Wednesday, January 23, 2013

ကိုယ်ဝန်ဆောင်အတွက် မှန်ကန်တဲ့ အာဟာရဓာတ်များ

ကိုယ်ဝန်ဆောင်အတွက် မှန်ကန်တဲ့ အာဟာရဓာတ်များဖောလစ် အက်စစ် ကလေးတွင် မွေးရာပါ ကျောရိုး အာရုံကြော မကြီး ချို့ယွင်း ခြင်းကို ကာကွယ် နိုင်ပါတယ်။ သံဓာတ် ကြက်သား၊ ငါး၊ အနီရောင် အသား၊ အစိမ်းရောင် ဟင်းသီးဟင်း ရွက်များမှာ ပါဝင်ပြီး ကိုယ်ဝန် ဆောင်စဉ် သံဓာတ် ချို့တဲ့ သွေးအားနည်း ရောဂါကို ကာကွယ် နိုင်ပါတယ်။


ကယ်လ်စီယမ် နို့နှင့် နို့ထွက် ပစ္စည်းများ၊ ကယ်လ်စီယမ် ဖြည့်စွက် ထားသော ဖျော်ရည်များတွင် ပါဝင်ပြီး ကလေး ငယ်၏ အရိုး၊ သွား၊ အာရုံကြောများ၊ ကြွက်သားများနှင့် နှလုံး စသည်တို့ ဖွံ့ဖြိုးမှု အတွက် လိုအပ်ပါတယ်။
မျှတသော အာဟာရ ဂျုံကြမ်း၊ ဆန်ကြမ်း၊ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်၊ အဆီမပါ သော အသားဓာတ်၊ ကျန်းမာရေးနှင့် ညီညွတ် သော ဆီ (မပြည့်ဝဆီ)၊ အဆီ ထုတ်ထားသော နို့နှင့် နို့ထွက် စားစရာများဟာ ညီညွတ် မျှတတဲ့ အာဟာရ (Balanced Diet) ရဲ့ အစိတ်အပိုင်းများ ဖြစ်ပါတယ်။


-မောင်တိုင်ပတ်
http://www.facebook.com/photo.php?fbid=185952931536225&set=a.136261886505330.26619.108134555984730&type=1&theater

No comments:

Post a Comment