Friday, December 14, 2012

ဒေါ်အောင်ဆန်းစုကြည်မြိတ်ခရီးစဉ်တွင်ဟောပြောမည့်မြေနေရာကိုကြိုတင် ရှင်းလင်းစဉ်ပေါက်ကွဲမှုဖြစ်ပွား

မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ကံမော်ကျေးရွာရှိဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲပြုလုပ်မည့်မြေနေရာအားယနေ့ ည နေပိုင်းကကြိုတင်ရှင်းလင်းမှုများ ပြုလုပ်နေစဉ်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းမြိတ်မြို့ ခံများကပြောသည်။
“နေ့ လည်၃နာရီခွဲလောက်မှာဖြစ်တာလို့ သတင်းရတယ်။ဖုန်းလိုင်းတွေပြတ်နေလို့ ဆက်သွယ်လို့ မရဘူးဖြစ်နေတယ်။” ဟုမြိတ် ၈၈ ကျောင်းသားများအဖွဲ့ မှဦးလှမောင်ကပြောသည်။ ပေါက်ကွဲမှုဖြစ်စဉ်တွင် ဒဏ်ရာရသူ၃ဦး အထိရှိ ကြောင်းလည်း၎င်းကဆိုသည်။

သို့ သော်ပေါက်ကွဲမှုနှင့်ဒဏ်ရာရမှုများအတွက်သီးခြားအတည်ပြုချက်
မရသေးပါ။

ယင်းကိစ္စနှင့်ပတ်သတ်ပြီးမြိတ်မြို့ နယ်နှင့်ခရိုင်ရဲစ ခန်းများအားအတည်ပြုချက်တောင်းသော်လည်း ကံမော်ရဲစခန်း ကိုသာဆက်သွယ်ရန်အကြောင်းပြန်သည်။ကံမော်ရဲစခန်းထံ ဆက်သွယ်သော်လည်းဖုန်းခေါ်ဆိုမရပေ

ယင်းပေါက်ကွဲမှုကြောင့်ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်မူလစီစဉ်ထားသည့်အတိုင်းဆက်လက်ထွက်ခွာဖြစ်၊မဖြစ်ကိုလော
လောဆယ်မပြောနိုင်သေးကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှပြောရေးဆိုခွင့်ရှိသူကပြောသည်။

No comments:

Post a Comment