Thursday, November 22, 2012

အိုဘားမား မှ ဒေါ်အောင်ဆန်းစုကြည် အား နမ်းခြင်း အပေါ် NLD ပါတီ ၀င်ဟောင်းများ မှ ဆန္ဒပြမည်


မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား လာရောက် စဉ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ ဆုံ ချိန် အိုဘားမားမှ ဒေါ်အောင်ဆန်း စုကြည် အား ပွေ့ဖက်နမ်းရှုံ့ခဲ့ပါတယ်။ ဒီလိုလုပ်တာ ကို ဒေါ်အောင် ဆန်း စုကြည် က လည်း ကြေနပ်ပြုံးပျော်နေခဲ့ပါတယ် ဒီလိုမြန်မာ့ ယဉ်ကျေးမှု နဲ့ မလျော်ညီတဲ့ အပြုအမူေ တွ ကြောင့် NLD ပါတီဝင်ဟောင်း များမှ အိုဘာမား ရဲ့ အနမ်း နဲ့ ပတ်သတ်ပြီး NLD ပါတီနဲ့ ဒေါ်အောင် ဆန်း စုကြည် ကို ဆန္ဒပြဖို့ တိုင်ပင်ခဲ့ကြ ပါတယ်။ ဒီလိုဆွေးနွေး ခဲ့တဲ့ အထဲမှာ ယခင်က ဒေါ်အောင်ဆန်း စုကြည် နဲ့ လူမှုရေးေ ဖာက်ပြန် ခဲ့ဖူးတယ်လို့ နာမည်ကြီးနေတဲ့ ဦးဒေးဗစ်လှမြင့် လည်း ပါဝင်ပါတယ်။
 

ထို့အပြင်၎င်းကိစ္စအပေါ် မြန်မာ့ယဉ်ကျေးမှုနှင့် အပ်စပ်ခြင်းမရှိတဲ့အတွက် ရန်ကုန်၊ ပဲခူးနဲ့ ညောင်လေးပင် မြို့နယ်များရှိ ပါတီဝင်ဟောင်းများမှ မကျေနပ်သဖြင့် ဆန္ဒပြရန် စီစဉ်နေကြပါတယ်။ NLD ပါတီနာယက ဦး ၀င်းတင်မှ ၄င်းကိစ္စအား ပြေလည်အောင် ဖြေရှင်းချက် ပေးမည် ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဆန္ဒပြမည့် ပါတီဝင်ဟောင်း များ နှင့် တွေ့ဆုံပြီး ဖြေရှင်းချက် ပေးမည် ဖြစ်ကြောင်း သိရပါတယ်။

“ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ အတွက် အိုဘားမား လာရောက်ခြင်းကို ကြိုဆိုသော်လည်း အမေရိ ကန် ကူညီမှ မြန်မာ့ ယဉ်ကျေးမှုများကို စွန့်လွှတ်ရမည် ဆိုခြင်းကို လက်မခံကြောင်း။ ကျွန်တော်တို့ မြန် မာနိုင်ငံ မှာ ကိုယ့် ယဉ်ကျေးမှုနဲ့ ကိုယ် နေလာတာဖြစ်ကြောင်း၊ မည်သည့် တိုင်းတပါးရဲ့ လွှမ်းမိုး ချုပ်ကိုင် မှု ကိုမျှ မခံနိုင်ကြောင်း” ဆန္ဒပြပွဲတွင် ပါဝင်သော ပါတီဝင်ဟောင်း တစ်ဦးမှ ပြောကြားခဲ့ပါတယ်။

1 comment:

  1. အင်းးးးးးးးးးးးးးးးးးး
    ဘာတွေလဲမသိတော.ပါဘူး

    ReplyDelete