10. Russia
စိမ်ခေါ်မှု အချို့နဲ့
အတူ နိုင်ငံရဲ့လုံခြုံမှုဆိုင်ရာ ပြသနာတွေ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ skinhead လို့ခေါ်တဲ့ အုပ်စုတွေ ၊ နိုင်ငံရေး အုံကြွမှုတွေ ၊ ပြန်ပေးဆွဲခံရမှုတွေ ၊ အကြမ်းဖက် ဗုံးခွဲဖောက်ခွဲမှုတွေ နဲ့ နှောင့်ယှက်တိုက်ခိုက်ခံ ရမှုတွေကြောင့် ဖြစ်ပါတယ် ။ နိုင်ငံတိုးတက်လာတာ နဲ့အမျှ ခရီးသွားဦးရေတွေလည်း များပြားလာခဲ့ပြီး ဒီခရီးသွားတွေဟာ နိုင်ငံရေး မုန်းတီးသူတွေရဲ့ အဓိက ပစ်မှတ်ဖြစ်လာခဲ့ပါတယ် ။
9. Brazil
နိုင်ငံမှာ အံ့သြဖွယ်ရာကောင်းလောက်အောင် လှပတဲ့ သဘာဝအလှတွေရှိပေမယ့် အင်အားကြီးမားတဲ့ သူပုန်တွေ ရှိတဲ့ အတွက် သင့်အနေနဲ့ ခရီးသွားဖို့ စိတ်မချရပါဘူး ။ လူသတ်မှုနှုန်းတွေဟာ ဆိုရင် အမေရိကန်နိုငံထက် လေးကြိမ်နီးပါး များပြားခဲ့ပါတယ် ။ ဒီသူပုန်တွေရဲ့ လုယက်မှုတွေနဲ့ မုဒိမ်းကျင့်မှုတွေ ကလည်းဆိုးဝါးစွာ ဖြစ်ပွားနေဆဲပါ ။ ဒီနိုင်ငံရဲ့ အန္တရာယ် အရှိဆုံး နေရာတွေကတော့ Salvador နဲ့ Sao Paolo တို့ဖြစ်ပြီး သူပုန်တွေရဲ့ အကြမ်းဖက် လုပ်ဆောင်မှုတော်တော် များများကဒီနေရာတွေမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ် ။
8. South Africa
တောင်အာဖရိကရဲ့ အန္တရာယ် အများဆုံးနေရာ တစ်ခုကတော့ Cape Town ဖြစ်ပြီး အဲဒီမြို့မှာ လုယက်မှုတွေ ၊ ပြန်ပေးဆွဲမှုတွေ ၊ လူသတ်မှုတွေ ၊ ကားပြန်ပေးဆွဲမှုတွေ ၊ အဓမ္မသိမ်းပိုက်မှုတွေ ကို တွေ့မြင်နိုင်ပါတယ် ။ ဒီမြို့ကို အမျိုးသမီး အတွက် အန္တရာယ် အများဆုံး မြို့တစ်မြို့လို့ သတ်မှတ်ထားပြီး ဘယ်လိုမျိုး အခြေအနေမျိုးနဲ့ဖြစ်ဖြစ် ခရီးမသွားသင့်ဘူးလို့ သတ်မှတ်ထားကြပါတယ် ။
7. Venezuela
ကမ္ဘာ အလှပဆုံး ကမ်းခြေတွေ နဲ့အတူထင်ရှားကျော်ကြားပေမယ့် ဒီနိုင်ငံမှာ လူသတ် မှုနှုန်းတွေဟာ နောက်ပိုင်းနှစ်တွေမှာ လျင်လျင်မြန်မြန် မြှင့်တက်လာခဲ့ပြီး ကမ္ဘာ လူသတ်မှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ် ။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ အိမ်နီးချင်းနိုင်ငံတွေ နဲ့ အခြေအနေ မတည်ငြိမ်မှုတွေ ၊ ရဲအင်အား နည်းပါးမှုတွေ ကြောင့်ဖြစ်ပြီး အကြမ်းဖက်သမားတစ်ချို့ အဓိက လုပ်ဆောင်ကြ တာတွေကတော့ လူသတ်မှုတွေ ၊ လူတွေကို လှည့်စားမှုတွေ ၊ ဟိုတယ် ဖောက်ထွင်းမှုတွေ ၊ လုယက်မှုတွေ ၊ ပြန်ပေးဆွဲမှုတွေ ဖြစ်ပါတယ် ။
6. Burundi
ဒီနိုင်ငံကတော့ နိုင်ငံကြီး မဟုတ်ပေမယ့် အလွန်ကြီးမားတဲ့ ပြသနာ တစ်ခုကို ရင်ဆိုင်နေရပါတယ် ။ အဲဒါကတော့ လူငယ်တွေကို လက်နက်ကိုင်ခိုင်းပြီး နိုင်ငံနဲ့မိသားစုတွေ အတွက် စစ်တပ်ထဲကို ဝင်ခိုင်းနေတာ ဖြစ်ပါတယ် ။
No comments:
Post a Comment