဒါမျိုးက ဆိုးပါတယ်
 ဥပမာ DeviantArt လို ဆိုဒ်မှာ ကျွန်တော် art work သွားတင်ထားလဲ ကိစ္စမရှိပါဘူး
 Right က ကျွန်တော့်ဆီမှာပဲ အပြည့်ရှိတယ်.. သူတို့ ဟာက free service ဖြစ်တာတောင် 
အဲဒီ art work, photo ကို print လုပ်ချင်ရင် ရောင်းချင်ရင် ကျွန်တော့်ကို ဆက်သွယ်ရပါတယ်။ 
FaceBook policy အရဆိုရင် Right တင်မက အားလုံး exact data ကိုပိုင်တယ်ဆိုတဲ့ သဘောပါ။
 ဒါမျိုးက ဘယ် social networking ဆိုဒ်မှာမှ policy မရှိပါဘူး။ Flickr လိုမျိုးမှာလဲမရှိဘူး
 Stock Photo ရောင်းတဲ့ iStockPhoto မျိုးမှာတောင် ကိုယ့်
 photo တင် ထားရောင်းဦးတော့ သူတို့ မပိုင်ပါဘူး
 ကော်မရှင်ခပဲ ယူလို့ရပါတယ်။

Section 4.6 အရ မိတ်ဆွေဟာ FaceBook မှာ up to date မဖြစ်ရင်
 status update မလုပ်ရင် notice မပေးပဲ ဖျက်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။
 ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်လောက်က လုပ်ထားတဲ့ Friendster account
 တောင် မ၀င်တာ ၂ နှစ်လောက်ရှိပေမယ့်
 အခုထိရှိသေးတယ်။ FaceBook မှာ ၂ နှစ်လောက် ဆိုရင် အကောင့်ခံပါ့မလား ပဲ တွေးမိတယ်။ 
Gizmodo ကထောက်ပြတာ နောက်တစ်ခုက FaceBook founder, CEO Zukerbag ရဲ့ Ethic 
 ပြသနာလဲ ရှိသေးတယ်လို့ ဆိုပါတယ်။ Founder ကိုယ်တိုင်က အရင်တုန်းက users တွေရဲ့ 
အကောင့်က password ကိုကြည့်ပြီး
 personal email တွေ ၀င်ဖတ်ဖူးတဲ့ ပြသနာရှိတယ်လို့ ပြောပါတယ်။
 FaceBook က F8 Conference မှာ Open Graph ဆိုတဲ့ API ကို
 စပြီး မိတ်ဆက်ပေးပါတယ် အမှန်တော့ ကျွန်တော် personally မကြိုက်ပါ
 ကျွန်တော်တင်မဟုတ် အခြားနိုင်ငံခြားက ဘလော့ဂ်တွေမှာရော ကွန်မန့်တွေမှာပါ လူတွေ မကြိုက်တာတွေ့ပါတယ်။
 Open Graph ထပ်စာရင် Open Grab ဆိုပြီးပြောင်းလိုက် ရင်ကောင်းမယ်။ ဘာတွေပြ သနာ ရှိလဲဆိုတော့
 FaceBook Like button ပါတဲ့ အခြားဆီက blog တစ်ခုခုမှာ ကျွန်တော် Like ကို နှိပ်လိုက် တယ်ဆိုရင်
 ကျွန်တော့် FaceBook သူငယ်ချင်းတွေဆီက timeline မှာ ကျွန်တော် အဲဒီ link မှာ like လုပ်တဲ့
 အကြောင်းသွားပြတယ်.. ကျွန်တော် အဲဒီ ပို့စ်ကို ကျွန်တော့်ကို သူငယ်ချင်းတွေဆီကို share
 လုပ်မှာလားဆိုတာမျိုးလဲ မမေးဘူး။
 နောက်ဆို Like မနှိပ်ခင် အဲဒီကိစ္စပါ စဉ်းစားဖို့လိုလာတယ်..
 FaceBook အထဲမှာက friend ဆိုပြီးသာ ပါတာ ကိုယ်နဲ့ မသိတဲ့ သူက အများကြီးရယ်… 
 FaceBook မှာ status message က အရင်ကတည်းက public လုပ်မှာလား 
private လုပ်မှာလားဆိုပြီး ရှိပါတယ်။ ကျွန်တော်ကတော့ friend only private လုပ်ထားတော့
 message အောက်တွေမှာ lock ပုံလေး အမြဲပါတယ်။ အခုချိန်မှာတော့
 public ဆိုတာက friend တင်မဟုတ်
 friend of friend 
တင်လဲမဟုတ်တော့ ဘူး FaceBook Society အကုန်ပါသွားပြီ
 facebook API သုံးထားတဲ့ နေရာမှန်သမျှကို public လို့ ဆိုလို တာ ဖြစ်သွားပါပြီ။
 အဲဒါကိုလဲသတိထားဖို့ လိုပါတယ်။  နောက်တစ်ခုက FaceBook Application တွေက user data
 တော်တော်များများကို access လုပ်ခွင့်ရနေ တယ်လို့ ဆိုပါတယ်။ ကျွန်တော်က developer မဟုတ်တော့
 သေချာတော့ မသိပါဘူး ဒါပေမယ့် သတင်းတွေတိုင်း လိုလိုမှာလဲ တွေ့နေရတော့ သတိထားဖို့လိုတယ်လို့ ထင်တယ်။
 တချို့ application တွေဆို ကိုယ့်ဓာတ်ပုံဖိုင်တွေထဲ ၀င်မွှေပြီး Idiot of the Day လုပ်လို့လုပ်နဲ့ အဲဒီပုံတွေ
 access လုပ်လို့ ရကတည်းက နဲနဲတော့ လန့်နေပြီ F8 လဲပြီးရော ကြော်ငြာတွေက အစ Google Adsense
 ထက်ပို တိကျတာမျိုးတွေ ညာဘက်မှာ ပေါ်နေပြီ ဥပမာ – Singapore မှာ Rock Concert ရှိတယ်ဘာညာနဲ့
 Advertiser ကလဲ ကျွန်တော့် profile data ကို access လုပ်လို့ရနေတဲ့ သဘောပဲ ဘယ်မှာနေတယ်..
 ဘာ movie ကြိုက်တယ်.. ဘာ music ကြိုက်တယ် အကုန်ယူထားတယ်။ တခါတလေတော့လဲ update
 သိရတာပေါ့လို့ စဉ်းစားမိပေမယ့် ကြော်ငြာတွေက ကိုယ့် data ယူသုံးနေတယ်ဆိုတော့ နဲနဲတော့ တင်းလာပြန်တယ်။
 ပြီးတော့ Technical problems တွေ holes တွေလဲ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ technical problems
 တွေ အသာထားပြီး social problems တွေပဲ ဆက်ပြောတော့မယ်.. ကျွန်တော့် သူငယ်ချင်း တစ်ယောက်
 ပြသနာမျိုးလဲ ရှိသေးတယ်… ဖြစ်တာက သူ့အကောင့်ထဲမှာ အရင် ရည်းစားရဲ့
 ညီမနဲ့ friend ဖြစ်နေတုန်းပါ အဲဒီမှာ ပြသနာက ရှင်းအောင် A B C D နဲ့ပဲပြောတော့မယ်ဗျ
 ဘယ်လိုပြောရမလဲမသိလို့ သူ့ရည်းစားဟောင်းကို A လို့ ထားလိုက်မယ်.. ရည်းစားဟောင်း
 ညီမကို B ထားလိုက်မယ်ဗျာ.. ပြသနာက သူ့ရည်းစား A နဲ့က remove လုပ်ထားပြီးတာကြာပြီ
 အဲဒီမှာ B ဖြစ်တဲ့ သူ့ညီမ နဲ့က friend အနေနဲ့ ရှိသေးတော့ ရည်းစားဟောင်း ဓာတ်ပုံတွေကို 
A နဲ့ friend မဟုတ်တော့ပေမယ့် ၀င်ကြည့်လို့ရနေတယ်.. 
အခု ကျွန်တော့် ဘော်ဒါက မိန်းမရတာ ၁ နှစ်ကျော်ပြီ အဲဒီမှာ 
သူ့မိန်းမက သူ့ iPhone ကနေ၀င်ကြည့်ပြီး မျိုးစုံ ပြသနာ တက်တယ်ပြောတယ်.. B ကိုပါ
 ဖျက်ချင်တာ iPhone FaceBook App မှာကလဲ remove မပါတော့ ကျွန်တော်နဲ့တွေ့တော့မှ
 laptop ကနေ remove လုပ်လို့ရသွားတယ်။  နောက်ပြသနာတွေရှိသေးတယ် အဲဒါက
 photo တွေမှာ tag လုပ်ရင် profile album ထဲမှာ လာလာပေါ် တာကလဲ ပြသနာ..
 ငယ်ငယ်တုန်းကလို သောင်းကျန်းတုန်းက ပုံတွေ ဘော်ဒါတွေက ပြန်တင်ပြီး tag ကြရင် profile ထဲမှာ
 လာပြီး ခန့်ခန့်ကြီးပေါ်လို့ဗျာ.. ကျွန်တော့် ဘော်ဒါဆို ညဘက်ကြီး အကျီကျွတ်တွေနဲ့ လမ်းဘေးမှာ ဂစ်တာတီးနေတဲ့
 ပုံတွေ သူများတင်တော့ tag ခံရပြီး profile ထဲမှာ အခန့်သားပေါ်လာတော့  အောက်က comment ပေးသွားတယ်။
 အကိုတို့ ငယ်ငယ်က တော်တော် စရိုက်ကျတာပဲနော်တဲ့.. =P 
တိန် ဒီကြားထဲ application များက fake tag ကြတာက အပြွတ်လိုက်ပါသေးတယ်။
အဆိုးဆုံးကတော့ My SIM ဆိုလားပဲ တစ်ခါ tag ရင် အများကြီးပဲ.. ကြည့်မရတဲ့ facebook က
 ဘော်ဒါများကို နောက် အရှက်ခွဲချင်ရင် ငယ်ငယ်က ပုံတွေသာတင်ပြီး ပြန် tag ပေးလိုက်ဗျာ
 သူတို့ timeline ထဲမှာ သွားပေါ်ပြီး အခြားသူတွေပါ ကြေငြာပြီးသားဖြစ်သွားမယ်.. တစ်ခုတော့ သတိထားဗျ
 တင်သမျှပုံ FaceBook က သူပိုင်တယ် လုပ်မှာနော်..  ပြဿနာတွေထဲမှာ FaceBook icons တွေလို
 လိုက်လုပ်ထားတဲ့ fake Applications တွေကလဲ ရှိသေးတယ်။
 နောက်သတိထားစရာက FaceBook က avatar, Profile Photo ဟာ လုံးဝ public
  ဖြစ်တယ်ဆိုတာပါ web site တွေ blog တွေက side bar မှာ Like လုပ်ထားရင် နောက်လူတွေလာ 
ဖတ်ရင် သိသိမသိသိ Fan အနေနဲ့ ပြမှာပါ။ Post ကို Like လုပ်တာကတော့ friend only ပြပေမယ့်
 အဲဒီ Fan Like ကတော့ public ဖြစ်သွားတာမို့ ကောင်မလေးနဲ့ တွဲရိုက်ထားတာမျိုးတွေ ပုံတွေ တင်ရင်
 သတိထားဖို့လိုပါတယ် ယောက်ဖတွေ ယောက္ခမတွေတွေ့သွားရင် လုံးဝ မလွယ်ပါဘူး။  အခုတော့ ညနက်နေပြီမို့
 ဒီလောက်ပဲဗျာ အောက်မှာတော့ link တွေထည့်ပေးထားပါတယ် FaceBook Privacy အကြောင်း
 ဆက်ဖတ်ချင်ရင် ဖတ်လို့ရပါတယ်။ မြန်မာလို အများဆုံးရေးပြီး status messages update လုပ်တာတွေက
 သူတို့လဲ တချိန်သုံးလို့ ရမရ မသေချာပေမယ့် photos တွေ videos တွေပါ ပိုင်တယ်ဆိုတဲ့
 policy ကို အစာမကြေတာကြောင့် အများသိအောင်  အသိပေးတာပါ။ FaceBook အနေနဲ့တော့ အချိန်မှီ 
Google Buzz လို မဖြစ်အောင် ပြန်ပြင် သင့်တယ် ထင်တာပါပဲ။ လောလောဆယ်တော့
 FaceBook အကောင့် delete လုပ်ဖို့ campaign  တွေလဲ ရှိနေတာတွေ့ရတယ်။ ဖျက်ဖို့ အထိကတော့ 
မလွယ်ပါဘူး ဓာတ်ပုံတွေ ဘာတွေတင်တာ ဆင်ခြင်နိုင်တာကောင်းပါတယ်။ လောလောဆယ်တော့ US Congress 
ကလဲ စာပို့ပြီး စုံစမ်းနေတယ် ပြောပါတယ်။
 http://www.htootayzar.com/myblog/2010/05/facebook-and-privacy/ မှ ကူးယူဖော်ပြပါသည်။