Friday, November 23, 2012

အရွယ်မရောက်သူကို ဖြားယောင်းအဓမ္မကျင့်မှု တောင်ဥက္ကလာပ တွင်ဖြစ်ပွား

၂၂-၁၁-၂ဝ၁၂ ရက်နေ့ ၁၄၄ဝ အချိန် တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်နေ ဒေါ်ဇင်မာမြင့် (၃၆)နှစ်သည် သမီးဖြစ်သူ 














မထက်ထက်ဝေ(၁၂)နှစ်မှာ ကျောင်းဆင်းချိန်၌ နေအိမ်သို့ ပြန်ရောက်လာခြင်းမရှိသဖြင့် စုံစမ်းခဲ့ရာ ခင်ပွန်းဖြစ်သူ
 ဦးကျော်နိုင်သိန်းနှင့်ကားဝပ်ရှော့အတူလုပ်ကိုင်သည့် ရန်ကင်းမြို့နယ်၊ ၁၁ ရပ်ကွက်နေ ရန်နိုင်စိုး (၂ဝ)နှစ်မှ ခေါ်သွားကြောင်း သိရှိရသဖြင့် ရန်နိုင်စိုး၏ နေအိမ်သို့ သွားရောက်ခဲ့ရာ နေအိမ်ခန်းအတွင်း ရန်နိုင်စိုးနှင့် ထက်ထက်ဝေတို့အား အတူတွေ့ရှိခဲ့ရသည်။ သမီးဖြစ်သူအား မေးမြန်းခဲ့ရာ ဝ၈၃ဝ အချိန်က ကျောင်းသို့ ရန်နိုင်စိုး ရောက်ရှိလာပြီး ၎င်းအား ချစ်ကြိုက်ကြောင်း၊ လက်ထပ်ပေါင်းသင်းမည်ဟုပြောဆို၍ ခေါ်ဆောင်ခဲ့သဖြင့် လိုက်လာ ခဲ့ကြောင်း၊ သားမယားအဖြစ်(၂)ကြိမ် ပြုကျင့်ခဲ့ကြောင်း သိရှိရသဖြင့် တိုင်တန်းခဲ့၍ ရန်နိုင်စိုးအား ရန်ကင်းရဲစခန်း  (ပ)၄၅၂/ ၂ဝ၁၂၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment