Saturday, December 1, 2012

လေးလအရွယ် တရုတ် မိန်းကလေး တစ်ဦး၏ အမြီး သဏ္ဌာန်ရှိ မွေးရာပါ အသားပိုကို ဖယ်ရှားရန် ခွဲစိတ်မှု ပြုလုပ်

လေးလအရွယ် တရုတ် မိန်းကလေး တစ်ဦး၏ အမြီး သဏ္ဌာန်ရှိ မွေးရာပါ အသားပိုကို ဖယ်ရှားရန် ခွဲစိတ်မှု ပြုလုပ် 

 

တရုတ်နိုင်ငံ ကွမ်တုန် ပြည်နယ် ကွမ်ကျိုးမြို့ရှိ ဆေးရုံ တစ်ရုံတွင် ...

ယခုလ အစောပိုင်းက လေးလ အရွယ် မိန်းကလေး တစ်ဦးတွင် ခြောက် စင်တီ မီတာ အရှည်ရှိပြီး အမြီး သဏ္ဌာန်ရှိ မွေးရာပါ အသားပိုကို ဖယ်ရှားရန် ခွဲစိတ် ကုသမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိန်းကလေးသည် ဆွန်ယက်ဆင် တက္ကသိုလ် ဆေးရုံတွင် အမွေး အမှင် မပါရှိဘဲ နူးညံ့သော အသားအရေ၊ ပန်းရောင် အသားပို တစ်ခုပါ ရှိသည့် မွေးရာပါ နာဗ်ကြောမ တန်းနှင့် အကာ မှေးများ ပေါ်နေသည့် ရောဂါနှင့် အတူ မွေးဖွား ခဲ့ကြောင်း ကွမ်ကျိုးမြို့ နေ့စဉ် သတင်းစာတွင် နိုဝင်ဘာ ၁၂ ရက်က ဖော်ပြ ထားသည်။

အဆိုပါ မွေးရာပါ အသားပိုတွင် အရိုး မပါကြောင်း၊ ကလေး၏ မျိုးရိုးဗီဇ သမိုင်းကြောင်း ဆိုင်ရာ ဆွေမျိုး သားချင်း များထဲတွင် ထိုသို့ မွေးဖွား လာခဲ့သူ မရှိကြောင်း ကွမ်ကျိုးမြို့ နေ့စဉ် သတင်းစာတွင် ဖော်ပြချက် အရ သိရသည်။

အဆိုပါ ကလေးငယ်အား ယခုနှစ် ဇွန်လက မွေးဖွား ခဲ့ပြီး သူမတွင် အမြီး သဏ္ဌာန်ရှိ ၎င်းအသားပို တစ်ခု ပါရှိသည့် အတွက် မိသားစု တစ်ခုလုံး တုန်လှုပ် ခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ မွေးရာပါ အသားပိုဖြင့် မွေးဖွား လာခြင်းသည် မျိုးရိုးဗီဇ သို့မဟုတ် ပတ်ဝန်းကျင် အခြေအနေ ကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။

အဆိုပါ အသားပိုသည် မွေးရာပါ နာဗ်ကြောမ တန်းနှင့် အကာ မှေးများ ပေါ်နေသည့် ရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ်မှု ရှိနိုင် သော်လည်း ယခင်က ယင်းကဲ့သို့ ရောဂါ မျိုးကို ဆေးဝါး ကုသ မှုဆိုင်ရာ ဖြစ်ရပ်မျိုး မရှိကြောင်း ကလေးနှင့် ပတ်သက်သော ရောဂါ ဆိုင်ရာ ခွဲစိတ် ကုသမှုဌာနမှ ညွှန်ကြားရေးမှူး တိန့်ရှောင် ကန့်က ပြောကြား ခဲ့သည်။
                                                 မှတ်ချက်။   မြ၀တီ မှကူးယူဖော်ပြထားပါသည်

No comments:

Post a Comment