Thursday, December 13, 2012

Facebook အကြောင်း သိကောင်းစရာ..

Facebook အကြောင်း သိကောင်းစရာ..


Blog post ရယ် လို့ တော့ မရည် ရွယ် ပါဘူး နော်.. ကျောင်း မှာ လုပ်ရမယ့် Presentation အတွက် Facebook အကြောင်း ပြင် ရင်းဆင် ရင်း.. ပြတိုက် အဖွဲ့  သား တွေ များ Facebook ရဲ့ ပေါ်ပေါက်လာပုံ လေး ကို သိ ချင် မလား ဆို ပြီး.. ဗဟု သုတ အနေနဲ့ အကျဉ်း ချုပ် ပြီး တင် ပြ လိုက် တာပါနော်.. Presentation ဖြစ်တဲ့ အတွက် ကြောင့် စကား ပြော ဆို ဟန် နဲ့ ရေး ဖွဲ့  ထား ပါသည်။ ပြတိုက် မှ အစ်ကို အစ်မ များ သူငယ်ချင်း များ အား လုံး ပျော်ရွှင်ချမ်း မြေ့ ပါစေ..!!


 Frogfish
facebook ဆို တာ မပြောခင် မှာ တော့ Facebook ဟာ social site တစ်ခု ဖြစ် တဲ့ အတွက် ကြောင့် Social network ဆိုဒ် ဆို တာကို အရင် ဆုံး ဖော်ပြသွား ပါမယ်နော်.. [မှား တာ များ ရှိရင် လည်း သည်း ခံခွင့် လွှတ် ကြပါလို့..

What is Social Network?
Social Network ဆိုတာ ဟာ အင်တာ နက် ပေါ် မှ လွှင့်တင်ထား တဲ့ website တစ်ခု ဘဲ ဖြစ်ပါတယ်. . အသုံး ပြု သူ တွေ ဟာ Online ပေါ် မှာ ကိုယ့် ရဲ့ အကြောင်းတွေ၊ ကိုယ် စိတ် ၀င်စား တဲ့ အကြောင်းအရာ တွေကို ဖော်ပြ ထား လို့ ရတဲ့ အပြင် အခြား သူ တွေ ရဲ့ အကြောင်း ကို လည်း ကြည့် ရှု လို့ ရပါတယ်။
Social Network sites တွေ ဖြစ်တဲ့ MySpace, တို့ Friendster တို့ Facebook တို့ဟာ အသုံး ပြု တဲ့ user တွေ တစ်ဦး နဲ့ တစ်ဦး ဆက် သွယ် ရလွယ် အောင် လုပ်ဆောင် ထား တဲ့ websites တွေ ဘဲ ဖြစ် ပါတယ်။
အသုံး ပြု တဲ့ user တွေ ဟာ သူ တို့ ပြော ပြ ချင် တဲ့ သူ တို့ အကြောင်း တွေ ကို Social websites တွေ ရဲ့ စာမျက် နှာပေါ် တွေမှာ Profile တွေ အဖြစ် ဖန်တီး ထား လို့ ရသလို ဘဲ.. မိတ်ဆွေ အပေါင်း အသင်း များ အောင် လည်း သူ ငယ် ချင်း တွေ ကို Social sites တွေ က တဆင့် ရှာ ဖွေ နိုင် ပါတယ်။ တစ်ယောက် နဲ့ တစ်ယောက် စာ တွေ ပို့ ပြီး ဆက် သွယ် နိုင် သလို ဘဲ .. Live chat လို့ ခေါ်တဲ့ မျက်နှာ ချင်း ဆိုင် စကား ပြော နေ သလို ဘဲ တစ်ယောက် နဲ့ တစ်ယောက် ဆက် သွယ် မှု တွေ ပြု လုပ် နိုင် ကြ ပါတယ်။ ကိုယ့် ပုံ ဖြစ်စေ.. ကိုယ် နှစ်သက် တဲ့ ပုံ ဖြစ်စေ Social Sites တွေ ရဲ့ စာ မျက် နှာ တွေ မှာ တင် ထား နိုင် ပြီးေ တာ့ ကိုယ်နှစ်သက် တဲ့.သီချင်း . ရုပ်ရှင် အကြောင်း တွေကိုလည်းကိုယ့် နဲ့ ၀ါ သနာ တူ တဲ့သူ ငယ် ချင်း တွေ ဆီ ကို မျှဝေပေး နိုင် ပါတယ်။
Social Network ဆိုဒ်တွေ က တော့ အား လုံး သိ တဲ့ အတိုင်း facebook, twitter, MySpace, LinkedIn နဲ့ Friendster တို့ ကဲ့သို့ သော ဆိုဒ်တွေ ဘဲ ဖြစ် ပါတယ်.။
အဲ့ဒီ Social ဆိုဒ်တွေ ထဲ က မှ ကျွန် မ တို့ ဟာ ယနေ့  Facebook အကြောင်း ကို ဗဟု သုတအနေ နဲ့  တင် ပြ ချင် ပါတယ်။

What is Facebook?
ယနေ့  လူ ငယ်အမြောက်အများ အသုံး ပြု နေ ကြ တဲ့ Facebook ဆို တာ ဘာ ပါ လဲ။ သေချာတာ တစ်ခု က တော့ facebook က Social Sites ထဲ က တစ်ခု အပါအ၀င် ဖြစ် ပေမယ့် သူ့  မှာ တစ်ခြား sites တွေ နဲ့ မတူ တဲ့ အချက် တွေ ရှိ ပါ သေး တယ်။ ဒါ ကို တော့ ကျွန် မတို့ ဟာ ဒီ က နေ့ အတတ်နိုင် ဆုံး တင် ပြ သွား ကြ မှာ ပါ။
Social ဆိုဒ်တွေ ထဲ ကတစ်ခု ဖြစ် တဲ့ အတွက် facebook ဟာ အသုံး ပြု တဲ့user တွေ ကို သူ့  ရဲ့ page ပေါ် မှ User တွေ ရဲ့ အကြောင်း တွေ ကို လွတ် လပ်စွာ တင် ခွင့် ပေး ထား ပါတယ်။ Facebook အသုံး ပြု သူ အချင်း ချင်း လည်း ရင်းနှီး မှု ရှိအောင်လည်း တစ်ယောက် နဲ့ တစ်ယောက် မိတ် ဆွေ ဖွဲ့  လို့ ရအောင် လည်း ဆောင်ရွက်ပေး ထား ပါတယ်။
အသုံး ပြု တဲ့ user တွေ ဟာ သူ တို့ သိ တဲ့ လူ တွေ ဥပမာ မိသားစု ၀င် အချင်း ချင်း ဖြစ်တွေ၊ ရင်း နှီး တဲ့ သူ ငယ်ချင်း တွေ အချင်း ချင်းဖြစ်စေ ဆက်သွယ် စကား ပြော နိုင် သလို ဘဲ .. နိုင် ငံ အရပ်ရပ် က လူ အမျိုး မျိုး နဲ့ လည်း ဆက် သွယ် ပြော ဆို နိုင် ပါတယ်။ မိတ်ဆွေ အပေါင်း အသင်း သစ်တွေ နဲ့ အာလာပသလာပ .. ပြော နိုင် သလို ဘဲ လုပ် ငန်း အကြောင်း စီး ပွား ရေး အကြောင်း တွေ ဆွေး နွေး နိုင် ကြ ပါတယ်။
Facebook ဟာ MySpace ဆိုတဲ့ Social Network ဆိုဒ်လို ဘဲ ကမ္ဘာ ပေါ် မှာ လူ တွေ အများ ဆုံး သုံး နေ ကြ တဲ့ Site ကြီး တွေ ထဲ ကစ် ခု အပါအ၀င် ဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမှန် ကတော့ Facebook ဟာ Social ဆိုဒ် မဖြစ် ခင် မှာ သာ မန် ကောလိပ်ကျောင်း တွင်း က ကျောင်း သားတွေ အသုံး ပြု နိုင် တဲ့ ကျောင်း တွင်း သုံး Website လေး တစ်ခု အနေ နဲ့ စတင် ခဲ့ တာ ပါ။ ပြီး မှ တဖြည်းဖြည်း နဲ့ လူနည်း စု က နေ လူ များ စု ပါ ၀င် အသုံး ပြု နိုင် တဲ့ Social Network ဆိုဒ်ကြီး တစ်ခု အဖြစ် ရပ် တည် ခဲ့ခြင်း ဖြစ် ပါတယ်။
ဒီလို ဆိုရင် တော့ Facebook ဟာ ဘယ် လို မျိုး ဆိုဒ် လဲ၊ ဘယ် က နေ ဘယ် လို စတင် တည်ထောင် ခဲ့ လဲ ဆို တာ ကို အား လုံး သိ ရှိ သွား ပြီ လို ထင် ပါတယ်။ အခု ဆက် လက် ပြီးေ တာ့ Facebook တည် ထောင် ခဲ့ တဲ့သမိုင်း ကို အကျဉ်း ချုပ်ပြီး တင် ပြသွား ပါမယ်။
History of Facebook
Facebook ကို စတင် တည်ထောင် ခဲ့ သူ က တော့ Mark Zuckerberg ပါ.. Mark ဟာ facebook ဆို တဲ့ Social site ကြီး ကို သူ့  ရဲ့ အပေါင်း အပါ တွေ ဖြစ် တဲ့ သူ ငယ် ချင်း တွေ နဲ့  စတင် တည် ထောင် ခဲ့ တာ ပါ။ Internet ပေါ်မှာနိုင် ငံတကာ က လူ တွေ သုံး နိုင် အောင လို့  Facebook ဆို တဲ့ နာမည်နဲ့ စတင် လွှင့် တင် ခဲ့ တာ က တော့ February ၄ ရက် ၂၀၀၄ခု နှစ် မှ ဘဲ စတင် ခဲ့ တာ ပါ။
Facebook ဆို တဲ့ နာမည် မတိုင် ခင် က တော့ Mark Zuckerberg နဲ့ သူငယ်ချင်း တွေ ဟာ ဟားဘတ်တက္ကသိုလ် ကျောင်း အတွင်း မှာ ကျောင်း သား ကျောင်း သူ တွေ အချင်း ချင်း ရင်း နှီး မှုရစေဖိုဲ့ အတွက်facemash ဆို တဲ့ကျောင်း တွင်း site လေး တစ်ခု ကို စတင် တည် ထောင် ခဲ့ တာ ပါ။ အဲ့ ဒီ က နေ မှ theFacebook လို့ နာမည်ပြောင်း ခဲ့ပါတယ်။ အဲ့ဒီ ဆိုဒ် ဟာ နာက် ပိုင်း လည်း ကျရော.. ဟား ဘတ် တက္ကသိုလ်အတွင်း သာ မကတော့ ဘဲ Ivy League အတွင်း ပါဝင် တဲ့ တက္ကသိုလ်တွေ အား လုံး ဆီကို ပါ ပျံ့  သွား ပါ တယ် [ Ivly league ဆို တာ ကတော့ ၁၉၅၄ လောက် က U.S က ကျောင်း ကြီးရှစ်ကျောင်း နဲ့ဖွဲ့  စည်း ထား တဲ့ တက္ကသိုလ်အဖွဲ့  အစည်း ကြီးတစ်ခု လို့ သိရပါတယ်]နောက်ပိုင်းမှာတော့U.S က.  အထက်တန်း ကျောင်း .. ကောလိပ်..တက္ကသိုလ် အား လုံး က ကျောင်း သား တွေ ပါ အသုံး ပြု လာ နိုင် ပြီး.. အခု ဆို ရင် တော့ .. တစ်ကမ္ဘာလုံး က ၁၃ နှစ် အထက် လူ တွေ အား လုံး သုံး နိုင်တဲ့ လူမှုကွန်ယက်ကြီး အဖြစ် ပြောင်း လဲ သွား ခဲ့ပါတယ်။

No comments:

Post a Comment