Monday, November 19, 2012

ဟာသများစုစည်းမှု

အညာကဟာသလေးများ(၁)
ကျနော်တို့အညာက ဟာသလေးတွေပြောပြမယ်နော်
အိမ်တစ်အိမ်မှာညီအကိုမောင်နှမတွေအများကြီးရှိကြတယ်
အဲဒီထဲကအဆိုးဆုံး ကိုဆိုးကြီးအကြောင်းလေးရင်ပြောပြမယ်
တစ်နေ့မှာ ဆရာမက သူ့ကိုစာမေးတယ်
ဆရာမ။။။မောင်ဆိုးကြီးမြန်မာနိုင်ငံက တွင်းထွက်ပစ္စည်းတွေက
ဘာလည်းပြော ပြ
ကိုဆိုးကြီး။။ဟုတ်ကဲ့ဆရာမ ကိုဆိုးကြီးပြောလိုက်တာက
မြန်မာနိုင်ငံမှ တွင်းထွက်ပစ္စည်းများမှာ
ပုဇွန်လုံး။။။ကြွက်။။။မြွေ။။နှင့် တီကောင်တို့ဖြစ်ပါသည်ဟုပြောလိုက်သည်
ဆရာမ။။ဒီလောက်ပဲမှန်ရလားဟု တုတ်နဲ့တစ်ချက်ရိုက်လိုက်၏။


ဆရာမ။။နောက်တစ်ပုဒ်ထက်မေးတယ်
မောင်းဆိုးကြီး ..ပဆပလ..ဆိုတာဘာလည်းပြောပြ
ကိုဆိုးကြီး။။။
ဟုတ်ကဲ့ဆရာမ ..ဖဆပလ..ဆိုသည်မှာ
ဖိုးဆင်ပဲလှော်..ဖြစ်ပါသယ်ဟုပြောလိုက်သည်
ဆရာမ။။ဒီလောက်ပဲမှန်ရလားဟုနောက်တစ်ချက်
ဆရာမကမလျှော့ဘူးနောက်ထက်မေးသေးတယ်
ဆရာမ။။မောင်ဆိုးကြီဒီတစ်ခါမှန်အောင်ဖြေ
မြန်မာနိုင်ငံမှ အရှည်ဆုံးနှင့် အကြီးဆုံး မြစ် ဟာဘာမြစ်လည်းဟုထက်မေးလိုက်သည်
ကိုဆိုးကြီး။။။ဟုတ်ကဲ့ဆရာမ မြန်မာနိုင်ငံမှ အရှည်ဆုံး နှင့် အကြီးဆုံးမြစ်မှာ
ပဲ မြစ်ဖြစ်ပါသည်ဟုပြောလိုက်သည်
ဆရာမ။။ကဲဒီလောက်မှန်အုံးဟဲ့ဆိုပြီးနောက်တစ်ချက်
ဒါလည်းလျှေားသေးဘူးထက်မေးသေးတယ်
ဆရာမ။။ကဲဒီတစ်ခါ လွယ်လွယ်လေးမေးမယ်မှန်မှန်ဖြေ
ခြောက်ထဲကငါးနှုတ်တော့(6-5=(...)ဘယ်လောက်ကြံလည်းဖြေ
ကိုဆိုးကြီး။။။ဟုတ်ကဲ့ဆရာမ ခြောက်ထဲကငါးနှုတ်တော့ ရေ ကြံပါတယ်ဆရာမ
ဆရာမ။။ကဲဟယ်ဒီလောက်မှန်အုံး နောက်တစ်ချက်

*************.နောက်တစ်ပုဒ်ဆက်မယ်********************
ဒါကတော့ ကိုချစ်စ လူတွေကချစ်လို့စစနေလို့ချစ်စ လို့ခေါ်တယ်
သူကတစ်မျိုး တစ်နေ့မှာဆရာမက
(ပျိုမေတစ်သင်းလယ်ထဲစင်းကြသည်)အဲစာလေး အိမ်စာပေးလိုက်တယ်
ဆရာမ။။မောင်ချစ်စ မနေ့ကပေးလိုက်တဲ့အိမ်စာရပြီလား ရွတ်ပြ
ကိုချစ်စ။။ဟုတ်ကဲ့ဆရာမ ကိုချစ်စရွတ်ပြလိုက်ပုံက
(မသေမချင်းလယ်ထဲစင်းရမည်.)ဟုရွတ်ပြလိုက်ရာ
ဆရာမသဘောကြပြီးမောင်ချစ်စရွတ်ပြတာကပိုမှန်တယ်ဆိုပြီး
စာအုပ်တွေ ခဲတံတွေ ဆုချလိုက်ပါသည်

/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\\/\/\/\/\/\/\/\
/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\/\\/\/\/\/\
ကိုချစ်စ ဟာတစ်နေ့မှာသစ်ပင်ပေါ်တက်ပြီးသီချင်းဆိုနေတယ်
သူဆိုတဲ့သီချင်းက ...အချစ်မိုးဘယ်တော့ရွာမှာလည်း
အချစ်မိုးဘယ်တော့ရွာမှာလည်း......ရှေ့မဆက်ပဲအဲလိုဆိုနေတော့
ဘေးအိမ်ကလူတွေက လှမ်းပြီးပြောလိုက်တယ်
ဟေ့မောင်ချစ်စဆက်ဆိုလေလိုပပြောတော့မှ
ဆက်ဆိုက်တယ် ..အချစ်မိုးဘယ်တော့ရွာမှာလည်း..
..အချစ်မိုးဘယ်တော့ရွာမှာလည်း...ညနေဆောင်းတော့ရွာမှာပေါ့..
ဟုဆိုလိုက်ရာ လူမစွမ်းနတ်မဆိုသလိုပါပဲ ညနေရောက်တော့
မိုးကရွာပါလေရော..မိုးရွာမှပဲတောင်သူလယ်သမားတွေလည်း
လယ်ထဲဆင်းနိုင်တော့တယ်။။ကိုချစ်စလေးဟာ ကျပ်မပြည့်သူလေးပါ။။
မှတ်ထားကြနော်။။အချစ်မိုးကညနေဆောင်းမှရွာတာတဲ့။။။ဟိဟိ
****************************************************************
*****************************************************************
။။။။သူကတော့ ကိုချစ်စရဲ့အစ်မပေါ့ သူကလည်း ၉၉ပြားပဲရှိတယ် ဟိ
သူ့နာမည်ကဇာပျံတဲ့။။ ဇာပျံ လျှက်စားတွေအများကြီးစားလို့လေ
သူကြတော့ တစ်နေ့မှာ သူတို့အမေနေမကောင်းလို့
အဲမိဇာပျံ။။ဆေးဆရာစီသွားပြီး ဘာမီတွန်နဲ့ နှာဗူး(နှာရှူဗူး)သွားဝယ်ချည်စမ်းဟု
လွတ်လိုက်ရာ ဆရာစီရောက်တော့
ဆရာ ကျုပ်ဆေးလုံးဝယ်ချင်လို့ဟုဆရာကိုပြောလိုက်သည်
ဆရာက။။အေးဘာဆေးလုံးလည်းပြော
မိဇာပျံ။။ဆရာ ဟို...ဟို မီတွန်တော့မီတွန် ဘာမီတွန် မှန်းမသိဘူး
ဆရာရဲ့လမ်းမှာမေ့သွားပြီ ။။ပြီးတော့ဆရာကြံသေးဆရာ
ဆရာနှာဗူးဆိုလားပဲ အဲဒါရချင်လိုဟုပြောလိုက်သည်
ဆရာလည်းသူပြောတာသဘောကြပြီး အလကားပဲပေးလိုက်ပါသည်
***********အားလုံးပဲရယ်ရယ်မောမောနဲ့ပျော်ရွှင်နိုင်ပါစေ***********
တစ်ခါက အဲဒီအစ်မကြီးကိုပဲ နိုင်ငံခြားသားတစ်ယောက်က အိမ်သာတက်ချင်လို့မေးတယ်…
Where is toilet? ဆိုတော့…
အိမ်သာကတည့်တည့်သွားလို့မရဘူး… ခြံရဲ့အစွန်မှာ… လမ်းမှာ
နှစ်ခါလောက်ကွေ့ရမှာ… အဲဒါနဲ့အစ်မကြီးပြောလိုက်တာက…
This way… you go. You go and ကွေ့ ...... ကွေ့ go ဆိုပြီး
လက်ဟန်ခြေဟန်နဲ့ပြလိုက်တာ နိုင်ငံခြားသားလဲ အိမ်သာကိုတန်းရောက်သွားတယ်တဲ့…
*** သြော်..... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲလို့…။ ။ ***
-- မထိစေနဲ့ တစ်ခါက လွန်စွာနှမြောတတ်သော အမျိုးသမီးကြီးတစ်ဦးရှိလေရဲ့။ အမည်ကတော့ ဒေါ်စိန်သီးပါ။ သို့ပေမယ့် လူအများခေါ်တတ်သောအမည်မှာတော့ ဒေါ်ပေသီးတဲ့လေ။ အမည်နဲ့လိုက်ဘက်အောင် စိန်တွေသီး နေသော်လည်းလူအများခေါ်ဆိုကြတဲ့အတိုင်း ပေသီးကြသည် မှာလည်း ငြင်းဆို၍ မရပေပြီ။
“ ဒေါ်ပေသီး …. အဲလေ… ဒေါ်စိန်သီး ဘယ်ကပြန်လာတာတုန်းတော့။ မျက်နှာလည်းမကောင်းပါလား။
ခြေထောက် ကလည်းထော့နဲ့ ထော့နဲ့ နဲ့ ဘာဖြစ်လာတာတုန်း တော်ကလည်းအေ။ ” လမ်းထိပ် ကုန်စုံဆိုင်မှ ဒေါ်ဘုမ ကစ၍ စကားဆိုခြင်းဖြစ်ပါတယ်။
“ အိုအေ… ကျုပ် မပြောချင်ပါဘူးတော်။ အလှူအိမ်သို့ ကြွကြပါဗျို့ ဆိုပြီး ဦးထိပ်ခေါင်တို့အိမ်မှာ သူတို့သမီးကလေး တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ (၃) ဘာသာဂုဏ်ထူးနဲ့အောင်လို့ဆိုပြီးအလှူလုပ်တာလေ။ အဲဒါ ကျုပ်ကိုလာဖိတ်လို့ပါအေ။
သိပ်တော့လည်းမသွားချင်ပါဘူး။ ” ဟု ဒေါ်စိန်သီးပြောဆိုနေတုန်း….
“ အင်းလေ… မသွားချင်ဘူးဆိုတာကတော့ ဟုတ်ချင်ဟုတ်မှာပါ။ ဒါပေမဲ့ အလကားစားရတာဆိုတော့ သွားဖြစ်အောင်သွားခဲ့တာပဲဖြစ်မယ်။ ဒါပေမဲ့ အလကားစားလာရတာတောင် မျက်နှာက မသာမယာနဲ့ဆိုတော့ တစ်ခုတော့ တစ်ခုပဲ…” ဒေါ်ဘုမ စိတ်ထဲမှ တစ်ဦးတည်းရေရွတ်မိခြင်းပါ။
“ ဒါပေမဲ့လည်းမျက်နှာပျက်စရာမဖြစ်ရလေအောင် ကျုပ်ဒီနေ့နေ့လည်စာလည်း မချက်အားတာနဲ့ သွားလိုက်မိပါတယ်အေ။ ကျွေးတာကတော့ ဒံပေါက်နဲ့ အအေးရယ်၊ ရေခဲမုန့်လည်းပါသေးသပါ့။ စားလို့မြိန်လွန်းလို့ ကျုပ်လည်းအားရပါးရစားမိပါတယ်။ အဲဒီအချိန်အထိ အကုန် အိုကေမှာစိုပြေပဲဟေ့။ အဲ… အပြန်မှာပေါ့။ ကျုပ်လည်းစားပြီးသောက်ပြီး ဦးထိပ်ခေါင်တို့မိသားစု ကို နှုတ်ခွန်းဆက်ကာ ပြန်မယ်လည်းအလုပ် ဖိနပ် … စီးစရာ ဖိနပ် မတွေ့တော့ဘူးဟေ့။ ကျုပ် ရှက်လည်းရှက်၊ ဒေါသလည်းဖြစ်နဲ့ အိမ်ရှင်တွေကိုလည်းအားနာ… ဒီလိုနဲ့ပဲ အခုလိုအိမ်ရှင်တွေပေးလိုက်တဲ့ ဖိနပ် ကိုစီးခဲ့ရတော့တာပါပဲ။ ကျုပ် နှမြောလိုက်တာအေ။ ”
“ အော် ဒီလိုလား။ ဒါနဲ့ ဒေါ်စိန်သီးရဲ့ဖိနပ်ကတော်တော်ဈေးကြီးတယ်နဲ့တူတယ်။ ဘယ်လောက်တန်လို့လဲတော့။” ဒေါ်ဘုမ ကလှမ်း၍ အမေး…
ဒေါ်ပေသီး ဖြေလိုက်ပုံမှာ “ အို…အေ…. ကျုပ်ကနှမြောဆို လွန်ခဲ့တဲ့ ခြောက်လကျော်လောက်ကမှ ကျုပ်ဈေးပွဲတော်သွားတုန်း ငွေ ခုနစ်ရာ ပေးပြီးဝယ်ထားရတာတော့။ သွားပြီဟေ့ ပြောရင်းနဲ့စိတ်မကောင်းဖြစ်လွန်းလို့ပါအေ။ ”
“ အော် ဒေါ်ပေသီးတို့များ နာမည်နဲ့လိုက်အောင်ပေသီးကျလိုက် ပုံများ လက်ဖျားခါလောက်တယ်အေ။ အလှူအိမ်က ပေးလိုက်တဲ့ဖိနပ်ကမှ အကောင်းစားကြီး။ ”ဟု ဒေါ်ဘုမ တစ်ယောက်အံ့သြလွန်း၍ ပြောဆိုမိခြင်းဖြစ်ပါတယ်။
ထိုအချိန်မှာပင် “ ဟဲ့ မအံ့သြလေနဲ့ဟေ့ ဒါကရိုးသေးတယ်။ ဒီထက်ဆန်းတဲ့ အဖြစ်အပျက်ပြောပြအုံးမယ်ဟေ့ ” ဆိုက္ကားသမား ကိုဘမောင် ကပြောဆိုခြင်းတည်း။
“ဘာတုန်းဟဲ့ နင့်ဟာက အစမရှိ၊ အဆုံးမရှိနဲ့ပါလား”ဒေါ်ဘုမလည်း ကြောင်တောင်တောင်ဖြစ်ကာ လှမ်း၍ဆိုလေသည်။ ဒါကြောင့် ကိုဘမောင် လည်းရှင်းပြရလေတော့သည်။

“ဒီလို အဒေါ်ရဲ့။ စောစောက အဒေါ်ပဲ ဒေါ်ပေသီး အကြောင်းစဉ်းစားနေတာ မဟုတ်လား။ ဒါက ရိုးသေးတယ်ဗျ။ ဒေါ်ပေသီးတို့များ ပေသီးသာကျတယ်။ ခေတ်တော့ မှီသားဗျ။ မနေ့ တစ်နေ့ ကပေါ့ဗျာ။ ကျုပ်ရဲ့ဆိုက္ကားကို ငှားစီးပြီး ကျုပ်ကို အကူအညီတောင်းတယ်လေ။ ဘာများဖြစ်မယ်ထင်သလဲ။ ကျုပ်ကို သူ့ရဲ့ မောင်အိမ်ကို လိုက်ပို့ခိုင်းပြီး သူ့မောင်ဆီက ရ,ထားတဲ့ ကွန်ပျူတာလို့တော့ ပြောတာပဲ။ ကျုပ်ကတော့ သေးသေးလေးပဲတွေ့တယ်ဗျ. အဲဒါ သူပြောတာကြားတာတော့ လက်တော ဆိုလား ဘာဆိုလား အဲ ဟုတ်တယ် ကျုပ်ကြားတာ လက်တော့ (Laptop) တဲ့။ အဲ ကျုပ်လည်းမမြင်ဘူးတော့ စပ်စုမိတာပေါ့။ သူပြောတာတော့ အခုခေတ်မှာ အားလုံး လက်တော အဲလေ လက်တော့ ဖြစ်နေပြီဆိုတော့ သူလည်းလိုအပ်တယ်တဲ့။ အပျိုကြီး ဘယ်မှာ သုံးမှာလည်းတော့ မသိပါဘူးအေ။ အဲတာ ၀ယ်တယ်လို့ မထင်လိုက်နဲ့နော်။ သူ့မောင်ဆီက တောင်းထားလို့ သူ့မောင်ကလည်း သိပ်မကောင်းလို့ မသုံးတော့တဲ့ အဟောင်းကြီးကို ပေးတာဆိုပဲ။”
“အော် နင့်ဟာကလည်းဘာထူးလို့တုန်းဟ။” စိတ်မရှည်တော့တဲ့အသံနဲ့ ဒေါ်ဘုမ မေးခြင်းပါ။
“ပြောမယ်လေဗျာ။ ဒီလိုနဲ့ ကျုပ်လည်းဒေါ်ဘုမ နဲ့ လက်တောကြီး အဲလေ လက်တော့ ကြီးကို မပြုတ်ကျရလေအောင် အန္တရယ်ကင်းကင်းနဲ့ အိမ်အရောက် ပြန်ပို့နေတုန်းမှာပဲ အကွေ့တစ်နေရာရောက်တော့ ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့မောင်းလာလို့ ကျုပ်လည်း မတိုက်မိအောင် အမြန်ရှောင်ရှားလိုက်ရတယ်ဗျား။ အဲလေ… ကံကောင်းချင်တော့ အဲဒီကားနဲ့ မငြိမိပါဘူး။ သို့ပေမဲ့ ကံဆိုးချင်တော့ ကျုပ်ဆိုက္ကားက ခဲလုံးတစ်လုံးနဲ့တိုက်မိပြီး ဘီးလိန်သွားကာ မှောက်သွားလေရဲ့ဗျာ။”
ဒေါ်ဘုမ တစ်ယောက် နားထောင်နေရာမှ အလွန်စိတ်ဝင်စားကာ “ဟင် … ဟဲ… ဒါ . ဒါ ဆို ဒေါ်ဘုမနဲ့ လက်တောကြီးကော… ပြောပါဦးဟဲ့ မြန်မြန် ”

ကိုဘမောင်လည်း ရေနွေးကြမ်းတစ်ခွက်ကို မြန်မြန်မော့ ကာ “ အဲဒါပြောတာပေါ့။ ကျုပ်လည်း ရုတ်တရက်ထူပူသွားပြီး သတိတစ်ချက်လွတ်သွားတယ်ဗျ။ သတိဝင်လာတဲ့အချိန်မှာတော့ ကျုပ်ကလမ်းပေါ်မှာ လဲကျနေပြီလေ။ ခတ္တ ခဏနေတော့မှ ကျုပ်ဆိုက္ကားကို လှမ်းကြည့်လိုက်တော့ ဆိုက္ကားလဲမှောက်လျက် ဒါပေမဲ့ ဘာမှတော့ မပျက်စီးသွားပါဘူး။ အဲ နောက်တော့ မိန်းမကြီးတစ်ယောက် လက်နှစ်ဖက်မြှောက်ကာ မှောက်ရက်သားဖြစ်နေတာကို တွေ့ရလေရဲ့။ ဒီတော့မှ အသိပြန်ဝင်လာတာက ဒေါ်ပေသီးနဲ့ လက်တော့ ကြီး။ ဒီတော့ ကျွန်တော်လည်း သူ့ကိုကူည်ီဖို့ပြေးအသွား လက်တော့ ကြီးကို လက်နှစ်ဖက်နဲ့မြှောက်ကာ မှောက်ရက်လှဲ နေသောဒေါ်ဘုမ ပြောလိုက်ပုံမှာကား …”
“ဟေ့ ကျန်တာတွေ ထိရင်ထိပါစေ။ လက်တော့ ကိုတော့မထိစေနဲ့ဟေ့။ ”
“ အော် …. ဒါကြောင့် ခုနကတွေ့တော့ သူ့ရဲ့ခြေထောက်ကထော့နဲ့ထော့နဲ့ ဖြစ်နေတာကိုး။ ” အခုမှ ဒေါ်ဘုမ တစ်ယောက် ဒေါ်ပေသီး အကြောင်းကို ဇာတ်ရည်လည်သွားလေတော့သတည်း။
ဒေါ်ပေသီးတို့များ မိမိ အသက်ကို ပဓာန မထားပဲ လက်တော့ကြီးကို ကာကွယ်လိုက်ပုံများ……….." မထိစေနဲ့ "…………….ဆိုပါလား။
အရမ်းရှက်တတ်သော အပျိုကြီးညီမ နယ်စပ်မြို့လေး တမြို့ရှိ အိမ်တအိမ်တွင် အရမ်းရှက်တတ်သော အပျိုကြီးညီမနှစ်ယောက်နေထိုင်သည်၊ အဲဒီ ညီမနှစ်ယောက်ဟာ ဘယ်လောက်ရှက်တတ်သလဲ ဆိုရင်လူမှန်းသိတတ်ချိန်မှစပြီး သူစိမ်းတွေနဲ့လဲ ဆက်ဆံမှုနည်းပါပြီးယောကျာင်္းလေးများနဲ့လဲ အကျွမ်းတ၀င်သိပ်မရှိပဲ အိမ်ထဲမှာတွင်သာအနေများကြလေသည်။ထို အပျိုကြီးများ၏မိဘနှစ်ပါးသည်သူတို့အတွက်အစိုးရိမ်လွန်နေကြသည်။အဘိုးကြီး။ ။မိန်းမရေ..ငါတို့သမီးနှစ်ယောက်အတွက် ဘယ်လိုလုပ်ကြမလဲ။ဒီလိုအရှက်အကြောက်ကြီးနေရင်တော့ငါတို့ မရှိတော့ရင် သူတို့ဘယ်လိုနေထိုင်ကြမလဲ?အဘွားကြီး။ ။ဟုတ်တယ်ရှင့် သူတို့အတွက် တခုခုတော့ ကျွန်မတို့
လုပ်ပေးသင့်နေပြီထင်တယ်။တနေ့တော့ သူတို့မြို့မှာ ကာယအလှမယ် ပြိုင်ပွဲကျင်းပလေသည်။အဲဒီမှာအဘိုးကြီးက သူ့သမီးနှစ်ယောက်ကြည့်ရအောင် လက်မှတ်နှစ်စောင်ဝယ်ခဲ့လေသည်။အိမ်ရောက်တော့ "သမီးတို့ရေ သမီးတို့ နှစ်ယောက်လဲအပြင်မထွက်တာကြာပြ။ီသမီးတို့အတွက်ကာယအလှမယ်ပြိုင်ပွဲကြည့်ရအောင်လက်မှတ်ဝယ်ခဲ့တယ်။သမီးတို့သွားကြည့်လိုက်လိုက်ဦး" အဲဒီတော့ အပျိုကြီးညီအမ နှစ်ယောက်လဲ
သွားကြည့်ကြလေသည်။သိပ်မကြာမီ အပျိုကြီးညီမ နှစ်ယောက် သုတ်သုတ်သုတ်သုတ်နဲ့ ပြန်ရောက်လာကြသည်။သူ၏ ဖခင်မှာ စိုးရိမ်ပြီး မေးမြန်းလေသည်။အဘိုးကြီး။ ။ဘာဖြစ်လို့ မြန်မြန်ပြန်ခဲ့တာလဲ သမီးတို့! ဘာတွေဖြစ်လို့လဲ?အပျိုကြီး။ ။သမီးတို့လဲ အဖေလက်မှတ်ဝယ်ပေးလို့ သွားကြည့်ပါတယ်။ပထမတော့ကာယအလှမယ် ပြိုင်ပွဲတုန်းက အရမ်းကြည့်ကောင်းတယ်။ကာယ အလှမယ်လေးတွေကချောသလားမမေးနဲ့ အဖေရယ်။ကာယအလှမယ်ပြိုင်ပွဲ ပြီးတော့ ကာယဗလမောင်တွေထွက်လာတယ် အဖေရယ်။ ကာယဗလမောင်တွေက အ၀တ်အစားတွေလဲ မပါဘူး အဖေရယ်။ သမီးတို့ရှက်လိုက်တာ မပြောပါနဲ့တော့။အဲဒါ သမီးတို့ ရှက်လွန်းလို့ကာယမလမောင်တွေရဲ့ အ၀တ်အစားရှိတဲ့ နေရာလေးကိုပဲ လက်ကလေးနဲ့ကွယ်ပြီးတချိန်လုံးကြည့်ခဲ့တယ် အဖေရဲ့။အဘိုးကြီး၊ ။တော်သေးတာပေါ့ ရှက်လွန်းလို့ အ၀တ်အစားရှိတဲ့ နေရာလေးကိုပဲ

ချိန်လုံးကြည့်ခဲ့လို့ပေါ့။မရှက်များ မရှက်ရင်......ကဲ စဉ်းစားသာကြည့်ပါတော့ ကာယဗလမောင်တွေရဲ့ အ၀တ်အစားရှိတဲ့နေရာ?

No comments:

Post a Comment