Saturday, December 15, 2012

Gtalk Virus သတ်နည်း

Gtalk Virus သတ်နည်း

step -1

၁ ။ asl please
I am 23 Female, Delhi (India)and you?
၂ ။ Now search your google in a HYBRIDDYNAMIC way http:// h1.ripway.com/mygoogle0/index.html
၃ ။ View my private cam via secured connection http:// h1.ripway.com/db0/privateCam.exe
အဲဒီလို စာတက်လာပြီး သူ့ရဲ့ Link ကိုနှိပ်မိရင် Download ချက်ခြင်းကျလာတယ်။ Run လိုက်ပြီဆိုတာနဲ့ အောက်ပါအတိုင်း ဖြစ်လာ ပါလိမ့်မယ်။

step - 2

၁။ Gtalk နဲ့ Yahoo messenger သူ့ဟာသူ တက်လာပြီး Nick ဖွင့်လို့ရအောင် Cursor ချပေးလိမ့်မယ်။(စက်မှာ run မထားဘူး၊ မရှိဘူး ဆိုရင်တော့ မတက်ဘူးပေါ့။)
၂။ Nick ဖွင့်လိုက်မိရင် အဲဒီ Nick အပေါ်ဆုံးက လူသုံးယောက်ကို အပေါ်ပိုင်းမှာ ကျွန်တော်ရေးပြခဲ့တဲ့အတိုင်း ကတုံ၊ ကတုံ နဲ့ အလိုလို သူ့ဟာသူ ရိုက်ပြီး ပြောနေလိမ့်မယ်။ အဲဒီ အချိန်မှာ စက်ဟန်းနေတယ်။ ဘာမှ လုပ်လို့ မရဘူး။ ၂ မိနစ်နီးပါး ကြာပြီးရင် ပြန်ငြိမ်သွားမယ်။ ၅ မိနစ်မှာ တစ်ကြိမ်လောက် ဖြစ်နေလိမ့်မယ်။(တစ်ခြား Nick ကို မိမိ ကိုယ်တိုင် Cursor ချပြီး စကားပြောမနေဘူးဆိုရင် အဲဒီ Nick သုံးခုပဲ ထပ်ခါထပ်ခါ တက်နေမှာဖြစ်ပါတယ်။)
၃။ gtalk တွေ၊ Yahoo တွေကို Exit လုပ်ပြီး connection ဖြုတ်ထားလိုက်ရင်တောင် Nick ဖွင့်ဖို့အတွက် messenger တွေ လာလာပေါ် ပေးနေလိမ့်မယ်။
၎။ Task Manager, Registry Editor, Folder Options စတာတွေ ကတော့ Virus တို့ရဲ့ထုံးစံအတိုင်း ခေါ်လို့မရဘူးဖြစ်နေလိမ့်မယ်။
၅။ Drive တွေကို ဘယ်လိုနည်းနဲ့မှ ဖွင့်လို့မရတော့ပါဘူး။
အဲဒီလိုဖြစ်ပြီဆိုတာနဲ့ gtalk တွေ Yahoo တွေမှာ Nick ကိုပိတ်လိုက်ပါ။
စပြီး သတ်လိုက်ရအောင် ….

step - 3

၁ ။ အရင်ဆုံး hidden folder တွေကို show ပေးရမယ်။ အဲဒီ အတွက် Folder Options သုံးရပါမယ်။ အဲဒါတွေက အတိုက်ခံရတဲ့ အထဲမှာ ပါတယ်လေ။ အောက်က Software လေး သုံးလိုက်မယ်။ အောက်ဆုံးမှား download ဆွဲလိုက်ပါ။
အဲဒါလေးကို Run လိုက်ရင် မိမိမှာ ငြိနေသမျှ options တွေ black color ဖြစ်နေလိမ့်မယ်။ Check All ကိုနှိပ်။ ပြီးရင် Remove ကို ဆက်နှိပ်။ Exit ပေးလိုက်တော့။ ဒါဆိုရင် အဲဒီ Options အားလုံးပြန်သုံးလို့ရပြီ။
My Computer ဖွင့် Tools - Folder Options - View မှာ Show Hidden Files and Folder ကို check ပေးပြီး Hidden ဖိုင်တွေကို ဖော်လိုက်ပါတယ်။
၂။ Chrome.exe တွေကို ဖျက်မယ်။ နေရာ နှစ်နေရာမှာ အရင်ဖျက်ပေးရမယ်။ အရင်ဆုံး C:Windows ထဲမှာ Chrome.exe ဆိုတာကို ရှာပါ။ Folder icon နဲ့ ဖြစ်နေလိမ့်မယ်။ ( C မှာ windows တင်ထားတဲ့ လူတွေအတွက် ရည်ရွယ်ပြောတာပါ၊ နားလည်မယ် ထင်ပါတယ်။)
အဲဒီဖိုင်က အခု အလုပ်လုပ်နေတဲ့ ဖိုင် ဖြစ်တဲ့အတွက် Delete နှိပ်ဖျက်လို့ မရပါဘူး။ (တစ်ချို့ စက်မှာတော့ ဖျက်လို့ရတာ တွေ့ရပါတယ်။ Virus ချင်းတူပေမယ့် တစ်ခါတစ်လေ သက်ရောက်မှုမတူပါဘူး။ Windows အပေါ်မှာလည်း မူတည်ပါသေးတယ်။)
အဲဒီ Process ကို ရပ်ပေးဖို့အတွက် ဒီအတိုင်း ဖျက်လို့မရတဲ့စက်မှာတော့ Unlocker သုံးပြီး ဖျက်ရပါလိမ့်မယ်။ မရှိရင် ဒီမှာယူပါ။ Unlocker run ပြီးရင် chrome.exe မှာ R-Click လုပ် Unlocker ကို နှိပ်ပါ။
ပေါ်လာတဲ့ pop-up လေးမှာ Delete ကို ရွေးပြီး Ok ပေးလိုက်ပါ။
နောက်တစ်နေရာအနေနဲ့ System32 ထဲမှာ chrome.exe ကို ရှာပါ။ C:WindowsSystem32 မှာ ဖြစ်ပါတယ်။
ခုနကအတိုင်းပဲ right click, Unlocker နှိပ်ပြီး Delete လုပ်ပေးပါ။ တကယ်လို့ ချက်ချင်း ဖျက်မပေးနိုင်ဘူးဆိုရင် အောက်ပါအတိုင်း ပေါ်လာပါလိမ့်တယ်။ Yes ကို Click လုပ်ပြီး Restart ချလိုက်ပါ။ နောက်တစ်ခါ Windows ပြန်တက်တာနဲ့ ဖျက်ပြီးသား ဖြစ်နေ ပါလိမ့်မယ်။
နောက်တစ်ခုက အဲဒီ System32 ထဲကပဲ autorun.ini ဖြစ်ပါတယ်။
အဲဒါကို D-Click နဲ့ ဖွင့်ကြည့်ရင် အောက်ပါအတိုင်း တွေ့ရပါမယ်။
အဲဒီ Autorun ကိုလည်း ဖျက်ပေးပါ။
၃။ အခြား Drive တွေ ထဲကပါ ဖျက်ပေးပါ။ အဲဒီအတွက် WinRAR ကို သုံးရပါမယ်။ မရှိရင် ဒီမှာယူပါ။ Install လုပ်ပြီးရင် All Programs ထဲက WinRAR ကို ရှာပြီး ဖွင့်ပေးပါ။
WinRAR ရဲ့ Address bar မှာ D: လို့ ရိုက်ပြီး Enter နှိပ်လိုက်ရင် အောက်ပါအတိုင်း ဖိုင်သုံးဖိုင်ကို မြင်နေရပါလိမ့်မယ်။
Chrome.exe, New Folder.exe, autorun.inf
အဲဒီ ဖိုင်သုံးဖိုင်ကို ဖျက်ပေးပါ။ အခြားသော Drive များကိုလည်း မိမိ partitions ခွဲထားသမျှ လိုက်ဖျက်ပေးပါ။ ကျွန်တော်ဆိုရင် ၆ ပိုင်း ခွဲထားလို့ D: ကနေ H: အထိ ဖျက်ပေးလိုက်ရပါတယ်။
၎။ နောက်တစ်ခုက Start Up ဖြစ်ပါတယ်။ Run မှာ msconfig လို့ ရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ System Configuration Utility ရဲ့ Start Up မှာ အောက်မှာ ပြထားတဲ့အတိုင်း Disable All ပေးလိုက်ပါ။
ပြီးရင် Ok နှိပ်ပြီး Restart ပေးလိုက်ပါ။
၅။ Windows ပြန်တက်လာတာနဲ့ အောက်ပါအတိုင်း Alert ပေါ်ပါလိမ့်မယ်။ (Run မှာ chrome.exe လို့ ရိုက်ရှာလို့ system32 ထဲမှာ မရှိတော့တဲ့အတွက် ပေါ်တဲ့ Alert ပဲဖြစ်ပါတယ်။)ပုံတွေ မမြင်ရရင် click နှိပ်ပြီး ကြည့်နိုင်ပါတယ်။
အဲဒါကို ဖျက်ဖို့အတွက် Run မှာ regedit လို့ ရိုက်ပြီး Registry Editor ကို ၀င်လိုက်ပါ။ အောက်ပါ D-Tree အတိုင်း ရှာပေးပါ။
HKEY_LOCAL_MACHINESOFTWAREMicrosoftWindows NTCurrentVersionWinlogon
Winlogon ကို နှိပ်ပြီး ညာဘက်မှာ shell ဆိုတာကို ရှာပေးပါ။ အောက်ပါအတိုင်း တွေ့ပါလိမ့်မယ်။
အဲဒါလေးကို ဖျက်လိုက်ပါ။ နောက်တစ်ခါ Windows တက်ရင် မပေါ်တော့ပါဘူး။
၆။ နောက်တစ်ခုက Drive တိုင်းမှာ ပိုနေတဲ့ folder နှစ်ခု တွေ့ပါလိမ့်မယ်။ System Volume Information နဲ့ RECYCLER ဖြစ်ပါတယ်။
အဲဒါကို ဖျောက်ဖို့အတွက် Tools - Folder Options - View မှာ Hide protected operating system files (Recommended) ကို check လုပ်ပေးပါ။ (အောက်မှာ ပြထားတဲ့ အတိုင်း Hidden ဖိုင်တွေ ပထမဆုံးထဲက Show ပေးထားပြီးသား ဖြစ်ပါတယ်)
OK နှိပ်လိုက်တာနဲ့ ကျနော်ပြောတဲ့ folder နှစ်ခု ပျောက်သွားပါလိမ့်မယ်။
တစ်ချို့ကွန်ပျူတာတွေမှာတော့ ကျွန်တော်အပေါ်မှာ ပြောခဲ့တဲ့အတိုင်း folder တိုင်းမှာ အဲဒီ folder နာမည်နဲ့ exe file type ထပ်ဝင်နေပါလိမ့်မယ်။ Delete နှိပ်ပြီး ဖျက်ပေးလို့ရပါတယ်။
တကယ်လို့ အကုန်မဖျက်မိပဲ အဲဒီ ဖိုင်ကို D-Click နဲ့ ထပ် run မိရင်Virus ပြန်ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် Virus အတိုက်ခံရပြီးတဲ့ ကွန်ပျူတာကို အချိန်ပေးနိုင်ပြီဆိုတာနဲ့ Windows ပြန်တင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
တစ်ခြားဖြေရှင်းနည်းတွေတော့ ရှိဦးမှာပါ။ အခုနည်းကတော့ ကျွန်တော် ဒီ Virus ကို ကွန်ပျူတာ ၅ လုံးမှာ သတ်ပေးခဲ့တဲ့ နည်းလေးပဲ ဖြစ်ပါတယ်။ ဒီနည်းလေးကတော့ ကိုက်သမျှ စက်အားလုံးမှာ ရှင်းလို့ အဆင်ပြေခဲ့တဲ့နည်းလေးပဲ ဖြစ်ပါတယ်။ ဘာ Anti-Virus မှ မသုံးရပဲ ဖျက်ပစ်လိုက်နိုင်တာပါ။
အခုထိလည်း တစ်ယောက်ပြီးတစ်ယောက် ကူးစက်ခံနေကြရပါသေးတယ်။ ပြောချင်တာကတော့ မိမိ Nick ကို Hack လုပ်ပြီး ဝင်ရေးတာ မဟုတ်ပါဘူး။ (ခဏခဏ မေးနေလို့ ပြောပြလိုက်ရတာပါ။) Program နဲ့ Nick ဖွင့်ခိုင်းမယ်။ ဖွင့်တာနဲ့ အဲဒီ စာသားတွေကို Paste လုပ်ပြီး ထည့်ပေးလိုက်ပါတာပဲ ဖြစ်ပါတယ်။ Connection ဖြုတ်လိုက်ရင်တောင် gtalk နဲ့ yahoo messeger က တက်တက်လာပြီး ဖွင့်ခိုင်းနေဦး မှာပဲဖြစ်ပါတယ်။(Chrome.exe တွေကို ဖျက်ပြီး Restart မလုပ်မချင်း ပြောတာပါ။)
အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ မိမိ(ဒါမှမဟုတ်)သူငယ်ချင်းတွေ ဒီ Virus အတိုက်ခံနေရတယ် ဆိုရင် ကျွန်တော်ပြောတဲ့ အဆင့်တွေအတိုင်း လုပ်ကြည့်ဖို့တိုက်တွန်းပါတယ်။ (ဖျက်ရမယ့် File တွေ တကယ်ပျက်၊ မပျက် သေချာ ကြည့်ပေးပါ။)

No comments:

Post a Comment