Thursday, December 13, 2012

Blogger Template အကြောင်း



 တကယ်တမ်းတော့ ဘလော့ဂါရဲ့ တန်းပလိတ်ကို နားလည်ဖို့ သိပ်မခက်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူက ကျနော်တို့ နားလည်လွယ်တဲ့ စကားလုံးတွေကို သုံးထားလို့ပါ။ ဥပမာ b:if ဆိုရင် အခြေအနေ စစ်ဆေးတဲ့နေရာမှာ သုံးတယ်။ b:loop ဆိုရင် ထပ်ခါ ထပ်ခါ လုပ်ရမယ့် နေရာမျိုးတွေမှာ သုံးတယ်။ ဒါ သာမန် အင်္ဂလိပ် အသုံးအနှုန်းနဲ့ သိပ်မကွာဘူး။ တကယ်လို့ စာဖတ်သူဟာ HTML


 အကြောင်း တီးမိ ခေါက်မိ ရှိရင်တော့ တန်းပလိတ်တစ်ခုကို ပြင်ဖို့
နားလည်ဖို့ မခက်တော့ပါဘူး။ နောက်ပြီး CSS အကြောင်းနဲ့ Javascript အကြောင်း အနည်းအကျဉ်း နားလည်မယ်ဆိုရင်တော့ ဘလော့ဂ် လုပ်ရတာ အတော်လေး အဆင်ပြေ လွယ်ကူသွားမယ်။ ကျနော် ဒီနေရာကနေ Blogger Template မှာ ပါတဲ့ အစိတ်အပိုင်းတွေကို နည်းနည်း ရှင်းပြချင်တယ်။ အခု စာဖတ်သူကို အခြေခံကျကျ ရှင်းပြနိုင်ဖို့ ကြိုးစားကြည့်ပါ့မယ်။ တချို့ နေရာတွေမှာ အသေးစိတ်ရှင်းဖို့ မလိုအပ်ရင် ကျော်သွားမှာပါ။ အတွင်းကျကျ လိုက်ရှင်းနေရင် ရှုပ်ကုန်မှာလည်း စိုးလို့ တန်းပလိတ်ရဲ့ အခြေခံ အလုပ်လုပ်ပုံပဲ ရှင်းပြပါ့မယ်။ တချို့ ဘလော့ဂါတွေ အနေနဲ့ တခြားသူ တစ်ဦးဦးက တန်းပလိတ် ပြင်ပေးနေတယ် ဆိုပေမယ့်လည်း ဘလော့ဂါတစ်ယောက် အနေနဲ့ အခြေခံ အဆင့်လောက်တော့ သိထားသင့်တယ်လို့ ယူဆမိပါတယ်။ အတတ်နိုင်ဆုံး တန်းပလိတ်ကို ချုံ့ပြီး တဖြေးဖြေး ချဲ့ရှင်းပြ သွားပါ့မယ်။  Your browser may not support display of this image.   ဒါ Template ကို အနိမ့်ဆုံး အဆင့်အထိ ချုံ့ကြည့်လိုက်တာပါ။ အဲလို ချုံ့လိုက်တော့ အစိတ်အပိုင်း (၂) ခုပဲ ကျန်တော့တယ်။  (၁) Head Section နဲ့  (၂) Body Section ပါ။     (၁) Head Section  ကျနော်တို့ နဲ့ ကြားကို Head Section လို့ သတ်မှတ်ပါတယ်။ အဲဒီ အပိုင်းမှာ ဆိုရင် ကျနော်တို့ သုံးမည့် ပစ္စည်း ပစ္စယတွေ သိမ်းဆည်းတဲ့ နေရာလေးပါ။ Body Section မှာ သုံးမယ့် လုပ်ဆောင်ချက်တွေ အတွက် ဒီနေရာမှာ ကြေငြာပေးပါ့မယ်။ နောက်ပြီး တန်းပလိတ် တစ်ခုလုံးရဲ့ အသွင်အပြင်၊ ဒီဇိုင်းကို ဒီမှာ သတ်မှတ်ရပါတယ်။ Color တို့၊ Font တို့၊ စာလုံး အရွယ်အစား၊ အနေအထားတွေကို ဒီနေရာမှာ ကြေငြာပေးရမှာပါ။ ဒီ အပိုင်းကိုလည်း ကျနော်တို့ နားလည်လွယ်အောင် အစိတ်အပိုင်း သုံးပိုင်း ထပ်ခွဲလို့ ရပါတယ်။     name='all-head-content'/>      ]]>    <--------------- Javascript ! Put here.     ပထမဆုံး အနီရောင်နဲ့ ပြထားတဲ့ အပိုင်းက Title ပိုင်းပါ။ b:include ဆိုတဲ့ Tag ဟာ သူ့ အထဲမှာ ကြေငြာထားတဲ့ လုပ်ဆောက်ချက်ကို လုပ်ဆောင်ပေးပါတယ်။ all-head-content လို့ အမည်ပေးထားတဲ့ လုပ်ဆောင်ချက်ကို လုပ်ပေးဖို့ ကြေငြာတာပါ။ နောက်ပြီး အထဲမှာ ပါတဲ့ စာဟာ အမြဲတမ်း ကျနော်တို့ သုံးတဲ့ Browser ရဲ့ အပေါ်ဆုံး ဘယ်ဘက် အနားမှာ ကပ်ပြီး ပေါ်နေတဲ့ စာပဲ ဖြစ်ပါတယ်။ ဘလော့ဂ်တိုင်းမှာ ဆိုရင် အမြဲ ဘလော့ရဲ့ နာမည်ပဲ ပေါ်ပါ့မယ်။ ဘာလို့လဲ ဆိုတော့ data:blog.pageTitle အနေနဲ့ ကြေငြာထားလို့ပါ။    နဲ့ ကြားမှာ ရေးထားတဲ့ Code တွေဟာ CSS Code တွေပဲ များပါတယ်။ ပို့စ်ခေါင်းစဉ်ကိုတော့ဖြင့် ဘာအရောင်လေးနဲ့ စာလုံး ဘယ်အရွယ်အစားနဲ့ ပေါ်ချင်တယ် ဆိုတာတွေကို ဒီနေရာမှာ သတ်မှတ်ပေးပါတယ်။ သူ့ရဲ့ Tag နာမည်အတိုင်း skin ဆိုသလိုပဲ ဘလော့တစ်ခုလုံးရဲ့ အရေပြားပိုင်းပါ။ အပြင်အဆင်ပိုင်းပေါ့။ Style Sheet လို့လည်း ခေါ်ပါတယ်။ တကယ်လို့ Style Sheet ထဲမှာ ထည့်ပေးပါလို့ ပြောခဲ့ရင် ဒီနေရာမှာ ထည့်ပေးရမှာပါ။ သေးစိတ်ကို နောက်မှ ဆက်ဆွေးနွေးပါ့မယ်။    နဲ့ ကြားမှာတော့ မူလ ဘလော့ဂါမှာ မပါတဲ့ ထပ်တိုး လုပ်ဆောင်ချက်တွေအတွက် ဒါမှမဟုတ် သူများ ရေးထားပြီးသား လုပ်ဆောင်ချက်တွေ အခန့်သင့် သုံးနိုင်ဖို့အတွက် ဒီနေရာမှာ အဲဒီ ဖိုင်တွေကို ညွှန်ပေးရပါ့မယ်။ ဥပမာ ပို့စ်ခေါက်တဲ့ လုပ်ဆောင်ချက် ဆိုပါစို့။ ကျနော်တို့အတွက် အဲဒီ လုပ်ဆောင်ချက်ကို အလွယ်တကူ သုံးနိုင်အောင် တခြားလူတစ်ယောက်ယောက်က ရေးထားပေးပါတယ်။ အဲဒါကို myhacko.js ဆိုတဲ့ နာမည်နဲ့ သိမ်းထားပါတယ်။ ကျနော်တို့ အဲဒီ လုပ်ဆောင်ချက်အတွက် အဲဒီ ဖိုင်ကို ဒီနေရာမှာ ခေါ်ပေးရပါ့မယ်။  type='text/javascript'/> ဆိုတာကို နဲ့ ကြားမှာ ထည့်ပေးရပါတယ်။ ဒါဆို myhacko.js ထဲက Javascript Function တွေကို အသင့် ယူသုံးလို့ ရပါပြီ။    အခု ရှင်းပြထားသလောက် မရှင်းတာ ရှိမယ်ဆိုရင် ကွန်းမန့်ထဲမှာ မေးမြန်နိုင်ပါတယ်။ အားမနာပါနဲ့။ လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်။ အစစအရာရာ အဆင်ပြေပါစေဗျာ။

No comments:

Post a Comment