ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင် တစ်ခုသည် စိတ်ဖိစီးမှု ကင်းဝေးပြီး ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်း ယခင် ကတည်းက သတ်မှတ် ထားကြသည်။
သို့သော် ယခုနောက်ဆုံး တွေ့ရှိမှုများအရ ပျော်ရွှင်မှု အပြည့်နှင့် လက်ထပ်ခွင့် ရခြင်းသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေရုံမျှမက လူ၏ သက်တမ်းကိုပါ ဆွဲဆန့် နိုင်ကြောင်း သိရှိရသည်။
စစ်တမ်းများအရ ပျော်ရွှင်မှု အပြည့်အ၀နှင့် လက်ထပ်ခွင့် ရသူများမှာ သွေးပေါင်ချိန် ပြဿနာများ ဖြစ်နိုင်ခြေနည်းပြီး ဆက်ဆံရေး အခြေအနေ ကောင်းမွန်ပြီး အိမ်ထောင်ရေး အဆင်ပြေသော စုံတွဲများမှာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ရသည့် ဝေဒနာမျိုး ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဖော်ပြခဲ့သည်။
ယခုနောက်ဆုံး ဖော်ထုတ်မှုအရ သေနိုင်လောက်သော ရောဂါမျိုး စွဲကပ်ပြီး နောက်ဆုံး အချိန်ကို စောင့်မျှော် နေရသော လူမမာ များပင်လျင် စိတ်ချမ်းသာ ပျော်ရွှင်စွာ လက်ထပ်ခွင့် ရခဲ့ပါက ၄င်းတို့၏ သက်တမ်းကို (၅)နှစ်နှင့် အထက် ပိုမိုဆွဲဆန့် နိုင်ကြောင်း ပညာရှင်များက ကြေညာ ခဲ့သည်။
သုတေသီများက မည်သို့သော အကျိုး သက်ရောက်မှု များကြောင့် ယခုကဲ့သို့ လူ့သက်တမ်းကို ရှည်လျား စေသည်ကို အတိအကျ မပြောနိုင် သော်လည်း ၄င်းတို့ သုတေသန ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများက အထက်ပါ အဖြေအား အတည်ပြု ပေးခဲ့သည်ဟု ဆိုသည်။
ကင်ဆာ ရောဂါနှင့် နှလုံး ရောဂါတို့အား ပြင်းထန် ဆိုးရွားစွာ ခံစားနေရသည့် ပုဂ္ဂိုလ် အချို့တို့မှာ ၎င်းတို့၏ ချစ်သူများနှင့် ပျော်ရွှင်စွာ ထိမ်းမြားခွင့် ရရှိခဲ့ပြီးနောက် ဆရာဝန်များ အံ့သြရလောက်အောင်ပင် မူလ ခန့်မှန်းထားသည့် နောက်ဆုံး နေ့အား ကျော်လွန်ပြီး ကာလ ရှည်ကြာစွာ အသက်ရှင် နေထိုင်ခွင့် ရနေကြကြောင်း သိရှိရသည်။
အမေရိကန်၊ ဆွီဒင်နှင့် ဒိန်းမတ် နိုင်ငံများရှိ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စမ်းသပ် ပြုလုပ်ခဲ့သည့် သုတေသန လုပ်ငန်းများမှ ရလဒ်များအရ ပျော်ပျော်ရွှင်ရွှင် လက်ထပ်ခြင်းသည် ပရိုစတိတ် ကင်ဆာ၊ တုပ်ကွေး၊ အယ်လ်ဇိုင်းမား၊ နှလုံးရောဂါ၊ သွေးပေါင်ချိန် ကျဆင်းမှု စသည့် ဝေဒနာများ ခံစားနေရသည့် လူနာများအတွက် ထိရောက်စွာ အကျိုး ဖြစ်ထွန်းစေပြီး စိတ်ဖိစီးမှုနှင့် သေနိုင် လောက်သော ရောဂါများ ဖြစ်ပွားမှု တို့ကို လျော့နည်း သေသည်ဟု သိရှိ ရသည်။
ဆရာဝန်များက နားလည်မှုရှိသည့် ချစ်သူခြင်း လက်ထပ်မှုမှာ အချို့သော ကျန်းမာရေး ပြဿနာများတွင် ၎င်းတို့ နားမလည် နိုင်လောက်အောင် အကျိုး ဖြစ်ထွန်းမှုများ ရှိကြောင်း ထုတ်ဖော် ၀န်ခံ သွားခဲ့သည်။
မှတ်ချက်။ ။ မြ၀တီမှကူးယူဖော်ပြထားပါသည်။
မစ္စတာ ဘင်း တစ်ယောက် အင်ဂျင်နီယာပညာ ထူးချွန်သော်လည်း
မစ္စတာ ဘင်းဆိုရင် ဟာသမင်းသား၊ သရုပ်ဆောင် တစ်ဦး အနေနဲ့ပဲ သိထား ကြပါတယ်။ သို့ပေမယ့် ဘင်း (Rowan Atkinson) ဟာ မာစတာ ဘွဲ့  ရရှိထားတဲ့ လျှပ်စစ် အင်ဂျင်နီယာ တစ်ဦး ဖြစ်ပါတယ်။
၁၉၇၅ ခုနှစ်က Electrical Engineering - MSc တန်းကို Oxford, The Queen's College မှာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် မှာတော့ ကောလိပ်ရဲ့  Honorary Fellow အဖြစ် အသိအမှတ်ပြုခံခဲ့ ရပါ တယ်။ ပညာရေး ထူးချွန်တဲ့ အတွက် အောက်စဖို့ တက္ကသိုလ်မှာတောင် နည်းပြ အဖြစ် အခန့်အပ်ခံခဲ့ရ ဖူးပါတယ်။
သို့ပေမယ့် ဖျော်ဖြေရေးနဲ့ သရုပ်ဆောင် အနုပညာ ပိုင်းမှာ လည်း ထူးချွန်တဲ့ ဘင်းဟာ ဟာသပြဇာတ်မှ တစ်ခန်းရပ်ဗီဒီယို၊ တစ်ခန်းရပ် ဗီဒီယိုမှ ရုပ်ရှင် အစရှိသဖြင့် တစ်ဆင့်ထက် တစ်ဆင့် တက်ပြီး ထူးခြား အောင်မြင်လာခဲ့ ပါတယ်။ ဒါကြောင့် သူတတ်ကျွမ်းထူးချွန်နေသေးတဲ့ လျှပ်စစ်အင်ဂျင်နီယာ ဘဝနဲ့တောင် အသက်မွေးဝမ်းကျောင်းပြု ဘဝရပ်တည်မှု မလုပ်တော့ပဲ အနုပညာ ဘက်မှာ အားစိုက်လုပ်ခဲ့ပါတယ်။
ယခုဆိုရင် Rowan Atkinson လို့ပြောရင်တောင် လူသိပ်မသိပဲ မစ္စတာ ဘင်းလို့ ပြောမှ လူသိရလောက်အောင် အောင်မြင်တဲ့ ဟာသသရုပ်ဆောင် အဖြစ် ယနေ့တိုင် တည်ရှိနေခြင်းဟာ ဂုဏ်ယူစရာ ဖြစ်ကြောင်း ဘင်းကိုယ် တိုင် ဝန်ခံခဲ့ဖူးတယ်လို့ သိရပါတယ်။
--
Ref: wiki, DM
ရိုးရာလေးမှတ်ချက်။ ။ မြ၀တီမှကူးယူဖော်ပြထားပါသည်။
ကြက်ဥ အစိမ်း ၂၈ လုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြီး လက်စွမ်းပြတဲ့ တူနီရှားမှ အသက် ၂၀ လူငယ် Dhaou Fatnassi ဟာ သေဆုံးခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းလောက်က ဖြစ်ပြီး သူငယ်ချင်းများနဲ့ အလောင်းအစား လုပ်ခြင်း ဖြစ်ပါတယ်။ အလောင်းအစားအရ သူဟာ ကြက်ဥ အစိမ်း၂၈ လုံး စလုံးကို တစ်ပြိုင်နက် တည်း ဖောက်သောက်ပြ ပါတယ်။ ၂၈ လုံး စလုံး သောက်ပြီး မိနစ်ပိုင်းတင်ပဲ ဝမ်းဗိုက်မှ နာလာပြီး ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်။ ဆရာဝန်ကိုတောင် မတွေ့လိုက်ရပါဘူး။ ဆေးရုံကိုလည်း ရောက်၊ အသက်လည်း ပျောက် ခဲ့ပါတယ်။
ကြက်ဥတစ်လုံးမှာ အဟာရဓာတ်ပေါင်း ၃၈ မျိုးဝန်းကျင်လောက် ပါရှိ ပါတယ်။ သို့ပေမယ့် အများဆုံးကေတာ့ ရေ ၇၅ ဂရမ်၊ ပရိုတိန်းဓာတ် ၁၂.၆ ဂရမ်၊ အဆီ ၁၀.၆ ဂရမ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ၁.၁၂ ဂရမ် ပါရှိပါတယ်။ အနှစ်ချုပ်လိုက်ရင် ကြက်ဥတစ်လုံးဟာ စွမ်းအင် ၁၅၅ ကီလိုကယ်လိုရီ (647 kJ) ပေးစွမ်းနိုင်ပါတယ်။
ယင်းဟာ တစ်လုံးတည်းမှာ ပါရှိတဲ့ စွမ်းအင် ဖြစ်ပါတယ်။ ဒါကို တစ်လုံး တည်း မဟုတ်ပဲ တစ်ပြိုင်နက်တည်း ၂၈ လုံးစားတော့ ဖြစ်လာမယ့် ဆိုးကျိုး က လုံးဝ မတွေးရဲ စရာပဲ ဖြစ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို၊ မိတ်ဆွေ အပေါင်းအသင်းတွေ မြောက်ပေးတိုင်းလည်း ဘယ်အစားအစာ ကိုမှ အလွန် အကျွံမစားမိဖို့ အရေးကြီးတာမို့ ကွယ်လွန်သွားတဲ့ လူငယ်လေးက သင်ခန်း စာ ယူစရာအဖြစ် ကျန်ရှိစေခဲ့ပါတယ်။
--
Ref: health-care
International news for myanmar
၂၀၀၉ ခုနှစ်၊ ဧပြီလက ဂျာမနီနိုင်ငံမှာ နာမည်ကြီးသွားတဲ့ မှုခင်းတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းဝမ်းသာ ဖြစ်ရ တယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
တရားရုံးတစ်ရုံးက အမိန့်တစ်ခုချစရာရှိနေပါတယ်။ အမှုကဒီလိုပါ။ ဂျာမနီမှ အလှမယ် တစ်ယောက်ကို လက်ထပ်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် Soupolos ဟာ သားသမီးလိုချင်ပေမယ့် မိမိကိုယ်တိုင်က အမြုံဖြစ်နေလို့ ကလေးမရနိုင်ဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကလည်း ကလေးလိုချင်၊ ဇနီးဖြစ်သူက လည်း ဝမ်းနည်းနေရတဲ့အတွက် မိန်းမရဲ့ လိုအင်ဆန္ဒကိုဖြည့် ဆည်းပေးဖို့ အိမ်ဘေးက သူငယ်ချင်း အသက် ၃၄ နှစ်အရွယ် ကလေးအဖေ Frank Maus ကို အလုပ် အပ်ပါတယ်။
ယင်းအလုပ်ကတော့ သူ့မိန်းမ အလှမယ်လေးကို တစ်ပတ်သုံးကြိမ် အတူနေခွင့်ပေးတဲ့အပြင် ဒေါ်လာ ၂၅၀၀ ပေးရပါတယ်။
သားသမီးနှစ်ယောက်ရှိတဲ့ ကလေးအဖေ Frank Maus ရဲ့ မိန်းမကလည်း ဒီလိုလုပ်တာကို မကြိုက်ပေမယ့် “ငါဒီအလုပ်တွေ မလုပ်ချင်ပါဘူးမိန်းမရာ ပိုက်ဆံကြောင့်ပါ” လို့ဇနီးကို ချော့မော့ ထားသတဲ့။ ဒါနဲ့...စာချုပ်သက်တမ်း ၆ လ အတွင်း တပတ်သုံးကြိမ်နဲ့ မှန်မှန်ကြိုးစား လာလိုက်တာ ၇၂ ကြိမ်နဲ့ ၆ လသာ ပြည့်သွားတယ်။ ကံဆိုးစွာပဲ အလှမယ်လေး ကိုယ်ဝန်မရခဲ့ပါ။ဒါနဲ့ ကလေးဖအေ Frank Maus ကို စစ်ဆေးကြည့်လိုက်တော့ သူလည်း အမြုံဖြစ်နေပါတယ်။ အလှမယ် ယောက်ျားက စိတ်ဆိုးပြီး တရားစွဲခဲ့ပါတယ်။ Frank Maus ကလည်း သူ "စွမ်းသလောက် ကြိုးစားမယ်လို့ပဲပြောခဲ့တာ... ကလေးရစေ့ရမယ်လို့ အာမ မခံခဲ့ဘူး" ဆိုပြီး အေးအေးဆေးဆေး တရား ရင်ဆိုင်ခဲ့ပါတယ်။
ဒီနေရာမှာ အားလုံးက အံ့အားသင့်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအံ့သြဘဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ Frank Maus ရဲ့ ဇနီးသည်ပဲ ဖြစ်ပါတယ်။
သားသမီး နှစ်ယောက်ထွန်းကားနေတဲ့ Frank Maus က အမြုံဆိုတော့ ကလေးအဖေက ဘယ်သူပါလဲ။ မှတ်ချက်။ ။International news for myanmar မှကူးယူဖော်ပြထားပါသည်။