Friday, January 18, 2013

သင့်အပြုံးကို ထိခိုက်စေသော အံ့အားသင့်စရာ အချက်များ


သင့်အပြုံးကို ထိခိုက်စေသော အံ့အားသင့်စရာ အချက်များ  By Good Health Originally posted 02/05/2012 15:54PM
ကော်ဖီနဲ့ ဝိုင်နီ သောက်တာက သွားတွေကို အစွန်းထင်စေတယ် ဆိုတာ သင်သိပြီး ဖြစ်ပါလိမ့်မယ်။  သွားတွေရဲ့ ဖြူစင်တောက်ပမှုကို ထိခိုက်စေပြီး သွားတွေကို ဝါကြန့်စေတဲ့ သင်မသိသေးတဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

(၁) ရေကူးခြင်း
ရေကူးကန်မှာ ရေကူးတာက ကျန်းမာရေးအတွက် ကောင်းတဲ့ လေ့ကျင့်ခန်းပါပဲ။ ဒါပေမဲ့ သွားကြွေလွှာတွေကို ထိခိုက်စေနိုင်ပါတယ်။ ရေကူးကန်ထဲက ကလိုရင်းဓာတ်ဟာ ပါးစပ်ထဲ မတော်တဆ ဝင်သွားရင် သွားကြွေလွှာ ပွန်းပဲ့တာနဲ့ သွားတွေ ကြွပ်ဆတ်ပြီး ပိုးစားတာကို ဖြစ်စေနိုင်လို့ပါ။

သင့်အပြုံး မထိခိုက်အောင်
ဆားရည်ခတ်ထားတဲ့ ရေကူးကန်ထဲမှာ ရေကူးပါ။ ဆားရည်က ပါးစပ်ထဲ ဝင်သွားရင်တောင် သွားကျန်းမာရေးကို ကောင်းစေပြီး ခံတွင်းထဲက ဘက်တီးရီးယား ပိုးတွေကို တွန်းလှန်ပေးကာ အနာကျက်စေတဲ့ အစွမ်းရှိပါတယ်။

(၂) ဖျော်ရည်များ
ရေခဲစိမ်ထားတဲ့ လက်ဖက်ရည်၊ အချဉ်ဓာတ်ပါတဲ့ အားကစား အချိုရည်တို့လို ဖျော်ရည်တွေက သွားကြွေလွှာတွေကို အားနည်းစေတဲ့ အက်စစ်တွေ ပါဝင်နေပါတယ်။ ရလဒ် အနေနဲ့ သွားပိုးစားတာနဲ့ သွားတွေ အရောင်ရင့်တာကို ဖြစ်စေနိုင်ပါတယ်။

သင့်အပြုံး မထိခိုက်အောင်
ဖြစ်နိုင်ရင် ရေသောက်တာက အကောင်းဆုံးပါ။ ဒါမှမဟုတ် ဒီဖျော်ရည်တွေ သောက်ပြီးတိုင်း ရေနဲ့ ပလုတ် ကျင်းပေးပါ။



(၃) ဝိုင်ဖြူ
ဝိုင်နီက သွားတွေကို နီစေသလို ဝိုင်ဖြူက အပြုံးကို မှေးမှိန်စေပါတယ်။ အကြောင်းကတော့ ဝိုင်ဖြူမှာ အက်စစ်ပါဝင်မှု မြင့်မားတာကြောင့် သွားကြွေလွှာတွေကို ထိခိုက်စေကာ သွားပေါ်မှာ အစက်အပြောက် ထင်တာ၊ သွားချိုင့်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဝိုင်ဖြူက ဝိုင်နီထက် အက်စစ်ဓာတ် ပါဝင်မှု ပိုများပါတယ်။

သင့်အပြုံး မထိခိုက်အောင်
ဝိုင်တစ်ငုံနဲ့ တစ်ငုံကြား ရေသောက်ပေးတာနဲ့ ပေါင်မုန့်စားပေးတာတို့ကို လုပ်ဆောင်ပေးရင် ခံတွင်းထဲမှာ အက်စစ်ဓာတ် လွန်ကဲမှုကို လျော့ကျစေပါတယ်။

(၄) ဘယ်ရီသီးဖျော်ရည်
ဘယ်ရီသီးတွေကို စားတာက ကျန်းမာရေး အကျိုးကျေးဇူး များစွာကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်ရီသီး ဖျော်ရည်တွေကို သောက်တာက သွားတွေကို အရောင်မှိန် သွားစေပါတယ်။

သင့်အပြုံး မထိခိုက်အောင်
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီစတဲ့ ဖျော်ရည်တွေကို သောက်တဲ့အခါ ပိုက်နဲ့စုပ်ပြီး သောက်ပါ။ ဒီလို ဖျော်ရည်တွေ သောက်ပြီးရင် ပန်းသီး၊ မုန်လာဥနီနဲ့ တရုတ်နံနံတို့ကို ဝါးစားပေးပါက သွားတွေပေါ်က အစွန်းအထင်းတွေ လျော့ပါးပြီး သွားတွေကို ဖြူစင်စေပါတယ်။   
 

No comments:

Post a Comment