ဆန္ဒ
ဘေးအန္တရာယ်အသွယ်သွယ်တို့မှ
ကင်းဝေးပါစေကြောင်းဆုမတောင်းလို
၎င်းတိုကိုရင်ဆိုင်နိုင်ရန်အတွက်သာ
အကြောက်အရွံကင်းရပါလို၏ ။
ဝေဒနာမှသက်သာရာရစေကြောင်း
မတောင်ဆိုချင်
ဝေဒနာကိုအောင်နိုင်အောင်
ခံနိုင်စွမ်းရည်ကိုသာရချင်ပါ၏ ။
ဘ၀စစ်မြေပြင်တွင်
မဟာမိတ်များကို့မရှာဖွေချင်
ကိုယ်ပိုင်စွမ်းအားကိုသာ
ရယူချင်၏ ။
ကယ်တင်မစခြင်းခံရန်
စိုးရိမ်ကြောက်ရွံမှုဖြင့်မတောင်တလို
လွပ်လပ်မှုကိုရရှိရန်
ခံနိုင်စွမ်းကိုသာမျှော်လင်၏ ။
ရှုံးနိမ့်သောအခါတွင်မူ
မင်းလက်ကို ဆုပ်ကိုင်ထားနိုင်ခွင့်
ရရှိသောသူဖြစ်ရပါလို၏ ။ ။
No comments:
Post a Comment