Wednesday, January 23, 2013

အလွယ်ကူဆုံး ဝိတ်ချနည်းများ

ဇီဝရုပ်ဖြစ်ပျက်မှုဆိုတာ
ခန္ဓာကိုယ်ရဲ့ ကယ်လိုရီကို လောင် ကျွမ်းစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက် မှု ကောင်းတာကြောင့် အဆီတွေကို လောင်ကျွမ်းစေနိုင်ကာ ခန္ဓာကိုယ် အ လေးအချိန်ကို ထိန်းရာရောက်စေပါတယ်။ ခန္ဓာကိုယ်အတွက် ဇီဝရုပ်ဖြစ် ပျက် မှုကိုကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ဘဝနေထိုင်မှု ပုံစံလို အပ်ပါတယ်။ ကျန်း မာတဲ့ဘဝနေ ထိုင်မှုဖြစ်ဖို့လေ့ လာကြည့်ပါ။
ကောင်းမွန်သော နံနက်စာ

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။  သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။
(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်
ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။


(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်
ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။
(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ်
ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်
ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့  Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။
(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်
ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်
(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ်
ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်
ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။
(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်
ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။
(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ်
ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။
ကြယ်စင်
Ref: Good Health
Source: http://news.yatanarpon.com.mm/news/article-62524

ကိုယ်ဝန်ဆောင်အတွက် မှန်ကန်တဲ့ အာဟာရဓာတ်များ

ကိုယ်ဝန်ဆောင်အတွက် မှန်ကန်တဲ့ အာဟာရဓာတ်များဖောလစ် အက်စစ် ကလေးတွင် မွေးရာပါ ကျောရိုး အာရုံကြော မကြီး ချို့ယွင်း ခြင်းကို ကာကွယ် နိုင်ပါတယ်။ သံဓာတ် ကြက်သား၊ ငါး၊ အနီရောင် အသား၊ အစိမ်းရောင် ဟင်းသီးဟင်း ရွက်များမှာ ပါဝင်ပြီး ကိုယ်ဝန် ဆောင်စဉ် သံဓာတ် ချို့တဲ့ သွေးအားနည်း ရောဂါကို ကာကွယ် နိုင်ပါတယ်။


ကယ်လ်စီယမ် နို့နှင့် နို့ထွက် ပစ္စည်းများ၊ ကယ်လ်စီယမ် ဖြည့်စွက် ထားသော ဖျော်ရည်များတွင် ပါဝင်ပြီး ကလေး ငယ်၏ အရိုး၊ သွား၊ အာရုံကြောများ၊ ကြွက်သားများနှင့် နှလုံး စသည်တို့ ဖွံ့ဖြိုးမှု အတွက် လိုအပ်ပါတယ်။
မျှတသော အာဟာရ ဂျုံကြမ်း၊ ဆန်ကြမ်း၊ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်၊ အဆီမပါ သော အသားဓာတ်၊ ကျန်းမာရေးနှင့် ညီညွတ် သော ဆီ (မပြည့်ဝဆီ)၊ အဆီ ထုတ်ထားသော နို့နှင့် နို့ထွက် စားစရာများဟာ ညီညွတ် မျှတတဲ့ အာဟာရ (Balanced Diet) ရဲ့ အစိတ်အပိုင်းများ ဖြစ်ပါတယ်။


-မောင်တိုင်ပတ်
http://www.facebook.com/photo.php?fbid=185952931536225&set=a.136261886505330.26619.108134555984730&type=1&theater

ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ

ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ လူတို့သည် ကွန်ပျူတာရှေ့ တွင် နေ့စဉ် ရက်ဆက် အချိန်ကြာမြင့် စွာ အလုပ် လုပ်ခြင်းကြောင့် ရက်ရှည် လများကြာလာသည့် အခါတွင် ဇက်ရိုး အဆစ်၊ လည်ဆစ် ရိုး၊ ကျောရိုးဆစ် နာကျင်ကိုက်ခဲ မှုရောဂါဝေဒနာ စွဲကပ် ဖြစ်ပွားလာ တတ်သည်ဟု ဆိုသည်။





ယင်း ရောဂါဝေဒနာဖြစ်ပွား သူများမှာများသော အားဖြင့် အသက်၂၅နှစ် ဝန်းကျင်ရှိ လူ ငယ်လူရွယ်များဖြစ်ကြသည်ဟုသိရ၏။
ယင်းရောဂါကို စောစောစီးစီး အချိန်မီ ဆေးဝါး ကုသမှုမခံ ယူပါက နှစ်ကြာလာသည့် အခါတွင်မူ ရောဂါ ပိုမိုပြင်းထန်လာနိုင်သည်။ ဒါ့အပြင် သွေးလည်ပတ် မှုကောင်းမွန်ခြင်း မရှိ တော့ဘဲသွေးကြော ပိတ်၊သွေးကြော ကျဉ်း ရောဂါ ဖြစ်ပွားတတ်သည်ဟုဆိုသည်။ စင်ကာပူနိုင်ငံတွင် အဆိုပါ ရောဂါ ဖြစ်ပွားမှု များ သိသာစွာများပြားလာ ခဲ့သည်ဟု သိရ၏။
ယနေ့ စင်ကာပူ နိုင်ငံတွင် ကျောရိုးဆစ်နှင့် လည်ဆစ်ရိုး နာကျင်ကိုက်ခဲသူများ လစဉ် ဦးရေ ၃၀ဝ၀မှ ၄၀ဝ၀ ခန့်ရှိသည်ဟုဆို သည်။ သို့ဖြစ်လေရာ ကွန်ပျူတာနှင့် အလုပ်လုပ်သူများသည် အလုပ်လုပ်ပြီး ၁ နာရီကြာလာသည့်အခါတိုင်း ၁၀ မိနစ်ခန့်အနားယူ လမ်းလျှောက်ပေး ရပါသည်။ နေ့စဉ်လေ့ကျင့်ခန်း လုပ် ပေးရန် မမေ့သင့်ကြောင်း ကျန်းမာ ရေးသုတေသီများက သတိပေးနှိုး ဆော်ထားပါသည်။

-မောင်တိုင်ပတ်............
http://www.facebook.com/photo.php?fbid=185958101535708&set=a.136261886505330.26619.108134555984730&type=1&theater

အချိုမှုန့် အကြောင်း

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။
အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား




ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။
အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ
(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။
(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။
(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။
(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။
(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။
(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)
(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။
(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။
(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။
အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ
(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။
(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။
(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။
(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။
(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

http://www.facebook.com/photo.php?fbid=125803014228911&set=a.106796776129535.9535.100003976392183&type=1&theater

မွှေးပျံ့လန်းဆန်းသော အာခံတွင်း ပိုင်ဆိုင်နိုင်စေရန်

အောက်ပါမေးခွန်းတို့ကို ဖြေကြည့်ကာ သင့်ခံတွင်းနံ့ ထာဝစဉ် သင်းပျံ့နေစေဖို့ ဘာတွေ လိုအပ်သလဲ လေ့လာကြည့်ရအောင်…။
၁။  လူဦးရေရဲ့ ဘယ်နှရာခိုင်နှုန်းက မကြာခဏ ခံတွင်းနံ့ နံနေတတ်သလဲ။







(က) ၅၀ ရာခိုင်နှုန်း
(ခ) ၂၀ ရာခိုင်နှုန်း
(ဂ) ၁၀ ရာခိုင်နှုန်း
(ဃ) ၂ ရာခိုင်နှုန်း
အဖြေ = (က)
လူနှစ်ယောက်မှာ တစ်ယောက်နှုန်းက သူတို့ ဘဝရဲ့ အသက် အပိုင်းအခြား တစ်ခုမှာ မကြာခဏ ခံတွင်းနံ့ နံမှုကို ရင်ဆိုင်ဖူးကြပါတယ်။ ကလေးငယ်တွေရဲ့ ခံတွင်းနံ့ကတော့ နံမနေတတ်ပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ကလေးငယ်တွေဟာ တံတွေး၊ သွားရည်များစွာ ထွက်ရှိတတ်သလို အစားအစာ အကြွင်းအကျန်တွေ ကပ်ငြိနေမယ့် သွားတွေလည်း မရှိတာကြောင့်ပါ။ ဒါ့အပြင် လူကြီးတွေလို ခံတွင်းနံ့ နံစေတဲ့ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ လုံးဝမရှိတာကြောင့် ကလေးငယ်တွေမှာ ခံတွင်းနံ့ မနံတတ်ပါဘူး။
။ဘယ်ရောဂါက ခံတွင်းနံ့ နံတာနဲ့ ဆက်စပ်နေတတ်သလဲ။
(က) သွားဖုံးရောဂါ
(ခ) ဆီးချိုရောဂါ
(ဂ) အသည်းရောဂါ
(ဃ) အပေါ်က ရောဂါအားလုံး
အဖြေ= (ဃ)
ခံတွင်းနံ့ဆိုးခြင်းရဲ့ ၉၅ ရာခိုင်နှုန်းကျော်ဟာ ပါးစပ်တွင်း ဘက်တီးရီးယားပိုး ပမာဏ မညီမျှခြင်းကြောင့် ဖြစ်ရတာပါ။ ဒီလို ဘက်တီးရီးယားပိုး မညီမျှခြင်းဟာ ခံတွင်းသန့်ရှင်းရေး ကောင်းစွာ မပြုလုပ်ခြင်း၊ သွားဖုံးရောဂါ၊ အစာအိမ် အချဉ်ပေါက်ခြင်း၊ အာခြောက်ခြင်း၊ စိတ်ဖိစီးခြင်း၊ ဆေးလိပ်သောက်ခြင်း အပြင် ချိစ်နဲ့ နို့များစွာ ပါရှိတဲ့ အစားအသောက် စားသောက်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းရဲ့ တခြားအကြောင်းရင်းတွေမှာ ဆီးချိုရောဂါ၊ အသည်းရောဂါနဲ့ ကျောက်ကပ်ရောဂါ တချို့ကြောင့်လည်း ပါဝင်ပါတယ်။
၃။ ဘယ်ဆေးဝါးတွေက ခံတွင်းနံ့ကို ပိုဆိုးစေသလဲ။
(က) သွေးပေါင်ကျဆေးတွေ
(ခ) အအေးမိသက်သာ ပျောက်ကင်းဆေးတွေ
(ဂ) စိတ်ကျရောဂါသက်သာဆေးတွေ
(ဃ) အပေါ်မှာဖော်ပြထားတဲ့ ဆေးအားလုံး
အဖြေ = (ဃ)
ဆေးဝါးများစွာက ခံတွင်းကို ခြောက်စေပါတယ်။ အာခြောက်လွန်းလို့ ညဘက် တစ်ရေးနိုးကာ ရေထသောက်ရတဲ့ အဆင့်ထိ ရောက်နေရင်တော့ ဆရာဝန်ကို ပြောပြကာ ဆေးဝါးသောက်သုံးရတဲ့ ပမာဏ ညှိနှိုင်းပါ။ ဒါမှမဟုတ် ဆေးပြောင်းသင့်ရင် ပြောင်းရပါလိမ့်မယ်။ တစ်နေ့လုံး ရေများစွာ သောက်ပေးသင့်သလို ညအိပ်ခါနီးမှာလည်း ရေသောက်ပေးပါ။
၎။ ဘယ်အခြေအနေမှာ ဘေးပတ်ဝန်းကျင်က ကိုယ့်ခံတွင်းနံ့ကို သတိမထားမိပေမယ့် ကိုယ့်ကိုကိုယ်တော့ မခံမရပ်နိုင်အောင် ဖြစ်တတ်သလဲ။
(က) စိတ်ကျရောဂါ
(ခ) စိတ်ကစဥ့်ကလျားရောဂါ
(ဂ) နှာခေါင်းကလိုင်ပေါက်ရောဂါ/ ဓာတ်မတည့်ခြင်း
(ဃ) ခေါင်းတစ်ခြမ်းကိုက်ခြင်း
အဖြေ = (ဂ)
ကိုယ့်ခံတွင်းနံ့ ကိုယ်မခံနိုင်အောင် ဖြစ်နေသူတွေဟာ နှာခေါင်းတွင်း ကလိုင်ပေါက်မှာ ရောဂါဖြစ်နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ပါက တခြားသူတွေ အနေနဲ့ အနံ့ကို သတိမထားမိပေမယ့် ဝေဒနာ ရှင်အနေနဲ့ကတော့ အနံ့နံလွန်းပါတယ်။ ရောဂါဖြစ်တာ သေချာပါက ရောဂါပျောက်အောင် နှာခေါင်းတွင်း ဖျန်းဆေးနဲ့ ဓာတ်မတည့်ခြင်းကို သက်သာပျောက်ကင်းစေတဲ့ ဆေးဝါးတွေသုံးပြီး ကုသနိုင်ပါတယ်။
၅။ ဘယ်အစားအစာက ခံတွင်းနံ့ဆိုးစေပါသလဲ။
(က) နို့နဲ့ချိစ်
(ခ) အာလူး
(ဂ) ဒိန်ချဉ်
(ဃ) အပေါ်မှာ ဖော်ပြထားတာ အားလုံး
အဖြေ = (က)
ချိစ်နဲ့နို့တွေကို အလွန်အကျွံ စားသောက်ပါက လျှာပေါ်ရှိ Mucus အဖြူလွှာက ပိုထူလာကာ ခန္ဓာကိုယ်ကနေ ဖျက်ရ၊ ရှင်းရ ပိုခက်သွားတတ်ပါတယ်။ ဒါ့အပြင် ဒီအစားအစာတွေမှာ ခံတွင်းနံ့ ဆိုးခြင်းကို ဖြစ်ပေါ်စေတဲ့ Cystcine နဲ့ Methyl Mercaptam အမည်ရှိ အမိုင်နို အက်စစ်နှစ်မျိုးကလည်း ပမာဏများစွာ ပါရှိတတ်ပါတယ်။
၆။ ဘယ်အစားအစာက  ခံတွင်းနံ့ဆိုးခြင်းကို တိုက်ဖျက်ပေးသလဲ။
(က) ငရုတ်ပွသီး
(ခ) တရုတ်နံနံ
(ဂ) ဒိန်ချဉ်
(ဃ) မုန်လာဥနီ
အဖြေ = (ဂ)
လေ့လာချက်အရ သကြားမပါတဲ့ ဒိန်ချဉ်ရိုးရိုးကို ခြောက်ပတ်ကြာ နေ့စဉ် စားသုံးခြင်းက ခံတွင်းနံ့ဆိုး ခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်တဲ့ ခံတွင်းရှိ ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓာတ် ပမာဏ သိသာစွာ လျော့ကျ စေတာကို တွေ့ရပါတယ်။ ဒိန်ချဉ်မှာ ပါရှိတဲ့ ဘက်တီးရီးယားပိုးတွေဟာ အနံ့ဆိုးကို တိုက်ဖျက်ပေးနိုင်တာကြောင့်ပါ။
ဗီတာမင်စီကလည်း သွားဖုံးကျန်းမာရေးအတွက် ကောင်းစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝစွာပါရှိတဲ့ ငရုတ်ပွသီးလို အစားအစာမျိုးကို စားပေးသင့်ပါတယ်။ မုန်လာဥနီနဲ့ တရုတ်နံနံလို မာတဲ့ အစာတွေကို ဝါးပေးခြင်းကလည်း သွားဖုံးကို နှိပ်နယ်ပေးသလို ဖြစ်တာကြောင့် သွားဖုံးကျန်းမာရေးကို ကောင်းစေပါတယ်။
၇။ လျှာမှာ အပေါက်ဖောက်ခြင်းက ခံတွင်းနံ့ကို ဘယ်လိုဆိုးစေသလဲ။
(က) ရောဂါပိုး ပိုဝင်လာရာကနေ အနံ့ဆိုးစေတာပါ။
(ခ) လျှာပေါ်တပ်တဲ့ ပစ္စည်းက တံတွေးအထွက်နည်း စေတာကြောင့် အနံ့ဆိုးစေတာပါ။
(ဂ) အပေါက် အနာမကျက်ခြင်းကြောင့်ပါ။
အဖြေ = (က)
လျှာမှာ အပေါက်ဖောက်တဲ့အခါ ရောဂါပိုး ပိုပြီး ကူးစက်နိုင်သလို ဖောက်ထားတဲ့ အပေါက်နား ဘက်တီးရီးယားတွေ ခိုအောင်း နိုင်တာကြောင့် ခံတွင်းနံ့ကို ပိုပြီး ဆိုးစေတာပဲ ဖြစ်ပါတယ်။
ခံတွင်းနံ့ဆိုးခြင်း  အမျိုးအစားများ
၁။ လျှာကြောင့် ခံတွင်းနံ့ဆိုးခြင်း
လျှာကြောင့် ခံတွင်းနံ့ဆိုးတဲ့ လက္ခဏာရပ်တွေကတော့ လျှာမှာ အဝါရောင် အလွှာတစ်ထပ်ဖြစ်ခြင်း ဒါမှမဟုတ် လက်ဖမိုးကို လျက်ကြည့်တဲ့အခါ အနံ့အသက် မကောင်းခြင်းတို့ပဲ ဖြစ်ပါတယ်။ လျှာသန့်ရှင်း ဖို့နည်းကတော့ သွားတိုက်ဆေး အနည်းငယ်ယူကာ လျှာပွတ်တံနဲ့ လျှာကို ပွတ်ပေးဖို့ပဲ ဖြစ်ပါတယ်။
၂။ သွားဖုံးကြောင့် ခံတွင်းနံ့ဆိုးခြင်း
သွားဖုံးကနေ သွေးထွက်နေတတ်ပါတယ်။ သွားကြား သန့်ရှင်းရေး လုပ်လေ့ မရှိသူတွေမှာ ဖြစ်လေ့ရှိပြီး အကယ်၍ သွားကြားထိုးကြိုးနဲ့ သွားကြား ထိုးခဲ့ရင်တောင် နာကျင်နေမှာပါ။
၃။ လည်ချောင်း/နှာခေါင်းကြောင့် ခံတွင်းနံ့ဆိုးခြင်း
အသံဝင်ခြင်း၊ လည်ချောင်းအသံ ကပ်ခြင်းတို့နဲ့ပါ တွဲပြီး ဖြစ်လေ့ရှိပါတယ်။ ဓာတ်မတည့် ပျောက်ဆေး သုံးဆောင်နေသူတွေမှာလည်း ဖြစ်တတ်ပါတယ်။
၎။ လူနေမှုပုံစံကြောင့် ခံတွင်းနံ့ဆိုးခြင်း
အစာလျှော့စားကာ အပိန်ကျင့်ခြင်းက ခံတွင်းနံ့ ဆိုးစေနိုင်သလို နို့နဲ့ ချိစ်စားခြင်း၊ ကော်ဖီသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနဲ့ စိတ်ဖိစီးခြင်းတို့ကြောင့်လည်း ခံတွင်းနံ့ နံတတ်ပါတယ်။
ခံတွင်းနံ့ သင်းပျံ့စေမည့် အဆင့်ခြောက်ဆင့်
ခံတွင်းနံ့ နံတာ ပျောက်ဖို့က မခက်ခဲပါဘူး။ အောက်ပါ အချက်ခြောက်ချက်ကို လိုက်နာရုံနဲ့ ခံတွင်းနံ့ ကောင်းလာမှာပါ။
၁။ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။ လျှာပွတ်တံနဲ့ လျှာပွတ်ပေးပါ။ လျှာပွတ်ခြင်းက အစာအကြွင်းအကျန်နဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပါတယ်။ သန့်ရှင်းတဲ့ ခံတွင်းရဲ့ အနံ့ကလည်း လန်းဆန်း နေမှာပါ။
၂။ သင့်တော်တဲ့ ပစ္စည်း သုံးပေးသင့်ပါတယ်။ သွားပွတ်တံဆိုရင်လည်း အမွေးနူးညံ့တာမျိုး သုံးပေးသင့်ပါတယ်။ အကယ်၍ လျှာပွတ်တံ မရှိပါက ဇွန်းနဲ့ ပွတ်ပေးနိုင်ပါတယ်။
၃။ မနက်တစ်ခါ ညတစ်ခါ သွားတိုက်ပါ။ နူးညံ့တဲ့ သွားပွတ်တံကို သုံးပြီး စက်ဝိုင်းသဏ္ဌာန် လှည့်ကာ၊ လှည့်ကာ နှစ်မိနစ်ကြာ တိုက်ပေးပါ။ ခပ်ကြမ်းကြမ်း မဖိမိစေပါနဲ့။ သွားရဲ့ကြွေလွှာ ပျက်စီးစေနိုင်တာ ကြောင့်ပါ။
၎။ အာခြောက်မခံပါနဲ့။ မကြာခဏ ရေသောက်ပါ။ အယ်ကိုဟော အခြေခံ ပလုတ်ကျင်းဆေးရည်ကို ရှောင်ပါ။ အရက်သောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းလို ခံတွင်းကို ခြောက်သွေ့စေတာကြောင့်ပါ။
၅။ သွားဖုံးရောဂါရှိပါက သွားဆရာဝန်ထံ မှန်မှန်ပြပါ။
၆။ ကော်ဖီနဲ့ တခြားအက်စစ်ပါတဲ့၊ ဂက်စ်ပါတဲ့ အအေးတွေ ရှောင်ပါ။ သကြားများတဲ့ အစာကို ရှောင်ပါ။ ဒီအစားအစာတွေကို အကယ်၍ စားမိခဲ့ရင်လည်း စားအပြီး ငါးမိနစ်အကြာမှာ သကြားမပါ ပီကေကို ဝါးပါ။ ဒါမှ တံတွေး ထွက်ရှိလာပြီး အက်စစ်တွေကို ပြန်ချေဖျက်နိုင်မှာပါ။
စာဖတ်ပရိသတ်အားလုံး မွှေးပျံ့တဲ့ ခံတွင်းနံ့ ပိုင်ဆိုင်နိုင်ကြပါစေ..
ဒေါက်တာနုမြတ်
Ref: Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/article-58073

သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆီ လျော့ကျစေမည့် အစာစားနည်းများ

လူတွေက သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆင့် မြင့်မားတာကို ကိုလက်စထရောအဆင့် မြင့်မားတာလောက် အလေးမထားတတ်ကြပါဘူး။ တကယ်တော့ ထရိုင်ဂလစ်ဆရိုက်အဆီ မြင့်မားတာဟာ နှလုံးအတွက် အန္တရာယ်ပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားတာလို ဘဝနေထိုင်မှုပုံစံ ပြောင်းလဲတာက သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆီရော၊


ကိုလက်စထရောကိုပါ လျော့ကျအောင် လုပ်ဆောင်သင့်ပါတယ်။
ထရိုင်ဂလစ်ဆရိုက်အဆီ မြင့်တက်မှုကြောင့် နှလုံးရောဂါထတာနဲ့ လေဖြတ်တာတွေရဲ့ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်
လို့လေ့လာမှုတွေကဆိုပါတယ်။ ထရိုင်ဂလစ်ဆရိုက်အဆီ လျော့ကျစေဖို့အတွက် ဆေးဝါးတွေထက် လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအသောက်ပုံစံ ပြောင်းလဲတာတွေလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံကို လိုက်နာတာက ပိုမိုထိရောက်မှု ရှိပါတယ်။
သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆီက ပုံမှန်လား၊ မြင့်တက်နေသလား
သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆီ အဆင့်က ၁၅၀ အောက် လျော့နည်းသင့်ပါတယ်။ ဒီပမာဏထက် ပိုမြင့်လေလေ၊ အန္တရာယ်ရှိလေလေပါပဲ။ သင်သိထားသင့်တဲ့ ကိန်းဂဏန်းတွေကတော့…….
- ပုံမှန် သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆင့်က ၁၅၀ mg/dL အောက် နည်းရပါမယ်။
- လက်ခံနိုင်ရုံမျှရှိတဲ့ ထရိုင်ဂလစ်ဆရိုက်အဆင့်က ၁၅၀ နဲ့ ၁၉၉ mg/dL ကြား ဖြစ်ပါတယ်။
- ၂၀၀ mg/dL ထက် များရင် အလွန်မြင့်နေပါပြီ။
- ၅၀၀ mg/dL ထက် များရင် အလွန့်အလွန် မြင့်နေပါပြီ။
သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆင့် မြင့်တာက အဝလွန်တာ၊ ဆီးချိုသွေးချိုရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ သိုင်းရွိုက်ရောဂါတို့နဲ့ ဆက်နွှယ်မှု ရှိပါတယ်။ ဆရာဝန်လုပ်နိုင်တဲ့ ပထမဆုံးအရာက ဒီရောဂါတွေ မဖြစ်အောင် သွေးတွင်းထရိုင်ဂလစ်ဆရိုက် အဆင့်ကို ပုံမှန်ဖြစ်အောင် ထိန်းဖို့ ဖြစ်ပါတယ်။
သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆီကို လျှော့ချနိုင်ရန် စားသင့်သော အစာများ
သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆီ လျော့ကျစေဖို့အတွက်ဆိုရင် စားတဲ့ အစာကယ်လိုရီတွေက ခန္ဓာကိုယ်က အသုံးပြုတဲ့ ကယ်လိုရီတွေထက် ပိုမများစေသင့်ပါဘူး။ အစာကိုလည်း ရွေးချယ်စားရပါမယ်။
ပြည့်ဝဆီနှင့် ထရန့်စ်ဖက်စ်များကို လျှော့ချပါ
ဒီအဆီတွေက တိရစ္ဆာန်ထွက်ဆီ၊ အမြန်စာ၊ ဖုတ်ထားတဲ့ မုန့်တွေနဲ့ တခြား အဆင်သင့် အစားအစာ တချို့မှာ အဓိက တွေ့ရလေ့ရှိတဲ့ အဆီတွေ ဖြစ်ပါတယ်။
မပြည့်ဝဆီကို ရွေးချယ်ပါ
ဟင်းချက်တဲ့အခါ သံလွင်ဆီကို သုံးပါ။ ဒီအဆီက မပြည့်ဝဆီဖြစ်လို့ ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိပါတယ်။
သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် အဆီနည်းနို့နှင့် နို့ထွက်ပစ္စည်းများမှ ကယ်လိုရီ အများဆုံး ရယူပါ
အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းဖြစ်ရင် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ပါတယ်။
အရက်သောက်တတ်လျှင် အသင့်အတင့်ပဲ သောက်ပါ
အရက်မှာ သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အတွက် မကောင်းတဲ့ ကယ်လိုရီတွေ ပါဝင်နေပါတယ်။ ဒါကြောင့် အရက်ကို မသောက်ဘဲနေနိုင်ရင် အကောင်းဆုံးပါ။
သကြားအဖြူကို ရှောင်ပါ
ငါးကို တစ်ပတ်တစ်ကြိမ်- နှစ်ကြိမ် စားပါ
ပရိုတင်းဓာတ် အရင်းအမြစ်ဖြစ်တဲ့ ငါးကို အနည်းဆုံး တစ်ပတ် တစ်ကြိမ်-နှစ်ကြိမ်ခန့် စားပါ။ ဆယ်လ်မွန်ငါးတို့လို ရေအေးငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှု မြင့်မားတာကြောင့် ထရိုင်ဂလစ်ဆရိုက်အဆင့်ကို လျော့ကျစေပါတယ်။
အမျှင်ဓာတ် များများစားပါ
အခွံချွတ်မထားတဲ့ ကောက်နှံစာထဲမှာ အမျှင်ဓာတ် ပါဝင်တာကြောင့် အစာကို နည်းနည်းနဲ့ ဗိုက်ပြည့်စေတဲ့အစွမ်း ရှိပါတယ်။ ထရိုင်ဂလစ်ဆရိုက်အဆင့်ကို လျော့ကျစေမယ့် နှလုံးကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာထဲမှာ သကြား၊ အဆီနဲ့ အယ်လ်ကိုဟောတို့ ပါဝင်မှု လျော့နည်းပါတယ်။
ဇွန်
Ref: Good Health
Source: http://news.yatanarpon.com.mm/news/news-59643

Tuesday, January 22, 2013

တစ်နေ့ လက်ဖက်ရည် လေးခွက်နှင့်အထက် သောက်ပါက ဆီးချိုရောဂါ အမျိုးအစား (၂) ကို လျှော့ပါးစေနိုင်

ဗြိတိသျှလူမျိုးတို့၏ လက်ဖက်ရည်သောက်သည့် အကျင့်သည် ဆီးချိုရောဂါ အမျိုးအစား (၂) ကို လျှော့ပါးစေသော်လည်း တစ်ရက်လျှင် အနည်းဆုံး လက်ဖက်ရည် လေးခွက်နှင့်အထက် သောက်မှသာ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ ဒူဆဲလ်ဒေါမ် တက္ကသိုလ်မှ သုတေသီအဖွဲ့၏ တင်ပြချက်အရ သိရသည်။
ဗြိတိသျှလူမျိုးတို့၏ ဓလေ့အရ တစ်ရက်



 လက်ဖက်ရည် လေးခွက်သောက်လျှင် ထိုရောဂါမျိုးဖြစ်နိုင်ရန် ရာခိုင်နှုန်း ၂၀ လျော့ပါးကြောင်း တွေ့ရသည် ဟုဆိုသည်။ ဥရောပလူမျိုးများ၏ ဓလေ့အရ လက်ဖက်ရည် သောက်သုံးမှုတွင် စပိန်နိုင်ငံသည် ပျမ်းမျှအရ တစ်ခွက်မျှမသောက်ဘဲ အင်္ဂလန်တွင် လေးခွက်သောက်ကြောင်း တွေ့ရသည် ဟုဆိုသည်။
ဆီးချို အမျိုးအစား အမှတ် (၂) ဖြစ်ရန် ကိုယ်ခန္ဓာဝဖြိုးမှုသည် အကြောင်းရင်း တစ်ခုဖြစ်ကြောင်း တွေ့ရသည်။ လက်ဖက်ရည်တွင် ပိုလီဖီနော ပါဝင်နေမှုကြောင့် ဘီတာဆဲလ်များနှင့် ဖရီးရေဒီကဲလ်များကို ကာကွယ်ပေးရာရောက်ကြောင်း သိရသည်။ ဥရောပ ရှစ်နိုင်ငံမှ ဆီးချို အမှတ် (၂) အမျိုးအစားရှိသော လူ ၁၂၄၀၃ ဦးအား ၂၆ ဌာနခွဲ၍ သုတေသန ပြုထားကြောင်းလည်း သိရသည်။
Internet/NWE/AMW
By Yangon Times Journal

သခွားသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

သခွားသီးက ကမ္ဘာပေါ်မှာ ရေပန်းစားတဲ့ ဟင်းသီးဟင်းရွက်ထဲမှာ တစ်မျိုး အပါအဝင် ဖြစ်ပါတယ်။  သခွားသီးမှာ ကျန်းမာရေး၊ အသားအရေနဲ့ အလှအပဆိုင်ရာ အာနိသင်တွေ ရှိတာကြောင့် သခွားသီးအကြောင်းကို အထူးအထွေ ပြောနေစရာတော့ လိုမယ် မထင်ပါဘူး။ သခွားသီးမှာ အဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး ဗီတာမင်နဲ့ သတ္တုဓာတ် အမြောက်အမြား ပါဝင်တာကြောင့် သခွားသီးရဲ့ တိကျတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိနိုင်ဖို့အတွက် ရေးသားလိုက်ရပါတယ်။


(၁) ရေဓာတ် ပြည့်ဝစေပါတယ်
သခွားသီးဟာ အပူဒဏ်ကို တွန်းလှန်နိုင်ပြီး အေးမြစေတဲ့ သစ်သီးပါ။ အကြောင်းကတော့ သခွားသီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းကျော် ပိုမိုပါဝင်တာကြောင့် ဖြစ်ပါတယ်။ သခွားသီးကို စားရင် ခန္ဓာကိုယ်အတွင်းမှ အဆိပ်တွေကို ထွက်ရှိသွားစေပါတယ်။
(၂) အသားအရေကို ကျန်းမာတောက်ပစေပါတယ်
သခွားသီးမှာ အသားအရေကို ကျန်းမာစေတဲ့ အာဟာရဓာတ်တွေ အများအပြား ပါဝင်နေပါတယ်။ ဒါကြောင့် သခွားသီးကို အသားအရေ တင်းရင်းလှပစေတဲ့ မျက်နှာပေါင်းတင်ပစ္စည်းအဖြစ် အသုံးပြုနေကြတာပါ။ သခွားသီးကို ပါးပါးလှီးပြီး မျက်ဝန်းပေါ်မှာ ကပ်ပေးရင် မိနစ်အနည်းငယ်ကြာတဲ့အခါမှာ မျက်ဝန်းတွေကို အေးမြလန်းဆန်းစေပြီး မျက်ဝန်းအောက်မှာ ဖောင်းအစ်တာနဲ့ တွဲကျတာတွေကို လျော့ပါးစေပါတယ်။
(၃) ကင်ဆာကို တွန်းလှန်ပေးနိုင်ပါတယ်
သခွားသီးမှာ ကင်ဆာကို တွန်းလှန်ပေးနိုင်တဲ့ လစ်ဂနင်ဓာတ်တွေ ပါဝင်တာကြောင့် မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ ရင်သားကင်ဆာတွေလို ကင်ဆာအမျိုးမျိုးရဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။
(၄) သွေးဖိအားကို ထိန်းချုပ်ပေးပါတယ်
သခွားသီးဖျော်ရည်ကို သောက်ပေးတာက သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ သခွားသီးမှာ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တို့ အများအပြား ပါဝင်နေတာကြောင့်ပါ။ သွေးဖိအား အနိမ့်၊ အမြင့်ကို ထိန်းချုပ်နိုင်ဖို့ သခွားသီးဖျော်ရည်ကို သောက်နိုင်ပါတယ်။
(၅) သွားနဲ့ သွားဖုံးရောဂါတွေကို ကုသပေးနိုင်ပါတယ်
သခွားသီးဖျော်ရည်ကို သောက်သုံးတာက သွားနဲ့ သွားဖုံးဆိုင်ရာ ဝေဒနာတွေကို လျော့ပါးသက်သာစေပါတယ်။
(၆) အစာကြေညက်စေပါတယ်
သခွားသီးဖျော်ရည်ရဲ့ နောက်ထပ် အရေးပါတဲ့ အကျိုးကျေးဇူးတစ်ရပ်က အစာအိမ်အနာ၊ အစာအိမ်ရောင်တာ၊ ရင်ပူတာနဲ့ အက်စစ်ဆန်တက်မှုများတာ စတဲ့ အစာခြေလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို ကုသနိုင်တာပဲ ဖြစ်ပါတယ်။ သခွားသီးဖျော်ရည်က အစာခြေစနစ်မှ အဆိပ်တွေကို အပြင်ထွက်စေတဲ့နည်းနဲ့ အစာကြေညက်စေပါတယ်။ နာတာရှည် ဝမ်းချုပ်နေသူတွေ အနေနဲ့ နေ့စဉ် သခွားသီးစားပေးပါက ဝမ်းမှန်မှန် သွားစေနိုင်ပါတယ်။
(၇) အဆစ်တွေကို သန်စွမ်းစေပါတယ်
သခွားသီးမှာပါတဲ့ ဆီလီကာတွေက တွယ်ဆက်တစ်သျှူးတွေကို သန်စွမ်းစေတဲ့နည်းနဲ့ အဆစ်တွေကို ကျန်းမာစေပါတယ်။ ဆီလီကာဟာ ခြေသည်းနဲ့ လက်သည်းတွေ ကွဲအက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၈) သွေးတွင်း ကိုလက်စထရောကို လျော့ကျစေပါတယ်
သခွားသီးကို ပုံမှန်စားပေးတာကြောင့် သွေးတွင်း ကိုလက်စထရော အဆင့်ကို လျော့ကျစေတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။
(၉) ဆီးကျောက်တည်မှုကို ကာကွယ်ပေးပါတယ်
သခွားသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် အဆိပ်တွေနဲ့ ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းတွေကို ထွက်ရှိသွားစေပါတယ်။ သခွားသီးကို ပုံမှန်စားပေးပါက ဆီးကျောက်တည်တာကို ကာကွယ်ပေးပါတယ်။
(၁၀) ကိုယ်အလေးချိန်ကို လျော့စေပါတယ်
သခွားသီးမှာ ကယ်လိုရီပါဝင်မှု နည်းပါးပြီး ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစာတစ်မျိုးအဖြစ် နာမည်ကြီးပါတယ်။ သခွားသီးကို များများစားပေးပါက တခြား ကယ်လိုရီများတဲ့ အစာတွေကို စားနှုန်း လျော့ကျသွားတာကြောင့်ပါ။
Ref: Good Health
Source: http://news.yatanarpon.com.mm/news/news-59695

ဆေးဖက်ဝင် ဒိန်ချဉ်အကြောင်း သိကောင်းစရာများ

လူသားများဧ။် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် သဘာဝအားဖြင့် ကပ်ပါးပိုးအဖြစ်ရှိသော ဘက်တီးရီးယားပိုးများသည်၊ လူ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ ဆဲ(လ်)အရေအတွက်ထက်ပင်ပိုမိုများပြားပါသည်။ အဆိုပါဘက်တီးရီးယားပိုးများသည် လူသားတို့ ဧ။်




ကျန်းမာရေးအတွက် ပြန်လှန်အကျိုးပြုပေးနေသော လူသားများအတွက် မရှိမဖြစ်မိတ်ဆွေကောင်းဘက်တီးရီးယားပိုးများပင်ဖြစ်သည်။
၎င်းတို့ သည် ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့်လည်းကောင်း၊ မဆင်မခြင်စားသောက်တတ်သော အလေ့အကျင့်ကြောင့်လည်းကောင်း၊ပဋိဇီဝပိုးသတ်ဆေးများ သောက်သုံးသောကြောင့်လည်းကောင်း သေကျေပျက်စီးသွားတတ်ကြပါသည်။
ဒိန်ချဉ်တွင် အဆိုပါ လူ့ အကျိုးပြုဘက်တီးရီးယားပိုးများသန်းထောင်နှင့်ချီ၍ပါဝင်ရာ၊ တချို့ သောဆရာဝန်များက ပဋိဇီဝဆေးများသုံးစွဲခြင်းကြောင့် ပျက်စီးသွားသော မိတ်ဆွေကောင်း ဘက်တီးရီးယားပိုးများ ပြန်လည်ရှင်သန်ပွားများစေရန်အတွက် ဒိန်ချဉ်ကိုစားသုံးရန် ညွှန်ကြားတတ်ပေသည်။
သုတေသနပညာရှင်များဧ။် ရာနှင့်ချီ၍ပြုလုပ်လေ့လာခဲ့သော စမ်းသက်ချက်များအရ ဒိန်ချဉ်သည် ခန္ဓာကိုယ်ဧ။်ကိုယ်ခံစွမ်းအား
(Immunity) ကိုတိုးမြှင့်စေနိုင်သည်။ အူလမ်းကြောင်းဧ။် ကျန်းမာရေးကိုကောင်းစေနိုင်သည်။ Lactose Intolerance (ခေါ်) နို့ သကြားဓာတ်မတည့်ခြင်းအား ပျောက်ကင်းစေနိုင်သည်။
ဗီတာမင်မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်၊ အထူးအားဖြင့် ကယ်(လ်)စီယမ်နှင့် ပရိုတိန်းဓာတ်စသော အာပာာရဓာတ်များ အများအပြား ပါဝင်သဖြင့်၊ သွားနှင့်အရိုးကိုလည်း ခိုင်မာစေသည်။ အသားအရေကိုလည်း ကြည်လင်ဝင်းပစေသည်။
ထို့ ပြင် ဒိန်ချဉ်သည် အမျိုးသားကျားပောာ်မုန်း ထွက်မှုကိုအားပေးသဖြင့်၊ အသက်(၆၀)ကျော်အမျိုးသားများတွင်ပင် သားသမီးရတနာ ထွန်းကားစေနိုင်ပါသည်။
အမျိုးသမီးများဧ။် မိန်းမကိုယ်တွင်း၌သဘာဝအလျောက် အက်ဆစ်ဓာတ်ဖြစ်နေစေရန် အက်စစ်ဒိုဖေးလပ်(စ်) (Acidophilus) (ခေါ်) ကောင်းသည့် ဘက်တီးရီးယားများကညီမျှအောင်ထိန်းချုပ်ပေးထားပါသည်။
ထို့ ကြောင့် ကူးစက်ရောဂါပိုးများဝင်ရောက်ခြင်းမရှိအောင် ကာကွယ်ပေးပါသည်။ ၎င်းဓာတ်မျိုးကို ဒိန်ချဉ်တွင်တွေ့ ရှိရ၍၊ အမျိုးသမီးများနေ့ စဉ် ဒိန်ချဉ်တစ်ဖန်ခွက်သောက်ခြင်းဖြင့်၊ မိန်းမကိုယ်တွင်းမှတစ်ဆင့်
ကူးဆက်ပိုးဝင်ရောက်ခြင်းကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ ရှိရကြောင်းပါ……
မူရင်း။ ။ Health Digest
Posted by စိမ့်စမ်းရေ on Tuesday, January 10, 2012
categories: ကျန်းမာရေး saintsanyae.blogspot

” ဦးနှောက်ကိုပျက်စီးစေသော အကြောင်း(၁၀)ချက် “

၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။
၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။


၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။
၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။
၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။
၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။
၈) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။
၉) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။
၁၀) မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။
မူရင်းလင့် ( http://studentmai.org )
Ref: saintsanyae.blogspot.

နှလုံးရောဂါထခြင်း အန္တရာယ်ကို ၉ဝရာခိုင်နှုန်း နီးပါး လျှော့ချ နိုင်မည့် နည်းလမ်းများ

လုပ်ငန်းခွင် ဖိစီးမှုရှိကာ အလုပ်မြဲမှ မြဲပါ့မလားဆိုပြီး စိတ်ပူပင် သောကများ နေရတာဟာ အမျိုးသမီး တစ်ယောက်ရဲ့ နှလုံးကျန်းမာ ရေးကို ထိခိုက်စေ နိုင်ကြောင်း ချီကာဂိုမှာ ကျင်းပခဲ့တဲ့ အမေရိကန် နှလုံး ကျန်းမာရေး အသင်းအဖွဲ့ အစည်းအဝေးက ဆိုပါတယ်။ လုပ်ငန်းခွင်နဲ့ ဆက်စပ်ပြီး ခံစားနေရတဲ့ နာတာရှည် စိတ်ဖိစီးမှု များနေတဲ့ အမျိုးသမီးတွေကို ၁ဝနှစ်ကြာ လေ့လာမှုအရ သူတို့ဟာ တခြား အမျိုးသမီးတွေထက် နှလုံးရောဂါထနိုင်ခြေ ( Heart Attack) ဖြစ်နှုန်း ၈၈ ရာခိုင်နှုန်း ပိုများကြောင်း သိရ ပါတယ်။


ဒါ့အပြင် ပင်ပန်းလွန်းတဲ့ အလုပ် လုပ်ရသူ အမျိုးသမီးတွေ ဟာလည်း တခြား အမျိုးသမီးတွေထက် နှလုံးသွေးကြော ရောဂါဖြစ်နိုင်ခြေ ၄ဝ ရာခိုင်နှုန်း ပိုများ ပါတယ်။ ဒါကြောင့် အလုပ် လုပ်နေရသူ အမျိုးသမီး တွေအနေနဲ့  နှလုံးရောဂါထခြင်း မဖြစ်အောင် ၉ဝ ရာခိုင်နှုန်း နီးပါး ကာကွယ် ပေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
စိတ်ဖိစီးမှုကို အဆင်ပြေသောနည်း သုံးကာ တိုက်ထုတ်ပါ
လူတစ်ဦးနဲ့ တစ်ဦးမှာ စိတ်ဖိစီးမှု ဖယ်ရှား ပေးနိုင်တဲ့ နည်းလမ်း ကတော့ တူညီမှာ မဟုတ်ပါဘူး။ အလုပ်ဖြုတ် ခံရမှာကို စိုးရိမ် နေတာဟာ အဝလွန်ခြင်း၊ သွေးတိုးခြင်းနဲ့ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော ပမာဏ များခြင်းတွေနဲ့ ဆက်စပ်နေပြီး နှလုံးသွေးကြော ရောဂါ ဖြစ်နိုင်ခြေကို တိုးမြင့် စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု များမနေဘဲ ပူပင် သောကကို တိုက်ထုတ် ဖြေရှင်း လိုက်ပါ။
သင့်ဦးနှောက်ကို ပျော်ရွှင်အောင် အားဖြည့်ပါ
အလုပ် နဲ့ချည်း ဘဝရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို မကုန်ဆုံးစေဘဲ ဦးနှောက်နဲ့ စိတ်ကို အနားပေးပါ။ မိသားစုကို အချိန်ပေးပြီး ညစာ အတူစားတာ၊ ကလေးတွေကို အိမ်စာ ကူလုပ် ပေးတာ၊ ကစားကွင်း လိုက်ပို့တာ တွေကို လုပ်ဆောင် ပေးပါ။
ပီကေဝါးပါ စိတ်တည်ငြိမ်အောင် ထိန်းဖို့ အရေးပေါ် လိုအပ်လာရင် ပီကေဝါးပေးပါ
ပီကေကို အချိုတုပါတဲ့ ပီကေလုံးဝ မဝါးပါနဲ့။ လေ့လာမှု တစ်ရပ်အရ သကြားမပါတဲ့ ပီကေ ဝါးတာဟာ ဦးနှောက်ဆီသို့ သွေးစီးဆင်း မှုကို ၄ဝ ရာခိုင်နှုန်းကျော် အထိ ကောင်းမွန် စေကာ စိတ်တည်ငြိမ် အေးချမ်း စေကြောင်း သိရပါတယ်။
တရားထိုင်ခြင်း အကြောင်းလေ့လာပါ။
ကျန်းမာရေးကို အဆိပ်အတောက် ကင်းကင်း ကောင်းမွန်စေတဲ့ နည်းလမ်းပါ။ တရားထိုင်သူတွေဟာ တရားမထိုင်သူတွေနဲ့ ယှဉ်ရင် စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်း ပမာဏကို ၆၆ ရာခိုင်နှုန်း အထိ လျော့ကျ စေကြောင်း လေ့လာမှု တစ်ရပ်က ဆိုပါတယ်။

Ref: Good Health
Source: http://news.yatanarpon.com.mm/news/news-6390

အံ့ဖွယ် ရုံးပတီသီးစွမ်းပကား

မိန်းကလေးတစ်ယောက်ရဲ့ လက်ချောင်းလေးတွေလို ရှည်ရှည်သွယ်သွယ် ကလေးတွေမို့ အနောက်နိုင်ငံက လူတွေက Ladies’ finger လို့ ခေါ်တဲ့
ရုံးပတီသီးလေးတွေဟာ မြန်မာပြည်မှာတော့ သိပ်ကို လတ်လတ် ဆတ်ဆတ် စိမ်းစိမ်းစိုစိုနဲ့ ဈေးသက်သက်သာသာ ရနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါပဲ။



လူတစ်ယောက်ဟာ အနှစ်နှစ်ဆယ်ကျော် ဝမ်းချုပ်တဲ့ ရောဂါကို ခံစားခဲ့ရပြီး လတ်တလောမှာတော့ အစာအိမ် အချဉ်ပေါက်ပြီး
လေချဉ်တွေတက်တက်နေတတ်ပါတယ်။ အဲဒီလို နှစ်ရှည်လများ ခံစားခဲ့ရပြီး ဘာနဲ့မှ မသက်သာခဲ့တာမို့ အလွယ်တကူ ပျောက်လိမ့်မယ်လို့လည်း ထင်မထားပါဘူး။
ဒါပေမယ့် ထူးဆန်းစွာပဲ ရုံးပတီသီးကြောင့် သူ့ရောဂါတွေ ပျောက်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး ရုံးပတီသီး မှန်မှန်စားလိုက်တာ.. ဘာဆေးမှ
မမှီဝဲရတော့ပါဘူးတဲ့။ ဝမ်းချုပ်တာ၊ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေ တက်နေတာ ပျောက်သွားတဲ့အပြင် သွေးထဲက သကြားဓာတ်တွေလည်း ၁၃၅ ကနေ ၉၈
ထိ ကျဆင်း သွားခဲ့ပါတယ်။ ကိုလက်စထရော လယ်ဗယ်ကိုလည်း ထိန်းထားနိုင်လာပါတယ်။
လေ့လာသုတေသနပြုချက်တွေအရ ရုံးပတီသိးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစုအပေါင်း တစ်ခုပါပဲတဲ့။ တစ်ဝက်လောက်က ပျော်ဝင်နိုင်တဲ့
အမျှင်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ ပျော်ဝင်နိုင်တဲ့ အမျှင်တွေက ကိုလက်စထရောကိုကျစေပြီး နှလုံးရောဂါဖြစ်ဖို့ကိုလည်း နည်းပါးစေပါတယ်။
ကျန်တစ်ဝက်ကတော့ မပျော်ဝင်နိုင်တဲ့ အမျှင်နဲ့ ဖွဲ့စည်းထားပြီး သူတို့က အူသိမ်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကင်ဆာဖြစ်နိုင်ချေကိုလည်း
လျော့ကျစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ မဖြစ်ဖို့ တားဆီးပေးပါတယ်။
ချက်ထားတဲ့ ရုံးပတီသီး ပန်းကန်တစ်ဝက်လောက်မှာ folic acid နဲ့ ဗီတာမင် B6 တွေက လိုအပ်တယ်လို့ ညွှန်းဆိုထားတဲ့ ပမာဏရဲ့ ၁၀% ပါဝင်ပါတယ်။ ဒါကြောင့်
ရုံးပတီသီးဟာ ဗီတာမင် B6, folic acid နဲ့ အမျှင် ဓာတ်တွေ သိပ်ကြွယ်ဝတဲ့ အစားအစာလို့ ဆိုနိုင်ပါတယ်။
ရုံးပတီသီးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးများ
Dietary Fiber 2 gm
Protein 1.5 gm
Carbohydrate 5.8 gm
Vitamin A 460IU
Vitamin C 13 mg
Folic acid 36.5 microgram
Calcium 50 mg
Iron filtered 0.4 mg
Potassium 256 mg
Magnesium 46 mg
ဒါတွေက ဂဏန်းသတ်မှတ်ချက် တန်ဖိုးတွေသက်သက် ဖြစ်ပါတယ်။ လမ်းညွှန်ချက် အဖြစ်ပဲ သုံးပါ။ အကယ်၍ သင်က တကယ်လိုအပ်နေပြီး ဆေးပညာအရလည်း
ကန့်သတ်နေထိုင် စားသုံးနေရတယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးပါ။
ရုံးပတီသီးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကတော့ ..
+ ရုံးပတီသီးမှာ ပါဝင်တဲ့ အမျှင်တွေက သွေးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။ သူက အူကနေ သကြားဓာတ် စုတ်ယူမှုကို ထိန်းထားပေးနိုင်တာမို့ပါ။
+ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲတွေက ကိုလက်စထရောကိုတင် တားဆီးပေးတာ မဟုတ်ပါဘူး။ အဆိပ်တွေ သယ်ဆောင်လာတဲ့ အက်စစ်တစ်မျိုးကိုလည်း
အသည်းကနေ အမြောက်အများ စစ်ထုတ်နိုင်ဖို့ လည်းအားပေးပါတယ်။
+ တော်တော်များများသော ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက ရောဂါတော်တော်များများဟာ အူကနေ စဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ရုံးပတီသီးရဲ့
အမျှင်ဓာတ်က ဝမ်းချုပ်တာကို တားဆီးပေးတယ်။ အမျှင်အများစုက ဝမ်းချုပ်တာကို တားဆီးပေးတတ်ပေမယ့် ရုံးပတီသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကတော့
အဲဒီအတွက် အကောင်းဆုံးလို့ ဆိုပါတယ်။ အူကို အလုပ်လုပ်တာ ပုံမမှန်စေတဲ့၊ ထိခိုက်စေတတ်တဲ့ ကြမ်းတမ်းတဲ့ ဂျုံကြမ်းတွေလို မဟုတ်ပဲ ရုံးပတီသီးရဲ့
အမျှင်ဓာတ်က အူကို သက်သာမှု ပေးစေနိုင်ပါတယ်။
လူတော်တော်များများကတော့ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲဓာတ်က အညစ်အကြေးကို ကောင်းမွန်စွာ စွန့်ပစ်စေဖို့ အထောက်အကူပြုတဲ့အတွက် သိပ်ပြီး
မနှစ်သက်ချင်ကြပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုံးပတီသီးဟာ တော်တော်များများသော ကျန်းမာရေး ပြဿနာတွေကို ပြေလည်စေတဲ့ သက်သာစေတဲ့ တန်ဖိုးရှိတဲ့
ဟင်းသီး တစ်မျိုး ဆိုတာကတော့ ငြင်းလို့ မရပါဘူး။
သွေးထဲက ကိုလက်စထရောနဲ့ အဆိပ်တွေကို လျော့ကျ စေရုံမက သွေးလှည့်ပတ်မှုကိုလည်း ပုံမှန်ဖြစ်စေတဲ့အတွက် အင်မတန် ဆေးဖက်ဝင်တဲ့အပြင် (အများကြီး
အလွန်အကျွံ စားသူတွေကလွဲရင်) ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ အဆိပ်အတောက် လုံးဝကင်းစင်ပြီး ဆေးဖက်ဝင်တဲ့ ဟင်းသီး တစ်မျိုး ဖြစ်တဲ့အပြင်
ဈေးသက်သက်သာသာနဲ့ လူတိုင်းလည်း စားသုံးနိုင်တဲ့အတွက် အဆင်ပြေပါတယ်။
+ရုံးပတီသီးမှာ ပါဝင်တဲ့ ဓာတ်တွေနဲ့ အာဟာရ တန်ဖိုးတွေ လျော့ကျမသွားဖို့အတွက်က သူ့ကို တတ်နိုင်သမျှ အချိန်အနည်းဆုံးချက်ပြုရပါမယ်။
အစိမ်းစားတဲ့သူတွေရှိပေမယ့် ရေနွေးလေး ဖျောလိုက်တာ၊ ခဏလောက် ရေနွေးငွေ့နဲ့ ပေါင်းလိုက်တာမျိုးတွေ လုပ်စားနိုင်ပါတယ်။
http://www.myanmaronlinenetwork.com/index.php?topic=960.0

ကင်ဆာရောဂါအတွက်ဆေးတစ်ခွက်

ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ဓါတ် စာဖျော်ရည်ကတော့ “အာလူးစိမ်း” ဖျော်ရည်ပဲဖြစ်ပါတယ် ။
ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ်။


ဆရာတော်က “ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်းဓါတ်စာကို မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာသက်သာ သွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်။
အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ်။ ပြီးမှပိတ်စိမ်းပါး နဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ်။ အဲဒီအရည် ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်း ရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခါးနာ၊ ပုခုံးနာ၊ ကျီးပေါင်းနာ ရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိ ထားတယ်လို့ဆိုပါတယ် ။
သာဓကတစ်ခုအနေနဲ့ကတော့ ……
မစ္စတာတီဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ်။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့ မရနိုင်တော့ ဘူးလို့ ဆိုပါတယ်။
အဲဒီနောက်သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ်။ အညွှန်း အတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့သောက်ခဲ့ပါတယ်။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ခွန်အား ပြန်ကောင်းလာပါတယ်။ မူလ အလုပ်အကိုင်လည်း ပြန်ပြီးလုပ်ကိုင် နိုင်ပါပြီ။
သုတေသီ တိုမီဇသက သူ့ရဲ့ “ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း” (The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာ ရောဂါခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်ရပါတယ်။ သူဟာ ကင်ဆာဆေးအဆက် မပြတ်မှီ ၀ဲရပြီးဓါတ်ကင် ပြီးသွားပြီဆိုတဲ့ သတင်းမကြားရသလောက်ပါပဲ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုး တွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။
အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း၊ အားအင် ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ်။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထထွက်ဆိုးကျိုးတွေ မခံစားရပဲလူနာဟာ တစ်နေ့တစ်ခြား အားအင်ပြည့်ဖြိုးလာ တာတွေ့ ရပါတယ်။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့ အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ်။လို့ဖော်ပြထာားပါတယ် ။
အာလူးစိမ်းဓါတ်စာဟာ ကိုယ်တိုင်လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ်။ ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ်။ “ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီး တာနဲ့နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စလျှော့ပါးသွားပါတယ်။ ခံတွင်းပြန်ပြီးကောင်းလာမယ်။ အသားအရေပြန် ပြီးကောင်းလာမယ်။
အာလူးစိမ်းဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာကိုင်နိုရှိတ ဖြစ်ပါတယ်။ သူ့အဆို တွေက “ အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ်။
အာလူးမှာ အဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့်ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို အစာအိမ်အနာပေါက်ခြင်း၊ ၀မ်းချုပ်ခြင်းတွေအတွက် ပေးရကြောင်း ဖော်ပြထားပါတယ်။
ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နုင်ခြင်းနှင့်ပါတ်သက်ပြီး အာကိတတက္ကသိုလ် ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ ကပြောကြားရာမှာ “ ကင်ဆာကလပ်စည်းကို ထိန်းချုပ်စေတဲ့ ဓါတ်ကိုရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ်။ အဲဒီဆေးနဲ့ ကြွက်ကလေးတွေအပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်းတွေ့ရပါတယ်။
သူဟာ သူ့ရဲ့တွေ့ ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ ( International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ်။ အရွယ်တူအာလူး (၃) လုံးကိုယူပြီး ရေစင်အောင် ဆေးပါ၊ အခွံမနွှာရပါ။
အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ။ ပြီးလျှင်အာလူးကိုသခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ။ ပြီးကအဲဒီ အစလေးများကိုသန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့်ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ၊ အဲဒီအရည်ကို ခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီးသောက်ပါ။ အဲဒီအာလူးအရည်ကိုနံနက်တိုင်း တစ်ခွက် နှုန်းဖြင့် သောက်ပေးနိုင်ပါတယ်။
ဖြန့်ဝေသူ၏ အမှာစကား
ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည်အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည်။ ကင်ဆာ ရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး၊ နိုင်ငံခြားဖြစ်ဆေးအမြောက်အများ ပေါ်ထွက်လျှက်ရှိပါသည်။ ဗုဒ္ဓဘာ သာအလိုရ ခန္ဓာရှိ၍ဝေဒနာရှိဖြင်းဖြစ်ပါသည်။ မိမိပြုသော ကုသိုလ်၊ အကုသိုလ်အစုစုတို့သည် သံသရာပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည့်ဖြစ်ပါသည်။
မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ၊ ဆရာသမားများ (အနာနှင့်ဆေးတည့် သော်) တွေ့ကာရောဂါအမြစ်ပြတ်ကာ (လုံးဝ) အရှင်းပျောက်ကင်းချမ်းသာနိုင်ပါသည်။ သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့ သော အာလူးစိမ်းဖျော်ရည်သည် ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန်နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့စားသုံးသော သဘာဝဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာ ရှင်များ လက်တွေ့အသုံချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။
ကမ္ဘာလောကကြီးအတွင်း၌နေထိုင်ကြကုန်သော ပုဂ္ဂိုလ်၊ သတ္တ၀ါတွေအားလုံး ဆန္ဒနှင့်ဘ၀တစ်ထပ်တည်းဖြစ်နိုင်ကြ ပါစေလို့ဆုမွန်ချွေ လိုက်ပါရစေ။

http://www.facebook.com/photo.php?fbid=113784658764080&set=a.106796776129535.9535.100003976392183&type=1&theater

Friday, January 18, 2013

Height အရပ်ရှည်နည်း

Medical Writings - Medical Writings
Written by Administrator   
Monday, 05 March 2012 18:19
Sun, Mar 4, 2012 at 1:06 PM
ကျွန်တော့်နာမည် (့) လို့ခေါ်ပါတယ်။ အရပ်နဲနဲထပ်ရှည်လာအောင် ဘာဆေးတွေ သောက်ရမလဲ၊ ဘာတွေလုပ်ရမလဲ။ ကျွန်တော် August 28, 2012 မှာ အသက် ၂ဝ နှစ်ပြည့်ပါပြီ။ ဒါပေမဲ့ ကျွန်တော့် အရပ်က ၅ ပေ ကနေ မတက်လာဘူး။
Sun, Feb 26, 2012 at 10:01 AM
ကျနော်က အရပ် နဲနဲ ရှည်တယ်။ ကျနော့် ချစ်သူက အရပ်ပုတယ်ချင်ဗျ။ ကျနော်က ၅ ပေ ၈ လက်မ သူက ၅ ပေဆိုတော့ အတော်ကွာနေပါတယ်။ သူငယ်ချင်းတွေကလဲ စကြတာပေါ့။ အဲဒါ သူက ဒေါက်ဖိနပ်စီးချင်နေတယ်။ ဒါပေမယ့် စီးလိုက်တိုင်း သူ့ ချေဖဝါးကြွက်တက်ပါတယ်။ ဘာကြောင့်အဲလိုဖြစ်ပါလဲ သိချင်ပါတယ်။ ကောင်းအောင် ကုသလို့ရပါသလား။
“လူ့အရပ်ဆိုတာ Skelton သူ့အရိုးတည်ဆောက်မှုမှာ မူတည်တယ်။ တိုက်တာအိမ်တွေလိုဘဲ။ ခက်တာက အိမ်တိုင်ကို ဒီအတိုင်းထားပြီး ခေါင်မိုးကို ပိုမြင့်အောင် အမိုးကို ချွန်တက်ပေးတာက ရနိုင်တယ်။ လူကို အဲလိုလုပ်မရပါ။ အရိုးကို ပိုခိုင်အောင်သာ ဆေးနဲ့လုပ်နိုင်တယ်။ ပိုရှည်စေဘို့ မရပါ။ လူတယောက်ဟာ အရွယ်ရောက်ချိန်နောက်မှာ ပိုအရပ် မရှည်တော့ပါ။” စိတ်ပျက်မသွားပါနဲ့။ ဆက်ဖတ်စေချင်ပါတယ်။

လူတယောက်ရဲ့ အရပ်ကို Genetic background မျိုးဗီဇနောက်ခံ နဲ့ Environmental factors ပါတ်ဝန်းကျင် အကြောင်းတရားတွေကနေ သက်ရောက်တယ်။ သိပ်ရှည်လွန်းတာကို Gigantism ခေါ်ပြီး၊ သိပ်ပုလွန်းရင် Dwarfism ခေါ်တယ်။ ဒီ ၂ မျိုးမဟုတ်သမျှ ပုံမှန်ချည်းသာဖြစ်ပါတယ်။ သမိုင်းမှာ အရှည်ဆုံးလူသားဟာ ၈ ပေ၊ ၁၁ လက္မနဲ့ အမေရိကန်က Pershing Wadlow လို့ မှတ်တမ်းတင်ထားပြီး၊ ကနေ့အချိန်မှာ တူရကီက Sultan Kösen က ၈ ပေနဲ့ ၃ လက္မရှိတယ်။ တရုတ်အမျိုးသမီး Yao Defen က ၇ ပေနဲ့ ၇ လက္မခွဲ ရှိတယ်။

လူတွေ ပျမ်းမျှ အရပ်ဘယ်လောက်ရှည်သလဲဆိုတာ အတော်ကွဲပြားတယ်။ မလွဲနိုင်တာက ယေဘုယျ ယောက်ျားတွေက မိန်းမတွေထက် ရှည်တယ်။ မိန်းကလေးတွေဟာ သူတို့ ရှိနေတော့မဲ့ အရပ်အမောင်းကို ယောက်ျားလေးတွေထက် စောပြီး ရောက်လာကြတယ်။ အပျိုဖြစ်တာက လူပျိုဖြစ်တာထက် စောလို့ဖြစ်ပါတယ်။ Genetics မျိုးဗီဇက အဓိကကျတယ်။ ၆ဝ-၈ဝ% က မိဘတွေရဲ့ အရပ်နဲ့ ဆက်စပ်နိုင်တယ်။ မိခင် ကိုယ်ဝန်ဆောင်စဉ်က အစားအသောက်နဲ့လဲ ဆိုင်နိုင်တယ်။ ကလေးဘဝမှာ စားတဲ့နဲ့လဲ ဆိုင်နိုင်တယ်။


လူ့အရပ်ရှည်မှုဟာ Long bones ခေါ်တဲ့ အရိုးရှည်တွေက အဓိကဖြစ်တယ်။ ပေါင်ရိုးနဲ့ ခြေသလုံးရိုး။ ဒါတွေ ဆက် မရှည်တော့ချိန်မှာ ရပ်တန့်သွားတယ်။ Epiphyseal plates ဆိုတာ ပိတ်သွားချိန်မှာ ဆက်မရှည်တော့ဘူး။ အရိုးရှည်တွေထိပ်မှာရှိတဲ့ အဲဒီ အရိုးနုတွေက အရွယ်အလိုက် တဖြေးဖြေး မာလာပြီး အရိုးမာတွေ ဖြစ်လာတယ်။ ခြေထောက်ပိုင်းက လူ့အရပ်နဲ့ တဝက်လောက်ဆိုင်တယ်။ Ossification အရိုးမာတွေ ဖြစ်လာတဲ့ အသက် အပိုင်းအခြားတွေ ရှိတယ်။ အရိုးစုတခုကြည့်ပြီး သူ့အရပ်ရော အသက်ပါ မှန်းလို့ရတယ်။

• မိန်းကလေး ၅-၁၂ နှစ် နဲ့ ယောက်ျားလေး ၅-၁၄ နှစ်တွေမှာ အများဆုံးသော အရိုးတွေက Hard bone အရိုးမာတွေ ဖြစ်ကြပြီ။
• ၁၇-၂ဝ နှစ်ရောက်ရင် လက် နဲ့ လက်ပြင်ရိုးတွေမှာဖြစ်ပြီ။
• ၁၈-၂၃ နှစ်ရောက်ရင် ခြေထောက်ပိုင်း အရိုးတွေဖြစ်မှာဖြစ်ပြီ။
• ၂၃-၂၅ နှစ်မှာ ရင်ညွှန့်ရိုး၊ ညှပ်ရိုး နဲ့ ခါးရိုးတွေက ဖြစ်ကြပြီ။ အသက် အစိတ်မှာ အားလုံးပြည့်စုံသွားမယ်။ အသက် ၂၅ ကျော်ရင် မရှည်ချင်နဲ့တော့။
ဒိနောက်ပိုင်းမှာ နဲနဲ ရှည်လာနိုင်တာလဲရှိပါတယ်။ အသက်သိပ်ကြီးချိန်မှာတော့ ဆက်မရှည်တော့တာ သေခြာတယ်။ Inter-vertebral discs ခေါ်တဲ့ ကျောရိုးမကြီးက အရိုးတွေကြားက အရိုးနုလေးတွေအပေါ်မှာ မူတည်လို့ အဲလိုဖြစ်တယ်။ အားတက်စရာပြောရရင် ကြောရိုးမကြီးမှာ အရိုးပေါင်း ၃၃ ခုရှိပေမဲ့ ၂၄ ခုက တခုနဲ့တခု ဆက်မသွားကြဘဲနေရစ်တယ်။ ဒီအချက်ကို အရပ်ရှည်ဘို့ အသုံးချနိုင်တယ်လို့ ဆိုတယ်။ ကြောရိုးမကြီးဟာ လူ့အရပ်ရဲ့ ၃၅% နဲ့ဆိုင်တယ်။ ဒီအချက်ကို ကောင်းကောင်း အသုံးချရမယ်လို့ ဆိုပါတယ်။

လေ့ကျင့်ခန်းနဲ့ အရပ်ရှည်ဘို့လုပ်တာကို ကောင်းတယ်လို့ အားပေးသူတွေက ဒီလိုလုပ်တာက Human Growth Hormone ကို ထုတ်စေအောင်လုပ်ရာကျတယ်လို့ပါ ဆိုတယ်။ ဆရာဝန်တွေက ပြောတာတော့ မဟုတ်ပါ။

Stretching Exercises ထိရောက်တဲ့ အရပ်ရှည်လေ့ကျင့်ခန်း ၄ မျိုး
(၁) Hanging တွဲလဲခိုနည်း၊
(၂) Yoga stretch ယောဂ ဆန့်တန်းနည်း၊
(၃) Swim ရေကူးနည်း နဲ့
(၄) Pelvic Shift တင်ပါးလှည့်ပေးနည်း။
(၁) Yoga stretch ယောဂ ဆန့်တန်းနည်း၊
(က) Standing Forward Bend မတ်တပ်ရပ်ရင်း ရှေ့ကိုကုန်းနည်း၊ ဒူးနှစ်ဖက်လဲဆန့်တန်းနေပါစေ။ ခြေထောက်ချင်း တပေခွဲကားထားပါ။ ကျော၊ ခါး၊ တင်ပါး၊ ပေါင်၊ ခြေသလုံးတွေ တင်းနေပါစေ။ အစမှာ လက်ဖဝါးတွေက ပေါင်မှာကပ်ထားပြီး အောက်ဖက်ဆီတန်းဆင်းစေပါ။ လက်တွေက အောက်ကို ရောက်နိုင်သလောက် ရောက်ပါစေ။ လက်ဝါးတွေကို ခြေသလုံး-ပေါင်ကိုကပ်ထားရင် အထက်အောက်လုပ်ပေးနိုင်တယ်။
(ခ) Downward Facing Dog ခါးကုန်း-မျက်နှာမှောက်နည်း၊ သူတို့ခေါ်တဲ့နာမည်က ခွေးပါလို့ ဗမာတွေနဲ့ မကိုက်ဘူး။ Adho Mukha Svanasana သက္ကတဘာသာ(သင်္သကရိုက်ဘာသာ) နဲ့လဲနာမည်ရှိတယ်။ ယောဂနည်းထဲကပါ။ မှောက်လျှက် ခါးကိုမြှင့်ထားပါ။ လက်တွေက ပခုံးနဲ့အတူကားထားပါ။ လက်ဝါးကို ကြမ်းပြင်ထိပြီး တတောင်ဆစ်နေရာက ကိုယ်ဖက်မှာရှိပါစေ။ အသက်အောင့်ထားပြီး ခြေမတွေကို ခြေပေါ်မှာ မတ်တပ်ရပ်တော့မလိုသဘော ပြုပြင်ပါ။ အသက်ရှူထုတ်ရင်း ခြေကိုဆန့်တန်းပါ။ လက်ကလဲမြင့်လာစေရမယ်။ ဒူးမကွေးနေပါနဲ့။ အစမှာ မရသေးလဲ ကြိုးစားပါ။ လုပ်နိုင်သလောက် ကြာကြာလုပ်ပါ။ ပခုံးကလဲ ပြားထားပါ။ ကိုယ်အလေးချိန်ကို မျှတနေပါစေ။
(ဂ) Head to Knee ဒူး-ခေါင်း နည်း။ Janu Shirshasana position လို့ခေါ်တယ်။ ယောဂနည်းပါဘဲ။ ခါးဆန့်နေပါစေ။ အသက်ပြင်းပြင်းရှူရင်းလုပ်ပါ။ ကြမ်းပြင်မှာ ထိုင်ချ၊ ကိုယ်ရှေ့မှာ ဒူးဆန့်တာကနေစပါ။ ဒူးတဖက်ကို ကိုယ်ဆီ ကွေးယူပါ။ အင်္ဂလိပ်စာလုံး (ပီ) လိုနေမယ်။ တင်ပါးကို ကြမ်းက မကျွစေနဲ့။ မျက်နှာက ဆန့်နေတဲ့ခြေဆီမူနေဘို့ရာ ကိုယ်က နဲနဲ လှည့်ပေးဘို့ လိုနိုင်ဆယ်။ အသက်ရှူတုံးမှာ လက်ကို ခေါင်းပေါ်မြှင့်ပါ။ ခါးဆန့်ထားရင်း ကိုယ်ကို တဖြေးဖြေး ရှေ့ကိုင်းပါ။ အသက်ရှူထုတ်ပါ။ တင်ကိုလဲ မကွေးစေနဲ့။ အလိုက်သင့်ပြင်စရာလိုတာတော့ပြင်ပေးပါ။ ကွေးနေတုံးမှာ ပေါင်တွေတင်းထားပါ။ ရှေ့ကိုကိုင်းပြီးရင် လက်ကို တဖြေးဖြေးချင်း အောက်ချပြီး ခြေထောက်ကိုဆုပ်ကိုင်ပါ။ ရှေ့ဆန့်ပါ။ နောက်တဖက်ကိုလဲ အဲလိုဘဲလုပ်ပါ။ ဖြေးဖြေးလုပ်ပါ၊ အသက်ပြင်းပြင်းရှူပါ။

သိပ်ဆင်းရဲတဲ့ အရပ်ဒေသတွေမှာ ဥပမာ စစ်ပွဲတွေ၊ အာဟာရ ချို့တဲ့တာတွေကြောင့် အချိန်တွေကြာလာရင် လူတွေအများစုက အရပ်ပုမယ်။ ဒုတိယ-ကမ္ဘာစစ်ကာလ ဂျပန်တွေ အရပ်ပုကြတာ ဗမာတွေအသိဘဲ။ အခု မပုကြတော့တာ ဘာလို့လဲ။ ၂၅-၁၁-၂ဝဝ၂ ထုတ်သတင်းမှာ နွားနို့သောက်လို့ပါလို့ ပြောတာ ရှိတယ်။ လူငယ်တွေ နွားနို့သောက် များလာတာ ၁ဝ နှစ်အတွင်း အဆ ၅ဝဝ တောင်ရှိသတဲ့။ ပေါင်မုံ့လဲ အမျိုးစုံအောင် စားသတဲ့။ ဈေးချိုတဲ့ Bumper rice ဆန်ထက်တောင် ပေါ်ပြူလာ ဖြစ်လာတယ်။ ဒါကြောင့် ပေါင်မုံ့စားနှုန်းက ၁၁ ဆ တက်လာတယ်။ ကိတ်မုံ့စားတာလဲ ပိုများလာတယ်။ ဒါကြောင့် ၁ဝ နှစ်သမီးလေးတွေက သူတို့အမတွေထက် ၁ လက္မပိုရှည်လာကြတယ်။ အလေးချိန်လဲ ၁ ပေါင်တိုးလာကြတယ်။ ယောက်ျားလေး-မိန်းကလေးတွေက စစ်မဖြစ်ခင်ကထက် ၃ ပေါင်ပိုလေးပြီး လက္မဝက် ပိုရှည်လာကြတယ်။
• လူတွေမှာ ကျောလျှားရှည်သူနဲ့ ပေါင်တံရှည်သူ မတူဘူး။ Long-legged beauty, Long Elegant Legs, Sexy Legs, Hot legs ဆွဲဆောင်မှုရှိတဲ့ ပူလောင်စေတဲ့ နာမဝိသသေနတွေ အများကြီး ရှိတယ်။
• ကျောရှည်သူက ထိုင်နေရင် မပုသလိုဘဲ။ ပေါင်ပိုရှည်သူ ထိုင်ရင် မရှည်သလို ထင်ရတယ်။
• အမျိုးသမီးတွေ အရပ် ၄ ပေ ၁၁ လက္မထက်နိမ့်ရင် တင်ပါးဆုံကွင်း ကျဉ်းလို့ ကလေးမွေးဖွါးရာမှာ ခက်နိုင်တယ်။
• ရှည်ရင် အားကစားမှာ ကျွမ်းဘား၊ ပြိုင်ကားမောင်းတာတွေမှာ အားသာကြတယ်။
• အရပ်ရှည်သူတွေက ဖက်ရှင်မယ်လုပ်လို့ရတယ်။ ရုပ်ရှင်မင်းသမီးဖြစ်နိုင်တယ်။ ဘောလုံး ဂိုးဖမ်းသူဟာ ရှည်တာ တပမ်းသာတယ်။
• အရပ်ရှည်တာက နှလုံးကျန်းမာရေးကောင်းတယ်လို့ ဆိုတာရှိသလို ကင်ဆာဖြစ်မှာတော့ စိုးရတယ်လို့ဆိုတာလဲ ရှိတယ်။ သိပ်ရှည်နေသူတွေမှာတော့ နှလုံး-သွေးကြောအတွက် မကောင်းပြန်ဘူး။

နောက်အကြံကောင်းတွေကတော့ အာဟာရပြည့်ဝဝ စားသုံးပါ။ ကျန်းမာနေစေရမယ်။ ကိုယ်လက်-လေ့ကျင့်ခန်း၊ ဆန့်တန်းမှုပါတဲ့ အားကစား ဥပမာ ရေကူး၊ တင်းနစ် ကစားပေးပါ။ ဘာတန်းကနေ အောက်တွဲလောင်းချနည်းလုပ်ပါ။ အနေအထိုင်ကအစ ပြင်ပါ။ ခါးမတ်မတ်ထိုင်၊ ခါးဆန့်လမ်းလျှောက်ပါ။ တနေ့ ၈ နာရီအိပ်စက်ပါ။ အရပ်ရှည်ချင်သူတွေ စားဘို့ကောင်းတဲ့ဆေးနဲ့ အစာမှာ Vitamin D ဗီတာမင် (ဒီ)၊ Protein (ပရိုတင်း)၊ Vitamin A ဗီတာမင် (အေ)၊ Calcium (ကယ်လ်စီယန်) နဲ့ Minerals ဓါတ်ဆားတွေ ပါသင့်တယ်။

Dr. တင့်ဆွေ
၎-၃-၂ဝ၁၂

သင့်အပြုံးကို ထိခိုက်စေသော အံ့အားသင့်စရာ အချက်များ


သင့်အပြုံးကို ထိခိုက်စေသော အံ့အားသင့်စရာ အချက်များ  By Good Health Originally posted 02/05/2012 15:54PM
ကော်ဖီနဲ့ ဝိုင်နီ သောက်တာက သွားတွေကို အစွန်းထင်စေတယ် ဆိုတာ သင်သိပြီး ဖြစ်ပါလိမ့်မယ်။  သွားတွေရဲ့ ဖြူစင်တောက်ပမှုကို ထိခိုက်စေပြီး သွားတွေကို ဝါကြန့်စေတဲ့ သင်မသိသေးတဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

(၁) ရေကူးခြင်း
ရေကူးကန်မှာ ရေကူးတာက ကျန်းမာရေးအတွက် ကောင်းတဲ့ လေ့ကျင့်ခန်းပါပဲ။ ဒါပေမဲ့ သွားကြွေလွှာတွေကို ထိခိုက်စေနိုင်ပါတယ်။ ရေကူးကန်ထဲက ကလိုရင်းဓာတ်ဟာ ပါးစပ်ထဲ မတော်တဆ ဝင်သွားရင် သွားကြွေလွှာ ပွန်းပဲ့တာနဲ့ သွားတွေ ကြွပ်ဆတ်ပြီး ပိုးစားတာကို ဖြစ်စေနိုင်လို့ပါ။

သင့်အပြုံး မထိခိုက်အောင်
ဆားရည်ခတ်ထားတဲ့ ရေကူးကန်ထဲမှာ ရေကူးပါ။ ဆားရည်က ပါးစပ်ထဲ ဝင်သွားရင်တောင် သွားကျန်းမာရေးကို ကောင်းစေပြီး ခံတွင်းထဲက ဘက်တီးရီးယား ပိုးတွေကို တွန်းလှန်ပေးကာ အနာကျက်စေတဲ့ အစွမ်းရှိပါတယ်။

(၂) ဖျော်ရည်များ
ရေခဲစိမ်ထားတဲ့ လက်ဖက်ရည်၊ အချဉ်ဓာတ်ပါတဲ့ အားကစား အချိုရည်တို့လို ဖျော်ရည်တွေက သွားကြွေလွှာတွေကို အားနည်းစေတဲ့ အက်စစ်တွေ ပါဝင်နေပါတယ်။ ရလဒ် အနေနဲ့ သွားပိုးစားတာနဲ့ သွားတွေ အရောင်ရင့်တာကို ဖြစ်စေနိုင်ပါတယ်။

သင့်အပြုံး မထိခိုက်အောင်
ဖြစ်နိုင်ရင် ရေသောက်တာက အကောင်းဆုံးပါ။ ဒါမှမဟုတ် ဒီဖျော်ရည်တွေ သောက်ပြီးတိုင်း ရေနဲ့ ပလုတ် ကျင်းပေးပါ။



(၃) ဝိုင်ဖြူ
ဝိုင်နီက သွားတွေကို နီစေသလို ဝိုင်ဖြူက အပြုံးကို မှေးမှိန်စေပါတယ်။ အကြောင်းကတော့ ဝိုင်ဖြူမှာ အက်စစ်ပါဝင်မှု မြင့်မားတာကြောင့် သွားကြွေလွှာတွေကို ထိခိုက်စေကာ သွားပေါ်မှာ အစက်အပြောက် ထင်တာ၊ သွားချိုင့်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဝိုင်ဖြူက ဝိုင်နီထက် အက်စစ်ဓာတ် ပါဝင်မှု ပိုများပါတယ်။

သင့်အပြုံး မထိခိုက်အောင်
ဝိုင်တစ်ငုံနဲ့ တစ်ငုံကြား ရေသောက်ပေးတာနဲ့ ပေါင်မုန့်စားပေးတာတို့ကို လုပ်ဆောင်ပေးရင် ခံတွင်းထဲမှာ အက်စစ်ဓာတ် လွန်ကဲမှုကို လျော့ကျစေပါတယ်။

(၄) ဘယ်ရီသီးဖျော်ရည်
ဘယ်ရီသီးတွေကို စားတာက ကျန်းမာရေး အကျိုးကျေးဇူး များစွာကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်ရီသီး ဖျော်ရည်တွေကို သောက်တာက သွားတွေကို အရောင်မှိန် သွားစေပါတယ်။

သင့်အပြုံး မထိခိုက်အောင်
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီစတဲ့ ဖျော်ရည်တွေကို သောက်တဲ့အခါ ပိုက်နဲ့စုပ်ပြီး သောက်ပါ။ ဒီလို ဖျော်ရည်တွေ သောက်ပြီးရင် ပန်းသီး၊ မုန်လာဥနီနဲ့ တရုတ်နံနံတို့ကို ဝါးစားပေးပါက သွားတွေပေါ်က အစွန်းအထင်းတွေ လျော့ပါးပြီး သွားတွေကို ဖြူစင်စေပါတယ်။   
 

အားကစား လေ့ကျင့်ခန်း လုပ်ခြင်းမှ ရရှိသော အကျိုး ကျေးဇူးများ

လူတွေမျှော်လင့်မထားတဲ့ အ ကျိုးကျေးဇူးအချို့ကို အားကစားပြု လုပ်ပြီးသည့်အခါ ရရှိနိုင်ကြောင်း လေ့ လာတွေ့ရှိထားပါတယ်။
အဲဒါတွေက တော့

(၁) တင်းနစ်
တင်းနစ်အားကစားပြုလုပ်သူ များတွင် ဝမ်းဗိုက်ကြွက်သားများနှင့် တင်ပါးဆုံကြွက်သားများ သန်စွမ်းလာ စေပြီး ကျောရိုးတိုင်နှင့် တင်ပါးဆုံရိုး တို့ကို ကြံ့ခိုင်လာအောင် ပြုလုပ်ပေး နိုင်တဲ့အတွက် ခါးနာရောဂါမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆောင့်ကြောင့်ထိုင်သကဲ့သို့ လေ့ကျင့် ရခြင်း၊ လက်များကို ရှေ့သို့ ဆတ်ခနဲ ထိုးလိုက်သကဲ့သို့ လေ့ကျင့်ရသော ကြောင့် တင်ပါးဆုံနှင့် ဝမ်းဗိုက်ကြွက် သားများကို လေ့ကျင့်ပေးရာ ရောက် ပါတယ်။
(၂) ရေကူးခြင်း
ရေကူးအားကစားပြုလုပ်ခြင်း ကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက် သားများကို သန်စွမ်းစေပါတယ်။ လူ တွေ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာ ကိုယ်အပေါ်ပိုင်းရှိ ကြွက်သားများကို လေ့ကျင့်ရာရောက်သော လေ့ကျင့် ခန်းမျိုး ပြုလုပ်လေ့မရှိကြပါ။ ရေကူး တဲ့အခါ ရေက ခန္ဓာကိုယ်အပေါ်ပိုင်း ရှိြွကက်သားများအား ခုခံဆန့်ကျင် ပေးတဲ့အတွက် ထြွိုကက်သားများကို အလုပ်လုပ်စေနိုင်ပါတယ်။
(၃) ဂေါက်ရိုက်ခြင်း
ဂေါက်သီးကို ထိအောင်ရိုက်ရ ခြင်းကြောင့် လက်နှင့်မျက်လုံး ပူး ပေါင်းဆောင်ရွက်မှုကို လေ့ကျင့်ပေးရာ ရောက်ပါတယ်။ တစ်နည်းအားဖြင့်ြွကက်သားများအား ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ သိရှိအောင် လေ့ကျင့်ပေးရာ ရောက်ပါတယ်။ အဲဒီြွကက်သားပိုင်းဆိုင်ရာ သတိပြု ဂရု စိုက်မိမှုကြောင့် သင့်အားလမ်းလျှောက် နေစဉ်အတွင်း လဲမကျအောင် မျှခြေ ကို ထိန်းညှိရာ၌ ပိုမိုကောင်းမွန်စေပါ တယ်။ Ref : RD, Dec 2011
မှတ်ချက်။            ။ ရိုးရာလေးမှကူးယူဖော်ပြထားပါသည်။

လမ်းလျှောက်ခြင်းဖြင့် ရင်သားကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေနိုင်


တစ်နေ့လျင် တစ်နာရီမျှ လမ်းလျှောက်ခြင်းသည် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို ထက်ဝက်မျှ လျော့နည်းစေကြောင်း သိရှိရသည်။
ထို့ကြောင့်လည်း အမျိုးသမီးများအနေနှင့် ကျန်းမာရေး လေ့ကျင့်ခန်းအဖြစ် နေ့စဉ်ပုံမှန် လမ်းလျှောက်သင့်ကြောင်း ဆရာဝန်များက တိုက်တွန်းခဲ့သည်။
သုတေသန ပြုလုပ်မှု တစ်ခုအရ တစ်နေ့တစ်နာရီမျှ ပုံမှန်လမ်းလျှောက်ခြင်း ပြုလုပ်ခဲ့သော အမျိုးသမီးများသည် တစ်ပါတ်အတွင်းမှာပင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ (၅၅)ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း သိရသည်။
ဆရာဝန်များက ရင်သားကင်ဆာ ဖြစ်ပေါ်စေသော အကြိတ်ဆဲလ်များ ဖြစ်ပေါ်စေမှုမှာ သာမန်အခြေအနေအောက် ထက်ဝက်အထိ ကျဆင်းသွားသည်ကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။
ဗြိတိန်အမျိုးသမီး (၄၀၀၀၀)ခန့်သည် နှစ်စဉ်နှစ်တိုင်း ရင်သားကင်ဆာနှင့် ကြုံတွေ့နေရပြီး (၁၂၀၀၀)ခန့် သေဆုံးနေကြသည်။ ရင်သားကင်ဆာသည် မျိုးရိုးလိုက်တတ်သော ရောဂါဖြစ်ပြီး၊ ခန္ဓာကိုယ် အလေးချိန် လွန်ကဲရာမှလဲ ပေါ်ပေါက်လာတတ်သည်။
ဂျပန်နိုင်ငံ နာဂိုယာမြို့တော် တက္ကသိုလ်မှ ဆရာဝန်များက လွန်ခဲ့သော (၁၂)နှစ်တာ ကာလအတွင်း ရင်သားကင်ဆာ ဖြစ်ပွားခဲ့သည့် အမျိုးသမီးများ၏ ရောဂါမှတ်တမ်း ရာဇ၀င်များကို ခြေရာခံပြီးနောက် ရင်သားကင်ဆာ၏ ခြိမ်းခြောက်မှုသည် လူနေမှုစရိုက်နှင့်လည်း ဆက်စပ်နေကြောင်း ပြောဆိုခဲ့ကြသည်။
ရင်သားကင်ဆာအား အထိုက်အလျောက် ကာကွယ်နိုင်မည့် နည်းလမ်းအဖြစ် အနည်းဆုံး တစ်နေ့လျင် နာရီဝက်မှ တစ်နာရီထိ လမ်းလျှောက်ပေးသင့်ကြောင်း ဆရာဝန်များက အကြံပြုထားသည်။ ထို့ပြင် ကြိုးခုန်ခြင်း၊ ရေကူးခြင်း၊ အားကစားရုံတွင် ကိုယ်လက်လေ့ကျင့်ခြင်းတို့ကို တစ်ပါတ်လျင် တစ်နာရီမျှ အချိန်ယူလေ့ကျင့်ပေးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပေါ်နိုင်ခြေကို သိသာစွာ ကျဆင်းလာစေသည်ဟု ဆရာဝန်များက ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ကြောင့်လည်း အမျိုးသမီးများအနေနှင့် ပုံမှန်လမ်းလျှောက် လေ့ကျင့်ခန်းမျိုး တစ်နေ့လျင် တစ်နာရီမျှ ပြုလုပ်ခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေနိုင်ကြောင်း၊ သို့သော်လည်း တစ်နေ့လျင် (၇)နာရီထက် လျော့နည်းအောင် အိပ်စက်ခြင်းမျိုးကိုလည်း ကာလကြာရှည်ပြုလုပ်ခြင်းမျိုး ရှောင်ကြဉ်သင့်ကြောင်း ဆရာဝန်များက သတိပေးပြောဆိုထားသည်။
မှတ်ချက်။      ။seinpanpyar မှကူးယူဖော်ပြထားပါသည်။

“လေဖြတ်ခြင်းကို ကာကွယ်နိုင်သည့် ရေနွေးကြမ်း”

ရေနွေးကြမ်းကို ကျွန်ုပ်တို့ မြန်မာလူမျိုးများ ငယ်စဉ်ကတည်းက သောက်ခဲ့ကြသည်။  နေရာတိုင်း အိမ်တိုင်းမှာ ရေနွေးကြမ်းဝိုင်း ရှိခဲ့သည်။ ဧည့်သည်လာလျှင် ရေနွေးကြမ်း အရင်ချပေးသည်။ ရေနွေးကြမ်းကို မြန်မာတို့ ဘာကြောင့် သောက်ခဲ့ရသနည်း။ ကျန်းမာရေး အတွက်လား။ အဆီကျ၍လား။


 အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းစေ၍လား။ ကင်ဆာကို ကာကွယ်၍လား။ အမှန်အတိုင်း ဖြေရလျှင် မဟုတ်ပါ။ သောက်ကောင်း၍ သောက်ခဲ့ခြင်းသာ ဖြစ်ပါသည်။
မိတ်ဆွေတစ်ဦးက ခေါ်၍ ဧည့်ခံပွဲတစ်ခုသို့ သွားခဲ့သည်။ ရန်ကုန်မြို့လယ်က ဟိုတယ်ကြီး တစ်ခုတွင် ဖြစ်သည်။ အစားအသောက်များက စုံလှသည်။ အချိုရည်ကလည်း အစုံ၊ ဘီယာ၊ အရက်ကြိုက်သလောက် သုံးဆောင်ပါဟု ဆိုသည်။ သို့သော် ထမင်းစားပြီးနောက် သောက်နေကြ ရေနွေးကြမ်းကို တမ်းတမိသည်။ သည်လို ဟိုတယ်ကြီးမှာ ရ၊ မရမသိ။ ခေတ်မီစွာ အနောက်တိုင်းစတိုင်လ် အပြည့်ဝတ်ထားသော နံဘေးမှ ပုဂ္ဂိုလ်တစ်ဦးကို မေးကြည့်မိပါသည်။ “ဒီမှာ ရေနွေးကြမ်းများ မရနိုင်ဘူးလား” ဟု သူက အသာတကြည်ပင် ပြုံးပြပြီးလူကို ကြည့်သည်။
မိမိ ဘာမှားသွားသလဲဟု စိတ်က ထင့်သွားသည်။ ခပ်ရှက်ရှက် ဖြစ်မိသည်။ “ရနိုင်ပါတယ်” ဟု သူက ပြောသည်။ တော်ပါသေးရဲ့။ ဒါပေမယ့် “ရေနွေးကြမ်းမှာလို့တော့ မရဘူး” ဟု ပြောသည်။ ဘယ်လိုပါလိမ့်ဟု ထင်နေစဉ်မှာပင် သူက ဝိတ်တာကို လှမ်းခေါ်လိုက်သည်။ အနောက်တိုင်း ဝတ်စုံကို သူ့ထက်ပင် သပ်ရပ်စွာ ဝတ်ဆင်ထားသော ဝိတ်တာလူငယ် ရောက်လာသည်။ “ဂရင်းတီး . . . ပလိစ်” ဟု သူကပြောလိုက်သည်။ ဝိတ်တာက ကိုယ်ကိုကိုင်း၊ ခေါင်းကိုငြိမ့်ပြီး ပြန်ထွက်သွားပါသည်။ မကြာမီ ကြွေကရား ဖြူဖြူကလေးနှင့် အိုးတစ်အိုး ရောက်လာသည်။ “ဒါရေနွေးကြမ်းလား” ဟု မေးရာ “ဟုတ်တယ်” သူက အနည်းငယ် ငှဲ့ပြီး အနံ့ခံပြီးနောက် “ဂျပ်စမင်တီးပဲ” ဟု ပြောသည်။
သူပြောသည့် jasmine tea ဆိုသည်မှာ စံပယ်ပွင့် ရနံ့ပါသော လက်ဖက်ခြောက် ဖြစ်သည်။ တစ်ကယ် စံပယ်ပွင့် ပါမပါတော့ မသိပါ။ ထိုနေ့က သောက်ရသော ရေနွေးကြမ်းကို ယနေ့အထိ မမေ့သေးပါ။ သို့သော်လည်း ယခု စာရေးနေချိန် စာရေးသူ၏ စားပွဲပေါ်မှ ရေနွေးကြမ်းနှင့်တော့ မလဲနိုင်ပါ။ ဒီမှာက ကျောက်မဲလက်ဖက်ခြောက် ခတ်ထားသော ရေနွေးကြမ်း အနီဖျော့ဖျော့ ဖြစ်ပါသည်။ ရေနွေးကြမ်းကို jasmine tea ဟု ခေါ်ရခြင်းကို စာရေးသူ မနှစ်မြို့ပါ။
ပေါင်ဒါနံ့လိုလို စံပယ်နံ့လိုလို ပါသော ရေနွေးကြမ်းကိုလည်း မကြိုက်ပါ။ လျှာတွင် အရသာတွေ့သည်မှာ မွေးကတည်းက၊ လူမှန်းစသိကတည်းက အဖိုး၊ အဘတို့နှင့် သောက်ခဲ့သော “အခါးရည်” လည်းကောင်း၊ “အဖန်ရည်”ဟု လည်းကောင်း ခေါ်ကြသည့် ရေနွေးကြမ်းကိုသာ ကြိုက်ပါသည်။ တစ်ကယ်တော့ ထမင်းစားပြီးလျှင် သို့မဟုတ် အစာများများ စားပြီးလျှင် အချိုရည်သောက်သူနှင့် ရေနွေးကြမ်း သောက်သူတို့မှာ ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် အစာအိမ် သက်တမ်းရှည်မှု မတူညီကြပါ။
တိုင်းရင်းဆေးပညာ ရှုထောင့်တွင် ဖြစ်စေ၊ အိန္ဒိယမှလာသော အာယုဗေဒ ဆေးပညာတွင်ဖြစ်စေ အစာစားပြီးလျှင် အစာကြေဖို့အတွက် “ဝမ်းမီး” လိုသည်။ “ဝမ်းမီး” ကို ဒေသနာနယ ဆေးပညာတွင် “ပါစကတေဇော” ဟုလည်း ခေါ်သည်။ “ဝမ်းမီး” မှာ ဝမ်းထဲမှမီး ဖြစ်သည်။ ရေအေးနှင့်လောင်းလျှင် မီးငြိမ်းသွားမည် ဖြစ်သည်။ “ပါစကတေဇော” သည် အစာကို လောင်မြိုက်ပြီး ကြေကျက်အောင် ချက်ပြီးသော တေဇောဖြစ်၍ ပူသောတေဇော (ဥဏှတေဇော) ဖြစ်ပြန်သည်။
ပူသောတေဇော၏ ဆန့်ကျင်ဘက်မှာ အေးသောတေဇော (သီတတေဇော) ဖြစ်သည်။ အေးသောရေ၊ ရေခဲရေ၊ အချိုရည်တို့မှာ အေးသောအရသာ ရှိသဖြင့် “သီတ” အစာ ဖြစ်သည်။ အစာကြေစေသောအပူ ဆန့်ကျင်ဘက် လောင်းထည့်လိုက်လျှင် မည်သို့ ဖြစ်မည်နည်း။ ရှင်းပါသည်။ အစာမကြေနိုင်တော့။ မကြေသည့်အပြင် ပါစကတေဇော ပျက်မည် ဖြစ်လေသည်။ ပူလိုက်အေးလိုက် ဖြစ်ပါများလျှင် အစာအိမ် ပျက်စီးသည်။ အစာအိမ် ပျက်စီးလျှင် ရောဂါတစ်ခုခု ရမည်မှာ သေချာသည်။ ရနိုင်သော ရောဂါများမှာ
(၁)အစာမကြေရောဂါ
(၂)အစာအိမ်ရောင်ရောဂါ
(၃) အချဉ်ပြန်ရောဂါ
(၄)အစာအိမ်အချဉ်ပေါက်ရောဂါ
(၅) အစာအိမ်အနာပေါက်ခြင်း
(၆) အစာအိမ်ကင်ဆာ စသော ရောဂါများ ဖြစ်နိုင်လေသည်။
ရိုးရာဆေးပညာ၊ အာယုဗေဒ ဆေးပညာ အလိုအရ “ရောဂါမှန်သမျှသည် အစာမကြေမှစသည်” ဟု ဆိုသည်။ အနောက်တိုင်း ဆေးပညာများတွင် မကြာသေးမီကမှ ဖတ်လိုက်ရသည်မှာ အစာစားပြီး အချိုရည်နှင့် သံဗူးများ၊ ဂက်စ်ပါသော အချိုရည် သောက်သုံးလေ့ ရှိသူများမှာ စားထားသမျှထဲမှ အဆီဖတ်များကို အေးပြီးခဲအောင် ပြုလုပ်လိုက်သဖြင့် ချေဖျက်ရန် ခက်ခဲပြီး “ဆီးချို” ရောဂါဖြစ်ဖို့ လမ်းစဖြစ်လာနိုင်သည်။ ထို့အပြင် ထိုအက်ဆစ်ဖတ်များကို အာဟာရအဖြစ် အူသိမ်မှ စုပ်ယူရာမှ သွေးကြောများအတွင်း ရောက်ရှိပြီး သွေးတွင်းအဆီထု တက်လာလေသည်။
သွေးတွင်းအဆီထု တက်လာသူများမှာ သွေးကြောကျဉ်း ရောဂါ၊ နှလုံးရောဂါများ ခံစားရလေ့ရှိပြီး အခန့်မသင့်သော တစ်နေ့တွင် အဆီခဲပြတ်ထွက် မျောပါသွားပြီး ဦးနှောက်အတွင်းသို့ ရောက်ရှိပြီး ရုတ်တရက် မူးပြီးလဲကျခြင်း၊ ဦးနှောက်အတွင်း သွေးခဲပိတ်၍ ကိုယ်တစ်ခြမ်း မလှုပ်ရှားနိုင်ခြင်း၊ လေဖြတ်ခြင်းများပါ ဖြစ်နိုင်သည်။ စာရေးသူ လေဖြတ်သူများကို နှစ်ပေါင်း (၂၀) ကျော် ကုသလာခဲ့သည့် အတွေ့အကြုံများ အရလည်း လေဖြတ်သူ အတော်များများမှာ ဆီးချိုနှင့် သွေးတိုးရောဂါ ရှိခဲ့ကြပြီး ရေခဲရေ၊ အချိုရည်ကို ထမင်းစားပြီးတိုင်း သောက်လေ့ရှိသူများ ဖြစ်သည်ကို တွေ့ရပြန်ပါသည်။
ရေနွေးကြမ်းနှင့် ပတ်သက်ပြီး ပြန်လည်ကောက်ချက် ချရမည်ဆိုလျှင် ကျေးလက်တောရွာများတွင်၊ မြို့ကြီးပြကြီးများ၌ နေထိုင်သူများလောက် လေဖြတ်သူ မများရခြင်း အကြောင်း အရင်းများတွင် ရေနွေးကြမ်းသောက်သော ဓလေ့သည်လည်း တစ်ခုအပါအဝင် ဖြစ်နိုင်ပါသည်။ တောနယ်များတွင် ဆင်းရဲသား လယ်သမား၊ ယာသမားများ ဘဝတွင် အချိုရည်၊ ရေခဲရည်လည်း မသောက်နိုင်ကြပါ။
တရုတ်ပြည်မှ ရှေးနှစ်ပေါင်းများစွာ (အေဒီ-၆၀၀) ကျော် ကတည်းက ဆူပွက်သော ရေနွေးထဲသို့ သစ်ရွက်ကြွေကျရာမှ စတင်ခဲ့သော လ္ဘက်ခြောက် ခတ်သောက်သော ဓလေ့ကြောင့် အာရှနှင့် အရှေ့တောင်ဥရောပ နိုင်ငံများတွင် အစာအိမ်နှင့် အူမကြီးကင်ဆာ ဖြစ်သူ နည်းပါးသည်။ ဥရောပ နိုင်ငံများမှာ အဖြစ်များသော ကင်ဆာသည် အရှေ့တောင်အာရှရှိ ရေနွေးကြမ်းသောက်သော နိုင်ငံများတွင် ဖြစ်ပွားမှု ရာနှုန်းနည်းသည်ကို လေ့လာ တွေ့ရှိကြသည်။
လေဖြတ်ခြင်းသည် လူမသေသော်လည်း ဘဝဆုံးရသော ရောဂါမျိုး ဖြစ်သည်။ စီးပွားရေး အရလည်း မိသားစု တစ်ခုလုံး ငွေကုန်ကြေးကျများပြီး နှစ်ရှည်လများ ထိခိုက်စေသော ရောဂါဖြစ်သည်။ လေမဖြတ်အောင် ကြိုတင်ရှောင်ကြဖို့ လိုသည်။ အမှန်တော့ လေဖြတ်ခြင်းကို ကာကွယ်သည့်ဆေး ဟူ၍ မရှိပါ။ သွယ်ဝိုက်သော နည်းဖြင့်သာ အကျိုးရှိနိုင်သော ဆေးများကိုသာ ရောင်းနေကြခြင်း ဖြစ်သည်။ လေမဖြတ်အောင် နားရွက်နောက်မှ အကြောဖြတ်သူများလည်း တွေ့ဖူးသည်။ အလွန်မှားသော လုပ်ရပ်ဖြစ်သည်။ နားကြောဖြတ်ပြီးမှ လေဖြတ်လာသူကို လက်တွေ့ကြုံဖူးပါသည်။
သတ္တုစပ် လက်ကောက်တစ်မျိုးကို နိုင်ငံခြားမှ လာသည့် လေမဖြတ်သည့် လက်ကောက်၊ ဤလက်ကောက်ကို ဝတ်ထားလျှင် သွေးမတိုးနိုင်ဟု ညာရောင်းနေခြင်းများလည်း ရှိသည်။ စာရေးသူ၏ လက်တွေ့ လူနာများကို ကုသခဲ့ဖူးသော အမြင်ဖြင့် လေဖြတ်ခြင်းမှ ကာကွယ်နိုင်သော နည်းလမ်းကောင်း တစ်ခုကို ညွှန်ပြပါဆိုလျှင် “ရေနွေးကြမ်း” တစ်ခွက်ကိုပင် ညွှန်ပြလိုပါသည်။
သင်လေဖြတ်ခြင်းမှ ကာကွယ်သော ဆေးတစ်ခွက်ကို သောက်လိုလျှင် အစာစားပြီးတိုင်း ရေနွေးကြမ်းတစ်ခွက် သောက်ပါ။ အစာစားပြီးတိုင်း အချိုရည်၊ ရေခဲရည် သောက်သည်ထက် ရေနွေးကြမ်း သောက်သည်က အစာလည်းကြေ၊ ဆီးချိုသွေးတိုး ရောဂါကိုလည်း ကာကွယ်ပြီး သွေးတွင်း အဆီကျစေသည့်အပြင် လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်သည့် ငွေကုန်ကြေးကျ နည်းသော ဆေးကောင်းဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။
ကြည်လွင်မြင့်(မုဒြာ)
Ref: Shade The Mandalay Hill
Source: http://www.yatanarpon.com.mm/cp/shadethemandalayhill/article-46992

အစား မလျှော့ဘဲ ကိုယ်အလေးချိန် ကျစေမည့် နည်းလမ်းများ

အစားအသောက်ကို အလွန်အမင်း လျှော့စရာ မလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။  အစားအသောက် မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အိပ်ရေးဝဝ အိပ်ပါ။








မီချီဂန် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ခုအရ တစ်ညမှာ တစ်နာရီ ပိုအိပ်တာနဲ့ တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။ အိပ်ရေးဝခြင်းက ဆာလောင်စိတ်ကို အထိုက်အလျောက် တားဆီးပေးနိုင်တာကြောင့် ဖြစ်ပါတယ်။
၂။ အိမ်မှာ စားပါ။
အိမ်မှာ ချက်ထားတဲ့ အစားအစာတွေကို တစ်ပတ်မှာ အနည်းဆုံး ငါးရက်စားသူတွေဟာ ခန္ဓာကိုယ် သွယ်လျလာတတ်ကြပါတယ်။ ဒါဟာ ဆိုင်တွေမှာ ချက်ပြုတ်တဲ့ အစားအသောက် အများစုဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီပါဝင်မှု များတာကြောင့်ပါ။
၃။ အစားကို ဖြည်းဖြည်းချင်း စားပါ။
အစားအသောက် တစ်နပ်စားချိန်ကို မိနစ် ၂၀ ကြာ အချိန်ပေးပါ။ အစာစားတဲ့အခါ ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပေးရန် ခန္ဓာကိုယ်ကနေ မကြာခင်မှာပဲ ဗိုက်ပြည့်ကြောင်း အချက်ပြပါလိမ့်မည်။ အစားအသောက်ကို အမြန်စားရင်တော့ ဗိုက်ပြည့်ကြောင်း အချက်ပြသံကို သတိမထားမိဘဲ အလွန်အကျွံ စားဖြစ်သွားပါတယ်။
၎။ ဟင်းသီးဟင်းရွက် များများစားပါ။
အစာ တစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက် သုံးမျိုးပါအောင် စားပါ။ အစားအသောက်ကို များများ စားရမှ ကျေနပ်တတ်သူတွေ အနေနဲ့ ဟင်းသီးဟင်းရွက်ကို များများ စားပေးလိုက်တာဟာ စိတ်ကျေနပ်မှု ရစေသလို ကိုယ်အလေးချိန်လည်း လျော့ကျစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံထဲမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်သာ အဓိကပါပြီး ကယ်လိုရီ ပါဝင်မှု နည်းပါးတာကြောင့်ပါ။
၅။ ကောက်နှံတစ်လုံးနဲ့ ပြုလုပ်ထားတဲ့ အစာ စားပါ။
“ဆန်လုံးညို၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင်ပေါင်မုန့် စတာတွေဟာ ဝိတ်လျှော့လိုသူတို့အတွက် အသင့်တော်ဆုံးပါပဲ။ အကြောင်းကတော့ ကောက်နှံတစ်လုံးနဲ့ လုပ်ထားတဲ့ အစားအသောက်တွေဟာ ကယ်လိုရီ ပါဝင်မှု နည်းပြီး ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ ကိုလက်စထရော မြင့်တက်စေတာကြောင့်ပါ။
၆။ ဝက်ပေါက်ခြောက် ရှောင်ပါ။
နံနက်စာ စားတဲ့အခါမှာ ဆင်းဒဝစ်ရှ် စားတဲ့အခါ ဝက်ပေါင်ခြောက် မစားပါနဲ့။ ဝက်ပေါင်ခြောက် နှစ်ချောင်းမှာ ကယ်လိုရီ ၁၀၀ လောက် ပါဝင်တဲ့အတွက် တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၀ ပေါင် တက်လာနိုင်ပါတယ်။ ဟမ်ဘာဂါ ဒါမှမဟုတ် ဆင်းဒဝစ်ရှ် စားတဲ့အခါ ဟင်းသီးဟင်းရွက် ပါဝင်တာကိုသာ ရွေးစားပါ။
၇။ သကြား မစားရပါ။
အချိုရည်အစား ရေပြောင်းသောက်လိုက်ရင် သကြား လက်ဖက်စားဇွန်း တစ်ဇွန်းလောက် ရှောင်ရှားရာ ရောက်ပါတယ်။ သကြားဟာ ကိုယ်အလေးချိန် တက်စေတဲ့အပြင် စိတ်ကိုပါ ထိုင်းမှိုင်း ညှိုးနွမ်းစေပါတယ်။
၈။ အယ်လ်ကိုဟော ပမာဏ ကန့်သတ်ပါ။
အရက်ပါတဲ့ လူမှုရေးဝိုင်းတွေ သွားတဲ့အခါ ကော့တေး၊ ဘီယာ၊ ဝိုင်၊ အရက် စတာတွေကို အရင်ဆုံး လက်လှမ်းမယ့်အစား ရေကို အရင်ဆုံး သောက်ပါ။ အရက်သောက်မိသွားတဲ့အခါ အရက်ကြောင့် ကယ်လိုရီ ရှိစေတဲ့အပြင် အဟာရတန်ဖိုးနည်းတဲ့ အစားအသောက်တွေကိုပါ မဆင်မခြင်ဘဲ စားမိသွားစေနိုင်ပါတယ်။
၉။ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ။
လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာဟာ ကိုယ်အလေးချိန် လျော့ကျစေမယ့် နည်းလမ်းကောင်း တစ်ခုပါပဲ။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေတာကြောင့်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည် ပမာဏ အနည်းငယ် သောက်ရင်တောင် စိတ်ကို လန်းဆန်းသွားစေနိုင်ပါတယ်။
၁ဝ။ ယောဂ ကျင့်ပါ။
ယောဂကျင့်တဲ့ အမျိုးသမီးတွေဟာ ယောဂ မကျင့်သူတွေထက် ကိုယ်အလေးချိန် နည်းကြကြောင်း အမေရိကန် အာဟာရ အဖွဲ့အစည်းက ဆိုပါတယ်။ အကြောင်းကတော့ ယောဂကျင့်သူတွေဟာ အစားအသောက်ကို အလွန်အကြူး စားတတ်တဲ့အကျင့် မရှိကြတာကြောင့်ပါ။ ယောဂကျင့်တာကြောင့် စိတ်တည်ငြိမ် အေးချမ်းနေတဲ့အတွက် အစားအသောက်ကိုလည်း သင့်တင့်တဲ့ ပမာဏသာ စားသောက်လေ့ရှိတာ ဖြစ်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။
၁၁။ သကြားမပါသော ပီကေ ဝါးပါ။
သကြားမပါတဲ့ ပီကေ ဝါးတာဟာ သွားရေစာ စားချင်စိတ် လျော့နည်းစေတတ်ပါတယ်။ တီဗီကြည့်ရင်း ဒါမှမဟုတ် အင်တာနက်သုံးရင်း ညစာ စားပါက သွားရေစာ စားချင်စိတ် ပြင်းပြနိုင်ပါတယ်။ သကြားမပါတဲ့ အနံ့မွှေးတဲ့ ပီကေ ဝါးပေးရင် တခြား သွားရေစာတွေ စားချင်စိတ် လျော့သွားနိုင်ပါတယ်။
၁၂။ တစ်နေ့မှာ ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင် လုပ်ပါ။
အစား မလျှော့ဘဲ တစ်နှစ်မှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျချင်ရင် တစ်နေ့မှာ ကယ်လိုရီ ၁၀၀ ကျဖို့အတွက် မိနစ် ၂၀ ကြာ တစ်မိုင် လမ်းလျှောက်ခြင်း၊ မိနစ် ၂၀ ကြာ ဥယျာဉ် စိုက်ပျိုးခြင်း၊ မိနစ် ၃၀ ကြာ အိမ်သန့်ရှင်းရေး လုပ်ခြင်း၊ ၁၀ မိနစ်ကြာ လမ်းအမြန်လျှောက်ခြင်း စတဲ့ နှစ်သက်ရာ လှုပ်ရှားမှုတစ်ခု လုပ်ပေးလိုက်ပါ။
၁၃။ အသားမပါတဲ့ အာဟာရကို မကြာခဏ စားပါ။
သားသတ်လွတ် စားတာဟာ ကိုယ်အလေးချိန်ကို သွယ်လျစေကြောင်း Web MD သုတေသနအရ သိရပါတယ်။ ပျမ်းမျှအားဖြင့် သားသတ်လွတ် စားသူတွေဟာ အသားစားသူတွေထက် ၂၀ ရာခိုင်နှုန်း ကိုယ်အလေးချိန် လျော့ကျနေပါတယ်။ ပဲနီလေး စွပ်ပြုတ်၊ ပဲအမျိုးမျိုးပါတဲ့ ဟင်းလျာတွေဟာ အမျှင်ဓာတ်ပါပြီး အာဟာရဓာတ် ရရှိစေကာ ခန္ဓာကိုယ်သွယ်လျ ကျန်းမာစေပါတယ်။
Ref: Shade The Mandalay Hill
Source: http://www.yatanarpon.com.mm/cp/shadethemandalayhill/article-23390

ဝမ်းနှုတ်ဆေး အမြဲစားနေသူတွေ သတိပြုစရာ

လိပ်ခေါင်းရောဂါ ရှိနေသူ တစ်ဦးသည် ဝမ်းသွားခက်သဖြင့် ဝမ်းနှုတ်ဆေး တစ်မျိုးမျိုးကို စွဲစားနေရာမှ သွေးယိုသဖြင့် ဆေးရုံ ရောက်လာသည်။  ဆေးရုံမှ စအိုအတွင်း ခေတ်မီမှန်ပြောင်းဖြင့် ကြည့်၍ အသားစယူပြီး စစ်ဆေးကြည့်သောအခါ အူမကြီးကင်ဆာ ဖြစ်နေကြောင်း သိရပါသည်။
အမှန်တော့ ထိုသူစားခဲ့သော ဆေးမှာ လိပ်ခေါင်းဆေး အမည်တပ်ထားသော


ကနခိုစေ့ပါသော ရောင်းတန်းဆေးတစ်မျိုး ဖြစ်သည်။ ကနခိုသည် အဆိပ်ဆေးတစ်မျိုး ဖြစ်ပြီး အူများကို လှုပ်ရှားမှုများစေကာ ဝမ်းသွားစေသော ဆေးမျိုး ဖြစ်သည်။ စွဲစားရန်မသင့်၊ အူပါးပြီး အချွဲအမြှေးများ မရှိတော့သောအခါ အူနံရံမှ သွေးကြောများ ပေါက်ထွက်ပြီး သွေးယိုလာခြင်း ဖြစ်နိုင်သည်။ ကနခို ပါဝင်သော တိုင်းရင်းဆေးနည်းများ ရှိပါသည်။ သုံးစွဲရန်လည်း ခွင့်ပြုထားပါသည်။ သို့သော် ကနခိုစေ့ကို သုဒ္ဓပြသည်ခေါ်သည်။ သန့်စင်နည်း အဆင့်ဆင့်ဖြင့် သန့်စင်ပြီးမှသာ သုံးရမည် ဖြစ်သည်။
ကနခိုစေ့ နှစ်ခြမ်းခွဲလိုက်လျှင် အလယ်ခေါင်မှ အဆံမှာ အဆိပ် ဖြစ်သည်။ ရှေးနည်းမှာ ကနခိုစေ့ကို နနွင်းနှင့်ပတ်ပြီး ထက်ခြမ်းခွဲ၍ အလယ်မှအဆံကို ချိတ်ဖြင့် ဖယ်ရှားပစ်ပြီးမှ ဆေးဖုံတွင် ထည့်ရသည်။ ကနခိုစေ့ပါဝင်သော ဆေးဖုံတွင် ဆေးတစ်ပိသာလျှင် သုံးကျပ်သားထက် ပို၍ ပါဝင်လျှင် မသင့်ပါ။ သတ်မှတ်ထားသော အလေးချိန်ထက်ပို၍ မပါရန်လည်း မှတ်ပုံတင်ထားသော ဆေးဝါးများကို ဗဟို အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်မှုကော်မတီမှ ဓါတ်ခွဲစစ်ဆေးပြီးမှ လိုင်စင်ထုတ်ပေးပါသည်။ သို့သော် ထိုမျှ ပါဝင်မှုနှင့် ဝမ်းမသွားသောအခါ ထုတ်လုပ်သူများက မှတ်ပုံတင်စဉ်က ပေးသည့် နမူနာတွင် တစ်မျိုး၊ ရောင်းချရာတွင် တစ်မျိုး ပိုထည့်ပြီး ထုတ်လုပ်လေ့ ရှိကြပါသည်။
ကနခို မသန့်စင်၍သော် လည်းကောင်း၊ အလေးချိန် ပိုကဲထည့်ထားသဖြင့် ၎င်းဆေးသည် အဆိပ် ဖြစ်သွားရတော့သည်။ အဆိပ်များ ခန္ဓာကိုယ်အတွင်း စုမိသောအခါ အကျိတ် ဖြစ်လာရသည်။ ၎င်းအကျိတ်သည်ပင် ကင်ဆာအဆင့်သို့ ရောက်သွားခြင်း ဖြစ်သည်။ ဝမ်းသွားလွယ်စေရန် ပြင်းထန်သော ဆေးကို စားသူများမှာ အဆိပ်ကို စားသူများ ဖြစ်သည်။ ထိုဆေးကို ပေးသောဆရာမှာ ပို၍ပင် အပြစ်ကြီးပါသည်။ လူနာကို ဆေးစွမ်းပြလိုသဖြင့် မသင့်တော်သော အဆိပ်ကို ပေးသတ်သော ဆရာနှင့် တူပါလိမ့်မည်။
မြတ်စွာဘုရားပင် နုစဉ်အခါက ဆေးဆရာဖြစ်ပြီး ဆေးဖိုး မပေးသောအခါ ဝမ်းနှုတ်ဆေးကို ဥပ္ပါယ်တမျဉ်ဖြင့် တိုက်ခဲ့သည်။ ဝမ်းလျော၍ လူနာသေရသည်။ ထိုဝဋ်သည် ဘုရားသက်တော် (၈၀) အလိုတွင် ပြန်လိုက်လာသည်။ မြတ်စွာဘုရားရှင်သည် ဆေးဆရာဘဝက ဝဋ်ကြွေးကို ဆပ်ပြီးမှသာ ပရိနိဗ္ဗာန် ပြုခဲ့ရသည်မှာ သာဓက ဖြစ်သည်။ ဝမ်းနှုတ်ဆေးများတွင် ထည့်လေ့ရှိသော ဓါတ်သက်စေသည့် ဆေးမယ် နောက်တစ်မျိုးမှာ “ပွေးကိုင်း” ရွက်ပင် ဖြစ်သည်။ မြေလတ်ပိုင်းနှင့် အထက်မြန်မာနိုင်ငံ ဧရာဝတီမြစ် နံဘေး နှုန်းတင်မြေနုများတွင် ပေါက်လေ့ ရှိပြီး ဈေးပေါသော ဆေးမယ်တစ်မျိုး ဖြစ်သည်။
တစ်လောက စာရေးသူ၏သမီး တာဝန်ထမ်းဆောင်သော ဆေးရုံသို့ လူနာတစ်ဦး ဝမ်းလျှောရာမှ ကြွက်တက် သတိလစ်ပြီး ရောက်လာသည်။ သူစားမိသည့် ဆေးဘူးကိုပါ ဆေးရုံသို့ ယူလာပြသည်။ ထိုဆေးမှာ “ရှောက်သီး” ပါသော ဆေးဟု အမည် တပ်ထားသော်လည်း တကယ်တမ်းမှာ ပွေးကိုင်းများစွာ ပါသောဆေး ဖြစ်သည်။ စားသည့်လူနာက အစာကြေ လေသက်စေသည်ဟု ရေးထားသဖြင့် စားမိခြင်း ဖြစ်သည်။ ပထမအကြိမ် တစ်လုံးစားသည်။ နောက်ထပ် ရှောက်သီး အရသာကို ကြိုက်သဖြင့် လေးလုံး ထပ်စားမိသည်ဟု ဆိုသည်။ ပေါင်း ၉ လုံးစားပြီးသောအခါ ဝမ်းလျှောပြီး ဆေးရုံရောက်လာရခြင်း ဖြစ်သည်။
သတိပြုရန်မှာ ပွေးကိုင်းသည် မန်ကျည်းရွက်နှင့် ခပ်ဆင်ဆင်တူသော သစ်ရွက်ငယ်လေးများ ဖြစ်ပြီး မီးပြင်းလှော်ပြီးမှသာ သုံးသင့်သည်။ ဝမ်းသက်သည်။ လွန်ကဲလျှင် ရစ်ပြီး ဝမ်းသွားတတ်၏။ ပွေးကိုင်းရွက်တွင် ခြောက်သွေ့အောင် နေလှမ်းမထားသဖြင့် မှိုတက်တတ်သည် ပွေးကိုင်းမှို ပါသော ဆေးကို စွဲစားမိလျှင် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ဖြစ်နိုင်သည်ကို သတိပြုသင့်သည်။
အစာကြေဆေး၊ လေသက်ဆေး၊ လျှက်ဆား၊ အပုပ်ချဆေး၊ လေနိုင်ဆေး၊ ဆီးဝမ်းလေဆေး၊ ဓါတ်သက်ဆေး၊ ရုပ်လှဆေး၊ တေဆေး၊ ချက်ဆေး စသည်များမှာ မြန်မာလူမျိုးတို့ ရှေးကတည်းက အသုံးများခဲ့သော ရိုးရာ တိုင်းရင်းဆေးများ ဖြစ်ပါသည်။ သုံးစွဲမှုကို အရိုးစွဲနေပြီ ဖြစ်သဖြင့် အပြစ်တင်ရန် မရှိပါ။ ရှေးခေတ်က ရိုးရာ ဆေးများကို ပရဆေးဆိုင်များတွင်သာ ဝယ်ကြသည်။ ငါးကျပ်သား၊ တစ်ဆယ်သား စသည်ဖြင့် အလေးချိန်ဖြင့် ဝယ်ကြသည်။ အိမ်တွင် ဖန်ပုလင်းဖြင့် ထည့်ထားပြီး အစာကြေဆေး ဆိုလျှင် အစာစားပြီးတိုင်း လက်ဝါးတွင် မန်ကျည်းစေ့ခန့် ထည့်၍ လျှက်လေ့ ရှိကြသည်။ ဝမ်းချုပ်လျှင် ညအိပ်ခါနီး လေပုပ်ထုတ်ဆေးကို လျှက်လေ့ ရှိကြပါသည်။
လွယ်အိတ်နှင့်လည်ပြီး ဆေးကုပေးကြသော ဆရာများကို ရှေးက ဗိန္ဓောဆရာဟု ခေါ်ကြ သည်။ အခကြေးငွေ သိပ်မယူကြ။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဆေးဝါးများ ဆေးရုံများ မရှိစဉ်က မြန်မာလူမျိုးတို့အဖို့ ထိုဗိန္ဓောဆရာများဖြင့်ပင် အသက်ဆက်ခဲ့ကြသည်။ အဘိုးတို့ ငယ်စဉ်က ဆေးဆရာကြီးများ အိမ်ကြွလာလျှင် ကလေးများက အနားကပ်ပြီး လက်ဝါးဖြန့်လျှင် လျှက်ဆား ထည့်ပေးသည်ဟု ဆိုသည်။ လျှက်ဆားသည် မြန်မာတို့အကြိုက်၊ မြန်မာ့ဓလေ့ တစ်ခု ဖြစ်ပါသည်။
ယခုခေတ်တွင် ခေတ်ပညာတတ် လူငယ်များက ရိုးရာတိုင်းရင်းဆေးပညာနှင့် အနောက်တိုင်း ဆေးပညာကို ပူးတွဲသင်ကြားလာကြသဖြင့် ခေတ်မီဘွဲ့ရ တိုင်းရင်းဆေး ဆရာများ ပေါ်ထွန်းလာသဖြင့် ဗိန္ဓောဆရာများမှ ပပျောက်သွားပြီဟု ဆိုနိုင်ပါသည်။ ဗိန္ဓောဆေးများမှာလည်း ရှေးကလို စက္ကူထုပ်၊ ဖန်ပုလင်းနှင့် မဟုတ်တော့။ ခေတ်မီ ပလပ်စတစ်ဘူး လှလှကလေးများ၊ ဆေးတောင့်များဖြင့် တိုးတက်လာပြီ ဖြစ်သည်။
ဗဟိုဆေးဝါး အာဏာပိုင်အဖွဲ့မှ ညွှန်ကြားချက်ဖြင့် ယခုခေတ် တိုင်းရင်း ဆေးဝါးများ ထုတ်လုပ်ရာတွင် ပါဝင်သော ဆေးအမည်များကို ဖော်ပြထားလေ့ ရှိသည်။ ယခင်ကရာနှုန်းနှင့်၊ ထို့နောက် မူပြောင်းပြီး ကျပ်သားနှင့် ဖော်ပြထားပါသည်။ ဆေးဝယ်ယူ သုံးစွဲသူများ သတိပြုရန်မှာ ထိုဆေး အမယ်များတွင် ဝမ်းသက်စေသော ကနခိုစေ့နှင့် ပွေးကိုင်း၊ ဆားခါး၊ ဘင်္ဂါလီ ဆားခါးစသည်များ ပါဝင်မှုကို ကြည့်ပြီးမှ သုံးစွဲရန် ဖြစ်ပါသည်။
ဆေးတစ်မျိုးကို ကြော်ငြာကောင်းတိုင်း အရမ်းမဲ့ မသုံးစွဲပါနှင့်။ အညွှန်းဖတ်ပါ။ စတင်သုံးစွဲလျှင် အမှုန့်ဆိုလျှင် ကော်ဖီဇွန်းငယ် တစ်ဝက်၊ ဆေးပြားဆိုလျှင် ၂ ပြား ၃ ပြားထက် ပို၍ မသုံးစွဲပါနှင့်။ နောက်မှ ဆေးအကြောင်း သိမှသာ ထပ်ဆောင်း တိုးသောက်ပါ။ အချို့လူများမှာ သောက်နေကျ ဆေးပင် မှားတတ်သည်။ ဝမ်းချုပ်၍၊ အညောင်းထိုင်များ၍၊ လိပ်ခေါင်းရှိ၍ ဝမ်းနှုတ်ဆေးပါသော ဆေးကို အိပ်ယာဝင် သောက်နေကျ။ ထိုသို့ သောက်သော ဝမ်းနှုတ်ဆေးနှင့် နေ့ခင်းက စားထားသော ချဉ်ရည်ဟင်း၊ ချဉ်ပေါင်ဟင်း၊ ပဲဟင်း၊ နို့ချဉ်၊ ဒိန်ချဉ်၊ မန်ကျည်းမှည့်ဖျော်ရည် စသော ဝမ်းသက်စေသော အရာများ၊ အမှတ်မထင် ပေါင်းစပ်မိသောအခါ ဝမ်းလျောသည့်အဆင့်သို့ ရောက်သွားနိုင်ပါသည်။
မိတ်ဆွေတစ်ဦးသည် မျက်စေ့မကောင်းသဖြင့် တိုင်းရင်းဆေး အမှတ် (၁၂)၊ စက္ခုပါလဆေးကို အမြဲစွဲစားသည်။ ၎င်းဆေးမှာ ရှေးသုံးဆေးနည်း တစ်ခုဖြစ်ပြီး ပွေးကိုင်းရွက်လှော် အနည်းငယ် ပါသည်။ ဆူးကောက်နက် ပါသည်။ ဆူးကောက်နက်သည် မျက်စေ့ အားကောင်းသည်။ တိမ်နှင့်ရေတိမ်ကို ကာကွယ်ပေးသည်။ ထိုဆေးတွင် ပါဝင်သော အခြားဆေးအမည်များမှာ“သိန္ဓော” ဆားဖြစ်သည်။
အငန်အရသာဖြစ်ပြီး အစာကြေ၍ ဝမ်းသက်စေသည်။ ရှေးက ဆေးကျမ်းများတွင် အငန်မျိုး မှန်သမျှသည် မျက်စိနှင့် မသင့်သော်လည်း သိန္ဓောဆားသည် မျက်စိနှင့်သင့်၏ဟု ဆိုထားလေသည်။ စက္ခုပါလဆေးကို စွဲစားသူများမှာ မျက်မှန်ဒီဂရီကို လျော့ကျနိုင်သည့်အပြင် ဇက်ကြောတက်ခြင်းကိုပါ သက်သာစေနိုင်သည်။ ဖြစ်ချင်တော့ မိတ်ဆွေသည် နေ့လယ်က ချဉ်ပေါင်ဟင်းနှင့် ဝက်သားချက်စားပြီး ညအိပ်ယာဝင်ချိန်တွင် သောက်နေကျ စက္ခုပါလဆေးကို လေးပြား သောက်လိုက်သည်။ ညသန်းခေါင်မှစ၍ ဗိုက်နာပြီး ဝမ်းရစ်သွားသည်မှာ နံနက် လင်းသည်အထိ မအိပ်ရတော့။ ခါတိုင်း ဤဆေးသောက်လျှင် နံနက်ထမှ တစ်ကြိမ်သာ သွားသည်။ ထိုနေ့က ဝမ်း ၁၂ ကြိမ်ခန့် သွားပြီး ဆေးခန်း ပြရသောအဖြစ် ရောက်ခဲ့ပါသည်။
ဝမ်းနှုတ်ဆေးစား၍ အကျိုးရှိသည်များ ရှိသလို အပြစ်ပြုသည်များလည်း ရှိပါသည်။ ဝမ်းနှုတ်ဆေးစားလျှင် တစ်ပတ်တစ်ကြိမ်၊ တစ်ရက်ထက်ပိုပြီး မစားသင့်ပါ။ လူ၏ အူသိမ်၊ အူမများအတွင်းတွင် သက်စောင့် ပိုးငယ်များနှင့် အချွဲမြှေးများ ရှိသည်။ ၎င်းတို့သည် အစာအာဟာရကို စုပ်ယူပြီး အူမပေါက်အောင် အကာအကွယ် ပေးထားကြသည် နေ့စဉ် ဝမ်းနှုတ်လျှင် အချွဲ အမြှေးများပါ ကုန်ပြီး အူနံရံပါးလာကာ လေပွလာမည်။ အာဟာရကို စုပ်ယူနိုင်မှု အားနည်းလာမည် ဖြစ်သည်။ ရောဂါဘယများ ဝင်လာမည်။
ဝမ်းနှုတ်ဆေးသည် ကောင်းကျိုး ရှိသလို ဆိုးကျိုးလည်း ပေးနိုင်သည်။ မည်သည့်အရာကိုမဆို လောကကြီးတွင် သဘာဝမဟုတ်လျှင် မကောင်း။ နှုတ်မှ သွားရသည့်ဝမ်းသည် မကောင်း၊ ဝမ်းနှုတ်သော အကျင့်သည် မကောင်း။ ဆေးမှန်သမျှသည် တန်လျှင်ဆေး၊ လွန်လျှင်ဘေး ဖြစ်နိုင်သည်ကို သတိမူကြစေချင်သည်။

Ref: Shade The Mandalay Hill
Source: http://www.yatanarpon.com.mm/cp/shadethemandalayhill/article-54201

သစ်ကြားသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

သစ်ကြားသီး စားရင် အဆီတက် မှာ စိုးလို့ဆိုပြီး တချို့ က ရှောင်တတ် ကြ ပါတယ်။
တကယ်က သစ်ကြားသီး မှာပါ ဝင်တဲ့ အဆီက ကောင်းတဲ့အဆီပါ။ တစ် နေ့မှာ အသင့်အတင့်ပမာဏကို စားပေး ရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့ အပြင် အောက်ပါကျန်းမာရေးစွမ်းပကား တွေကိုလည်း ရရှိပါလိမ့်မယ်။



(၁) နှလုံးရောဂါမဖြစ်အောင် ကာကွယ် ပေးပါတယ် သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပါ တယ်။ သစ်ကြားသီးမှာ အိုမီဂါ၃ ဖက်တီး အက်စစ်လည်း ပါဝင်နေပါတယ်။ ဒါ ကြောင့် သစ်ကြားသီးကို စားတာက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော နဲ့ ထရိုင်ဂလစ် စရိုက် အဆင့်ကို လျော့ကျ စေ တာကြောင့် နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။
(၂) စိတ်ကျရောဂါ သက်သာစေပါတယ် သစ်ကြားသီးနဲ့ သစ်ကြားသီးအဆီ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှု များတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းကောင်းလုပ် ဆောင်နိုင်စေပြီး စိတ်ကျရောဂါကို သက် သာစေပါတယ်။ စိတ်ကျရောဂါခံစားနေ ရသူအများစုဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပမာဏ လျော့နည်းနေတတ်ပါတယ်။ ကလေး တွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လျော့ ကျနေရင် အာရုံစူးစိုက်မှုချို့တဲ့တဲ့ရောဂါ (ဗီံ) နဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့ လာမှုများစွာက ဆိုပါတယ်။
(၃) ကိုယ်အလေးချိန်ကို လျော့ကျစေ ပါတယ် သစ်ကြားသီးရဲ့ ကောင်းတဲ့ အကျိုး တစ်ခုက ကိုယ်အလေးချိန်ကို ထိန်းပေး နိုင်တာပဲ ဖြစ်ပါတယ်။ လိုမာလင်ဒါတက္က သိုလ်ရဲ့ လေ့လာမှုတွေအရ ထမင်းမစား ခင် သစ်ကြားသီးအနည်းငယ်စားတာက အစာစားချင်စိတ်ကို လျော့ကျစေပြီး အ စာကို နည်းနည်းပဲ စားဖြစ်စေတယ်လို့ သိရပါတယ်။
(၄) ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါ ပါတယ် သစ်ကြားသီးမှာ အာဟာရတန်ဖိုး များစွာ ပါဝင်တာကြောင့် တစ်နေ့တာ အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ကောင်းကောင်း ရရှိစေပါတယ်။ သစ် ကြားသီးမှာ ပရိုတင်းဓာတ်၊ ဗီတာမင် ဘီ၊ ဗီတာမင် အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီ ယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနိစ်တွေ ပါဝင် နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါပါတယ်။
(၅) ဆီးကျိတ်ကင်ဆာကို ကာကွယ် ပေးနိုင်ပါတယ် သစ်ကြားသီးမှာ အင်တီအောက် ဆီးဒင့်များစွာ ပါဝင်တာကြောင့် ဆီး ကျိတ်ကင်ဆာကို ကာကွယ်နိုင်စွမ်း ရှိ တယ်လို့ ဗြိတိန်အာဟာရဂျာနယ်မှာ လတ်တလောတွေ့ရှိချက်တစ်ရပ်ကို ရေး သားဖော်ပြထားပါတယ်။
(၆) မှတ် ဥာဏ်ကို ကောင်းမွန်စေပါ တယ် သစ်ကြားသီးကို ဦးနှောက်အာဟာ ရလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အ ကြောင်းကတော့ သစ်ကြားသီးက ဦး နှောက်အခွံပုံသဏ္ဌာန်ရှိတဲ့အပြင် မှတ် ဥာဏ်အားကောင်းစေတဲ့ အိုမီဂါ ၃ အ ဆီတွေ များစွာ ပါဝင်တာကြောင့်ပါ။ ဦး နှောက်ဟာ အဆီ ၆၀ ရာခိုင်နှုန်းကျော် နဲ့ တည်ဆောက်ထားပါတယ်။ ဦးနှောက် ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ် နိုင်ဖို့ အဆီတည်ဆောက်ရာမှာ အိုမီဂါ ၃ အဆီ လိုအပ်ပါတယ်။
(၇) သည်းခြေကျောက်တည်မှု မဖြစ် အောင် ကာကွယ်နိုင်ပါတယ် အမျိုးသမီး ရှစ်သောင်းကျော်ကို နှစ် ၂၀ ကြာလေ့လာမှုအရ တစ်ပတ်မှာ သစ်ကြားသီးလို အခွံမာတဲ့အစေ့အဆန် တစ်အောင်စ စားတဲ့ အမျိုးသမီးတွေက မစားသူတွေထက် သည်းခြေကျောက် တည်နိုင်ခြေ ၂၅ ရာခိုင်နှုန်းလျော့နည်း ကြောင်း သိရပါတယ်။ တစ်အောင်စဆို တာ ပျမ်းမျှအားဖြင့် သစ်ကြားသီး အစေ့ ၂၈စေ့ခန့်နဲ့ ညီမျှပါတယ်။ ဒါမှမဟုတ် နေ့လယ်စာစားပြီးချိန်မှာ သစ်ကြားသီး လက်တစ်ဆုပ်စာပမာဏကို စားပေးရင် လည်း သည်းခြေကျောက်တည်တာအ ပါအဝင် သည်းခြေအိတ်ဆိုင်ရာ ရောဂါ တွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၈) ကောင်းကောင်း အိပ်မောကျစေ ပါတယ် ညစာစားရာမှာ ဟင်းရွက်သုပ်ထဲ သစ်ကြားသီးထည့်စားပေးရင် ကောင်း ကောင်းအိပ်မောကျစေပါတယ်။ သစ်ကြား သီးမှာပါတဲ့ မယ်လတိုနင်ဟာ ညဆိုင်းအ လုပ်လုပ်ရသူ၊ လေယာဉ်အကြာကြီးစီးရ သူတွေမှာ အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်။
(၉) ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု ကို တွန်းလှန်နိုင်ပါတယ် သစ်ကြားသီးကို စားရင် ဖရီးရယ် ဒီကယ်ကြောင့် ထိခိုက်မှုဖြစ်လာတဲ့ ရော ဂါတွေကို ကာကွယ်ပေးပါတယ်။ ဥပမာကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျ စေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ တို့လို ရောဂါတွေကို သက်သာစေပါ တယ်။
(၁၀) အရိုးကျန်းမာရေးကို ကောင်းမွန် ပေးပါတယ် သစ်ကြားသီးမှာပါတဲ့ Alpha linolenic acid ဟာ အရိုးဖြစ်ပျက်မှုကို အလွန်အမင်းမဖြစ်အောင် ကာကွယ်ပေး တာကြောင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ ၃ အဆီပါဝင်မှုကြောင့် အရိုးထု ထည်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။

Ref: Good Health
Source:http://www.yoyarlay.com/health/health/article/27442

ပင်လယ်ရေညှိပင်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

ရာစုနှစ် ပေါင်းများစွာ ကတည်းက ပင်လယ်ထဲက အပင်တွေကို ဟင်းလျာတွေ အဖြစ် ကမ္ဘာ တစ်ဝန်းလုံးမှာ အသုံး ပြုခဲ့ကြပါတယ်။ ပင်လယ် ရေညှိပင်ကို သရေစာ အဖြစ် သုပ်ကာစားကြသလို ဟင်းခတ်အမွှေး အကြိုင် အဖြစ်လည်း ဟင်းလျာတွေ၊ စွပ်ပြုတ်တွေ၊ အရွက် သုပ်တွေထဲမှာ ထည့်သုံးကြပါတယ်။ ပင် လယ်ရေညှိ ဒါမှမဟုတ် ပင်လယ်အောက် က အပင်တွေမှာ လူ့အကျိုးပြု မရှိမဖြစ် အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင် နေပါတယ်။


(၁) သိုင်းရွိုက်ဂလင်းကို ကျန်းမာစေ ပါတယ် ပင်လယ်ရေညှိပင်တွေမှာ အိုင်အို ဒင်းဓာတ် များစွာ ပါဝင်တာကြောင့် သိုင်း ရွိုက်ဟော်မုန်းတွေဖြစ်ကြတဲ့ thyroxine (T3) eJY triiodothyronine (T4) တို့ကို ထုတ်နိုင်ကာ ခန္ဓာကိုယ်တွင်းရှိ ဆဲလ် တိုင်းရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ထိန်းညှိပေး ပါတယ်။ ဒါ့အပြင် ဇီဝရုပ်ဆိုင်ရာ လုပ် ငန်းဆောင်တာအားလုံးမှာ အရေးပါတဲ့ အခန်းကနေ ပါဝင်နေပါတယ်။
(၂) အရိုးကျိုးအက်မှု မဖြစ်အောင် အရိုးတွေကို ကာကွယ်ပေးပါတယ် ပင်လယ်ရေညှိမှာ ဗီတာမင် ကေအ များအပြား ပါဝင်နေပါတယ်။ အရိုးထု ထည်ဆုံးရှုံးမှုဖြစ်တဲ့ အမျိုးသမီးတွေကို လေ့လာမှုအရ ဗီတာမင်ကေအလုံအ လောက် မှီဝဲရင် အရိုးကျိုးအက်မှု မဖြစ် အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရ ပါတယ်။
(၃) နှလုံးကျန်းမာရေးကို ကောင်းမွန် စေပါတယ် ပင်လယ်ရေညှိမှာ ပါဝင်တဲ့ ဖော လိတ်ဓာတ်ဟာ သွေးထဲမှာ ဟိုမိုစစ်စ တင်းစုပုံမှု မဖြစ်အောင် ကာကွယ်ပေး တဲ့နည်းနဲ့ နှလုံးရောဂါဖြစ်နှုန်းကို လျှော့ ချပေးပါတယ်။ သွေးထဲမှာ ဟိုမိုစစ်စတင်း များများရှိတာက နှလုံးသွေးကြောရောဂါ နဲ့ လေဖြတ်ခြင်း ဖြစ်နှုန်းကို မြင့်တက် စေနိုင်ပါတယ်။(၄) နာ့ဗ်ကြောနဲ့ ကြွက်သားတွေကို အကြောပြေလျော့စေပါတယ် မဂ္ဂနီဆီယမ်သတ္တုဓာတ်ဟာ ခန္ဓာ ကိုယ်ရှိ နာ့ဗ်ကြောတွေနဲ့ြွကက်သား တွေကို ပြေလျော့စေပါတယ်။ ပင်လယ် ရေညှိမှာ မဂ္ဂနီစီယမ်များများ ပါဝင်နေပါ တယ်။
(၅) အရိုးတွေကို ကျန်းမာသန်စွမ်းစေ ပါတယ် ပင်လယ်ရေညှိမှာ ကယ်လ်စီယမ် များစွာ ပါဝင်တာကြောင့် အရိုးတွေကို သန်စွမ်းကျန်းမာစေပါတယ်။
(၆) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ် ပင်လယ်ရေညှိမှာ သံဓာတ်များများ ပါဝင်တာကြောင့် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၇) အိပ်ရေးဝ၀ အိပ်မောကျစေပါတယ် ပင်လယ်ရေညှိမှာ ထရစ်ပတိုဖန် ပါ ဝင်မှု များတာကြောင့် ကောင်းကောင်း အိပ်မောကျစေပါတယ်။ ထရစ်ပတိုဖန် ဟာ မရှိမဖြစ် အမိုင်နိုအက်စစ်ဖြစ်ပြီး အ ပန်းပြေတာ၊ အနားရတာနဲ့ အိပ်ပျော်တာ စတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။
(၈) ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ် ပင်လယ်ရေညှိမှာ လစ်ဂနင်လို့ ခေါ် တဲ့ ဖိုင်တိုအီစထရိုဂျင်တွေ များများ ပါ ဝင်ပါတယ်။ လေ့လာမှုများစွာအရ လစ် ဂနင်ဓာတ်ဟာ ရင်သားကင်ဆာနဲ့ အူမ ကြီးကင်ဆာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။
(၉) ရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်ပါတယ် ပင်လယ်ရေညှိမှာ ဖူကန်စ် ဒါမှမ ဟုတ် ဖူကွိုက်ဒန် ဆိုတဲ့ Polysaccharide တစ်မျိုး ပါဝင်တာကြောင့် ဗိုင်းရပ်စ် ဆန့်ကျင်တဲ့ အာနိသင်၊ သွေးခဲတာကို တွန်းလှန်တဲ့ အာနိသင်၊ အကျိတ်တား အာနိသင်နဲ့ ရောင်ရမ်းမှုကျစေတဲ့ အာနိ သင်တို့ကို ရရှိစေပါတယ်။
(၁၀) သွေးတွင်း သကြားဓာတ်ကို ထိန်းပေး ပါတယ် ခန္ဓာကိုယ်ထဲမှာ မဂ္ဂနိစ်သတ္တုဓာတ် လျော့နည်းနေရင် သွေးတွင်း ဂလူးကို့စ် ဓာတ်ကို မထိန်းနိုင်တာမျိုး ဖြစ်တတ်ပါ တယ်။ ပင်လယ်ရေညှိမှာ မဂ္ဂနိစ်များစွာ ပါဝင်ပါတယ်။

Ref: Good Health
Source: http://www.yoyarlay.com/health/health/article/27648

နုပျိုလှပသူတိုင်း လုပ်ဆောင်ကြသည့် အလေ့အကျင့် ခုနစ်ခု

အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလှပနေ သူတွေ သင့်ပတ် ဝန်းကျင်မှာ တွေ့ဖူးမှာပါ။ နေ့စဉ်လိုက်နာ ကျင့်သုံးတဲ့ အလေ့အကျင့် တွေက နုပျိုလှပမှုကို ဖြစ်စေ တာပါ။ သူတို့တစ်တွေ လိုက်နာ ဆောင်ရွက်လေ့ရှိတဲ့ အလေ့အကျင့်တွေထဲက ခုနစ်ခုကို ဖော်ပြ လိုက်ပါတယ်။
၁) သဘာဝပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ အလှပြင်ပစ္စည်းတွေကို အသုံးပြုတယ်








အများစုက ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေက ပိုမိုအာနိသင်ပြည့်ဝတယ်လို့ ထင်တတ်ကြ ပါတယ်။ တကယ်တော့ သဘာဝ ပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထုတ် လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေက သက်ကြီးအရေးကြောင်းတွေ အတွက် အမှန်တကယ် ထိရောက်မှုရှိတယ်လို့ အလှအပပညာ ရှင် ဘာဘရာကလို့က ပြောပါတယ်။ အပင်ထွက်ပါဝင်ပစ္စည်း တွေဖြစ်တဲ့ ပက်ပ်တိုက်၊ လိုက်ပိုဆုန်း၊ ဂလိုင်ကိုဆိုက် စတာတွေ က အသားအရေကို ကြည်လင်ဝင်းပတာ၊ တင်းရင်းမှုရှိတာ၊ အရေး ကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးတာ စတဲ့ အစွမ်းအာနိသင် တွေ ရှိပါတယ်။
၂) နေရောင်ကာခရင်မ် အမြဲလိမ်းတယ်
အရွယ်အိုမင်းမှုကို တားဆီးနိုင်တဲ့ ပထမဆုံးလက်နက်က နေရောင်ကာ ခရင်မ်လိမ်းတာပါလို့ ကလို့က ပြောပါတယ်။ ဇင့်နဲ့ တိုက်တေနီယမ်ဒိုင်အောက်ဆိုက်ပါတဲ့ နေရောင်ကာခရင်မ် တွေက အသားအရေကို ယားယံမှုမရှိစေဘဲ နေရောင်ခြည်တွေ ကို အသားအရေနဲ့ မထိတွေ့အောင် လုပ်ဆောင်ပေးတာ ကြောင့် အသားအရေပျက်စီးမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ အရွယ် တင်နုပျိုနေသူတွေဟာ နေရောင်ကာခရင်မ်ကို နေ့စဉ် အသုံးပြု တတ်ကြပါတယ်။ နေရောင်ခြည်က အိုမင်းမှုကို မြန်ဆန်စေတယ် ဆိုပေမယ့် တစ်နေ့ကို နေခြည်နုနုနဲ့ ၁၀ မိနစ်လောက်တော့ ထိတွေ့မှုရှိပါမှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဒီကို ရရှိမှာပါ။ နေခြည်နုနုရရှိဖို့ မနက် ၁၀ နာရီမတိုင်မီနဲ့ ညနေ ၄ နာရီနောက်ပိုင်းတွေမှာ အပြင်ထွက်ပါ။
၃) အင်တီအောက်ဆီးဒင့်ပါဝင်တာကို အသုံးပြုတယ်
နုပျိုသူတွေ အသုံးပြုလေ့ရှိတဲ့ အင်တီးအောက်ဆီးဒင့်ပါ ဝင်တဲ့ အသားအရေ ထိန်းပစ္စည်းတွေက ခန္ဓာကိုယ်မှာ အိုမင်းမှု ကို ဖြစ်စေတဲ့Free Radical တွေရဲ့ တိုက်ခိုက်မှုမှ တားဆီးပေးပြီး ခန္ဓာကိုယ်တွင်း ညစ်ညမ်းမှုတွေကိုပါ ဖယ်ရှားပေးပါတယ်။ နယူး ယော့ခ်မှ အရေပြားပညာရှင်က ဘလူးဘယ်ရီ၊ လက်ဖက်စိမ်းနဲ့ ဗီတာမင် အီးစတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ အသားအရေ ထိန်းသိမ်းပေးတာတွေကို အသုံးပြုပါလို့ အကြံပေးပါတယ်။
၎) နေ့စဉ် အဆီလိမ်းတယ်
အသားအရေဝင်းပသူတွေဟာ အဆီတစ်မျိုးမျိုးကို နေ့စဉ် လိမ်းတတ်ကြပါတယ်။ အိုမီဂါ-၃ နဲ့ အိုမီဂါ- ၆ ပါဝင်တဲ့ အဆီ တွေက အရေပြားမှာ အလွှာပါးတစ်ခုအနေနဲ့ ဖုံးအုပ်ထားတာ ကြောင့် အသားအရေပျက်စီးမှုမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အရေပြားမှာ ရေဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
၅) သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားတယ်
အရွယ်တင်နုပျိုစေတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာတွေကို အရေပြားမှာ လိမ်းပေးရုံသာမက စားပေးတာက အပေါ်ယံ ရွှေမှုန်ကြဲသလို မဖြစ်စေဘဲ ခန္ဓာကိုယ်တွင်းမှ နက်နက်ရှိုင်းရှိုင်း လှပမှု ဖြစ်စေတယ်လို့ နယူးယောက်မှ အရေပြားပညာရှင် အဲလိစ် စဘတ်က ပြောပါတယ်။ သစ်သီး၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေနဲ့ လက်ဖက်ရည်ကို သောက်ပေးပါ။ အပေါ် ယံဆဲလ်တွေ သေဆုံးသွားပြီး ဆဲလ်အသစ်ဖြစ်ပေါ်လာဖို့ ခန္ဓာ ကိုယ်တွင်းမှာ ကုန်ကြမ်းကို ရရှိပြီးသား ဖြစ်စေပါတယ်။
၆) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီ စားတယ်
အသားအရေ ဝင်းပစိုပြည်သူတွေက သံလွင်ဆီနဲ့ ငါးအဆီ တွေလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီတွေကို စားသုံးကြပါတယ်။ သင်က အဆီမှန်သမျှ ရှောင်ကြဉ်နေပါက သင့်အသားအရေ ငယ်ရွယ်နုပျိုဖို့ကို ဟန့်တားသလိုဖြစ်နေပါလိမ့်မယ်။ ကျန်းမာရေး နဲ့ညီညွတ်တဲ့ဆီတွေက အရေပြားကို အတားအဆီးတစ်ခုအနေနဲ့ ကာကွယ်ပေးရုံသာမကဘဲ အရေပြားက ရေဓာတ်ဆုံးရှုံးမှုနဲ့ ရောင် ရမ်းမှုတွေကို တားဆီးပေးပါတယ်။
၇) ယောဂကျင့်တယ်
စိတ်နဲ့ ခန္ဓာကိုယ်က ဆက်စပ်နေတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ ယောဂကျင့်သူတွေဟာ စိတ်ပျို ကိုယ်နုကြပါ တယ်။ စိတ်ဖိစီးမှုများပါက ခန္ဓာကိုယ်က ကော်တီဇောဟော်မုန်း တွေထွက်ပြီး အိုမင်းမှုကို မြန်ဆန်စေပါတယ်။ ဒီဟော်မုန်းက အသားအရေတင်းရင်းစေတဲ့ ကိုလာဂျင်တွေကို ဖျက်ဆီးပြီး အရေးကြောင်းတွေဖြစ်စေပါတယ်။
၈) လေ့ကျင့်ခန်းလုပ်တယ်
လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှု တွေကို တားဆီးပေးတဲ့ အင်ဒေါ်ဖင်န်ဟော်မုန်း ထွက်ရှိပါတယ်။ ဒီဟော်မုန်းက အနာကျက်မြန်စေပြီး ခန္ဓာကိုယ်မှာ သွေးလှည့်ပတ် မှုကို ကောင်းမွန်စေတာကြောင့် အရေပြားဆဲလ်တွေအထိ အာဟာရ ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် နုပျိုတက်ကြွလှပ သူတွေဟာ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို အနည်းဆုံး သုံးရက် လောက် လေ့ကျင့်ခန်းပြုလုပ်တတ်ကြပါတယ်။
ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)
Ref: Good Health
Source: http://www.yoyarlay.com/health/health/beauty/27598